သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့အတွက်လိုအပ်သော ဆန်အိတ်များရေယာဉ်ဖြင့် မြိတ်သို့ရောက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သည့်ဒေသဖြစ်သည့်အတွက် လိုအပ်သောဆန်များကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ မှာယူတင်သွင်းလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်‌၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် မြိတ်မြို့သို့ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင် ကျွန်း မြို့နယ်မှ သယ်ဆောင်လာသော ဆန်တန် ၈၀၀၊ အိတ်ရေ ၁၆၀၀၀ တို့သည် MV ဓနရွှေလမင်းရေယာဉ်နှင့် Mv ရွှေလမင်း(၅)ရေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်းတို့ကို စားသုံးသူရေးရာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၄ ) ရက် နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ မုန့်မျိုးစုံ ရောင်းချနေသော အရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လောဓမ္မရပ်ကွက်ရှိ မုန့်အများစုတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိသော မုန့်မျိုးစုံများကိုသာ တင်သွင်းဖြန့်ဖြူးရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး မုန့်ဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် မုန့်များ ကိုသာ တင်သွင်းရောင်းချကြရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်ကမ်းများနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဦးစားပေးကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့

          မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ဗဟိုစာရင်း အင်းအဖွဲ့ စသောသက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသင့်စားမုန့်အမျိုးမျိုး၌ ကုန် အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိစေရေးအတွက် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ စားသောက်ကုန်မျိုးစုံ ရောင်းချနေသောအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိစေ ရေးအတွက် စစ်ဆေးခြင်း၊ မဖြစ်မနေဖော်ပြပါရှိရမည့်အချက်များအား အသိပညာပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးဦးစားပေးဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက် နာဆောင်ရွက်အချက်များအား ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

ကော့သောင်းခရိုင်ဦးစီးမှူးသည် စားသုံးဆီ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချနေသည့် လက်လီ အရောင်းဆိုင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ (၅:၀၀) အချိန်တွင် ကော့သောင်းမြို့နယ် ခရိုင်ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစည်းအ‌ဝေးခန်းမ၌ ကော့သောင်းမြို့နယ် စားသုံးဆီ လက် လီ အရောင်းဆိုင်များနှင့် တွေ့ဆုံခဲ့ ကြောင်းသိရှိရပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးမှ ကော့သောင်း မြို့နယ်ရှိ လက်လီ စားသုံးဆီအရောင်းဆိုင်များမှ စားသုံးသူပြည်သူများ စားအုန်းဆီ များကို စျေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ရေးအတွက် စျေးနှုန်းများသတ်မှတ် ရည်ညွှန်းစျေး ထက်ပိုမို မရောင်းချစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်စေရေး၊ အလေးချိန်ပြည့် မီစွာရောင်းချစေရေး၊ ရရှိသည့်ဆီခွဲတမ်းများကို တိတိကျကျ မှန်မှန်ကန်ကန်ရောင်းချစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောနည်းလမ်းများဖြင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်း ချခြင်းအား ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကော့သောင်းမြို့နယ် ဆန်လှေ‌ရောက်ရှိမှုအားကွင်းဆင်းစစ်ဆေးခြင်း .

ကော့သောင်းခရိုင်ဆန်ကုန်သည်များအသင်းသည်ကော့သောင်းခရိုင်အတွက်လိုအပ်သည့်ဆန်များကိုရန်ကုန်တိုင်းဒေသကြီးမှ ဆန်တန်(၁၂၀၀)၊အိတ်ရေ(၂၄၀၀၀) အား MV ဇဗ္ဗူအောင် စက်လှေဖြင့် (၂၃.၂.၂၀၂၅) ရက်နေ့တွင်ကော့သောင်းမြို့သို့ရောက်ရှိလာကြောင်းသိရှိရပါသည်။

အဆိုပါ ရောက်ရှိလာသော ဆန်အိတ်များကို ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ ကော့သောင်းကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ပါဝင် သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရ ပါသည်။

DOCA(တနင်္သာရီ)

ရေကြည်မြို့နယ်တာဝန်ခံရုံးတွင် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးခြင်း

            ရေကြည်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးတွင် ၂၀.၂.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်တာဝန်ခံသည် ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ MYRO မှတ်ပုံတင်ရန် ကျန်ရှိသောဆန်စက်များအား အမြန်ဆုံးမှတ်ပုံတင်ဆောင်ရွက်ရန်နှင့် MRF မှ သတ်မှတ်ပေးထားသော ဆန်သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်နှင့် ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုတွေ့ဆုံ၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန်ကြီးထောင့်မြို့နယ်၊ ဒါးကဈေးတွင် သက်တမ်းလွန်ဆေးဝါးများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ စာသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၁၉.၂.၂၀၂၅ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဒါးကဈေးအတွင်းရှိ ဆေးဆိုင်များဖြစ်သော ကိုအောင်သူ (၁) နှင့် (၂) ၊ ဦးလှရှိန်၊ ကိုသန့်ဇင်၊ သစ္စာ၊ ဆုထူးအောင်၊ သင်းပြည့်အောင်နှင့် ခရေနီ ဆေးဆိုင်များတွင် ရောင်းချသည့် ဆေးဆိုင်များတွင် FDA ထောက်ခံချက်ပါရှိသော ဆေးဝါးကိုသာ ရောင်းချခြင်း ရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများအား FDAမှ ပြန်လည်သိမ်းဆည်းခြင်းများပြုလုပ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့နယ်ရှိ မြို့သစ်ဈေးအတွင်း ကြက်သွေးနှင့် ပဲပြားများအား ဆိုးဆေးပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ မြို့သစ်ဈေးအတွင်း (၂၁.၂.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးဆောင်၍ ပုသိမ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ နှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် ကြက်သွေးနှင့် ပဲပြားများတွင် ဓာတုဆေးဝါးများ ပါဝင်မှုရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေး၍ ဈေးကွက်နမူနာကောက်ယူစစ်ဆေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများ၌ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား အသိပညာပေး

            ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဒုခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများ၌ ဆန်ရောင်းချနေသော လက်လီ၊ လက်ကား အရောင်းဆိုင် (၇)ဆိုင် သို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချစေရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး စားသုံးသူ ပြည်သူများအား သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက် မြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် ရောင်းချသည့် ဈေးနှုန်းများမှာ သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချမှုမရှိပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၀.၂.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့ ခမောက်စုကျေးရွာအတွင်းရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့သည် ခမောက်စုကျေးရွာအတွင်းရှိ  စိုက်ပျိုးရေးဆေးဆိုင်များအား သွားရောက်၍ ဓါတ်မြေဩဇာအိတ်များ ဈေးကွက်အတွင်းပစ္စည်း ပြတ်လပ်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိစစ်ဆေးခြင်း၊ ဓါတ်မြေဩဇာအိတ်များတွင် မြန်မာဘာသာဖြင့်ရိုက် နှိပ်ဖော်ပြထားသော သုံးစွဲပုံနည်းလမ်းနှင့် ထားသိုသိမ်းဆည်းရန် အညွှန်းများပါ/ မပါစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဈေးနှုန်းများမှာလည်း ယခင်ဈေးနှုန်းများနှင့် ကွာခြားမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း စိုက်ပျိုးရေးဆေးဆိုင်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ