သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်လတ်မြို့နယ် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအားစားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြော

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်  ၂၀၂၃ခုနှစ်    ၊   ဇူလိုင်လ( ၁၈ )ရက်နေ့  ၊ နံနက်(  ၀၉:၃၀  )နာရီ  အချိန်တွင် ကျိုက်လတ်မြို့နယ်ဦးစီးမှူးရုံး၌  ကုန်မျိုးစုံအရောင်းဆိုင် လုပ်ငန်းရှင်( ၆ )ဦးအား   စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင်မြို့နယ်တာဝန်ခံမှစားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ ၏တာဝန်များကိုလည်းကောင်း၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများမှစားသုံးရန်မသင့်၍ ရောင်းချမှုမပြုကြရန် တားမြစ်ထားသော ကုန်စည်များရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါပြဌာန်းချက်များကို လိုက်နာမှုမရှိပါက အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်ပင်သာရပ်ကွက်ရှိ “ဝင်း” မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ  ဒု-ဉီးစီးမှူး ဒေါ်စန္ဒာမွန်နှင့် ဝန်ထမ်းများသည် ကလေးမြို့နယ်၊ ညောင်ပင်သာရပ်ကွက်ရှိ “ဝင်း” မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ခိုင်ဇင်ဉီး၏နေအိမ်သို့ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ( ၁၉ ) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သွားရောက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စန္ဒာမွန် (ဒု-ဉီးစီးမှူး) က မုန့်များပြုလုပ်တွင်  လက်အိတ်များကိုအသုံးပြု၍ ထုပ်ပိုးမှုများပြုလုပ်ရန်၊  မုန့်ဖုတ်သည့်မုန့်ဖိုများအတွင်း သန့်ရှင်းသပ်ရပ်စွာကိုင်တွယ်အသုံးပြုလုပ်ကိုင်ရန်နှင့် ဓာတုဆေးဝါးများအသုံးပြုခြင်းကို လျော့ပါးအောင်ပြုလုပ်ခြင်းဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သည့်နည်းလမ်းများကိုအသုံးပြု၍ ပြုလုပ်ရောင်းချရန်တို့ကိုဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) တွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားတွင်ပါဝင်သော ကုန်စည်၏အမှတ်တံဆိပ်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစိုးရဌာနများကသတ်မှတ်ထားသောအချက်အလက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးနောက် “ဝင်း” မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ခိုင်ဇင်ဉီးကလည်း ကုန်ကြမ်းပစ္စည်းများဈေးနှုန်းကြီးမြင့်ခြင်း၊ လျှပ်စစ်မီးများမရရှိသောကြောင့် စက်သုံးဆီအသုံးပြု၍ လုပ်ကိုင်ဆောင်ရွက်ရသည့်အတွက် ကုန်ကျစရိတ်ကြီးမြင့်၍ အမြတ်အစွန်းအနည်းငယ်သာရရှိပါကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ရှင်းလင်းဆွေးနွေးချက်များကိုလည်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့မှုကို သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                               

မြန်အောင်မြို့နယ်ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၈.၇.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

    မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖော်ပြချက်ကို အကျယ်တဝင့်ပြောကြားခဲ့ပြီးနောက် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် Call Centre (1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စသည့်အခြေအနေတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခြေခံကွန်ပျူတာနည်းပညာသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အခြေခံကွန်ပျူတာနည်းပညာသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများတက်ရောက်ခဲ့ကြ​ပါသည်။

   သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် မိမိတို့ရုံးအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ နည်းပညာဆိုင်ရာသင်တန်းများ၊ စားသုံးသူရေးရာပညာပေးသင်တန်းများကို စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနအကြီးအကဲများ၏ လမ်းညွှန်ချက်များအရ ဝန်ထမ်းတိုင်းသည် ဒီဂျစ်တယ်နည်းပညာများကို တတ်မြောက်ထားရန်လိုအပ်ကြောင်း၊ ကွန်ပျူတာအခြေခံဘာသာရပ်များကို ကြေညက်ကျွမ်းကျင်စွာတတ်မြောက်ထားရန်လိုအပ်ကြောင်း၊ သင်တန်းတွင်သင်ပေးသမျှကို သေချာစွာမှတ်သားကြရန်၊ မသိနားမလည်သည်များကိုမေးမြန်းကြရန်နှင့် စဉ်ဆက်မပြတ်လေ့ကျင့်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ရည်ရွယ်ချက်များ၊ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့ပါသည်။

     သင်တန်းကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့မှ ၂၈ရက်နေ့အထိ စုစုပေါင်း ၅ရက်အကြာကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးတို့မှ သင်တန်းသား/သူ စုစုပေါင်း ၂၀ဦးတို့ကို သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

လေးမျက်နှာမြို့နယ်တွင် မုန့်ဖတ်လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

   စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ဦးစီးမှူးသည် (၁၈.၇.၂၀၂၃)ရက်နေ့ ၊နေ့လယ်(၁၃:၀၀)နာရီချိန်တွင် လေးမျက်နှာမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မုန့်ဖတ်လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

   မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖော်ပြချက်ကို အကျယ်တဝင့်ပြောကြားခဲ့ပြီးနောက် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် Call Centre (1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စသည့်အခြေအနေတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့၊ ထွန်းတောက်ကြယ် အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှင့် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့တွင် ထွန်းတောက်ကြယ် ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ဝယ်ယူစားသုံးစေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ‌ဟောပြောခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲတွင်စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သောအကြောင်း အရာများ၊ စားသုံးသူများအတွက် အခွင့်အရေးနှင့်နစ်နာမှုများ ကြုံတွေ့ရပါကတိုင်ကြားခွင့်၊  ကုန်အညွန်းအမှတ်အသားဆိုင်ရာ‌ ဖော်ပြခြင်းဆိုင်ရာအချက်အလက်များ၊ အန္တရာယ်ရှိသော ဆိုးဆေးများ၊ တားမြစ်ထားသောစားသောက် ကုန်များ၊ အစားအသောက်များချက်ပြုတ် မစားသောက်မီ သတိပြုဆင်ခြင်ရမည့် အချက်များအပြင် အစားအသောက်ခွင့်ပြုထောက်ခံချက်များအကြောင်း ‌ဆွေးနွေးပြောကြားခဲ့ပါသည်။

‌ဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အင်္ဂပူမြို့နယ်ရှိ စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ် ပတုတ်ကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမ ၁၃ ဦး၊ ကျောင်းသား/သူ ၂၈၀ဦးအား (၁၈.၇.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

        ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊  စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစား အသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိကဖတ်ရှုရမည်ဖြစ်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ်ရှိ ဆုံဆီလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၁၇.၇.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီချိန်တွင် ကြံခင်းမြို့နယ် မင်းသီရိရပ်ကွက်ရှိ ဆုံဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

   မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖော်ပြချက်ကို အကျယ်တဝင့်ပြောကြားခဲ့ပြီးနောက် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် Call Centre (1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စသည့်အခြေအနေတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်၌ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ (၁၈.၇.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် အပတ်စဉ်ဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရုံးအရှေ့တွင် ရောင်းချပေးခဲ့သည်။

    ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ဆန် တစ်ပြည်လျှင် ငွေကျပ် ၂၅၀၀ နှုန်း၊ ဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ နှုန်း၊ ကြက်ဥဆယ်လုံး တစ်ထုပ်လျှင် ငွေကျပ် ၂၃၀၀နှုန်း နှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

   အလားတူပင် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများသည်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက်ကို အပတ်စဉ်အလိုက် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည်  (၂၀.၇.၂၀၂၃)ရက်နေ့၊  နံနက်(၀၈:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ ဆန်စက်လုပ်ငန်းရှင်များကို ဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

  မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအနက် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကာ ဆန်စက်လုပ်ငန််းရှင်များမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်အား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ လုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ