သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးဆိုင်များ၌ ကွင်းဆင်းစောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နံနက်(၁၁ : ၃၀) အချိန်တွင်  လွိုင်ကော်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးများ ရောင်းချ      နေသော ဆေးဆိုင်များ၌ ဆေးများပြတ်လတ်မှုများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း  ရှိ/မရှိနှင့်  မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၉ ပါ သတ်မှတ်ချက် နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းကို  သက်ဆိုင်မိတ်ဖက်များနှင့်ပူးပေါင်း၍  ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။  

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင်    ဆေးဆိုင်ရှင်များက မိမိတို့အနေဖြင့် ဆေးများသယ်ယူရာတွင် အခက်အခဲများမရှိကြောင်း၊ ဆေးများ ပြတ်လပ်မှု မရှိသည့်အပြင် ဆေးဝါးများအား ဈေးကစားခြင်းအလို့ငှာ သိုလှောင်ထားခြင်းလည်းမရှိ ပါကြောင်း၊  ၂/၂၀၁၉ ကုန်အညွှန်းအမှတ်အသားပါ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားသော  စာသာများပါ ကိုက်ညီမှုရှိတဲ့ ဆေးဝါးများသာ ဝယ်ယူရောင်းချကြောင်း သတင်းရရှိပါ သည်။

DOCA(ကယား)

ဆွာ-မော်လမြိုင်စားသောက်ဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်လျှေက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

          ၂၅.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် မော်လမြိုင်မြို့နယ်ရှိ ဆွာ-မော်လမြိုင်စားသောက်ဆိုင်သို့ အွန်လိုင်းမှတ်ပုံတင်လျှောက် ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှု ရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)

သထုံမြို့၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ သက်သာသောဈေးနှုန်းဖြင့် အခြေံစားကုန်များ ရောင်းချပေးခြင်း

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဆန်၊ ဆီ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် ၂၆.၂.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်အဆင့်အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေခံစားသောက်ကုန်ပစ္စည်းအမျိုးမျိုးတို့ကို သတ်မှတ်ထားသည့် သက်သာသော ဈေးနှုန်းတို့ဖြင့် စနစ်တကျရောင်းချပေးရာ ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူခဲ့ကြပြီး ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တွင် စားအုန်းဆီ ​​ရောင်းချ​နေမှုအား ကွင်းဆင်းစစ်​ဆေး

၂၆.၂.၂၀၂၅ ရက်နေ့ နံနက် (၆:၃၀) နာရီအချိန်တွင် စားသုံးသူ​ရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊​မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ စည်ပင်သာယာဈေးများတွင် ရောင်းချနေသော စားအုန်းဆီလက်လီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းချသူများအနေဖြင့် သတ်မှတ် ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာနှုန်းထက် ပိုမို၍ ရောင်းချ​နေမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှို/မရှိ တို့ကို ကွင်းဆင်းစစ်​ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ငပိလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နံနက် (၁၁:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ် လျဥ်း၍ ထားဝယ်မြို့မှ သင်းရနံ ပုစွန်ခြောက်ငပိထောင်း အမျိုးမျိုးထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ အကြီးတန်းစာရေး ဦးထက်အောင်လှိုင်မှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် စီးပွားရေးကျင့်ဝတ် များ၊ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ စျေးကွက်မရောက်မီ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာ ဖော်ပြပေးရန်နှင့် ကုန်အညွှန်းအမှတ်အသား များကို တိကျမှန်ကန်စွာ ဖော်ပြခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေမှ ချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ကုန်စည်အမျိုးအစား အလိုက် ဖော်ပြပါရှိရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(တနင်္သာရီ)              

ထားဝယ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင် သာယာ‌ရေးအဖွဲ့တို့ပူးပေါင်း၍ ထားဝယ်မြို့၊ ‌ဗျောတောဝရပ်၊ ကရပ်ပြင်ရပ်ရှိ ဆန်အရောင်းဆိုင်များ အား စျေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ‌စျေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးရာတွင် မှတ်ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ် မှု ရှိ/မရှိ ၊ ဆန်အိတ်များ စနစ်တကျ သိုလှောင်ထားရှိမှုများ ဆောင်ရွက်ထားခြင်းနှင့် အရည်အသွေး ပြည့်မှီခြင်း ရှိ/မရှိ တို့အား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)     

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ (၁၃း၃၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူ ရေးရာဦးစီဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများ သည် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထားဝယ်မြို့ပေါ်ရှိ လက်ဝတ် ရတနာပစ္စည်းများ ရောင်းချလျက်ရှိသည့် Online လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများနှင့် ပတ် သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)                                  

စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ဝန်းထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင်၊ တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) အစည်းအဝေးအား (Virtual) စနစ်ဖြင့်ပြုလုပ်ခဲ့ရာ ထားဝယ်တိုင်းရုံးဝန်ထမ်းများ၊ မြိတ်ခရိုင်ရုံးဝန်ထမ်းများ၊  ကော့သောင်း ခရိုင် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။  လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထားဝယ်၊ မြိတ်၊ ကော့ သောင်းခရိုင်များမှ  ခရိုင်များတွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဒေသအာဏာပိုင်၊ အသင်းအဖွဲ့များနှင့် မိမိတို့ ဝန်ထမ်းများမှ ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါ သည်။

  ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင် ရာခရိုင်များမှ မိမိတို့ခရိုင်များ၏ လိုအပ်ချက်များအား တင်ပြခဲ့ပြီး အစည်းအ‌‌ဝေးအား (၁၁) နာရီ အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(တနင်္သာရီ)

ဟင်္သာတမြို့နယ်တာဝန်ခံမှ ပဲ၊ နှမ်းလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးမှု

           စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ( ၂၅.၂.၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ပခမ်းရပ်ကွက်၊ လယ်တော်အဝေးပြေးကားဝန်းအတွင်းရှိ  ပဲနှမ်း လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် ဦးရဲလှိုင်နှင့် တွေ့ဆုံ၍  အသင်း၏လက်ရှိဆောင်ရွက်နေမှုများအား ကွင်းဆင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းဆွေးနွေးရာ ဒေသတွင်း မတ်ပဲစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင်  မတ်ပဲ အထွက်နှုန်း ကျဆင်းကြောင်း၊ ဈေးနှုန်းမှာလည်း ယခင်နှစ် ကာလတူဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလာကြောင်းသိရသည်။ ယခုနှစ် မတ်ပဲအထွက်နှုန်းကျဆင်းခြင်းမှာလည်း စတင် စိုက်ပျိုးချိန်တွင် ရာသီဥတုအခြေအနေကြောင့် အနည်းငယ် ပျက်စီးရခြင်းဖြစ်ကြောင်း၊ အထွက်နှုန်းကျ ဆင်းသော်လည်း ဈေးနှုန်းဈေးကွက် ကောင်းမွန်ရေး၊ တောင်သူများအကျိုးဖြစ်ထွန်းရေးကို အသင်းမှ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့်နှစ်များတွင်လည်း ဟင်္သာတမြို့နယ် ပဲနှမ်းအသင်းအနေဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ တစ်ဧကကုန်ကျစရိတ်သက်သာရေး၊ အထွက်နှုန်းကောင်းစေရေး၊ ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းများအား  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက် မြေ (၀.၂၉) ဧကအား ငှားရမ်းနိုင်ရေးအတွက် တစ်လငှားရမ်းခကြမ်းခင်းဈေးတွက်ချက်ရန် ကွင်းဆင်းစစ်ဆေး​

၂၅.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူ​ရေးရာဦးစီးဌာနပိုင် မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေချောင်လမ်း၊ အကွက်အမှတ် (၇၀) ဦးပိုင်အမှတ် (၈၇) ရှိမြေ (၀.၂၉) ဧကအား (၃) နှစ်သက်တမ်း (၁) နှစ် (၁) ကြိမ် စာချုပ်ဖြင့် ငှားရမ်းနိုင်ရေး ပထမနှစ် သက်တမ်းအတွက် တစ်လမြေငှားရမ်းခ ကြမ်းခင်းဈေး၊ ဒေသပေါက်ဈေး တွက်ချက်ရန် ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့သည် ဒေသပေါက်ဈေးတန်ဖိုးကို အနီးပတ်ဝန်းကျင်ရှိ ငှားရမ်းခြင်းများ၏ ငှားရမ်းခနှုန်းထားများ၊ လူစည်ကားမှု၊ မြို့၏အချက်အခြာကျမှု၊ လမ်းပန်း ဆက်သွယ်ရေးကောင်မွန်မှု ရှိ/မရှိ စသည့် အခြေအနေများအား စားသုံးသူရေးရာဦးစီးဌာနပိုင် မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက် မြေ (၀.၂၉) ဧကအား (၃) နှစ်သက်တမ်း (၁) နှစ် (၁) ကြိမ်စာချုပ်ဖြင့် ငှားရမ်းနိုင်ရေး တစ်လငှားရမ်းခ ကြမ်းခင်းဈေး သတ်မှတ်နိုင်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ ဦးစီး၍ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ