သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လေးမျက်နှာမြို့နယ် ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၀.၂.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့ ခမောက်စုကျေးရွာအတွင်းရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့သည် ခမောက်စုကျေးရွာအတွင်းရှိ  စိုက်ပျိုးရေးဆေးဆိုင်များအား သွားရောက်၍ ဓါတ်မြေဩဇာအိတ်များ ဈေးကွက်အတွင်းပစ္စည်း ပြတ်လပ်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိစစ်ဆေးခြင်း၊ ဓါတ်မြေဩဇာအိတ်များတွင် မြန်မာဘာသာဖြင့်ရိုက် နှိပ်ဖော်ပြထားသော သုံးစွဲပုံနည်းလမ်းနှင့် ထားသိုသိမ်းဆည်းရန် အညွှန်းများပါ/ မပါစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဈေးနှုန်းများမှာလည်း ယခင်ဈေးနှုန်းများနှင့် ကွာခြားမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း စိုက်ပျိုးရေးဆေးဆိုင်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၂၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ  စတိုးဆိုင်များတွင် ရောင်းချသော အသင့်စားခေါက်ဆွဲခြောက်ထုပ်မှုန့်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓါတ်မတည့်‌ကြောင်းဖော်ပြချက်၊ သတိပေးချက်နှင့် ကျန်းမာရေးဆိုင်ဘေးထွက် ဆိုးကျိုး ဖော်ပြခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ဖော်ပြထားမှုရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆပ်ပြာမှုန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူတို့အတွက် မရှိမဖြစ်ကုန်စည်ဖြစ်ခြင်း၊ စားသုံးသူပြည်သူများ ထိခိုက်မှု ဘေးအန္တရာယ်မရှိစေရေးအတွက် ဆပ်ပြာမှုန့်အမျိုးမျိုးတို့အား  ၂၆.၂.၂၀၂၅ ရက်နေ့တွင် အနောက် ပိုင်းခရိုင်မှ စစ်ဆေးရေးမှူး ဒေါ်ခင်မာဝေနှင့် ဝန်ထမ်းး (၂) ဦးတို့သည် ဗဟန်းမြို့နယ် G & G ဆိုင်တွင်  Suesat(ဆပ်ပြာမှုန့်)၊ Oki(ဆပ်ပြာမှုန့်)၊ E Lan (ဆပ်ပြာမှုန့်)၊ Fuji (ဆပ်ပြာမှုန့်)၊ Win(ဆပ်ပြာမှုန့်) စသည်တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်ခိုင်နှင့် ဝန်ထမ်းများသည် ၂၄.၂.၂၀၂၅ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ဆ-၄၄၊ ပိတောက်လမ်းရှိ စိန်ကျွန်းဆန်ပွဲရုံ နှင့်        ဆ-၃၄၂၊ ပိတောက်လမ်းရှိ ငွေပဒေသာဆန်ပွဲရုံတို့အား (၁၀:၀၀) အချိန်တွင် ဘုရင့်နောင်ဈေးစည်ပင်မှ ဦးနန္ဒအောင်နှင့် အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးမှ ဦးကျော်မင်းနိုင်နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ထိုသို့  ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင် ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၁၈.၂.၂၀၂၅ ရက်နေ့ မှ ၂၄.၂.၂၀၂၅ ရက်နေ့ အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်း ဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ထူးဆိပ်ကမ်း၊ နိုင်ဂရုဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်းများအား အကောက်ခွန် ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ် များတွင် တင်ဆောင်ထားသောတင်ဆောင်ကုန်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

မြန်အောင်မြို့နယ်အတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ရှောင်တခင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၂၁.၂.၂၀၂၅)ရက်နေ့ ၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ၊လက္ကား ရောင်းချလျက်ရှိသော စားအုန်းဆီအရောင်း ဆိုင်များအား ဈေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်ပူးပေါင်းအဖွဲ့အနေဖြင့်စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်စပ်လျဉ်း ၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ် ရောင်း ချမှု ရှိ/မရှိ၊ ရောင်းချမှုစာရင်းဇယားများ ပြည့်စုံစွာထားရှိခြင်း ရှိ/မရှိ စသည်တို့ကို စစ်ဆေးခဲ့ပြီး၊ စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချခြင်း၊ အခြား မသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်းတွေ့ရှိရပြီး၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအား အများမြင်သာသောနေရာတွင်ချိတ်ဆွဲထားမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ” (၁၇.၂.၂၀၂၅ မှ ၂၂.၂.၂၀၂၅)

သန်လျင်မြို့နယ်၊ ဖေဖော်ရီလ (၂၄) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီးပြည်နယ်များ ရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျှက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန် ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူးရောင်းချသူများ အနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် (၁၇.၂.၂၀၂၅)ရက်နေ့မှ (၂၂.၂.၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ(၂၁)ခုနှင့် စားအုန်းဆီတန်ချိန် (၅၇၉၈.၁၆၉)တန်ကို ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ သီဟိုဠ်စေ့လုပ်ငန်းအား ကွင်းဆင်းလေ့လာ

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၁.၂.၂၀၂၅ ရက်နေ့ နေ့လည်(၂:၂၅)အချိန်တွင် လှိုင်သာယာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးလင်းလင်းဦး ပူးပေါင်းပါဝင်၍ Top သီဟိုဠ်စေ့လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းလည်ပတ်မှု၊ ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ဈေးကွက်ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ကွင်းဆင်းလေ့လာ ခဲ့ပါသည်။

၂၀၀၅ ခုနှစ်တွင် လုပ်သားဦးရေ အနည်းငယ်ဖြင့်သာ စတင်လည်ပတ်ခဲ့ပြီး ယခုအချိန်တွင် လုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းလာသောကြောင့် ကျား(၃၀)၊ မ(၂၂၀)ဦးခန့်ဖြင့် တိုးချဲ့လုပ်ကိုင်လည် ပတ်လျက်ရှိပြီး ပါကင်ပိတ်စက်၊ အခွံချွတ်စက်ဖြင့် လုပ်ကိုင်လျက်ရှိရာ သီဟိုဠ်စေ့အမျိုးအစား(၆)မျိုး ထုတ်လုပ်ပြီး တစ်နေ့ပျမ်းမျှထုတ်လုပ်မှုမှာ သီဟိုဠ်ဆံယို (၂၄၀)ဂရမ်ပါ တစ်ပါကင်ဗူး (၁၀)ပါကင်၊ သီဟိုဠ်စေ့(အခွံမပါ) (၃၀၀)ဂရမ်ပါ တစ်ပါကင် (၃၀)ဗူး (၅)ပါကင်၊ သီဟိုဠ်စေ့ဆားလှော် (အခွံပါ) (၃၀၀)ဂရမ် တစ်ပါကင် (၃၀)ဗူး (၂)ပါကင်၊ သီဟိုဠ်စေ့ဆားလှော်(အခွံမပါ) (၁၅၀)ဂရမ်ပါ တစ်ပါကင် (၂၄)ထုပ် (၁)ပါကင်၊ နှမ်းထန်းလျက် သီဟိုဠ်စေ့ (၇၀)ဂရမ်ပါ တစ်ပါကင်(၂၄)ထုပ် (၁)ပါကင်နှင့် အုန်းထန်းလျက်သီဟိုဠ် (၇၀)ဂရမ်ပါ တစ်ပါကင်(၂၄)ထုပ် (၁)ပါကင် ထုတ်လုပ်လျက်ရှိပြီး Shopping Center များသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း လုပ်ငန်းမှာစဉ်ဆက်မပြတ်လုပ်ကိုင်နေရ၍ အဆင်ပြေ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Speical Manufacturing Co.,Ltd မှ Tissue ထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

၂၁.၂.၂၀၂၅ ရက်နေ့ နေ့လည်(၄:၁၅)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ်(၃၉၉/၄၀၀)မြတောင်ဝန်ဦးမှိုလမ်း၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Tissue စက်ရုံလုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချ မှုအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

Speical Manufacturing Co.,Ltd မှ မန်နေဂျာဖြစ်သူက Tissue မှ ထုတ်လုပ်သော အမှတ် တံဆိပ်များမှာ ORCHID, Snow White နှင့် Cherry တံဆိပ်များဖြင့် ထုတ်လုပ်လျက်ရှိပြီး ၂၀၀၈ ခုနှစ်မှစတင်ကာ ယခုအချိန်တွင် အမှတ်တံဆိပ်(၃)မျိုး တစ်ရက်ထုတ်လုပ်မှုမှာ ဂျက်ဖာ တစ်ဖာလျှင် (၄၈)Box ပါသော ဂျက်ဖာ(၁၀၀) မှ (၁၂၀)အတွင်းနှင့် Pot ကဒ်တစ်ပါကင် (၅၀)ထုပ်ပါ သော ဂျက်ဖာ (၁၀၀ မှ ၁၂၀)အတွင်း ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်း အနှံ့အပြားတွင်ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား(၅၀)၊ မ (၇၀) စုစုပေါင်း (၁၂၀)ဦးဖြင့် လုပ်ငန်း အဆက်မပြတ် လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသောဝန်ထမ်းများလည်း စားဝတ် နေရေးအဆင်ပြေ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

မြောက်ပိုင်းခရိုင်၊ အင်းစိန်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များ၏ နေ့စဉ်ဖြစ်ပေါ်နေ သောဈေးနှုန်းများကို ကောက်ယူ၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ နေ့စဉ်ပေးပို့လျက်ရှိရာ ၂၄.၂.၂၀၂၅ ရက်နေ့ နံနက် (၉:၃၅)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်ဈေးစည်ပင်သာယာရေးအဖွဲ့နှင့်အတူ အင်းစိန်ဈေးအတွင်းရှိ ဈေးနှုန်းများကောက်ယူကာ ယခင်ဈေးနှင့်ယခုဈေးနှုန်း အတက်/အကျ အား ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။

စာရင်းကောက်ယူခဲ့သည့် အခြေခံစားကုန်များတွင် ကြက်ဥ၊ အသား၊ ငါးဈေးနှုန်းမှာ ယခင် အတိုင်းဈေးတည်ငြိမ်နေပြီး ဘဲဥတစ်လုံးလျှင် (၃၀)ကျပ်ဈေးကျ၍ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကုလားပဲ၊ မန်ကျီးသီးမှည့်နှင့် ဟင်းသီးဟင်းရွက်များမှာလည်း ရာသီပေါ် ပေါများ၍ ဈေးကျပြီး ဆန်နှင့်စားအုန်းဆီတို့မှာ သက်ဆိုင်ရာဌာန/အသင်းအဖွဲ့များမှ သတ်မှတ်ပေးထား သည့် ရည်ညွှန်းဈေးနှုန်းအပေါ် အခြေခံရောင်းချရသဖြင့် ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန်ကြီးမြင့်မှုမရှိဘဲ စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံး နိုင်ကြောင်း အမှန်တကယ်ဖြစ်ပေါ်နေသည့်ဈေးကွက် ဆိုင်ရာဈေးနှုန်း အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ