သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

       ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁၂.၈.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဝါးတန်းဆိပ်ကမ်းနှင့် သိန်းဦးဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိ ရပါသည်။

DOCA(ရန်ကုန်)

 

တောင်ဥက္ကလာပမြို့နယ်၊ အထက(၂)ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း

      (၁၂.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးမှူး)နှင့်(၃)ဦးတို့သည်  တောင်ဥက္ကလာပ မြို့နယ်ရှိ အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချ လျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်တို့တွင် ကုန်အညွှန်းအမှတ် အသားများ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းအား ဆရာမများ ပူးပေါင်း ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့် အသင့်သောက်အချိုရည်တို့တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်သော် လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ် စေ ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမရှိသည့် စားသောက်ကုန်များအား ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ် ဖြစ်စေမည့် စားသောက်ကုန်များအား ရောင်းချ ခြင်းမပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တောင်ဥက္ကလာပမြို့နယ်၊ အထက(၂)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောခြင်း

      (၁၂.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးမှူး)နှင့်(၃)ဦးတို့သည် တောင်ဥက္ကလာပ မြို့နယ် အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ/ ဆရာမ ( ၁၀)ဦး၊ ကျောင်း သား/ကျောင်းသူ(၁၈၀)ဦးတို့ကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

             အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဒေစီမှ အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးမှူး)က ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ရန် CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်းပေးနေမှုအခြေအနေများ၊ Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

သာကေတမြို့နယ်၊ ဧရာဝဏ်စီးတီးမတ်အတွင်းရှိ ကုန်စုံဆိုင်အားစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ များသည် ၁၂.၈.၂၀၂၅ ရက်နေ့တွင် သာကေတမြို့နယ်၊ ဧရာဝဏ်စီးတီးမတ်အတွင်းရှိ ငရုပ်ဆီ အမျိုးမျိုးအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင် မှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ် စည်ပင် သာယာ ရေးအဖွဲ့နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်း ရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ဈေးအတွင်းရှိ ရောင်းချနေသော ငရုပ် ဆီအမျိုးမျိုးအား          ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပ မာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာ သာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ဖြစ်စေ ပြည့်စုံ စွာဖော်ပြထားခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ရန်ကုန်)

သာကေတမြို့နယ်၊အမှတ်(၁၀)စျေးအတွင်းရှိ ကုန်စုံဆိုင်အားစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ၁၂.၈.၂၀၂၅ ရက်နေ့တွင် သာကေတမြို့နယ်၊အမှတ်(၁၀)စျေးအတွင်းရှိ ကုန်စုံဆိုင်များ အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်မှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အ မှတ် (၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များ လိုက် နာရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ဈေးအတွင်းရှိ ရောင်းချနေသော ငရုပ်ဆီအမျိုးမျိုးအား ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာ ဘာသာ နှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ဖြစ်စေ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ရန်ကုန်)

 

သာကေတမြို့နယ်၊အမှတ်(၁၀)စျေးအတွင်းရှိ ကုန်စုံဆိုင်အားစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ များသည် ၁၂.၈.၂၀၂၅ ရက်နေ့တွင် သာကေတမြို့နယ်၊အမှတ်(၁၀)စျေးအတွင်းရှိ ဒေါ်နန်းသီ တာထွန်းကုန်စုံဆိုင်အတွင်းရှိ ကုန်စည်များတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားများ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ (၄၁) ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက် အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်း ၊ သုံးစွဲပုံနည်းလမ်း နှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့် ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ဖြစ်စေ  ပြည့်စုံစွာဖော်ပြ ရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ရန်ကုန်)

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

     မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံ စားသောက်ကုန်စည်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ၁၃.၈.၂၀၂၅ ရက်နေ့ နံနက် (၉း၀၀) နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

     ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းစျေး (၆၉၅၄)ကျပ်၊ ကြက်ဥ(၄)လုံး (၁၅၀၀)ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

    အဆိုပါစျေးရောင်းချခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

       ၁၂.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာတို့ ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်း မူလွန်(၂)စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

       အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဇော်ဦးက စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ရပ်အကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်မည့်နေရာနှင့် နည်းလမ်းများအကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားပြီး Consumer Call Center 1535 သို့ခေါ်ဆိုခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၇) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း  သိရသည်။

DOCA (မွန်)

သထုံခရိုင်ဦးစီးမှူးသည် ကုန်အညွှန်းအမှတ်အသားလျှောက်ထားလာမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၁၂.၈.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်၊ သထုံ- ဘားအံကားလမ်းဘေး၊ အမှတ် စ/၂၇၀ ရှိ “ဇွဲမာန်” ကိတ်နှင့် မုန့်မျိုးစုံ ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားလျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ခရိုင်ဦးစီးမှူးက “ဇွဲမာန်” ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မိမိတို့၏ ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ အချက်အလက်များပြည့်စုံမှန်ကန်စေရန်အတွက် ကုန်အမှတ်တံဆိပ်နမူနာပုံစံများ၊ ကုန်စည်နမူ နာဓာတ်ပုံများ၊ ကိုယ်တိုင်လျှောက်လွှာတင်ပြစာနှင့် ထုတ်လုပ်သည့်လုပ်ငန်းလိပ်စာများ၊ ထောက်ခံချက်များနှင့်အတူ လျှောက်ထားနိုင်ကြောင်း လုပ်ငန်းရှင်အား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA (မွန်)

သထုံခရိုင်ဦးစီးမှူးသည် ပေါင်မြို့နယ်စားအုန်းဆီလက်လီကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေး

    ၁၀.၈.၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးသည် ပေါင်မြို့နယ်ရှိ စားအုန်းဆီလက်လီကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူက လက်လီကိုယ်စားလှယ် များအနေဖြင့် ပြည်သူများသို့ စားအုန်းဆီရောင်းချရာတွင် ရောင်းချရန်သတ်မှတ်ထားသောနေရာ များအား အချိန်နှင့်တပြေညီ ရောင်းချပေးရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန်၊ အချင်အတွယ်ပြည့်မီစွာ ရောင်းချပေးရန်နှင့် ဌာန၏ ညွှန်ကြားချက်များအတိုင်းလိုက်နာ ဆောင်ရွက်သွားရန်ပြောကြားခဲ့ပြီး ပေါင်မြို့နယ်၏ ယခုအပတ် စားအုန်းဆီသတ်မှတ်ရည်ညွှန်း ဈေးမှာ တစ်ပိဿာလျှင် (၆၉၅၄) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ