သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်အတွင်းရှိ ဆန်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ် များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေး ဆောင်ရွက်ရန်၊ ထုတ်ကုန် လုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက် ရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင် တွေ့ဆုံခြင်း၊ စားသုံးသူအသိပညာပေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ပုသိမ်မြို့နယ် တာဝန်ခံသည် (၂၄.၂.၂၀၂၅)ရက်နေ့တွင် ပုသိမ်မြို့အတွင်းရှိ ဆန်ဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ပုသိမ်မြို့နယ်တာဝန်ခံသည် ပုသိမ်မြို့အတွင်းရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိအား စစ်ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်းဈေးဖြင့် ကျော်လွန်၍ ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးတက်ရောက်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၂၃.၂.၂၀၂၅)ရက်နေ့  နံနက် (၉:၃၀) အချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား  ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

            ထိုအခမ်းအနားသို့တက်ရောက်ရာတွင် ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယာယီ နေရပ်စွန့်ခွာပြည်သူ(၁၇၂)ဦးအား တစ်ဦးလျှင်(၂၀၀၀၀)ကျပ်နှုန်းဖြင့် ပြည်သူများအား  ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ) 

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးတက်ရောက်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၂၃.၂.၂၀၂၅)ရက်နေ့  နံနက် (၉:၀၀) အချိန်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ ရွှေနဒီခန်းမ၌ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား  ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့  တက်ရောက်ခဲ့ပါသည်။

          ထိုအခမ်းအနားသို့တက်ရောက်ရာတွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက  အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ) 

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် ကုတင်(၂၀၀) ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၂၂.၂.၂၀၂၅)ရက်နေ့ နံနက်(၇:၀၀) အချိန်တွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကုတင်(၂၀၀)ဆေးရုံဝန်းအတွင်:စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ခဲ့ကြသည်။

          ထို့သို့သန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ရာတွင် လွတ္တာမြို့နယ် ကုတင်(၂၀၀)ဆေးရုံဝန်းအတွင်း စားသုံးသူရေးရာဦးစီးဌာန၊ အခြားဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း” ဟူသောလမ်းညွှန်ချက်နှင့်အညီစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ထော်ကနွတ်ရပ်ကွက် မြို့အဝင်စစ်ဆေးရေးဂိတ်အနီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၂.၂.၂၀၂၅)ရက်နေ့ နံနက်(၇:၀၀)အချိန်တွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ထော်ကနွတ်ရပ်ကွက် မြို့အဝင်စစ်ဆေးရေးဂိတ်အနီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

          ထို့သို့သန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် ထော်ကနွတ်ရပ်ကွက် မြို့အဝင်စစ်ဆေးရေးဂိတ်အနီးတွင် စားသုံးသူရေးရာဦးစီးဌာန၊ အခြားဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း” ဟူသောလမ်းညွှန်ချက်နှင့်အညီ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထန်းများသည်(၂၁.၂.၂၀၂၅)ရက်နေ့ညနေ(၀၃:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြော ဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်မှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးမှုးရုံး မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ ရှေ့ဆက်လုပ်ဆောင် ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အချက်(၈)အား ကုန်စည်အမျိုးမစားအလိုက် သတ်မှတ်၃ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးအရာရှိ၏ လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဥပဒေပါအချက်အလက်များ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးသို့လည်းကောင်း၊ စားသုံးသူရေးရာစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mm website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင် ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကြာဖြူကျေးရွာနှင့် သဲကုန်းကျေးရွာရှိ ဆီထွက်သီးနှံစိုက်ပျိုးမှုအားသွားရောက်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၁.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်အဖွဲ့တို့နှင့်လိုက်ပါ၍ ကြာဖြူကျေးရွာနှင့် သဲကုန်းကျေးရွာတို့တွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံများအား သွားရောက်လေ့လာစစ်ဆေးခဲ့ပါသည်။

          ထိုသို့သွားရောက်လေ့လာစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချူပ်နှင့်အဖွဲ့သည်  မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကြာဖြူကျေးရွာတွင် တောင်သူဦးဝင်းဘိုပါ(၄)ဦး၏ စိုက်ပျိုးထား သောနေကြာ(၁၀)ဧကအားကြည့်ရှုအားပေးခဲ့ပြီး သဲကုန်းကျေးရွာရှိ တောင်သူ ဦးရွှေပွား၏  ပဲတီစိမ်း မျိုးသန့်စံပြစိုက်ခင်း  စိုက်ပျိုးထားရှိမှုအားကြည့်ရှုအားပေးခဲ့လျက် ကြာဖြူကျေးရွာရှိ ရုရှားနေကြာ (၉)မျိုးအား ယှဉ်ပြိုင်စိုက်ပျိုးထားသော စိုက်ကွက်များသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့သို့ဆက်လက် ထွက်ခွာသွားပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇီးကုန်းမြို့ပေါ်ရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံ စိတ်ချရမှု ဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိဝန်ထမ်းများ သည်  (၂၄.၂.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဇီးကုန်းမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင် ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချ လျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့တွင်အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၂.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများ၊ အခြေခံစားကုန်(၁၄) မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ် ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုး ရောင်းချသောစတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များအား ကွင်းဆင်းကာ ပစ္စည်းများပြတ်လပ်မှု ရှိ/မရှိစစ်ဆေးရာ၌ ပြတ်လပ်မှုမရှိပါကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ Online Sale မှတ်ပုံတင်ခြင်းဆိုင်ရာမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          အွန်လိုင်းစနစ်ဖြင့်‌ရောင်း ဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှအမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့်သတ်မှတ်ကြညာခဲ့ပြီးဖြစ်ရာ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လက်ပံတန်းမြို့ ပေါက်ကုန်း၊ ဆင်ဖြူတော်လမ်းရှိ  ဒေါ်ယုနန္ဒာအေး၏ ဘိုရင်းမေမေအိမ်လုပ်ကလေးအစားအစာများ Online  Sale  မှတ်ပုံတင်လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်း   စစ်ဆေး၍လျှောက်ထားသည့် အချက်အလက်များနှင့်အမှန် တကယ် ကိုက်ညီမှုရှိမှသာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည် ဖြစ်သည့်အတွက်  သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသန်းစိုး၊ဦးစီးမှူးဒေါ်ခိုင်ခိုင်ရီ၊ဒု-ဦးစီးမှူး ဒေါ်ကြည်ကြည်ချိုတို့မှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ Online  Sale  မှတ်ပုံတင်ခြင်းဖြင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးများအနေဖြင့် စားသုံးသူတိုင်ကြားမှုကို ဥပဒေအရခုခံကာကွယ်ပိုင်ခွင့်ရရှိခြင်း၊ တရားဥပဒေနှင့်အညီ  ဆောင်ရွက်နေသည့်အတွက် တရားဝင်အရေးဆိုတင်ပြခွင့်ရှိခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချတဲ့လုပ်  ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းကို မဖြစ်မနေမှတ်ပုံတင်ရန်လိုအပ်ပါကြောင်း ဆွေးနွေးစစ်  ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ