သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် ရွာသစ်ရပ်ကွက်ရှိမုန့်ဟင်းခါးဖတ်လုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၈.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ရွာသစ်ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ရွာသစ်ရပ်ကွက်ရှိ မုန့်ဟင်းခါးဖတ်လုပ်ငန်းများ တွင် ထုတ်လုပ်လျက်ရှိသော မုန့်ဟင်းခါးဖတ်များအားကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် မုန့်ဟင်းခါးဖတ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံရုံးတွင် စားသုံးဆီ လက်လီ/လက္ကား အရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်း နှင့် ဝန်ထမ်းများသည်(၈.၉.၂၀၂၅) ရက်နေ့၊နံနက်(၁၀:၃၀) အချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီ လက်လီ/လက္ကား အရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါ သည်။

       ထို့သို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းကြီးမြင့်ခြင်းနှင့် ပတ်သက်ပြီး စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြု လုပ်ကြရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်းစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော  ကုန်စည်များ ကိုသာရောင်းချကြရန်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များအား အသိပေးဆွေးနွေးဟောပြောခဲ့ပါသည်။ တက်ရောက်လာ သောဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်း ချက်များအား မြို့နယ်ဦးစီးမှူးမှပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ ဟောပြောပွဲသို့ စားသုံးဆီ လက်လီ/ လက္ကား အရောင်းဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် (၃၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၉-၉-၂၀၂၅ ရက်နေ့ တွင် ပန်းတနော်မြို့နယ်တွင် သောက်ရေသန့်စက်ရုံ ၅ခုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနက တာဝန်ရှိသူက ရေသန့်တာဝန်ခံများနှင့် တွေ့ဆုံ၍ ဈေးကွက်မရောက်မီကုန်စည်များ ဘေးအန္တရာယ်ကင်း၇ှင်းရေး ဦးစားပေးထုတ်လုပ်ရန်၊ ဈေးကွက်အတွင်း ဖြန့်ချိသော ရေသန့်ဗူးများကို ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်အတိုင်း သန့်ရှင်းသော ရေသန့်ဗူးများ ဆောကျော သနတ့််စင်ရေးကိုလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပေါ်တွင် ဖော်ပြရမည့် အချက်အလက်များ ပါဝင်မှု ရှိမရှိ စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်သော (၂/၂၀၁၉)ပါ ကုန်စည်အမျိုးအစားအလိုက်ဖော်ပြရမည့် ညွှန်ကြားချက်များကို ပြည်စုံမှန်ကန်စွာ ဖော်ပြလိုက်နာရန် လိုအပ်ကြောင်း၊ မြို့နယ်စာ်ပင်သာယာရေး၏ လုပ်ငန်းလိုင်စင်များကို စစ်ဆေးခြင်း၊ FDA ဌာနမှ ထုတ်လုပ်ခွင့်ပြုချက် အမှတ်များ ပါဝင်ရန် လိုအပ်ကြောင်း ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊မော်ကျွန်းမြို့နယ် ယမုံနာလမ်းရှိလက်လီ/လက်ကား ရောင်းချနေသောရွှေကိန္ဒရီဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် မော်ကျွန်းမြို့နယ်ယမုံနာလမ်းရှိ လက်လီ/လက်ကားရောင်းချနေသော ရွှေကိန္ဒရီဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့နယ် ယမုံနာလမ်းရှိ လက်လီ/ လက်ကား ရောင်းချနေသောရွှေကိန္ဒရဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်း မြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

( DOCAဧရာဝတီ)

မြောင်းမြခရိုင်၊လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်အတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောရွှေယမင်းဦး ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၁..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် လပွတ္တာမြို့နယ် ()ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောရွှေယမင်းဦးဆန်ဆိုင်အား သတ်မှတ် ရည်ညွှန်း ဈေး ဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်()ရပ်ကွက်အတွင်းရှိ လက်လီ/ လက်ကား ရောင်းချနေသော ရွှေယမင်းဦးဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့် တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

( DOCAဧရာဝတီ)

ဓနုဖြူမြို့ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (..၂၀၂) ရက်နေ့ နံနက် (၀၉၃၀) နာရီအချိန်တွင် ဓနုဖြူမြို့မဈေးတာဝန်ခံရုံးတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာ ကွယ်ရေးဥပဒေ အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဦးခိုင်လွမ်းက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်နှင့် ဖော်ပြချက်၊ လုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်အညွှန်အမှတ်အသားများအကြောင်းနှင့် ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးနိုင်သည့် အချက်အလက်များအကြောင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ကုန်မျိုးစုံလုပ်ငန်းရှင် (၁၁)ဦး  တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်အတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောဦးမြတ်ဝင်းဇော် ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၁..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်တွင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောဦးမြတ်ဝင်းဇော်ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်ဈေးရပ်ကွက်ရှိ လက်လီ/ လက်ကား ရောင်းချနေသော ဦးမြတ်ဝင်းဇော်ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

( DOCAဧရာဝတီ)

မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် မြို့မဈေးရှိလက်လီ/လက်ကား ရောင်းချနေသောဦးတာတူးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၁..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးရှိ လက်လီ/လက်ကားရောင်းချနေသောဦးတာတူးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်မြို့မဈေးရှိ လက်လီ/လက်ကား ရောင်းချနေသော ဦးတာတူးဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင် ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

( DOCAဧရာဝတီ)

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးအတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောဇွဲဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၁..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးအတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောဇွဲဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်ညောင်ပင်ကြီးဈေးရှိ လက်လီ/ လက်ကား ရောင်းချနေသောဇွဲဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သို လှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

( DOCAဧရာဝတီ)

အမှတ် ၂ ရပ်ကွက်တွင် စားအုန်းဆီနှင့် ဆန်များ ပြည်သူများကိုသက်သာသောဈေးဖြင့် ရောင်းချပေးလျက်ရှိ

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ မအူပင်မြို့နယ် အမှတ် ၂ရပ်ကွက်တွင် ၉-၉-၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန်က မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ ဥက္ဥဌနှင့် အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံအရှေ့တွင် ဆန်/ဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

          ရောင်းချရာတွင် စားသုံးသူပြည်သူများအား ဆန် ၅အိတ် ၁ပြည်လျှင် ၃၀၀၀ကျပ်ဖြင့်လည်းကောင်း၊ ဆီ ၁၁၀ ပိဿာကို ရည်ညွှန်းဈေး ၆၈၈၀ကျပ်ဖြင့် လူတစ်ဦးလျှင် ၅၀ကျပ်သားနှုန်းဖြင့်လည်းကောင်း ဩဂုတ်လဆန်းပိုင်းတည်းက စက်တင်ဘာလများအတွင်းလည်း ပြည်သူများကိုနေ့အလိုက် ရက်ကွက်နေပြည်သူ များအား မည်သူမဆိုလွပ်လပ်စွာ ဝယ်ယူနိုင်ရန်ရောင်းချပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ