သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဇလွန်မြို့နယ်တွင် စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၄.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌ စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များအကြောင်း အသိ ပညာပေးTalk Show အစီအစဉ် ကိုဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက  စားသုံးသူရေးရာဦးစီးဌာနသည် စား သုံးသူပြည်သူများအပေါ် ကုန်စည်/ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း ရေး /ကျန်းမာရေးနှင့်စိတ်ကျေနပ်မှုရှိစေရေး၊ စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရမှု မရှိစေရေး၊ စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေးတို့အတွက် အရည်အသွေးမြင့်မားသည့် ကုန်စည်/ ဝန်ဆောင်မှုများကိုဖော်ဆောင်ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး လုပ်ငန်း များကို စစ်ဆေးရေးအရာရှိများက ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုကြောင့် တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးရန် သို့မဟုတ် ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကိုစောင့်ကြည့်နိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန်  အလို့ငှာ ကုန်စည်နှင့် ဝန်ဆောင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်တာဝန်ရှိကြောင်း စသည် တို့ကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ အ.မ.က ဖဲကုန်းကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်တင်တင်နိုင်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အ.မ.က ဖဲကုန်းကျောင်း၌ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၄၀) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပာယ်နှင့် စားသုံးသူများပစ္စည်းဝယ်ယူသုံးဆွဲရာတွင် မည်သည်တို့ကို ကြည့်၍ ဝယ်ယူရမည်ကို ကလေးများ နည်းလည်သဘောပေါက်လွယ်အောင် ရှင်းလင်းပြောကြား၍ လက်ကမ်းစာစောင်များဝေငှခြင်းနှင့်  စားသုံးသူအသိပညာပေးဟောပြောပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် အ.မ.က (ဆင်ဖြူတော်)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူး ပေါင်း၍ (၁၄.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့၊ ဆင်ဖြူတော်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်း သား၊ ကျောင်းသူ ၈၅ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန် အညွှန်းအမှတ်အသားများအကြောင်း၊ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များ နှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချ ရန် မုန့်ဈေးတန်း   ရောင်းချသူများအား မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ စစ်ဘေးရှောင်များအား စားအုန်းဆီ စာအုပ်ဖြန့်ဝေခြင်း

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် (၇.၁၀.၂၅) ရက်နေ့တွင် မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်သည် ဆီကိုယ်စားလှယ် (၄) ဦး၊ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးတို့နှင့် တွေ့ဆုံ၍ ရွှေသောင်ယံမြို့နယ်ခွဲရှိ ဘောမိကျေးရွာအုပ်စု၊ မကျီးဇင်ကျေးရွာအုပ်စု၊ သာပေါင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ကျေးရွာအုပ်စုနှင့် သစ်ဖြူကျေးရွာအုပ်စုများမှ တိုက််ပွဲရှောင်များ သာပေါင်းမြို့ရပ်ကွက် (၁)၊ (၂)၊ (၃) တွင် လာရောက်နေထိုင်ပြီး စားအုန်းဆီဝယ်ယူသုံးစွဲရာတွင် အခက်အခဲမရှိစေရေး သတ်မှတ်ရည်ညွှန်းဈေးဖြင့် သုံးစွဲနိုင်ရေးအတွက် ဆီကိုယ်စားလှယ် (၄) ဦးနှင့် အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ မြို့ပေါ် လက်လီအရောင်းဆိုင်များမှ ဆီစာအုပ်များ ပြုလုပ်ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်တွင် ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးခြင်း

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သီဟိုဠ်အသင်း၊ ပြည်သူ့တပ်ဖွဲ့များသို့ တစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့် လစဉ်ပုံမှန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်  ရောင်းချပေးလျက်ရှိပြီး နယ်ဝန်ထမ်းများအား (၁၅.၁၀.၂၅) ရက်နေ့ တွင် ပထမအသုတ်၊ (၂၃.၁၀.၂၅) ရက်နေ့တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား မွေးကုဦးစီးဌာနနှင့် ပူးပေါင်း၍ စားအုန်းဆီနှင့် ကြက်ဥများကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သီတင်းကျွတ်ဈေးရောင်းပွဲတော် MSMEs လုပ်ငန်းများပြသ

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် (၄.၁၀.၂၀၂၅) ရက်နေ့တွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်မည့် MSMEs လုပ်ငန်းပြပွဲ၊ ပြိုင်ပွဲ၊ ထုတ်ကုန်လုပ်ငန်းများ ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်အား ဖွင့်ပွဲပြုလုပ်ပြီး (၅.၁၀.၂၅)  ရက်နေ့ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ဆုပေးပွဲများ ကျင်းပပြုလုပ်၍ ဧရာဝတီတိုင်းဒေသကြီး (၂၆) မြို့နယ်မှ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ ဌာနဆိုင်ရာပြခန်း (၁၀) ခန်းဖြင့်လည်းကောင်း၊ လယ်ယာထွက်ကုန်အရောင်းပြခန်းများ၊ စက်ပစ္စည်းအရောင်းပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၁.၁၀.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်ကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ်မြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကိုစစ်ဆေးခဲ့ပြီး၊ ဒေသထွက်စားသုံးဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်အတွင်း ရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၀.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် ဇလွန်မြို့၊ ဗိုလ်ချုပ်လမ်း၊ ညောင်ပင်ဈေး ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများအား ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိ ခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန် နှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြော ကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် မြို့မဈေးအတွင်းရှိ စားအုန်းဆီလက္ကား၊ လက်လီဆိုင်များမှ ဆီဝယ်ယူခွင့် စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၃.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ဇလွန်မြို့နယ် မြို့မဈေးအတွင်းရှိ စားအုန်းဆီလက္ကား၊လက်လီရောင်းချသည့် အရောင်းဆိုင်များမှ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ ၊သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ‌စေရေး ကွင်း ဆင်းစစ်ဆေးခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းရာတွင် ခွဲတမ်းရ စားသုံးဆီကုန်စုံဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီ ရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေးရန်၊ ဆီရောင်းချရာ တွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး ထက်မပိုပဲ မှန်မှန်ကန်ကန် ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး၊ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် ဖြန့်ဝေ ရောင်းချရာတွင်  တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် (၂)ကြိမ် ရောင်းချ ကြောင်း ၊ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၀.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံ အရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန် စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း စသည်တို့ကိအသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးမျိုးစုံအရောင်းဆိုင်(၄)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ