သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးတွင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း ”

ကော့မှူးမြို့နယ်၊ ဖေဖော်ဝါရီ  (၂၅) ရက်

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းဝေးခန်းမ၌ ရပ်ကွက်ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ဖေဖော်ဝါရီလ (၁၈)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

            အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမျိုးမင်းက တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅)မှ နိုင်ငံတော် အကြီးအကဲ လမ်းညွှန်ချက် များဖြစ်သော နိုင်ငံတော်မှချမှတ်သည့် မူဝါဒများကိုဌာနဆိုင်ရာများက အကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်၍ အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ဒေသသာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံစေရေး၊ လယ်ယာ စိုက်ပျိုးရေး၊ စက်မှုဝန်ဆောင်မှု ကဏ္ဍများတိုးတက်မြင့်မားစေရေး၊ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိစေရေးနှင့် ကျေးလက်ဒေသများရှိ တိုက်နယ်ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ တာဝန်ထမ်းဆောင်နိုင်ရေး၊ ဒေသအတွင်း ကျားဖြန့်လုပ်ငန်းများမရှိစေရေး၊  ၂၀၂၁ ခုနှစ်မှစ၍ လမ်း၊ တံတား၊ တာတမံ၊ ဆည်မြောင်းများ ဆောင်ရွက်ချက်များကို နှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့်အတူ ပြုစုတင်ပြရန်၊ ၂၀၂၅ခုနှစ် နွေရာသီသည် ပိုမိုပူပြင်းလာမည်ဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်စေရေးဆောင်ရွက်ရန်၊ ပြည့်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး ဆောင်ရွက်ခြင်းဆိုင်ရာအချက်များ၊ သတ်မှတ်ဘဏ္ဍာနှစ်အတွင်းရှိ ပြီးစီးဆောင်ရွက်ရန်၊ ဌာန ဆိုင်ရာများအနေဖြင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီတင်ပြ ရန်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကိစ္စရပ်များ၊ ဒေသအတွင်းတောမီးရှို့ခြင်း၊ သစ်ရွက် ခြောက်များမီးရှို့ခြင်းများမပြုလုပ်ကြရန်၊ လုံခြုံမှု အဆင့်အတန်းရှိသော ရုံစာများ လုံခြုံရေးကျိုး ပေါက်မှုမရှိစေရေး၊ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေ ဖြင့် နားလည်သဘောပေါက်စေရေး ရှင်းလင်းဆွေးနွေးသွားရန် စသည်တို့အား ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ၂၀၂၅ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည် အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမည့်လုပ်ငန်း အစီအစဉ်များအား ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ 

DOCA(ရန်ကုန်)                                                                                                         

                             

“တွံတေးမြို့နယ်စည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ဆပ်ပြာမှုန့်အမျိုးမျိုးရောင်းချ နေသောဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကွင်းဆင်းစစ်ဆေးခြင်း ”

တွံတေးမြို့နယ်၊ ဖေဖော်ဝါရီ  (၂၅) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ စည်ပင်သာယာမြိုမဈေးအတွင်း/အပြင်ရှိ ဆပ်ပြာ မှုန့် အမျိုးမျိုးရောင်းချနေသည့်ဆိုင်များသို့ ပြည်တွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆပ်ပြာမှုန့် မျိုးစုံနှင့် ပြည်ပမှနည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လာသော ဆပ်ပြာမှုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဖေဖော်ဝါရီလ (၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့ စည်ပင်သာယာမြို့ဈေးမှ ဈေးတာဝန်ခံနှင့် စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ ဈေးအတွင်း/အပြင်ရှိ ဆပ်ပြာမှုန့်အမျိုးမျိုး ဖြန့်ဖြူး ရောင်းချလျက်ရှိသော လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အား စားသုံးသူပြည်သူများ ဆပ်ပြာမှုန့် အမျိုးမျိုးကို ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ထုတ်ကုန်များလုံခြုံစိတ်ချရ မှုရှိစေရေး ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား တစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အရောင်းဆိုင် ပိုင်ရှင် များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ဆပ်ပြာမှုန့်အမျိုးမျိုးအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)                                                                                                         

“ သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း”

သုံးခွမြို့နယ်၊ ဖေဖော်ဝါရီ  (၂၄) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင် Oline Sale ရောင်းချ ခြင်းနှင့်ပတ်သတ်၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၃၀) တပင်ရွှေထီးလမ်း (၂)ရပ်ကွက်ရှိ Warso collection ဖက်ရှင်အသုံးဆောင်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ စားသုံးသူရေးရာ ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများနှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ၊ နေ့လည် (၀၂:၃၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မှရှိ စစ်ဆေးခြင်း၊ အလှကုန်ပစ္စည်းများ လူသုံးကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Oline စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း အပြင်အခြားသိကောင်းစရာများအား အသိ ပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)                                                                                                         

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေးခြင်း ”

ကော့မှူးမြို့နယ်၊ ဖေဖော်ဝါရီ  (၂၄) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ လျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာ မြို့မဈေးအတွင်းရှိ ဆေးဆိုင်များသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူး ရုံး၏ ညွှန်ကြားမှုဖြင့် စားသုံးသူရေးရာဦးစီးဌာန ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းဦးဆောင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်စည် ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်းအပြင်ရှိ မေခလာဆေးဆိုင်၊ ဝလေမင်းစိုးဆေးဆိုင်၊ ဝင်းလဲ့ရည်စိုးဆေးဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော အကိုက်အခဲ ပျောက်ဆေး၊ သွေးကျဆေး၊ သွေးကျဲဆေး၊ လေဆေး၊ လေဆေး (ကလေး)၊ အာရုံကြောဆေး၊ အားဆေး စသည့် လူသုံးများသော ဆေးဝါးများ၏ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ များတွင် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုအခြေအနေ၊ ဆေးဝါးထားသိုမှုနှင့် ဖြန့်ဖြူးရောင်းချမှု စနစ်များ၊ စံမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံး မှုများ၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ယူဆရသော ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားကာ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)                                                                                                         

“ ဒလမြို့နယ်ဈေးကွက်တွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းအခြေနေများကွင်းဆင်းစစ်ဆေးခြင်း”

ဒလမြို့နယ် ၊ ဖေဖော်ဝါရီ  (၂၄) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချ လျက်ရှိသော ဈေးနှုန်းအခြေအနေအား ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဒလမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များသို့ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူး ရုံး၏ ညွှန်ကြားမှုဖြင့် စားသုံးသူရေးရာဦးစီးဌာန တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးချက်တို့ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ မောင်မောင်ဆေးဆိုင်၊ ကမာကဆစ်ရပ်ကွက်နှင့် စိန်ထွန်းဆေးဆိုင် ကမာကဆစ်ရပ်ကွက်တို့ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချ လျက်ရှိသော အကိုက်အခဲပျောက်ဆေး၊ သွေးကျဆေး၊ သွေးကျဲဆေး၊ လေဆေး၊ လေဆေး (ကလေး)၊ အာရုံကြောဆေး၊ အားဆေးစသည့် လူသုံးများသော ဆေးဝါးများ၏ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့်ဖေဖော်ဝါရီလများတွင် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုအခြေအနေ၊ ဆေးဝါးထားသိုမှုနှင့် ဖြန့်ဖြူးရောင်းချမှုစနစ်များ၊ စံညွှန်းမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများ၊ စားသုံးသူ များဘေးအန္တရာယ်ရှိသည်ဟု ယူဆရသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားကာ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)                                

“ တွံတေးမြို့နယ်ဈေးကွက်တွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းအခြေနေများကွင်းဆင်းစစ်ဆေးခြင်း”

တွံတေးမြို့နယ် ၊ ဖေဖော်ဝါရီ  (၂၄) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချ လျက်ရှိသော ဈေးနှုန်းအခြေအနေအား ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တွံတေးမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များသို့ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူး ရုံး၏ ညွှန်ကြားမှုဖြင့် စားသုံးသူရေးရာဦးစီးဌာန တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဉာဏ်လင်းထက်တို့ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ ကစာ္ဆသယ ဆေးဆိုင်(၁)၊ အုန်းပင်စုရပ်ကွက်နှင့် ကစာ္ဆသယဆေးဆိုင်(၂)၊ မင်းပိုင်းရပ်ကွက်တို့ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော အကိုက်အခဲပျောက်ဆေး၊ သွေးကျဆေး၊ သွေးကျဲဆေး၊ လေဆေး၊ လေဆေး (ကလေး)၊ အာရုံကြောဆေး၊ အားဆေး စသည့် လူသုံးများသော ဆေးဝါးများ၏ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့်ဖေဖော်ဝါရီလများတွင် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုအခြေအနေ၊ ဆေးဝါးထားသိုမှုနှင့် ဖြန့်ဖြူးရောင်းချမှုစနစ်များ၊ စံညွှန်းမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများ၊ စားသုံးသူ များဘေးအန္တရာယ်ရှိသည်ဟု ယူဆရသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး ပြောကြားကာ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)                             

“ ကွမ်းခြံကုန်းမြို့နယ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

ကွမ်းခြံကုန်းမြို့နယ်၊ ဖေဖော်ဝါရီ  (၂၄) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာ ဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိမှ တိုင်းစိုက်ပျိုးရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ ကွမ်းခြံကုန်းမြို့နယ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်ပေးပါရန် ညှိနှိုင်း မှုအရ (၂၄.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အတွင်းရောင်းချနေသော ဓာတ်မြေဩဇာ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ဓာတ်မြေဩဇာအရောင်းဆိုင်များဖြစ်သော ဒေါ်ဇာဝင်းဓာတ်မြေဩဇာဆိုင်၊ စန်းသော်တာ (မျိုးစေ့၊ စိုက်ပျိုးရေးဆေးနှင့်ဓာတ်မြေဩဇာ)အရောင်းဆိုင် ၊ မဟာသစ်(KMA Family)ပိုးသတ်ဆေး နှင့်စိုက်ပျိုးရေး ပစ္စည်းအမျိုးမျိုးအရောင်းဆိုင် စသည့်ဆိုင်များသည် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်း ရပ်ကွက်တွင် ရောင်းချနေသော ဆိုင်များဖြစ်ပြီး ၎င်းဆိုင်များသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြည်စိန်မှ ဓာတ်မြေဩဇာများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချသွားရန်နှင့်စံချိန်စံညွှန်း အရည်အသွေး ပြည့်မှီသောတံဆိပ်များကိုရွေးချယ်၍ ရောင်းချသွားကြရန် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အလေးချိန်ပြည့်ဝမှန်ကန် မှုရှိစေရေး၊ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်၍ ရောင်းချမှုမရှိစေရေး၊ သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီမှုမရှိသော တရားမဝင်ဓာတ်မြေဩဇာ များ ရောင်းချမှုမရှိစေရေးတို့ကို ဓာတ်မြေဩဇာ အရောင်းဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန၊ မြို့နယ်ထွေအုပ်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)            

“ သုံးခွမြို့နယ် ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ဓာတ်မြေဩဇာရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေးခြင်း”

သုံးခွမြို့နယ်၊ ဖေဖော်ဝါရီ  (၂၄) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်း ရပ်ကွက်များရှိ ဓာတ်မြေ ဩဇာရောင်းချသည့် ဆိုင်များသို့ မြို့နယ်အဆင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီ အဖွဲ့မှ ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အဆင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးရေးတိုး တက်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဦးအင်းရွှေနှင့်ညီမ ဒေါ်အေးကြည် ဓာတ်မြေဩဇာဆိုင်၊ ရောင်ခြည်ဦးဓာတ်မြေဩဇာဆိုင်နှင့် ပါရမီ ဓာတ်မြေဩဇာဆိုင်များသို့ ဓာတ်မြေဩဇာ ဝယ်ယူရရှိမှုအခြေအနေ၊ ရောင်းချဖြန့်ဖြူးမှုအခြေအနေနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဓာတ်မြေဩဇာများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)                                                                                                         

“ ဒလမြို့နယ် ကမာကဆစ်စည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ဆပ်ပြာမှုန့်အမျိုးမျိုးရောင်းချ နေသောဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကွင်းဆင်းစစ်ဆေးခြင်း ”

ဒလမြို့နယ်၊ ဖေဖော်ဝါရီ  (၂၄) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့ ကမာကဆစ်ဈေး အတွင်း/အပြင်ရှိ ဆပ်ပြာမှုန့် အမျိုးမျိုးရောင်းချနေသည့်ဆိုင်များသို့ ပြည်တွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆပ်ပြာမှုန့် မျိုးစုံနှင့် ပြည်ပမှနည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လာသော ဆပ်ပြာမှုန့်မျိုးစုံတို့တွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဖေဖော်ဝါရီလ (၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒလမြို့ ကမာကဆစ်ဈေးမှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ ဈေးအတွင်း/အပြင်ရှိ ဆပ်ပြာမှုန့်အမျိုးမျိုး ဖြန့်ဖြူးရောင်းချ လျက်ရှိသော လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အား စားသုံးသူပြည်သူများ ဆပ်ပြာမှုန့် အမျိုးမျိုးကို ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အရောင်းဆိုင်ပိုင်ရှင် များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ဆပ်ပြာမှုန့် အမျိုးမျိုးအား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။     

DOCA(ရန်ကုန်)                                                                                                         

“ထွန်း” အမှတ်တံဆိပ် ဝက်ခေါက်၊ အမဲခေါက်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ မြို့သစ် ရပ်ကွက်အတွင်းရှိ “ထွန်း” အမှတ်တံဆိပ် ဝက်ခေါက်၊ အမဲခေါက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ပါရှိရေးတို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “ထွန်း” အမှတ်တံဆိပ် ဝက်ခေါက်၊ အမဲခေါက် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက် များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)   

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ