သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြို့မဈေးကြီး အတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးကြီး အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချ ခြင်း၊ သိုလှောင်ခြင်း၊ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက်များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်း ဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ /မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်း ရရှိပါသည်။

(DOCA)ဧရာဝတီ

 

ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်စုံဆိုင်များအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည် များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

(DOCA)ဧရာဝတီ

ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော မုန့်များတွင် FDA ထောက်ခံချက်ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့၊ နေ့လည် (1:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ မုန့်ဆိုင်အား FDA ထောက်ခံချ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။    

          သို့ဖြစ်ပါ၍ ကျောင်းကုန်းမြို့ပေါ်ရှိ မုန့်မျိုးစုံ အရောင်းဆိုင်တွင် ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ရောင်းချ နေသော မုန့်များတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားနှင့် FDA ထောက်ခံချက်များ ပါရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

(DOCA)ဧရာဝတီ

 

မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် အခြေခံစားသောက်ကုန်များရောင်းချ

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ၏အစီအစဉ်ဖြင့် ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့၊ နံနက် (၇း၀၀)အချိန်တွင် အငြိမ်စားဝန်ထမ်းပင်စင်စားများအား စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မြန့်မာ့စီးပွား‌ရေးဘဏ်ရှေ့တွင် အခြေခံစားသောက်ကုန်များ ‌ရောင်းချခဲ့ကြောင်း သိရှိရပါ သည်။ အခြေခံစားကုန်များရောင်းချရာတွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ ချဉ်ပေါင် ရွက်၊ ဆား စသည်တို့ပါဝင်ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

 

 

 

 

 

 

 

ကျောင်းကုန်းမြို့နယ် အမှတ်(၁)အတွင်းရှိ စားသောက်ဆိုင်များသို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အမှတ်(၂)အတွင်းရှိစားသောက်ဆိုင်အား ကွင်းဆင်း စစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော စားသောက်ဆိုင်များရှိ စားဖိုဆောင် များတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထားရှိသော စားသောက်ကုန် ပစ္စည်းများလုံခြုံစွာ ဖုံးအုပ်ထားရှိမှုအခြေအနေ၊ အစားအစာများ ချက်ပြုတ်ရာတွင် အသုံးပြု သော အိုး၊ခွက်၊ဇွန်း၊ခရင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အသား/ငါး များကို လှီးဖြတ်ရာတွင် အသုံးပြုသော စဉ့်နှီးတုံးများ အား ဆေးကြော၍ စနစ်တကျ ထားရှိကြရန်နှင့် ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ယင်ကောင်ကြောင့် ဖြစ်သော ဝမ်းပျက်/ ဝမ်းလျှော ကာလဝမ်း ရောဂါများ ဖြစ်ပွားမှုမရှိစေရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

(DOCA)ဧရာဝတီ

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် အတူပူးပေါင်း၍ (၁၄.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပုသိမ်-မုံရွာရေဦးလမ်းမကြီး၊   PEC Private ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဈေးတန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ မုန့်ရောင်းချသူများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိပါက ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့်အတူပူးပေါင်း၍ (၁၄.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မဟာဗန္ဓုလလမ်း၊ အ.ထ.က (၁) ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဈေးတန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ မုန့်ရောင်းချသူများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိပါက ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့်အတူပူးပေါင်း၍  (၁၄.၈.၂၀၂၅)  ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကုန်သည်လမ်း၊ အ.ထ.က (၆) ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဈေးတန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ မုန့်ရောင်းချသူများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိပါက ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် အတူပူးပေါင်း၍ (၁၄.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ယိုးဒယားကုန်းလမ်း၊ အ.ထ.က (၂) ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဈေးတန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ မုန့်ရောင်းချသူများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းမရှိပါက ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တွင် MYRO မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးဟောပြောခြင်း

        ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၁၄.၈.၂၅) ရက်နေ့၊ နံနက်(၉း၀၀) နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲ များအား စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်/စပါးအသင်းချုပ်တို့ပူးပေါင်း ဆောင်ရွက် နေသော ဆန်/စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များ MYRO ဆောင်ရွက်ရာတွင် ဆန် တန် (၂၅) နှင့်ညီမျှသော သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း (၂၅၀၀) နှင့် အထက်  သိုလှောင်ထားသော သိုလှောင်ရုံများအားအရေးယူအပြစ်ပေးခြင်းခံရမည်ဟုသော သတင်းများမှာ မဟုတ်မှန်သော သတင်းများသာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

Doca (ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ