သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့နယ်တွင် ဆန်ရောနှောရောင်းချခြင်းများရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ၂၇.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်ရှိ ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်ရောနှောရောင်းချခြင်းများရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မော်လမြိုင်မြို့နယ်ရှိ ဆန်သိုက်၊ သစ္စာ၊ မေတ္တာမွန်၊ မိုးထက်ကြယ်၊ သန်းကြွယ်၊ ထာဝရ ဆန်အရောင်းဆိုင်များတွင် ဆန်အမျိုးအစားများအား ရောနှောရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ဆန်အမျိုးအစားများအား ရောနှောရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ဆန်ဈေးနှုန်းများအနေဖြင့် ရွှေဘို ၁၀၈ ပေါင် တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာဝတီ(ကျားပျံ) ၁၀၈ ပေါင်တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ မနောသုခ ၁၀၈ ပေါင်တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်၊ ပြည်နယ်အတွင်းရှိ ဧည့်မထ ၁၀၈ ပေါင်တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

တိုင်းရင်းဆေးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများပါရှိခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည်  (၂၄-၂-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမပေါ်ရှိ ဆေးဆိုင်(၃)ဆိုင်မှ မြန်မာ တိုင်းရင်းဆေး အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများ ဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဆေးဆိုင်များရှိ တိုင်းရင်းဆေးအမျိုးမျိုးဖြစ်သော ဝါယော အဓိက၊ မှန်ချို၊ ဧကမ္ဘာ၊ ဉီးအံ့၊ ရှမ်းပျိုမယ်၊ ဂြိုလ်ထု၊ ရွှေ၊ မဟာဖြေဆေး၊ ဆန္ဒမွန်၊ ကေသီပန်၊ ပန်းဝတ်မှုန်အပူငြိမ်းဆေး အစရှိသောဆေးများတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များကို မြန်မာလိုပြည့်စုံစွာ ဖော်ပြထားပြီး တချို့သောစားသုံးသူများက တိုင်းရင်းဆေးဝါးများကိုအလေးထားပြီး သုံးစွဲနေကြောင်း၊ ဆေးဆိုင်များတွင် သွေးတိုး၊ ဆီးချိုနှင့်ပတ်သက်သော ဆေးများကိုလည်းပိုမိုရောင်းချရကြောင်း သိရှိရပြီး စားသုံးသူးများ ဘေးအန္တရာယ်မဖြစ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော တိုင်းရင်းဆေး ဝါးများကိုသာ ရောင်းချပေးရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကမ်းရိုးတန်းသွားရေယာဉ်များပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

                   ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ လမ်းညွှန် မှုအရ အကောက်ခွန်ဦးစီးဌာနမှဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၁-၂-၂၀၂၅ ရက်နေ့မှ ၂၆-၂-၂၀၂၅ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ် သည့် ဆိပ်ကမ်းများဖြစ်သော ရွှေမဲ ဆိပ်ကမ်း၊ သာကေတဆိပ်ကမ်း၊ မုတ္တမဆိပ်ကမ်း၊ Mother ဆိပ်ကမ်းများသို့ အရှေ့ပိုင်းခရိုင်စားသုံး သူရေးရာဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေ ကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက်၍ ရေယာဉ်များတွင် တင်ဆောင် ထား သောကုန်စည်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည့် ရေယာဉ်စုစုပေါင်း (၄၃) စီး ရှိပြီး ဆောက်လုပ်ရေးသုံးပစ္စည်းမျိုးစုံ၊ ကြွေပြား၊ ရေချိုးခန်း သုံးပစ္စည်းမျိုးစုံ၊ ပြောင်း၊ လူသုံးကုန်၊ ကား တာယာ၊ လျှပ်စစ်ပစ္စည်း၊ မော်တော်ဆိုင်ကယ်တာယာ၊ အိမ်ဆောက် ပစ္စည်းမျိုးစုံ၊ စာရေးကရိယာ မျိုးစုံ စသည့်ကုန်ပစ္စည်းများကို  စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခြင်းဖြင့် စားသုံးသူပြည်သူများအနေဖြင့်လည်း ဘေး အန္တရာယ်ကင်းရှင်းသည့် ကုန်ပစ္စည်းများကို ယုံကြည်စိတ်ချစွာဝယ်ယူသုံးစွဲ နိုင်ခြင်းနှင့် ပြည်တွင်း ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီး ကုန်စည်စီးဆင်းမှု များလျှင်မြန်ချောမွေ့လာစေရေး အတွက်  လက်နက်ခဲ ယမ်းများတင်ဆောင်မှုမရှိစေရေး သက်ဆိုင်ရာဌာနများမှ အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကျင်းပ

          ၂၇.၂.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

         ပထမဦးစွာ မွန်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး၊ နိုင်လယိတမက အဖွင့်အမှာစကားပြောကြားပြီးနောက် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခဲ့ပါသည်။

         ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ယခု အစည်းအဝေးတွင် ဆုံးဖြတ်ရမည့် အချက်များ၊ အမှာစာများအားဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ (၁၆း၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

            ၂၆.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေင်္ဟသာဈေးအတွင်းရှိ ရောင်းချနေသော ဆန်ဆိုင်များအား ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်၊ ရွှေင်္ဟသာဈေးအတွင်းရှိ ရောင်းချနေသော ဆန်ဆိုင်များတွင် ဈေးနူန်းမြှင့်တင်ရောင်းချရန်အတွက် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မွန်)

သထုံမြို့နယ်တွင် ဆန်ရောနှောရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

             ၂၆.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်၊ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများသည် သထုံမြို့ရှိ ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ပွင့်ဖူးဝေ၊ ရွှေဧရာ၊ ထိပ်တန်း ဆန်အရောင်း ဆိုင်များတွင် ရောင်းချလျက်ရှိသော ဆန်များတွင် ဆန်အမျိုးအစားများအား ရောနှောရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပြီး၊ ဆန်များရောနှောရောင်းချခြင်းမပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့သည်။ ဖေဖော်ဝါရီလနောက်ဆုံးအပတ်ဆန်ဈေးနှုန်းများမှာ ကျားပျံ (၂၄) ပြည် တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ပေါ်ဆန်းဝါ (၂၄) ပြည်တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ကမာကြည် (၂၄) ပြည်တစ်အိတ်လျှင် ၁၂၃၀၀၀ ကျပ်၊ ဧည့်မထ (၂၄) ပြည်တစ်အိတ်လျှင် ၇၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအပတ်ဆန်ဈေးနှုန်းမှာ ယခင်အပတ် ထက် အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ထေးသမဆီစက်သို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ထေးသမဆီစက်မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော အချက်အလက်များအား ထည့်သွင်းဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်ကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဇလွန်မြို့နယ်အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၇.၂.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်(မ)ရပ်ကွက်နှင့် ညောင်ပင်ဈေးရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချသော အိမ်သုံးဆေးဝါး ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ဈေးကွက်အတွင်း ရောင်းချလျက် ရှိသော ဆေးမျိုးစုံအရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိခြင်း၊ ဆေးဝါးများ ပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိ ကြောင်း တွေ့ရှိရပြီး၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှု ခံယူထားခြင်း မရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး၊ ဝယ်ယူသုံးစွဲသူများအား ဈေးနှုန်းမှန်၊ အရည်အသွေးမှန်ကန်စွာဖြင့် လိုအပ်သော အိမ်သုံးဆေးဝါးများကို လိုအပ်သလိုရောင်းချပေးနေကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံ အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန ၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်( ၂၅.၂.၂၀၂၅ )ရက်နေ့ ၊ နံနက် (၀၉:၀၀) အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်ပူးပေါင်းအဖွဲ့အနေဖြင့်စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်စပ်လျဉ်း ၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ် ရောင်း ချမှု ရှိ/မရှိ၊ ရောင်းချမှုစာရင်းဇယားများ ပြည့်စုံစွာထားရှိခြင်း ရှိ/မရှိ စသည်တို့ကို စစ်ဆေးခဲ့ပြီး၊ စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချခြင်း၊ အခြား မသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင် ထားခြင်းများ မရှိကြောင်းတွေ့ရှိရပြီး၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအား အများမြင်သာသော နေရာတွင်ချိတ်ဆွဲထားမှု ရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၂၇.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသောကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ဓါတ်မတည့်‌ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေးဆိုင်ဘေးထွက်ဆိုးကျိုး ဖော်ပြခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ဖော်ပြထားမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း အသိ ပညာပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ