သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် ရွေးနဒီဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၅.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင်လပွတ္တာမြို့ရွေးနဒီဈေးတွင် စားအုန်းဆီရောင်းချနေသောဆိုင်များအား သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးနေခြင်း၊ ဈေးနှုန်းဗီနိုင်းချိတ်ဆွဲထားခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့ရွေးနဒီဈေးရှိ လက်လီ/လက္ကား ရောင်းချနေသော စားအုန်းဆီဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချ နေခြင်း  ရှိ/မရှိ စားသုံးပြည်သူများမြင်သာအောင်သတ်မှတ်ရည်ညွှန်းဈေးကိုဗီနိုင်းဖြင့်ချိတ်ဆွဲထားခြင်း ရှိ/မရှိ စစ်ဆေးပြီး ခွဲတမ်းရရှိသောစားအုန်းဆီရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချ ကြရန်၊ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရေး၊အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန် ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စားအုန်းဆီဆိုင်ပိုင်ရှင်များအား စားအုန်းဆီ လက်လီ/လက္ကား ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ် နေသောစားအုန်းဆီဈေးနှုန်းကြီးမြင့်မှုကို မိမိတို့ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား သက်သာသော ဈေးနှုန်းများဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းစားအုန်းဆီဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စိန်သီဟ ဆန်စက်လုပ်ငန်းသို့ ဆန်၊ စပါး ဝယ်ယူနေမှု ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၄.၂.၂၀၂၅) ရက်နေ့ နံနက် (၁၀၃၀) နာရီအချိန်တွင် မအူပင်မြို့ရှောင်လမ်းရှိ စိန်သီဟ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် မအူပင်မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် စိန်သီဟ ဆန်စက်ပိုင်ရှင် တို့တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဆန်စက်လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ မအူပင်မြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့နိုင်မှု အခြေအနေများနှင့် ဆန်းစပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေး၊ လက်ရှိတွင် ဧည့်မထ စပါးလက်ကျန် ၇၀၀၀တင်းရှိပြီး နေစဉ် ၁၅တန်ကျ ကြိတ်ခွဲလည်ပတ်ကာ ဒေသတွင်းသို့ ရည်ညွှန်းဈေးဖြင့် ရောင်းချနေပြီး ရန်ကုန်သို့လည်း ဆန်/စကွဲ အနည်းငယ် တင်ပိုလျှက်ရှိကြောင်း သိရပြီး စပါး/ဆန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် myro တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည်ပြီးဖြစ်လျှင် သက်တမ်းတိုးဆောင်ရွက်ပေးနိုင်ရန်တို့ကို အကျယ်တဝင့် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

စားသုံးကာကွယ်ရေးအသိပညာ‌ပေးTalk Show

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာ‌ပေးလုပ်ငန်း Talk Show ကို ၂၄.၂.၂၀၂၅ နေ့ နံနက် ၁၁၀၀ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

                ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်း ဆောင်ရွက် ချက်များအကြောင်းကို မေးမြန်းဆွေးနွေးသဖြင့်  ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်း လုပ်ငန်းစဉ်နှင့် စစ်ဆေးရေးအရာရှိ၏ ဈေးကွက်အတွင်းကုန်စည်များ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးရာ ဈေးကွက် စောင့်ကြည့် စစ်ဆေး၏ ရည်ရွယ်ချက်ဖြစ်သော စားသုံးသူကိုကာကွယ်‌ေ၌းခြင်း၊ စီးပွားရေး လုပ်ငန်းရှင် များကို မျှတစွာ ယှဉ်ပြိုင်စေခြင်း၊ ယုံကြည်စိတ်ချရသော စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီပေးခြင်းဖြစ်ကြောင်း၊ ဈေူကွက်စောင့်ကြည့်စစ်ဆေးခြင်း၏ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအကြောင်းကိုလည်းကောင်း၊ ကုန်စည်စစ်ဆေးခြင်း ပုံမှန်စစ်ဆေးခြင်း၊ ဦးစီးပေးကုန်စည်စစ်ဆေးခြင်း၊ နောက်ဆက်တွဲစစ်ဆေးခြင်း အကြောင်းကိုလည်းကောင်း၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်ဖြစ်သော မျက်မြင် စစ်ဆေးခြင်း၊ ဓါတ်ခွဲစမ်းသက်စစ်ဆေးခြင်း၊ ကျွန်းကျင်သူထင်မြင်ယူဆချက်၊ ကုန်စည်သက် ဆိုင်သည့် သတ်မှတ်ထုတ်ပြန်ချက် သွင်ပြင်လက်ခဏာ၊ အပြစ်အနာအဆာ၊ ကုန်စည်နှင့် စပ်လျဉ်းသည် သတိပေးချက်၊ ထိခိုက်နစ်နာမှု အခြေအနေများကို စစ်ဆေးခြင်း၊ နောက်ဆုံးသုံးစွဲရက်ကျော်လွန်မှု ရှိ/မရှိကို စစ်ဆေးခြင်းများကိုစိစစ်ကြပ်မတ် ဆောင်ရွက်ခြင်းများဆောင်ရွက်လျက်ရှိပြီး ကနဦးစစ် ဆေးခြင်းများ၊ ထုတ်ကုန်စမ်း သက်စစ်ဆေးခြင်းများ၊  အသိပညာပေးခြင်းလုပ်ငန်းများ၊ ပြန်လည်သိမ်းဆည်းခြင်းအတွက် ပူးပေါင်းဆောင်ရွက်မှု တို့ကိုရှင်းလင်းပြီး ကောင်းကျိုး၊ ဆိုးကျိုး၊ ရလာဒ်သင်ခန်းစာများ ရှာဖွေဖော်ထုတ် ကိုင်တွယ်ဖြေရှင်း ကူညီဆောင်ရွက်လျှက်ရှိကြောင်း တို့ကို အများပြည်သူ သိရှိနိုင်ရန် ရှင်းလင်းခဲ့သည်၊၊

                ဆက်လက်၍ စားသုံးသူဖြစ်ဖြစ်၊ မည်သည့် စီးပွားရေး လုပ်ငန်းရှင် ဖြစ်ဖြစ် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုပါက Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်းဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် စားသုံးအခွင့် အရေး နစ်နာဆုံးရှုံး မှု ရှိလာပါက တိုင်ကြားနိုင်ကြောင်းကိုလည်း ပြည်သူများသိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(ဧရာဝတီ)

Deliveryလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်

                    ဝန်ဆောင်မှုလုပ်ငန်းများ များပြားလာ၍ စားသုံးသူများ စိတ်ကျေနပ်မှု ရှိစွာ ဝယ်ယူ နိုင်ရေးအတွက် Deliveryလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်လျှက်ရှိသော ဥပဒေပါတားမြစ်ချက်များကို လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျှက်ရှိသည်။

                    ၂၁.၂.၂၀၂၅ ရက်နေ့  (၁၁၀၀)နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် တာဝန်ခံ ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည်  Deliveryလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကိုဆောင်ရွက်ခဲ့ကြသည်။

                    အဆိုပါဟောပြောဆွေးနွေးပွဲတွင် Royal Express, Bee express, Ninjaven , MGL Express, Arlu Post, Myanmar Fast Express , စသည့် လုပ်ငန်းရှင်များအားခေါ့်ယူတွေ့ဆုံ၍  စားသုံးသူကာကွယ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းပြီး ဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဉ်းသော ဥပဒေပါ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး ကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းအကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်နှင့် စပ်လျဉ်းသည့် စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းကာ စီးပွားရေးလုပ်ငန်းရှင်မှ မိမိကုန်စည်နှင့် ဝန်ဆောင်မှုများကို သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်ချက်များကို မရှိပဲ လုပ်ငန်းကို လုပ်ဆောင်နေပါက တားမြစ်ချက်ဆိုင်ရာ ပြဌာန်း ချက်၊ ဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက စီမံခန့်ခွဲရေးနည်းလမ်းဥပဒေအရ ကုန်စည် ဝန်ဆောင်မှုကို ကာလ အကန့်အသတ်တားမြစ်ခြင်း၊ လုပ်ငန်းလိုင်စင် ယာယီ/အမြဲပိတ်သိမ်းနိုင်ရန် အစိုးရဌာနနှင့် ညှိနိုင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်းကိုလည်းကောင်း စားသုံးသူရေးရာ အချက်အလက်နှင့် ပတ်သက်၍ စားသုံးသူ/စီးပွားရေးလုပ်ငန်းရှင်များက ဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်းဆက်သွယ်မေးမြန်းနိုင်ကြောင်းကို အသိပညာပေး ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပြီး Deliveryလုပ်ငန်း (၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်အတွင်းရှိ Deliveryလုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း Delivery ဝန်ဆောင်မှု ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် သိကောင်းစရာကိစ္စရပ်များ အသိပညာပေး ဟောပြောခြင်းအား ၂၁.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က Delivery လုပ်ငန်းရှင် ပြည့်ဝကုန်စည်ပို့ဆောင်ရေး ခေးခေးလေး ကုန်စည်ပို့ဆောင်ရေး၊ Royal Express လုပ်ငန်းများအား မိမိကုန်စည်နှင့် ဝန်ဆောင်မှုများကို သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိပဲ လုပ်ငန်းလုပ်ဆောင်နေပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေး၊ တားမြစ်ချက်ဆိုင်ရာပြဋ္ဌာန်းချက်၊ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ကော်မတီအနေဖြင့် အရေးယူဆောင်ရွက်ရ မည့်လုပ်ငန်းစဉ် လျော်ကြေးငွေပေးစေခြင်း၊ ဒဏ်ကြေးငွေချမှတ်ခြင်း၊ ကုန်စည်ဝန်ဆောင်မှုကို ကာလအကန့်အသတ်တားမြစ်ခြင်း၊ လုပ်ငန်းလိုင်စင် ယာယီ/ အမြဲပိတ်သိမ်းနိုင်ရန် အစိုးရဌာနနှင့်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်းကို လုပ်ငန်းလုပ်ကိုင်သူ Deliveryလုပ်ငန်းရှင် များအားအသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ စားသုံးသူရေးရာ အချက်အလက်နှင့်ပတ်သက်၍ စားသုံးသူ/စီးပွားရေးလုပ်ငန်းရှင်များက ဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်း ဆက်သွယ်မေးမြန်း နိုင်ကြောင်းအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်ဦးမြို့တွင် အသိပညာပေးtalk show ဆောင်ရွက်

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဌာနမှပြဌာန်းထုတ်ပြန်ထားသော ဥပဒေများ၊ ပြဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အများပြည်သူသိရှိနားလည်၍ လိုက်နာစေရန်၊ မိမိတို့ရရှိမည့်အခွင့် အရေးများတောင်းဆိုတတ်စေရန်၊ နစ်နာဆုံးရှုံးမှုများအား အရေးဆိုနိုင်စေရန်နှင့် ဆောင်ရန်/ရှောင် ရန်များအား နည်းလမ်းများစွာဖြင့် စဉ်ဆက်မပြတ် အသိပညာပေးလျက်ရှိရာ (၂၀.၂.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီအချိန်တွင် ညောင်ဦးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ Community Center ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ သိရှိလိုက်နာစေရေး အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

               အဆိုပါ Talk Show အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က စားသုံးသူဆိုသည်မှာ-ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ် ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွှေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုပါကြောင်းနှင့် အွန်လိုင်းဝန်ဆောင်မှုနှင့် ပတ်သက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ စားသုံးသူအခွင့်အရေးများ နှင့် တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်းဖြင့် အားသာချက်၊ အားနည်းချက်များ၊ လိမ်လည်မှုပုံစံများ၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်အလက်များ ၊ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ ဝန်ဆောင်မှုများကို ဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အွန်လိုင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိရှိရမည့်အချက်များ အား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)       

ဆပ်ပြာရည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

          ၂၀၂၅ ခုနှစ်၊  ဖေဖော်ဝါရီလ၊  ၂၅ ရက်နေ့၊  (၁၄း၄၅)နာရီအချိန်တွင် ထားဝယ်မြို့၊  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဦးထက်အောင်လှိုင်မှ ထားဝယ်မြို့၊ Bewine ဆပ်ပြာရည်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။

           အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် စီးပွားရေးကျင့်ဝတ်များ၊ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာဖော်ပြပေးရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာဖော်ပြခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေမှ ချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါရှိရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိ‌ကောင်းစရာများအား သင်တန်းပို့ချဟောပြောဆွေးနွေးခြင်း

            ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည့် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်းတွင် တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေဥပဒေအကြောင်း သိကောင်းစရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်းနှင့် Online မှရောင်းချရာတွင် Online မှတ်ပုံတင်လျှောက်ထားဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြော သင်တန်းပို့ချဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

            အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်မှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းနှင့် အကြီးတန်းစာရေး ဦးထက်အောင်လှိုင်မှ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ Online ဖြင့်ရောင်းချသည့် ကုန်စည်/ဝန်ဆောင်မှု များနှင့်ပတ်သက်၍ Online မှတ်ပုံတင်လျှောက်ထားဆောင်ရွက်ပြီးမှသာလျှင် ရောင်းချရန်နှင့် Online မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များနှင့် ပတ်သက်သည့် အကြောင်းအရာများအား ပို့ချဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ မေးမြန်း ဆွေး နွေးခြင်းများဆောင်ရွက်ခဲ့ကာ သင်တန်းပို့ချမှုအား (၁၄း၃၀)နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်စနစ်ဖြင့် ရောင်းချပါက သတိထားနိုင်ရေး အသိပညာပေး

             စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများခိုင်မာတိုးတက်စေရေးနှင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်း စွာဝယ်ယူစားသုံးနိုင်စေရန်တို့အတွက် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sale)လုပ်ငန်း များ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို မြိတ်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာနတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            တွေ့ဆုံဆွေး‌နွေးရာတွင် အွန်လိုင်းမှစျေးဝယ်ယူမည်ဆိုပါက သတိထားဝယ်ယူသင့်သည့် အချက်များအကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချမည်ဆိုပါက မှတ်ပုံတင်လျှောက် ထားရမည့်အကြောင်း၊ မှတ်ပုံတင်ရာတွင်လိုအပ်သော အချက်အလက်များအကြောင်းနှင့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အကြောင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

သရက်မြို့ဒေသန္တရဖွံ့ဖြိုးရေးအတွက် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့၊ မြို့မစည်ပင်သာယာဈေး အတွင်း ပလတ်စတစ် Campaign ပြုလုပ်ခြင်းနှင့် ကုန်အညွှန်းအမှတ်အသားအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသည့် ကုန်စည်များကိုသာ ရောင်းချစေရန် ဆွေးနွေးပြောကြားခြင်း၊  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ အန္တရာယ်ကင်းသော အစားအစာများ ဖြစ်ပေါ် စေရေးအတွက် အဓိကဆောင်ရွက်ရမည့် အချက်(၅)ချက်အား ရှင်းလင်းပြောကြားပြီး ကျန်းမာရေး နှင့်ညီညွတ်သော အစားအစာများကိုသာ စားသုံးရန်ပြောကြားခြင်းနှင့် အသီးအနှံ၊ အသားငါး ရောင်းချသည့်ဆိုင်များတွင် ပလတ်စတစ်အိတ်အစား အင်ဖက်များကိုသာအသုံးပြုစေရန် ပြောကြား ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ