သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်လျှေက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

          ၂၂.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သံဖြူဇရပ်မြို့နယ်ရှိ Kyaw Computer and Mobile ဆိုင်သို့ အွန်လိုင်းမှတ်ပုံ တင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးရာ  ဦးစီးမှူး ဦးမင်းနောင်က အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှုရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည် ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်း သန့်ရှင်းရေးကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ (၂၃.၂.၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်း၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူ ရေးရာဦးစီးဌာန၊ သထုံမြို့နယ်ရုံးမှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မိုးစိုး၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား (၁၇၅) ဦးတို့ ပူးပေါင်းကာ ကျောင်းဝင်းအတွင်း၌ အမှိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ခြင်းစသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် (၂၂.၂.၂၀၂၅) ရက်‌နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ အောင်ဆန်း(၂)ရပ်ကွက်ရှိ Kaung Lyan New Asia CoL,d ကုမ္ပဏီသို့ ယာဉ်အမှတ် 3B-4329 မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၂၇) ပေပါ၊ 4G-2351 မော်တော်ယာဉ်ဖြင့် (၄) ပေပါ၊ 2B-6298 မော်တော်ယာဉ်ဖြင့် (၁၅) ပေပါ စုစုပေါင်း (၄၆) ပေပါ တင်ဆောင်လာကြောင်း သိရှိရပါသည်။

အဆိုပါ စားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် စားအုန်းဆီကြီးကြပ်ရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး သတ်မှတ်ရည် ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် စားသုံးသူပြည်သူများ ထံသို့ ပြန်လည်ဖြန့်ဖြူးရောင်းချပေးရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ အလေးချိန် မှန်ကန်ပြည့်ဝစွာ ရောင်းချရန် ဆီကိုယ်စားလှယ်အား ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မွန်)

ကျိုက်ထိုမြို့ စည်ပင်သာယာအခွန်လွတ်ဈေးတွင် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

၂၁.၂.၂၀၂၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ စည်ပင်သာယာအခွန်လွတ်ဈေး၌ အခြေခံ စားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းအား ဆောင်ရွက်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးမှ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဆန်၊ ဆီ စသောပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများမှ စနစ်တကျဝယ်ယူ အားပေးခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)

 

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          ၂၄.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်စောကြည်သည် “လင်းယုန်ဦး” အမှတ်တံဆိပ် ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာ တစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မွန်)

ကုန်အညွှန်းအမှတ်အသားအတည်ပြုချက်ရယူနိုင်ရေး ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်အနေဖြင့် စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်များအား ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်များ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြစေရေး ကွင်းဆင်း ဆောင်ရွက်လျှက်ရှိရာ (၂၀.၂.၂၀၂၅) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် သက်ဆိုင်ရာမိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ “စုစုဖြိုး” သစ်သီးယိုမျိုးစုံလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် သစ်သီးယိုမျိုးစုံတွင် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအသားများဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး “စုစုဖြိုး” သစ်သီးယိုမျိုးစုံလုပ်ငန်းရှင်အား အစားအသောက်များ သန့်ရှင်းစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ တားမြစ်ဓာတုဆေးဝါးများ သုံးစွဲမှုမရှိစေရေး သတိပြုဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန် ပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပြည်နယ်ဦးစီးမှူးသည် ဌာနပိုင်မြေ၊ ရုံးအဆောက်အဦး၊ သိုလှောင်ရုံတို့အား ကွင်းဆင်းစစ်ဆေး

          ၂၂.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်တို့ရှိ ဌာနပိုင်မြေ၊ ရုံးအဆောက်အဦး၊ သိုလှောင်ရုံတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက မြို့နယ်တာဝန်ခံများအား ရုံးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး၊ ရုံးဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့အား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကျောင်းသား/သူများအား အသိပညာပေးဟောပြောဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကျောင်းများနှင့် မုန့်ဈေးတန်း များတွင် စားသုံး သူကာကွယ်ရေး အသိပညာပေးခြင်းများ လိုက်လံဟောပြောဆောင်ရွက်လျက်ရှိရာ ကျောင်းကုန်းမြို့နယ်တာဝန်ခံ သည် (၂၁.၂.၂၀၂၅)ရက်နေ့တွင် အ.ထ.က ကျောင်းရှိ ဆရာ/မများနှင့် ကျောင်းသား/သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ကလေးသူငယ်များအနေဖြင့် မုန့်များကိုရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံသည့် မုန့်များကို ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်၊ ကုန်အညွှန်း အမှတ်အသားဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း၊ စားသုံးရန်မသင့်သည့် တားမြစ်ထားသော မုန့်များကို ကလေးသူငယ်များသိရှိစေရန် နားလည်သဘောပေါက်အောင် ဆွေးနွေးဟောပြောခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်အတွင်း လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဆောင်ရွက်

          ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ် စောင့်ရှောက်ရန် လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်လျက်ရှိရာ သာပေါင်းမြို့နယ် တာဝန်ခံ သည် (၂၃.၂.၂၀၂၅)ရက်နေ့ တွင် မြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီဆိုင်လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေများနှင့် လုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် ကျင့်ဝတ်များကိုဟောပြောခဲ့ပြီး စားသုံးသူပြည်သူများစားသုံးဆီ ပြတ်လပ်မှု မရှိစေရေးအတွက် စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှင့် ပျံ့နှံ့အောင် စနစ်တကျရောင်းချ ပေးရန် အထူးဟောပြောဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား လုပ်ငန်းရှင်အသိပညာပေးဆောင်ရွက်

          ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် လုပ်ငန်းရှင်များအားဟောပြောပွဲများကို လစဉ်ဆောင် ရွက်လျက်ရှိရာ (၂၃.၂.၂၀၂၅)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူးသည် ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ကုန်စုံဆိုင်ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးခြင်းအား ဟောပြော ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များ နှင့်စားသုံးသူများရရှိနိုင်မည့် အခွင့်အရေးများကို သိရှိနားလည်အောင် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ