သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Good Day သောက်ရေသန့်လုပ်ငန်းသို့ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း

   ၁၀.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့၊ သုဓမ္မဝတီမြို့သစ် ဘားအံကားလမ်းမပေါ်ရှိ (Good Day) သောက်ရေသန့်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ စစ်ဆေးရာတွင် (Good Day) သောက်ရေသန့်လုပ်ငန်းရှင်အား မိမိတို့ထုတ်လုပ် သော ကုန်စည်များအပေါ် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) နှင့်အညီ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန် သော သောက်ရေသန့်များကိုသာ ထုတ်လုပ်ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)

စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းသယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP) (မူကြမ်း)အား  ချပြဆွေးနွေးခြင်း

      ၉-၉-၂၀၂၅ ရက်နေ့၊ နေ့လယ်  (၁၄း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်အစိုးရမှ ပြည်ပကုန်သွယ်ရေးလုပ်ငန်း များအတွက် ပြည်ပပို့ကုန်လိုင်စင်ဖြင့် သယ်ဆောင်ခွင့်ပြုထားသော စပါး၊ ဆန်၊ ဆန်ထွက်ပစ္စည်းများမှ အပ ဒေသတစ်ခုမှ ဒေသတစ်ခုသို့ စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းသယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP) (မူကြမ်း)အား ဆန်စပါးကုန်သည်အသင်း၊ ဆန်စက်အသင်း၊ ဆန်လုပ်ငန်းရှင်များ၊ မော်တော်ယာဉ် ပိုင်ရှင်များ၊ ကုန်စည်ပို့ဆောင်ရေးဂိတ်များအား ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     အစည်းအဝေးတွင် ရှမ်းပြည်နယ်ဦးစီးမှူးမှ နိုင်ငံတော်အစိုးရမှ ပြည်ပကုန်သွယ်ရေးလုပ်ငန်း များအတွက် ပြည်ပပို့ကုန်လိုင်စင်ဖြင့် သယ်ဆောင်ခွင့်ပြုထားသော စပါး၊ ဆန်၊ ဆန်ထွက်ပစ္စည်းများမှ အပ ဒေသတစ်ခုမှ ဒေသတစ်ခုသို့ စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းသယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure – SOP) (မူကြမ်း) ရေးဆွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များမှာ ရှမ်းပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရန်၊ စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရန်၊ သတင်းအချက်အလက်များရရှိနိုင်စေရန်၊ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန်၊ မလိုလားအပ်သောဒေသ၊ အဖွဲ့အစည်းများထံသို့ စားနပ်ရိက္ခာများ ရောက်ရှိမှုမရှိစေရန်၊ ဒေသအတွင်းရှိ တောင်သူလယ်သမားများအကျိုးကို ကာကွယ်စောင့်ရှောက်နိုင်စေရန်အတွက် မျှောစံနစ်ဖြင့် အသုံးပြု မည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

        ဆက်လက်၍ တက်ရောက်လာသော ဆန်စပါးကုန်သည်အသင်း၊ ဆန်စက်အသင်း၊ ဆန်လုပ်ငန်းရှင်များ၊ မော်တော်ယာဉ် ပိုင်ရှင်များ၊ ကုန်စည်ပို့ဆောင်ရေးဂိတ်များမှ စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းသယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံး လုပ်နည်း (Standard Operating Procedure – SOP) (မူကြမ်း)နှင့်ပတ်သက်၍ အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ(၁၄း၅၅)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ရှမ်း)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

   ၁၀.၉.၂၀၂၅ ရက်နေ့ မွန်းလွဲ (၁၅း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ‌မော်လမြိုင်ခရိုင်၊ ခရိုင်ဦးစီးမှူး ‌ဒေါ်ဝါဝါမြိုင်၊ သတင်းအချက်အလက် နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ‌ဒေါ်မိုးမိုးနှင့် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးတို့သည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ချောင်းဆုံမြို့နယ်၊ ကုလားတို့ကျေးရွာရှိ “ကြည်မိုးဟိန်း” ဆန်စက်အားကွင်းဆင်းခဲ့ရာ MyRo တွင် မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက် နိုင်ရေး၊ ဆန်၊ စပါး ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းအား လစဥ်ပုံမှန်ဖြည့်သွင်း နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆန်စပါး သိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်ကြိတ်ခွဲနိုင် စွမ်းအား၊ စျေးကွက်/စျေးနှုန်း အခြေအနေ၊ ဆန်စပါးရောင်းဝယ် ဖောက်ကားမှု အခြေ အနေများအား ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် “မင်းကျော်သူ” အမှတ်တံဆိပ် ခေါက်မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

  ၁၀.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးသည် “မင်းကျော်သူ” အမှတ်တံဆိပ် ခေါက်မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့် ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အသင့်သောက်အချိုရည်အမျိုးမျိုး စျေးကွက်စစ်ဆေးခြင်း

  ၉.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် သထုံမြို့ပေါ်ရှိ မြို့မစျေးဆိုင်သို့သွားရောက်၍ အသင့်သောက် အချိုရည်အမျိုးမျိုးတို့ကို သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။

   ထိုသို့ စျေးကွက်အတွင်းရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးရာတွင် အချိုရည်အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားခြင်း ရှိ/မရှိ ၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါသော အသင့်သောက် အချိုရည်အမျိုးမျိုးကိုသာ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)

ရှမ်းလှေ အမှတ်တံဆိပ် မုန့်တီခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ()ရက်နေ့၊ နံနက် (:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် () စွန်မိုင် ရပ်ကွက်အတွင်းရှိ ရှမ်းလှေအမှတ်တံဆိပ် မုန့်တီခြောက်ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ရှမ်းလှေအမှတ်တံဆိပ် (မုန့်တီခြောက်)လုပ်ငန်းသည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံ စွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ ရှိရပါသည်။

      ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည်ရှမ်းလှေအမှတ်တံဆိပ် မုန့်တီခြောက် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြပါသည်။

DOCA(ရှမ်း)

“ဆာဝါဒီ” အမှတ်တံဆိပ် အချိုရည်မျိုးစုံ ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

    ၈.၉.၂၀၂၅ ရက်နေ့တွင် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၌ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းတို့သည် “ဆာဝါဒီ” အမှတ် တံဆိပ် အချိုရည်မျိုးစုံ ထုတ်လုပ်သည့်လုပ်ငန်းရှင် ဦးတင်စိုးလင်းနှင့် တွေ့ဆုံခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အချိုရည်မျိုးစုံအား သက်ဆိုင်ရာဌာန၏ ခွင့်ပြု/ ထောက်ခံချက်များဖြင့်သာ စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေ ၂၀၁၉ အခန်း(၁၈)တွင် ပြဠာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားများကိုဖော်ပြရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်ကိုလိုက်နာရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

  DOCA (မွန်)

မြင်းခြံမြို့ စံပြဈေးတွင် ပြည်သူသက်သာဈေးရောင်းချပေးမှုအား ပူးပေါင်းပါဝင်ဆောင်ရွက်

           မြင်းခြံမြို့နယ် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူ သုံးစွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူသက်သာဈေးရောင်းနေ့အား (၅.၉.၂၀၂၅) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မြင်းခြံမြို့ စံပြဈေးတွင် ရောင်းချခဲ့ကြောင်းသိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှဦးဆောင် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဆန်အသင်းအဖွဲ့၊ ဆီအသင်းအဖွဲ့နှင့် ဈေးကော်မတီဝင်များပူပေါင်း၍ ဆန်တစ်ပြီ ၃၆၀၀/ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၇၆၈၀/-ကျပ်၊ ကြက်ဥတစ်လုံး ၄၀၀/- ကျပ်၊ အမဲသားတစ်ပိဿာ ၂၅၀၀၀/-ကျပ်၊ ဝက်သား တစ်ပိဿာ ၂၆၀၀၀/-ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၈၀၀၀/-ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ (၃၀၀၀) ကျပ်၊ ရောင်းချပေးခဲ့ပြီး လွတ်လပ်စွာလာရောက်ဝယ်ယူနိုင်သည့်အတွက် ရပ်ကွက်စုံမှလာရောက်ဝယ်ယူကြကြောင်း ဦးဆောင်ဆောင်ရွက် သူထံမှသိရပြီး ယင်းရောင်းချမှုအစီအစဉ်အား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီး မှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းနှင့် မြင်းခြံမြို့ရှိ မြို့မဈေး၊ စံပြဈေးနှင့် အေးမြသီတာဈေးတို့တွင် အလှည့်ကျပုံမှန်ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မကွေးမြို့၊ မြို့မဈေး၌ ကုန်အညွှန်းအမှတ်အသားပြည်စုံသော ကုန်ပစ္စည်းများ ရောင်းချစေရေးနှင့် ပလတ်စတစ်သုံးစွဲမှု လျော့ချရေး ကွင်းဆင်းစစ်ဆေး

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် မြို့နယ်သာယာလှပစရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းအား ပလတ်စတစ်အိတ်မသုံးစွဲရေးနေ့ဟု သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၈.၉. ၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ပစ္စည်းများရောင်းချစေရေးနှင့် ဈေးဆိုင်များတွင် ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချ ခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ် အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များဖြင့် အစားထိုး ထုပ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင့် အသိပညာ‌ ပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စျေးကော်မတီဝင်များ ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့် အပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

         

ရွှေပန်းသီး အမှတ်တံဆိပ် မုန့်တီခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

        ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ()ရက်နေ့၊ နံနက် (:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် () စွန်မိုင် ရပ်ကွက်အတွင်းရှိ ရွှေပန်းသီးအမှတ်တံဆိပ် မုန့်တီခြောက်ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ရွှေပန်းသီးအမှတ်တံဆိပ် (မုန့်တီခြောက်)လုပ်ငန်းသည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံ စွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ ရှိရပါသည်။

    ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည်ရွှေပန်းသီးအမှတ်တံဆိပ် မုန့်တီခြောက် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ