သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ငပုတောမြို့နယ်၊ စဉ့်အိုးဖိုကျေးရွာရှိ ပြည်သူများအား အသိပညာပေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၄.၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊ စဉ့်အိုးဘိုကျေးရွာသို့ သွားရောက်၍ ကျေးရွာရှိ စားသုံးသူပြည်သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          မြို့နယ်တာဝန်ခံမှ ကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းများဟောပြောခဲ့ပြီး ကျေးရွာရှိ ကုန်စုံဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခြင်းများ

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံ ရုံးအနေဖြင့် ထုတ်ကုန်မျးလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချ ရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန်စံညွှန်းများ၊ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သော်လည်း ကောင်း၊ စားသုံး သူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ သော်လည်း ကောင်း ဆောင်ရွက်လျက်ရှိပါသည်။

              ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဈေးကွက် စောင့်ကြည့် စစ် ဆေးခြင်း(၄)ကြိမ်ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့၊ နံနက်(၀၈;၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ “UTN” ဦးသိန်းနိုင် စက်သုံး ဆီ အရောင်းဆိုင်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက် (၀၈း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးရှိ သာထက်စံကုန်စုံဆိုင်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက် (၀၈;၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့ ပေါ်ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်(၀၉း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်း ကုန်မျိုးစုံရောင်းဝယ်ရေး ဆိုင်များ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အဖွဲ့စုံဖြင့် ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များ အတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်းများ မြှင့်တင် ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ  နေ့စဉ် သတ်မှတ် ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိ၊ အချိန် အတွယ် နှင့် အလေးချိန် မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အသေးစိတ် စိစစ် ချက်များအတိုင်း ပြည့်စုံစွာထည့်သွင် ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက် ပါရှိသော ကုန်စည် များကိုသာ ရောင်းချရန် လိုအပ်ကြောင်းအသိပညာပေး ဆွေးနွေးခဲ့ပြီး ဌာန ဥပဒေနှင့် ညွန်ကြားချက်များ ပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောဆောင်ရွက်ခြင်း

                    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ် ရေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

                 ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စားသုံးသူ အကာအကွယ် ပေးရေးအသိပညာပေးဟောပြောဆောင်ရွက်ခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၀၈း၃၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ ခရိုင်၊ ကျွန်းလှမြို့နယ်၊  စံပြကျေးရွာ အလယ်တန်း ကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း ဆောင်ရွက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှ မြို့နယ်၊  စံပြကျေးရွာ အလယ်တန်းကျောင်းတွင်   စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူကာ ကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အဓိပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများအနေနဲ့ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် တာဝန်(၄) ချက်၊ စားသုံးသူအကာကွယ်ပေးရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှား စွာဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကို မြန်မာ ဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြား နိုင်ကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာ များအား အကျယ်တဝင့် ရှင်းလင်း ပြေားကြားခဲ့ပြီး မိမိတို့ ဌာနမှဆောင် ရွက်နေ‌‌သော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No - 1535 သို့ဆက်သွယ် မေးမြန်း နိုင်သည့်အကြောင်းများ အသိပညာပေးဟောပြောခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသား နှင့်ပတ် သက်သည့် အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုး တိုး တက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

              ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စီးပွားရေးလုပ်ငန်း ရှင်များ အားတွေ့ဆုံးခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လ(၂၁)ရက်နေ့ နံနက်(၀၈;၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းစံပြကျေးရွာရှိ “မိသားစု” ဆီစက် လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့သို့ အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပါယ်ဖွင့်ဆိုချက် ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေ နပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ စားသုံးသူကာ ကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း၊ မိမိတို့ စားသုံးသူ ရေးရာဦးစီးဌာန၏ လုပ်ဆောင်ချက်များနှင့် သရှိလိုသည်များကို ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No - 1535 သို့ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား နှင့် ပတ်သက် သည့် အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းမှတစ်ဆင့်ရောင်းချရာတွင် စားသုံးသူနစ်နာမှုမရှိစေရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

          အွန်လိုင်းမှတစ်ဆင့် ရောင်းချရာတွင် စားသုံးသူနစ်နာမှုမရှိစေရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော် လွင်နှင့်တကွ အရာထမ်း၊အမှုထမ်းများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား စတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင် က ပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သတ်၍ အဖွင့်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးသိုက်စိုး၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ညွှန်ကြားရေးမှူး ဦးသန့်စင်ထွန်း၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်သန်းထွန်း၊ တိရိစ္ဆာန် ဆေးကုနှင့် ထုတ်လုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလှမေဦး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ‌ဒေါက်တာမင်းဝန်တို့က ဌာနဆောင်ရွက်မှု များနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်း၊ မြေပြင်စစ်ဆေး ခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်သည့် လုပ်ငန်းရှင်များက သိလိုသည်များကိုမေးမြန်းခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးကျော်ကျော်လွင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားပြီး မြောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့ပေါ်ရှိ စန္ဒာမင်းဘက်ထရီအရောင်းဆိုင်အား စစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ၊ နံနက်(၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထိန်းချုပ်ဓာတုစစ်ဆေးရေး အဖွဲ့များဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့စု၊ မှုခင်းရဲတပ်ဖွဲ့စု၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့်  ထားဝယ်မြို့ရှိ  စန္ဒာမင်းဘက်ထရီ ရောင်းဝယ်ရေးဆိုင်သို့ သွားရောက်၍ ဘက်ထရီများတွင် ပြန်လည်ထည့်သွင်း အသုံးပြုသည့် အက် စစ်များအား သွားရောက် စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များမှ သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းသိုလှောင်မှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် သတ်မှတ် ထုတ်ပြန်ချက်များနှင့်ကိုက်ညီမှုမရှိဘဲ တရားမဝင်တင်သွင်း သိုလှောင်ထားရှိမှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ရာ သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရန် ရှင်းလင်း ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ရှိ Bewine အမှတ်တံဆိပ်  ဆပ်ပြာရည်နှင့်အသင့်စားမုန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချလျက်ရှိသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းအား စျေးကွက် မရောက်မီ စောင့်ကြည့်စစ်ဆေးသည့်စနစ် (Pre Market Surveillance) ဖြင့်စစ်‌ဆေး ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်း ရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းဖြန့်ဖြူးမရောင်းချမီ ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသောကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန် ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များ မပါရှိသော တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

                            

ဂျင်း၊ လ္ဘက်နှင့် အကြော်စုံ ရောင်းဝယ်ရေးဆိုင်အား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၉.၂.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ရွှေဘိုမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ကံ့ကော်ဝါ ဂျင်း၊ လ္ဘက်နှင့် အကြော်စုံရောင်းဝယ်ရေးဆိုင်အား အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ဂျင်း၊ လ္ဘက်များအား မူလအတိုင်းရောင်းချရန်၊ ခွင့်မပြု ဓါတုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ ထည့်သွင်းရောနှောရောင်းချခြင်းမပြုရန်၊ ဓါတုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ စားသုံးမိခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင် သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၊ စည်ပင်သာယာရုံးခန်းမတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဘက်ဌာနများဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရွှေဘိုမြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စည်ပင်သာယာရုံးခန်းမတွင်  ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါဟောပြောပွဲတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က စားသုံသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့် သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center 1535 အကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လည်း အသီးသီးအသိပညာပေးဆွေးနွေးခဲ့ကာ စားသုံးသူ ကာကွယ်ရေးအသိပညာပေး လက်ကမ်း  စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အသား၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းများဖူလုံရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် အသား၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းများဖူလုံရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးမြှင့် လုပ်ကိုင်နိုင်ရန်အတွက် ရင်းနှီးမတည်  ငွေနိုင်ငံ့စီးပွားမြှင့်  ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။

          အဆိုပါ လုပ်ငန်းများ ဖွံ့ဖြိုးလာမှုအပေါ် အသား၊ ကြက်ဥ၊ နို့ထွက်ပစ္စည်းများ ဈေးနှုန်း၊ ဈေးကွက်အတွက် ထိုက်သင့်သော ဖူလုံမှုရရှိစေ၍ ဈေးနှုန်းကြီးမြင့်မှုအား အထွက်နှုန်းမြင့် တိုးတက်လာရေး ရည်ရွယ်၍  ၂၁.၂.၂၀၂၅ နေ့တွင် မြို့နယ်လုပ်ငန်းရှင် (၇)ဦးတို့အား အတိုး ၀.၅ %ဖြင့်  တိုင်းဒေသကြီး အစိုးရ   အဖွဲ့ ဦးဆောင်မှုဖြင့် တစ်နှစ်အတွင်း အရင်းပြန်လည်ပေးဆပ်၊ အတိုး ၆ လတစ်ကြိမ် ပေးဆပ်၍ လုပ်ငန်း ရင်းနှီးငွေများအား မြို့နယ် စိုက်ပျိုရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေး နိုင်ငံ့စီးပွားမြှင်တင်ရေး ကြီးကြပ်ကော်မတီ အဖွဲ့ဖြင့် ငွေကျပ် (၄၉ )သန်း အား ထုတ်ချေးပေးပြီးကြောင်း သိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ