သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံမြို့နယ် အ.မ.က(ပရိုကိုး)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

    ၂၄.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သထုံမြို့နယ် အ.မ.က(ပရိုကိုး) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ရွေးချယ်ဝယ်ယူ စားသုံးကြရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက  အရေးဆိုတိုင်ကြားနိုင်သည့် Consumer Call Center No. (1535) သို့ ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကိစ္စရပ်များနှင့် သိလိုသည်များကိုလည်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များကို အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ဟောပြောပွဲသို့ ဆရာ/ဆရာမ (၅)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၁၀)ဦး တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံသည် ၂၄.၇.၂၀၂၄ ရက်နေ့တွင် ရှောက်ချိုမွှေးပေါင်းထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါ သည်။

     အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

   ၂၅.၇.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ သာသနာ ၂၅၀၀ ဘုန်းတော်ကြီကျောင်း၌ ကျိုက်မရောမြို့နယ်၊ ဓမ္မဿကျေးရွာရှိ လူနေအိမ် (၃၈၀)လုံးအား ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း(၂၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်မှ ထောက်ပံ့ပေးအပ်ရသည့်အကြောင်းအရင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလှူငွေများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်တို့မှ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်များက အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြပြီး အလှူငွေများလှူဒါန်းခဲ့ကြခြင်းအပေါ် ဆရာတော် ဘဒ္ဒန္တသီလဝံသက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

“စားသုံးသူကာကွယ်ရေးဥပဒေ တားမြစ်ချက်များအကြောင်း သိကောင်းစရာ Talk Show” ဆွေးနွေးပွဲကျင်းပ

      ၂၂.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေးဥပဒေ တားမြစ်ချက်များအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show” ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်း (ဦးစီးအရာရှိ)မှ “Talk Show” ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက ၂၀၁၉ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေး ဥပဒေ၏  အခန်း(၂၃)ပါ တားမြစ်ချက်များဖြစ်သည့် ပုဒ်မ(၆၂)၊ (၆၃)၊ (၆၄)၊ (၆၅)၊ (၆၆)၊ (၆၇)၊ (၆၈) တို့ကို ဖောက်ဖက်ကျူးလွန်ခြင်း မပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ အကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။

DOCA(မွန်)

ဒီရေတောဂေဟစနစ်များထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မြိတ်မြို့တွင်ကျင်းပ

    ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီ‌ရေတော ဂေဟစနစ်များထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် မြိတ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၊ မြိတ်မြို့ ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

   အခမ်းအနားကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တနင်္သာရီ တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှကျင်းပပြုလုပ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအပါအဝင်၊ ဌာန ဆိုင်ရာများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၂၀၀)ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့ နယ်တာဝန်ခံရုံးအနေဖြင့် (၂၄.၇.၂၀၂၄)ရက်နံနက် ၀၉:၃၀နာရီအချိန်တွင် မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ခရိုင်စ(၃)လုံးနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ‌ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိ၊ စားသုံးသူထိခိုက်နိုင်ခြေမြင့်မားသည့် စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိနှင့် ဆေးပစ္စည်းများပြတ်လပ်ခြင်းရှိ/မရှိကို အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ၊ စံမညီဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများကလည်း မိမိတို့နှင့်သက် ဆိုင်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို အသိပေးပြောကြားခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း အသိပေးပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

         

ပေါင်မြို့နယ် မိုးနိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

       ၂၄.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညွှန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ် သက်သည့်သိကောင်းစရာများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www.doca.gov.mm တွင်လည်းဝင်ရောက်ကြည့်ရှု့လေ့လာနိုင် ကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၁၃၅) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

“ ရွှေလပ်ကီး” ကိတ်ခြောက် လုပ်ငန်းရှင်နှင့်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် ဇူလိုင်လ ၁၇ ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “ရွှေလပ်ကီး”  ကိတ်ခြောက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆန်/ ဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ခရိုင်ဆန်ကုန်သည်နှင့်ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍  ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ  ၂၅ ရက်၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ သက်သာသော ဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ရောင်းချခဲ့ရာတွင် ခရိုင်ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းက ပေါ်ဆန်းဆန် တစ်ပြည်လျှင် ၆၀၀၀ ကျပ်ဖြင့် ၂၄ ပြည်အိတ် (၁၅) အိတ်ကိုလည်းကောင်း၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၅၀၀၀ ကျပ်ဖြင့် ၂၄ ပြည်အိတ် (၅၀) အိတ်ကိုလည်းကောင်း၊ ဧည့်မထဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ်ဖြင့် ၂၄ ပြည်အိတ် (၃၀) အိတ်ကိုလည်းကောင်း၊ ဧည့်မထဆန် တစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် ၂၄ ပြည်အိတ် (၅) အိတ်ကိုလည်းကောင်း သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများဖြင့်လည်းကောင်း၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက  စားအုန်းဆီ ပိဿာ(၃၃၀)အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်လည်းကောင်း ရောင်းချပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊အလုံရပ်ကွက်ရှိ အမှတ်-၂ အခြေခံပညာနှင့် စက်မှုစိုက်ပျိုမွေးမြူးရေး အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများ တိုးပွားရရှိစေရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်၊ နံနက် (၁၁:၀၀)နာရီအချိန်က မုံရွာမြို့၊ အလုံရပ်ကွက်ရှိ “ အမှတ်-၂ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူးရေး အထက်တန်းကျောင်း”တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

    အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကျောင်းသား/ကျောင်းသူများ အသိပညာများ တိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာ စကားပြောကြားခြင်း၊ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများအပေါ်ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအကြောင်းများကို သိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

    ထို့နောက် တက်ရောက်လာသည့်ဆရာ/ဆရာမများနှင့် ကျောင်းသား./ကျောင်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ်  တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ