သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

        ၂၅.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဉ္ဇာစိုးမှ “Talk Show” ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တိုင်း မှတ်ပုံတင်လျှောက်ထားပြီးမှသာ ရောင်းချရမည် ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချသည့် အွန်လိုင်းရောင်းချသူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများမှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့် မည်သည့် နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော eComReg System ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့တွင် စတင်၍အသုံးပြုခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ပူးတွဲ တင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

City Care ဆေးဆိုင်သို့သွားရောက်၍ ဈေးကွက်တွင်ဖြစ်ပေါ်နေသည့် ဆေးဝါးဈေးနှုန်းစာရင်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံစားသောက်ကုန်များဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့်ပတ်သက်၍ ၂၆-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြောက်ပိုင်းခရိုင်အတွင်းရှိ City Care ဆေးဆိုင်သို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၄၂/အေ)၊ (၂၅၀/၂၅၁)၊ အမှတ်(၄)လမ်းမကြီး၊ စက်မှုဇုန်(၁)ရှိ City Care ဆေးဆိုင်တာဝန်ခံအား ဆေးဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ ဈေးကစားခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခြင်းမရှိစေရေးရည်ရွယ်၍ သွားရောက်စစ်ဆေးခြင်းနှင့် ဈေးနှုန်းကောက်ယူခြင်းလုပ်ငန်းများလုပ်ဆောင်နေသောကြောင့် ဈေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်းလိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောခြင်း

       လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ  ၂၅-၇-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ မြို့နယ်ကျန်းမာရေးခန်းမတွင် ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

        အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များတက်ရောက်ခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ဒေါက်တာကြူကြူသင်းက ယခုကာလသည် မိုးတွင်းကာလဖြစ်သည့်အတွက် ယခုရက်ပိုင်းတွင် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါများဖြစ်ပွားနေပါသည်။ ထိုသို့ ဝမ်းပျက်/ ဝမ်းလျောရောဂါဖြစ်ပွားရခြင်းမှာ အဓိကအားဖြင့် မသန့်ရှင်းသောရေနှင့် အစားအသောက်များအား စားသုံးမိခြင်းမှ ဖြစ်ပေါ်လာသောရောဂါဖြစ်ပြီး ၎င်းဖြစ်ပွားမှုကို မပြန့်ပွားအောင် တားဆီးကာကွယ်ရန် အစားအသောက်ချက်ပြုတ်ရာတွင် အသုံးပြုမည့်သောက်သုံးရေတွင် ကလိုရင်း/ရေသန့်ဆေးပြားများထည့်သွင်း၍အသုံးပြုမှသာ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများရရှိမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

အင်းစိန်မြို့နယ်၌ ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်း

       အင်းစိန်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များသို့   ၂၅-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဉီးစီးဌာနဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့်  စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၏ ချက်ပြုတ်ပြင်ဆင် ကြော်လှော်သောနေရာများ၊ ပစ္စည်းစတိုများထားသိုသိမ်းဆည်းရာတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ သောက်သုံးရေများသုံးစွဲရာတွင်လည်း ကလိုရင်း/ရေသန့်ဆေးပြားများထည့်သွင်းအသုံးပြုရန်၊ ဝမ်းပျက်/ ဝမ်းလျှောရောဂါဖြစ်ပွားရခြင်းမှာ အဓိကအားဖြင့် မသန့်ရှင်းသောရေကိုသောက်သုံးမိခြင်း၊ မသန့်ရှင်းသောအစားအသောက်များကိုစားသုံးမိခြင်းတို့ကြောင့် ဖြစ်ပွားသောရောဂါဖြစ်ပြီး ထိုသို့ဖြစ်ပွားမှုကို မပြန့်ပွားအောင် တားဆီးကာကွယ်ရန်ရေ၊ အစားအသောက်နှင့် အခြားအသုံးအဆောင်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်အောင်ထားရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာရောင်းချပေးကြရန် ဆိုင်ရှင်များအား ဒေါက်တာနွေးအိလှိုင်က လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်း

       လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များသို့ ၂၅-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၄၀)နာရီအချိန်တွင် ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့်  အမှတ်(၃/အေ)၊ ဖွံ့ဖြိုးအောင်လမ်း၊ (၆)ရပ်ကွက်ရှိ ရေနံမြေအောင်မြင့်စားဖွယ်စုံနှင့် အမှတ် (၁၆၅)၊ (A/F)၊ မန္တလေးလမ်းနှင့် ကျန်စစ်သားလမ်းထောင့် (၈)ရပ်ကွက်ရှိ ရွှေကျွန်းမြေစားဖွယ်စုံများသို့ သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်တာဝန်ခံများက ချက်ပြုတ်ရာတွင် အသုံးပြုသော သား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များကို ကားများဖြင့် လာရောက်ရောင်းချပေးကြောင်း၊ သုံးစွဲသည့်ရေများမှာလည်း ရေသန့်များကိုအသုံးပြုချက်ပြုတ်ကြောင်း၊ ဆေးကြောရာတွင် အဝီစိတွင်းရေ ကိုသာသုံးကြောင်း၊ တစ်နေ့စာတစ်နေ့သာ ချက်ပြုတ်ကြောင်း၊ မီးဖိုချောင်သန့်ရှင်းရေး၊ သန့်စင်ခန်းသန့်ရှင်းရေးများကိုလည်း နေ့စဉ်ပြုလုပ်ကြောင်း၊ လက်ဆေးနေရာများတွင်လည်း ဆပ်ပြာများချထားပေးကြောင်း ဝန်ထမ်းများ၏ တစ်ကိုယ်ရေးသန့်ရှင်းရေး အလေးထားဆောင်ရွက်ကြောင်း ကွင်းဆင်းစစ်ဆေးမေးမြန်းချက်များအရသိရှိရပါသည်။

DOCA(ရန်ကုန်)

အင်းစိန်မြို့နယ်၌ ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောခြင်း

      အင်းစိန်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ၂၅-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များတက်ရောက်ခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ဒေါက်တာနွေးအိလှိုင်က ယခုကာလသည် မိုးတွင်းကာလဖြစ်သည့်အတွက် ယခုရက်ပိုင်းတွင် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါများဖြစ်ပွားနေပါသည်။ ထိုရောဂါသည် မိုးဦးကျကာလနှင့် မိုးအကုန် ဆောင်းအကူးကာလများတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသောအစားအစာများကို စားသောက်မိရမှတစ်ဆင့် ကူးဆက်ဖြစ်ပွားစေသောကြောင့် ရေကိုကြိုချက်သောက်သုံးခြင်း၊ ယင်နားစာများကိုရှောင်ရှားခြင်း၊ သန့်ရှင်းသောအိမ်သာများအသုံးပြုခြင်းကို အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းဆုံစစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်စည်များမဝင်ရောက်စေရေး စစ်ဆေးဆောင်ရွက်

     ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အမှတ်(၄) လမ်းဆုံစစ်ဆေးရေးဂိတ်၌ (၂၄-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တရားမဝင်ကုန်စည်များတင်ဆောင် လာခြင်းရှိ/မရှိ မော်တော်ယာဉ် (၃၄)စီးအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ အမှတ်(၄) လမ်းဆုံစစ်ဆေးရေးဂိတ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒုရဲမှူးကြီး ငွေတင်ဦးဆောင်၍ အမှတ်(၄) လမ်းဆုံစစ်ဆေးရေးဂိတ် ဗိုလ်မှူးဇော်ဇော်အောင်၊ အမှတ်(၆၄)ယာဉ်ထိန်းတပ်ဖွဲ့ရုံး၊ တပ်ကြပ်ကြီးအောင်ကိုလဒ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းသို့ ကုန်ပစ္စည်းဝင်ရောက်ရာ၌ တရားမဝင်ကုန်စည်များ၏အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်းထိခိုက်မှုမရှိစေရေးတို့အတွက်ရည်ရွယ်၍ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာ၊ အခြေခံပညာမူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ပိတ်စွယ်ကျေးရွာ၊ အခြေခံပညာမူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့၊ နံနက်(၁၀း၃၀) နာရီအချိန်၌ ကျင်းပခဲ့ကြောင်းသိရသည်။

         အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ပိတ်စွယ်ကျေးရွာအခြေခံမူလွန်ကျောင်းမှ ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများဖြစ်သည့် စားသုံးသူ၏အခြေခံလိုအပ်ချက်များပြည့်စုံနိုင်စေမှု၊ ဘေးအန္တရာယ်ကင်းရှင်းနိုင် စေမှု၊ သတင်းအချက်အလက်ပြည့်စုံစွာရရှိစေနိုင်မှု၊ လွတ်လပ်စွာရွေးချယ်ဝယ်ယူနိုင်စေမှု၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတင်ပြကြားနာနိုင်စေမှု စသည့် စားသုံးသူအခွင့်အရေးပါအချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် စားသုံးသူ၏တာဝန်များ၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှုများမရှိစေရန်အတွက် စားသုံးသူပြည်သူများအနေဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၌ ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများအား သေချာဖတ်ရှုဝယ်ယူသုံးစွဲကြရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်ရရှိထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်သုံးစွဲသင့်ကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၊ မကျီးကန်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မကျီးကန်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

        အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ရာတွင် ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းက စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးဖြစ်သော စားသုံးသူ၏အခြေခံလိုအပ်ချက်များပြည့်စုံစေနိုင်မှု၊ လုံခြုံစိတ်ချစွာ ဘေးအန္တရာယ်ကင်းရှင်းစေနိုင်မှု၊ သတင်းအချက်အလက်ပြည့်စုံစွာရရှိစေနိုင်မှု၊  လွတ်လပ်စွာရွေးချယ်နိုင်စေမှု၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတင်ပြကြားနာနိုင်စေမှု၊ ထိခိုက်နစ်နာမှုများအတွက် လျော်ကြေးရရှိစေမှု၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ သင်ယူလေ့လာနိုင်စေမှု၊ ကောင်းမွန်ရှင်သန်နိုင်စေသော ပတ်ဝန်းကျင်ကိုရရှိနိုင်စေမှု စသည့် စားသုံးသူပြည်သူများ၏အခွင့်အရေးဆိုင်ရာအချက်များနှင့် စားသုံးသူ၏တာဝန်များ၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြားခဲ့ပြီး ယခုအချိန် လတ်တလောကာလတွင် ဖြစ်ပေါ်လာသောဝမ်းပျက်ဝမ်းလျောရောဂါနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များဖြစ်သော လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးပါ၊ တစ်ကိုယ်ရေးသန့်ရှင်းမှုပြုလုပ်ပါ၊ ရေကိုကြိုချက်သောက်ပါ၊ အခုရက်အတွင်း အပြင်အစားအစားအသောက်များကို တတ်နိုင်သမျှရှောင်ပါ၊ အသီးအရွက်များကို သေချာစွာဆေးကြောပါ၊ ပူပူနွေးနွေးစားပါ၊ ယင်နာစာများမစားပါနှင့် ဆန်ဆေးရေကဲ့သို့သော ဝမ်းများသွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ပြသ၍ ချက်ချင်းကုသမှုခံယူပါဟု ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သည့်အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်၌ ကျင်းပခဲ့ကြောင်းသိရသည်။

            အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းဆိုင်ရာအချက်များ၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၎င်းကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်များအနက် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့မဟုတ်) ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပြီး လတ်တလောကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖြစ်ပေါ်လာသော ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရန်အချက်များနှင့် ကျန်းမာရေးဆိုင်ရာသိသင့်သိထိုက်သောအကြောင်းအရာများ ဆွေနွေးပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ သူ (၂၈၀) ဦးနှင့် ဆရာ/မ(၁၀)ဦး၊ စုစုပေါင်း(၂၉၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ