သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ်ဦးစီးမှူးရုံးမှ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးအခမ်းအနားသို့တက်ရောက်

      ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ပြီးခဲ့သည့်ရက်ပိုင်းက ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်တည်းပင် ကောလာဟလသတင်းစကားပေါ်ထွက်လာသဖြင့် ပြည်သူများစိုးရိမ်ပူပန်မှုမဖြစ်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပေးနှိုးဆော်လိုက်နာသိရှိဆောင်ရွက်ရမည်တို့ကိုပြုလုပ်ပေးလျက်ရှိရာ ဓနုဖြူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၏ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့တွေ့ဆုံ၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူ (၃၀)ဦးအား အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။

       ဦးဆောင်အသိပညာပေးပြောကြားသော ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ဝမ်းပျက်၊ ဝမ်းလျှောရောဂါဆိုသည်မှာ ရေနှင့်အစားအသောက်မသန့်ရှင်းလျှင် ရာသီမရွေးဖြစ်ပွားတတ်သည်။ အထူးသဖြင့် မိုးဦးကျကာလနှင့် မိုးအကုန် ဆောင်းအကူးကာလများတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ရောဂါတစ်မျိုးဖြစ်သည်။ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် ကာလဝမ်းရောဂါဖြစ်ပွားစေသော ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသောအစားအစာများကို စားသောက်မိရာမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေသည်။ ထို့ကြောင့် ရေကိုကျိုချက်သောက်သုံးခြင်း၊ ယင်နားစာများကိုရှောင်ရှားခြင်း၊ သန့်ရှင်းသောအိမ်သာများအသုံးပြုခြင်းတို့ကို အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်းတို့ကို မိမိတို့ဌာနလုပ်ငန်းအသိပညာပေးဟောပြောမှုတွင် တည့်သွင်းပြောကြားပေးကြရန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

          သို့ဖြစ်၍ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားပါက အလျင်အမြန်ကုသမှုမခံယူလျှင် အသက်အန္တရာယ်ထိခိုက်နိုင်သောကြောင့် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်ပွားစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးလမ်းညွှန်မှုများကိုလိုက်နာပြီး တစ်ကိုယ်ရေကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို လူတိုင်း အထူးသတိပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်းကို ထပ်လောင်းအသိပညာပေးတင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော် ဖိုးလမင်းဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

         မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့က ပန်းတနော်မြို့နယ်၊ မြို့ကွက်သစ်-၂ရပ်ကွက်ရှိ ဖိုးလမင်းဆန်စက်သို့သွားရောက်ကွင်းဆင်း၍ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုနှင့် စပါးဆန်ရောင်းဝယ်မှု၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဖိုးလမင်းဆန်စက်ပိုင်ရှင် ဦးဇော်ထက်စိုးနှင့်တွေ့ဆုံ၍ ဆန်စက်တွင် စပါးဝယ်ယူမှု၊ စပါးကြိတ်ခွဲ၊ သိုလှောင်မှုနှင့် ဆန်/စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုများကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်က သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီးဖြစ်ကြောင်း၊ ဆန်စက်မှ ဆန်ရောင်းဝယ်မှုအခြေအနေနှင့် ဒေသအတွင်းရောင်းချပေးနေမှုအခြေအနေများကို ရှင်းလင်းပြောပြခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ဆန်စက်မှ ကြိတ်ခွဲရောင်းချနေသောဆန်များကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စေရန်၊ အလေးချိန်မှန်ကန်စေရန်၊ အရောင်းအဝယ်မှန်စေရန်တို့ကိုမှာကြားခဲ့ပြီး လုပ်ငန်းရှင်တို့ဘက်မှ လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရနိုင်မည်ဖြစ်ကြောင်း ပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)

ပခုက္ကူဆန်ကုန်သည်ကြီးများအသင်းမှ အများပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဆန်များရောင်းချပေးလျက်ရှိ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၅.၇.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပခုက္ကူကုန်သည်ပွဲစားများအသင်းသို့ အများပြည်သူမိဘများအား ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား သွားရောက်ကွင်းဆင်းခဲ့ပါသည်။  ပခုက္ကူဆန်ကုန်သည်ကြီးများအသင်းမှ ဧည့်မထအုပ်စုဖြစ်သော ရက်(၉၀)ဆန်များကို လူတစ်ဦးလျှင် (၅)ပြည်နှုန်းဖြင့် လူဦးရေ(၃၈၀) မှ (၄၀၀)ထိအား ကျပ်(၃၀၀၀) နှုန်းဖြင့် ဆန်အိတ်ရေ အလုံး(၈၀)မှ(၁၀၀)ထိ ဇူလိုင်လ(ပထမပတ်)မှစ၍ အပတ်စဉ် တနင်္လာနေ့တိုင်း နေ့လယ်(၁၃:၀၀)နာရီ မှ (၁၇:၀၀)နာရီထိ ရောင်းချပေးလျက်ရှိကြောင်း ဆန်ကုန်သည်ကြီးများအသင်းမှ သိရှိရပါသည်။

DOCA(မကွေး)

 

မုဒုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့်အတူ ၁၆-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှုအတွက် သိုလှောင်ခြင်း၊ ဖြန်းဖြူးရောင်းချခြင်းများမရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်တွင် ခွဲတမ်းရရှိသော စားအုန်းဆီများဖြန့်ဖြူးရောင်းချရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

       မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ၁၅-၇-၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသောစားအုန်းဆီများကို ဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားအုန်းဆီကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်ရဲမှူးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စားအုန်းဆီလက်ကားကုန်သည်တို့တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

       မြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချရေး၊ စားသုံးသူများလက်ဝယ်သို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းနှင့် အလေးချိန်ပြည့်မီအောင်ရောင်းချရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ဆွေးနွေးခဲ့ကြပြီး ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက မြို့နယ်စားအုန်းဆီခွဲတမ်းအား တာဝန်ယူရောင်းချဖြန့်ဖြူးသည့် စားအုန်းဆီကုန်သည်အား စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း အလေးချိန်ပြည့်မီစွာရောင်းချပေးရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန်အလို့ငှာ စားအုန်းဆီများအား လက်ဝယ်သိုလှောင်မှုမရှိစေရေးနှင့် အဆိုပါအချက်များအား ဖောက်ဖျက်ကျူးလွန်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ ထိုက်သင့်သောပြစ်ဒဏ်များဖြင့် အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းအသိပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် စားသောက်ကုန်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဌာနခွဲတာဝန်ခံသည် ၁၆-၇-၂၀၂၄ ရက်နေ့တွင် "ဆုလက်ရာ” အမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

      ထိုသို့တွေ့ဆုံရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ထုတ်ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့်ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ဖော်ပြရမည့် အပြင် အမှတ်တံဆိပ်၊ ပါဝင်ပစ္စည်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုလည်း ပြည့်စုံစွာဖော်ပြပေးရန်လိုအပ်သည်တို့ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ၁၆-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ်(၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ခဲ့သည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များ၌ရောင်းချနေသော မုန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များဖော်ပြထားကြောင်းသိရှိရပါသည်။

DOCA(မွန်)

သရက်မြို့တွင် အလှကုန်ပစ္စည်းနှင့်စတိုးအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် လစဉ်သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် စားသုံးသူပြည်သူများ ‌ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအကာအကွယ်ပေးရေး စသည့် ရည်ရွယ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ (၁၇.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် သရက်မြို့နယ်ရှိ မိတ်ဖက်ဌာနများဖြစ်သည့် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ သရက်မြို့ပေါ်ရှိ အလှကုန်နှင့်စတိုးဆိုင်များအား FDAမှ အသုံးပြုရန်မသင့် ထုတ်ပြန်ထားသည့် QIAN LI အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ထားသည့် Whitening Cream 20g အလှကုန်ပစ္စည်းအား ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးဆိုင်ပိုင်ရှင်များအား တားမြစ်ထားသည့် အလှကုန်များရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ရေးသားထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်ဆုံးသည့်ရက်စွဲပါသည့် ကုန်စည်များကိုသာ ရောင်းချစေရန်၊ သက်တမ်းကုန်လွန်သည့် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ၎င်းQIAN LI အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ထားသည့် Whitening Cream 20gအား ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝန်ထမ်းမှ သုံးစွဲရန် မသင့်အလှကုန်ပစ္စည်းများကို ထုတ်ဖော်ပြောကြားပြီး လက်ကမ်းစာစောင်များပေး၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

သရက်မြို့တွင် ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား အသိပညာပေးဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး တာဝန် ထမ်းဆောင်နေသော ဦးအုန်းမြင့်(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၇.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ သရက်မြို့ပေါ်ရှိ ဆန် ရောင်းချနေသော လက်လီ၊ လက်ကား အရောင်းဆိုင်များသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအားဝေငှပေးပြီး အသိပညာပေးဆွေးနွေးခြင်းများ ‌ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးအုန်းမြင့်မှ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအား MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့်ဈေးနှုန်းအတိုင်း လိုက်နာရောင်းချနိုင်ရန်နှင့် စားသုံးသူပြည်သူများ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ဆန်လက်လီ၊ လက်ကား ရောင်းချသည့် အရောင်းဆိုင်များအား ဆန်ဈေးနှုန်းများမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများနှင့် ကွာဟမှုမရှိသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် အများပြည်သူများသို့ ရောင်းချစေရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign နှင့် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး

     မကွေးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံး စွဲမှုလျှော့ချရေး Campaign အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းအား ပလတ်စတစ်မသုံးစွဲရနေ့ဟုသတ်မှတ်ပြီး ဌာနဆိုင်ရာများပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိရာ (၁၅.၇.၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်စျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စျေးကွက် စောင့်ကြည့် စစ်‌ဆေးရန်ဦးစားပေးရွေးချယ်ထားသော ကုန်စည်(၁၀)မျိုးအနက် နေ့စဉ်စားသောက်မှု တွင်မပါမဖြစ် ထည့်သွင်းအသုံးပြုရမည့် စားသုံးဆီအမျိုးမျိုးအားသတ်မှတ်စံချိန်များနှင့်ကိုက်ညီစေရေး၊ အရည်အသွေးပြည့်ဝသော စားသုံးဆီများဖြစ်စေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်း သိရပါသည်။

    မကွေးမြို့၊ ရန်ပယ်စျေးရှိ စားသုံးဆီရောင်းချသူလုပ်ငန်းရှင် (၉)ဦးအား တွေ့ဆုံးပြီး ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil)အဖြစ် ရောစပ်ရာတွင် အရည်အသွေး အာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်အား မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ အမိန့်အမှတ် (၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်၍ ရောနှောဆီပြုလုပ်ရောင်းချမည့် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည့် အမိန့်အမှတ် (၂/၂၀၂၄)ပါ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်သော ဘူးသွပ်ဆီများသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ