သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လက်ပံတန်းမြို့ ဘိလပ်မြေဈေးနှုန်းဈေးကွက်အခြေအနေကွင်းဆင်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီဌာနမှ  အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော  ဆိုင်များသို့ဘိလပ်မြေဈေးနှုန်း   ဈေးကွက်အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ပြည်တွင်းတာဝန်ခံ ဒေါ်ခင်ခင်ထိုက်၊ လက်ပံတန်း မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည်   ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ သိရှိစေရန်ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ဘိလပ်မြေ ဈေးနှုန်းများမှာ အပါချီတစ်အိတ်လျှင် (၂၂၀၀၀)၊ကျပ်၊ အယ်ဖာတစ်အိတ်လျှင် (၂၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း လိုသလောက် ဝယ်ယူရရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၉.၉.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဈေးချိုတန်းလမ်းရှိ ဦးအေးလွင်(ကုန်စုံဆိုင်)အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ မိုးညိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန် ရှင်းလင်းသော သတင်း အချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိ စေရန် အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင် ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ် ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ထားဝယ်မြို့ပေါ်ရှိ‌ဆေးဆိုင်များသို့ သွားရောက်၍ ဆေးစျေးနှုန်းအခြေအနေများ မေးမြန်းခြင်း

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ ၁၅း၃၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ ဆေးစျေးနှုန်းအခြေအနေများ၊ လက်ကျန်အခြေအနေများအား သွားရောက်မေးမြန်းခဲ့ပါသည်။

     မေးမြန်းရာတွင် ဆေးဆိုင်များအတွင်း ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်းများ မှန်ကန်စွာရောင်းချနေမှုရှိ/မရှိ၊ စျေးကွက်အတွင်း ပြတ်လပ်နေသောဆေးဝါးများ ရှိ/မရှိ ၊ စျေးနှုူန်းများ မြင့်တက်နေမှုများ ရှိ/မရှိနှင့် လက်ကျန်အခြေအနေတို့အား စုံစမ်းမေးမြန်းခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

လက်ပံတန်းမြို့တွင်ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/မရှိကွင်းဆင်းခြင်း

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နေထိုင်ကြသော ပြည်သူ များ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျှက်ရှိရာ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးဆိုင် များအား  တစ်လလျှင် (၂)ကြိမ် ဆေးနှင့် ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကို‌ဒေသတွင်း ဖြစ်သင့် ဖြစ်ထိုက် သည့်   ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/ မရှိ နှင့် ဆေးများ ပြတ်လပ် ခြင်းရှိ / မရှိ တို့ကို စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများ ဆောင်ရွက် လျှက် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန် မှုဖြင့် ၉.၉.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင် မြို့မ(၂)လမ်းရှိ ဦးတင်ဦး မုန့်မျိုးစုံ ရောင်းဝယ်ရေးအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ ပြည်တွင်း ကုန်သွယ်ရေးဖွံဖြိုးမှုနှင့်သုတေသနဌာနခွဲ ဦးဝင်းထွဋ်လွင်နှင့်ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိ  စေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်  ပေးနိုင် သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများဖော်ဆောင်ဖြည့် ဆည်းပေး နိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာ  ဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ပဲခူး)

ကော့သောင်းမြို့ပေါ်ရှိ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များအား သွားရောက်စစ်ဆေးခြင်း

      တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁..၂၀၂၅) ရက်နေ့ နေ့လယ် (၁:၀၀) အချိန်တွင် ကော့သောင်းခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ကော့သောင်းမြို့နယ်အတွင်းရှိ လက်လီ လက်ကားဆန်အရောင်းဆိုင်(၅)ဆိုင်အား စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသော ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများတွင် ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများရောင်း ချရန်၊ ဆန်အမျိုးအစားအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဆန်များသို လှောင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကော့သောင်း မြို့ပေါ်ရှိ ဆေးဆိုင် (၅) ဆိုင်အား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူး ပေါင်း၍ ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချနေသည့်ဆေးဝါးများ ကုန်အညွှန်းအမှတ်အသားပြည့် စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ၊ တရားမဝင်ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ပါသည်။    

    စစ်ဆေးရေးအဖွဲ့ဝင်များမှ အဆိုပါ ဆေးဆိုင်လုပ်ငန်းရှင်များအား တရားဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ အခြေခံပညာစာသင်ကျောင်းတွင်စားသုံးသူကာကွယ်ရေး အသိပညာပေး‌ဟောပြောခြင်း

       ၂၀၂ခုနှစ်၊ စက်တင်ဘာ ရက်နေ့၊ နံနက်(:၀)နာရီတွင် ကော့သောင်းမြို့ အထက(ခွဲ)ပုလုံးတုံတုံးစာသင်ကျောင်းတွင် ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မြ သီတာ (ဦးစီးအရာရှိ)သည် ကျောင်းဆရာ/ဆရာမမျာ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၅၀)ဦးအား စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏ အခွင့်အရေး နှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့် အခွင့်အရေး၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး အထက(ခွဲ) ပုလုံးတုံတုံးစာသင်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား သက်တမ်းလွန် စားသောက်ကုန်များ နှင့်စားသုံးရန်မသင့်သောစားသောက် ကုန်များအားစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသား ဖော် ပြပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန် များ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက် ၉:၀၀ နာရီ အချိန်တွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ စည်ပင်သာယာ‌ရေးအဖွဲ့တို့နှင့် အတူပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းရာတွင် ကော့သောင်းမြို့ဘိလပ်မြေစျေးနှုန်း စျေးကွက် အခြေအနေများ သင့်တင့်မျှတသော စျေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ယခင်လ စျေးနှုန်းနှင့် ယခုလစျေးနှုန်းအခြေအနေ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဘိလပ်မြေများပြတ် မှုရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း ရှိ/မရှိတို့အား မြေပြင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ဘိလပ်မြေ စျေးနှုန်းများ ယခင်လနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့နယ် ဆန်လှေ‌ရောက်ရှိမှုအားကွင်းဆင်းစစ်ဆေးခြင်း

    ကော့သောင်းခရိုင်ဆန်ကုန်သည်များအသင်းသည်ကော့သောင်းခရိုင်အတွက်လိုအပ်သည့်ဆန်များကိုရန်ကုန်တိုင်းဒေသကြီးမှ ဆန်တန်(၁၀၀၀)၊ အိတ်ရေ(၂၀၀၀၀) အား MV ထာဝရ မေတ္တာ စက်လှေဖြင့် (၉..၂၀၂၅) ရက်နေ့တွင်ကော့သောင်းမြို့သို့ရောက်ရှိလာကြောင်း သိရှိရပါ သည်။

    အဆိုပါ ရောက်ရှိလာသော ဆန်အိတ်များကို ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ ကော့သောင်းကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ