သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများ ရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် (၂၂.၂.၂၀၂၅) ရက်‌နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ​မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ Global Good Pure Group Co.Ltd သို့ ယာဉ်အမှတ် 4G/2351၊ NISSAN DIESEL မော်တော်ယာဉ်ဖြင့် စားအုန်းဆီ ၅၄ ပေပါ   တင်ဆောင်ရောက်ရှိလာကြောင်း သိရှိရ ပါသည်။

အဆိုပါ စားအုန်းဆီများကို မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီ/လက်ကား ဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် လက်လီ/လက်ကားဆိုင်များ အနေဖြင့် လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်၏ လက်ရှိစပါးဈေးကွက်နှင့် ဆန်စက်လုပ်ငန်းအခြေအနေ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်သည် စပါးစိုက်ဧကအများဆုံးဖြစ်ပြီး စပါးအထွက်နှုန်း ကောင်းမွန်ကာ မြေဆီ၊ မြေဩဇာကောင်းသော ဒေသဖြစ်သည်။ ယနေ့စပါးဈေးကွက် အခြေအနေအရ စပါးဈေးသည် ယခင်လထက် ဈေးကျနေပြီး အရောင်းအဝယ် မရှိခြင်းကြောင့် တောင်သူများအခက်တွေ့နေခြင်းနှင့် ဆန်စက်လုပ်ငန်းများလည်း စပါးဝယ်ယူခြင်းမရှိခြင်း ကြောင့် ‌ခေတ္တရပ်နားထားရခြင်းနှင့် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းတို့ကြေင့် ဝယ်ယူသို ကြိတ်ရာတွင်ခက်ခဲဖြစ်နေရကြောင်း၊ အလုပ်သမားများ ခေါ်ယူ၍မရခြင်းနှင့် ဆန်စက်ပိုင်ရှင်များ ကိုယ်တိုင်ပင် လုပ်ကိုင်ဝင်ရောက်နေရကြောင်း၊ လက်ရှိလုပ်ကိုင်နေသော လုပ်သားများအား စက်မလည်ပတ်သောကာလများတွင်လည်း နေ့တွက်ခပေးပြီး အလုပ်သမားရှားပါးမှုအား ဖြေရှင်းနေရကြောင်း ဆန်စက်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ လက်ရှိ ဆန်ဈေးနှုန်းသည်လည်း အတက်အကျမရှိဘဲ အနည်းငယ်သာ အတက်/အကျဖြစ်ပေါ်နေပြီး  အဝယ်အေးနေကြောင်း ဆန်ရောင်းဝယ်နေသူများထံမှ သိရှိရပါသည်။

DOCA(မွန်)

ပေါင်မြို့နယ်၊ ကတွန်ကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

၂၁.၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် ပေါင်မြို့နယ်၊ ကတွန်ကျေးရွာ၊ ရတနာမာန်အောင် ဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန် (၄) ချက် အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်များ၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကို ဝယ်ယူသုံးစွဲနိုင်မှသာ ဘေးကင်းလုံခြုံစိတ်ချရမှုရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်များ ဝယ်ယူရာတွင် သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားများ စိစစ်ရွေးချယ်ဝယ်ယူ သုံးစွဲကြရန်နှင့် အလေ့အကျင့်များ ရှိစေရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှံးမှုများရှိပါက Cell Center 1535 သို့ဖုန်းခေါ်ဆို တိုင်ကြားနိုင်ကြောင်းနှင့် Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူလူထုမှလည်း သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မွန်)

ပဲခူးမြို့အတွင်းရှိ ဆန်ဆိုင်နှင့်ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၂.၂၀၂၅)ရက်နေ့ နံနက် (၁၄:၃၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့်ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်  ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ ဈေးနှုန်းများကို အများပြည်သူများ မြင်သာသောနေရာတွင် မြင်သာသည့်စာလုံးအရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုခရိုင်၏ (၂/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဈေးကွက်မရောက်မီကုန်စည်နှင့် ဈေးကွက်ရောက်ပြီးကုန်စည်များ တွင်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်စီမံချက်များ ပြည့်မီကျော်လွန်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဈေးကွက် စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ရွှေဘိုခရိုင်အနေဖြင့် (၂/၂၀၂၅)လအတွင်း ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အောင်ရတနာ(၂)နှင့် မြင့် (ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်)များအားလည်းကောင်း၊ အမှတ်(၁၀)ရပ်ကွက်ရှိ ပစ်တိုင်းထောင် (မုန့်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်)အားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ ကောင်းကောင်း (မုန့်မျိုးစုံ ရောင်းဝယ်ရေးဆိုင်)အားလည်းကောင်း၊ မိတ်ဘက်ဌာနများဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ အရောင်းတင်(ခင်မောင်အေး)ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်နှင့် ကံ့ကော်ဝါ (ဂျင်း၊ လ္ဘက်နှင့်အကြော်စုံ)ရောင်းဝယ်ရေးဆိုင်အားလည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ ရှယ်ကစ် အသားခြောက်မျိုးစုံထုတ်လုပ်သည့် စက်ရုံ/အလုပ်ရုံသို့လည်းကောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းများကို အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကလေးမြို့နယ်၏ ဆန်/စပါးဈေးကွက်အခြေအနေ

          ကလေးမြို့နယ်တွင် စပါးဝယ်ယူသယ်ဆောင်မှုများနှင့်ပတ်သက်၍ စပါးများကြိတ်ခွဲရောင်းချ မှုပြုလုပ်သည့် ဆန်စက်များသို့သွားရောက်၍ ဆန်စပါးဝယ်ယူရောင်းချမှုအခြေအနေများ မြေပြင် ကွင်းဆင်းလေ့လာရာတွင် လက်ရှိစပါးပေါက်ဈေး ဧရာမင်းစပါး(သစ်)(၁၆)ပြည်တစ်တင်း ၂၁၀၀၀ ကျပ်၊ ဆင်းသုခစပါး(သစ်)(၁၆)ပြည်တစ်တင်း ၁၇၀၀၀ကျပ်၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ ဆင်းသုခ(၂၄)ပြည်တစ်အိတ်လျှင် ၆၀၀၀၀ကျပ် ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိပြီး တောင်သူများစပါးစိုက်ပျိုးရာတွင် ပျိုးပင်မှစ၍ စပါးထွက်သည်အထိ စပါးတစ်တင်း၏ ကုန်ကျစရိတ်များတွက်ချက်ရာတွင် ယခုစပါးပေါက်ဈေးထက် စရိတ်စကများ ကြီးမြင့်သည့်အတွက် လယ်ယာလုပ်ကိုင်ဆောင်ရွက်ရာတွင် အရှုံးပေါ်နေကြောင်း၊ နောင်နှစ်များတွင် စပါးများယခုပေါက်ဈေးနှင့်သာ ရောင်းချရမည်ဆိုပါက လယ်ယာလုပ်ငန်းများ ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရန် အခက်အခဲများစွာ ရှိလာနိုင်ပါကြောင်း တောင်သူများထံမှလေ့လာသိရှိရပါသည်။

စပါးများဝယ်ယူခြင်းနှင့်ပတ်သက်၍ ကလေးမြို့နယ်၏မြောက်ပိုင်းဒေသများ ရာဇဂြိုလ်၊ ခုံသာအစရှိသည့်ကျေးရွာများရှိ တောင်သူများထံသို့ ပွဲစားများမှ သွားရောက်ဝယ်ယူ၍ ဆန်စက်ရုံသို့ ပို့ဆောင်ကြိတ်ခွဲကာဆန်၊ စပါးများကို မြို့နယ်တွင်းသာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး စပါးများ သွားရောက်ဝယ်ယူရာတွင်လည်း လမ်းခရီးကုန်ကျစရိတ်များကြီးမြင့်နေပါကြောင်း၊ စပါးများ ဝယ်ယူရာတွင်လည်း ပွဲစားများအနေဖြင့် တောင်ပိုင်းလမ်းများဖြစ်သည့် နတ်ချေင်း၊ နတ်မြောင်း စသည့်ကျေးရွာများ လမ်းမဖွင့်သည့်အတွက် စပါးများဝယ်ယူ၍မရပါ ယခုလတွင် မြောက်ပိုင်းလမ်း များလည်းမဖွင့်၍ စပါးများဝယ်ယူ၍မရပါကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဆန်များစပါးများကို တိုင်းဒေသကြီး/ ပြည်နယ်ကျော်၍ ပြင်ပသို့ သယ်ယူဖြန့်ဖြူးရောင်းချခွင့်များ မရရှိသည့်အတွက် ဆန်စပါးဈေးကွက် အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဈေးကွက်တွင်ဝယ်/သယ်/သို/ကြိတ်/ဖြန့် ဟန်ချက်ညီစွာလုပ်ဆောင်နိုင်မှသာ အလုပ်သမား၊ တောင်သူ၊ ကုန်သည်၊ စက်ပိုင်များ တွက်ချေ ကိုက်နိုင်မည်ဖြစ်ပါကြောင်း ဆန်စက်ပိုင်များထံမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင် (၂/၂၀၂၅)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

 ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၅.၂.၂၀၂၅)ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင်၊ (၇.၁၂၂၀၂၅)ရက်နေ့တွင် အာလူးကြော်လုပ်ငန်းရှင်၊ (၁၃.၂.၂၀၂၅)ရက်နေ့တွင် ပဲပွဲစားများကထိန်တော်အသင်း(ဉက္ကဌ)၊ (၁၇.၁၂၂၀၂၅)ရက်နေ့တွင် မြင့်ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်း ရှင်တို့ဖြင့် တွေ့ဆုံဆွေးနွေးပြီး စားသုံးသူကာကွယ်ရေး ဥပဒေ၊  အမိန့် ၊  ညွှန်ကြားချက် များကို  ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရ ရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင် (၂/၂၀၂၅)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့် အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာ  များ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူ ကာကွယ်ပေးရေး အသိ ပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်း စားသုံးသူ များအနေဖြင့် ကုန်စည် နှင့်ဝန် ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်း စေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက် ရောက်ပြီးသော ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိရာ စားသုံးသူ များ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင် မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာ နိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် ရည်ရွယ်၍ ရွှေဘိုမြို့ နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဉပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာ နိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး  ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၂) ကြိမ် ဆောင်ရွက်ခဲ့ပါ သည်။

          (၁၄.၂.၂၀၂၅)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)၊ ဂေါက်ကွင်းလမ်းရှိ  မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦး စီးဌာန၊ ဝန်ထမ်းအိမ်ရာတွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းရှိ သင်တန်း သား/သင်တန်းသူများနှင့် (၁၉.၂.၂၀၂၅)ရက်နေ့တွင် ရွှေဘိုမြို့၊ စည်ပင်သာယာရုံးခန်းမတွင် ဈေးသူ/ ဈေး သားများအား စားသုံးသူကာကွယ်ရေးဉပဒေ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရ မည့်တာဝန်များ၊ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ် လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉) ပါအ ကြောင်းများ၊ စားသုံးသူအခွင့် အရေးနှင့် အကျိုး စီးပွားနစ်နာ ဆုံးရှုံးမှု များရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့် သက်ဆိုင်သော အကြောင်း များကို မေးမြန်းစုံစမ်းနိုင်သည့်Concumer Call Center NO 1535 အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာ စောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် အခြေခံစားကုန်များအား သက်သာစျေးနှုန်းဖြင့်ရောင်းချ

မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်သာစျေးနှုန်းဖြင့် အခြေ ခံစားသောက်ကုန်များရောင်းချမှုကို အပတ်စဉ်ပြုလုပ်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့တွင် မြိတ်မြို့ရှိ အငြိမ်းစားဝန်ထမ်းပင်စင်စားများအား သက်သာစျေးနှုန်းဖြင့် ဝယ် ယူနိုင်ရေးအတွက် မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။ အခြေခံစားသောက်ကုန်များရောင်းချရာတွင် စားအုန်းဆီများအပါအဝင် ဆန်၊ ကြက်သွန်၊ ငရုတ်သီး၊ ဆား၊ ကြက်ဥ၊ မန်ကျည်းသီး စသော မီးဖိုချောင်သုံးပစ္စည်းများ ပါဝင်ကြောင်း သတင်း ရရှိပါသည်။

DOCA(တနင်္သာရီ)

ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နံနက်( ၀၈:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့ အလက-ဒေါတမ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အ.လ.က-ဒေါတမ ကျောင်းဝန်းအတွင်းရှိ ကျောင်း မုန့်ဈေးတန်းများ၌ ရောင်းချနေသော မုန့်များမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ( ၂/ ၂၀၁၉ ) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော မုန့်များ ရောင်းချ နေသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ မြန်မာမုန့်များရောင်းချသူများမှာလည်း မုန့်များအား တစ်ခါသုံး လက်အိတ် များသုံးစွဲခြင်း၊ ယင်လုံဇကာများဖုံးအုပ်၍ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိ ရပါသည်။

          ကျောင်းမုန့်ဈေးတန်း၌ မုန့်ရောင်းချနေသူများအနေဖြင့် အစားအသောက်များကိုင်တွယ်ရာတွင် သန့်ရှင်းသပ်ရပ်စွာကိုင်တွယ်ရောင်းချကြရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့်မုန့်များသာ ဝယ်ယူရောင်းချကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ