သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာ၀တီတိုင်းဒေသကြီး စီးပွားဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေး အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်

              ဧရာ၀တီတိုင်းဒေသကြီးအတွင်း စီးပွားဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေး အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ စီးပွားရေးရာ၀န်ကြီး ဦးတင်အေး၊ သယံဇာတ၀န်ကြီး ဦးအုန်းမြင့်၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွန်းနှင့် ဆရာ/ဆရာမများ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်နှင့် အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသော တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဧရာ၀တီကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ARCCI ဥက္ကဌ ဦး၀င်းမြင့်လှိုင်နှင့် ခရိုင်မှ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ ဧရာ၀တီတိုင်းအတွင်း ဖွဲ့စည်းထားသော စီးပွားရေး အသင်းအဖွဲ့များနှင့် မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ စုစုပေါင်း ၁၇၆ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

          ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးတင်မောင်၀င်းမှ မိမိတို့ တိုင်းဒေသကြီးအတွင်း စပါး၊ ပဲမျိုးစုံနှင့် အခြားသီးနှံများ စိုက်ပျိုးလျှက်ရှိပြီး မွေးမြူရေး ကဏ္ဍတွင်လည်း ကြက်၊ ဘဲ၊ ၀က်၊ နွားနှင့် ငါး၊ ပုဇွန်၊ ဂဏန်းများလည်း မွေးမြူလျှက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်နေသော တိုင်းကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခေတ်မီနည်းစနစ်များ အသုံးပြု၍ ထုတ်လုပ်နိုင်ရေး ပိုလျှံသည့် ကုန်စည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြား ၀င်ငွေရရှိပြီး ဒေသတွင်း စီးပွားရေးလု်ပငန်းများ ဖွံ့ဖြိုးလာမှသာ ပြည်သူများ၏ လူမှုစီးပွားဘ၀မြှင့်တင်နိုင်မှာ ဖြစ်သည့်အတွက် ယခုလို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရ ခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများဖြစ်သော စိုက်ပျိုးရေးဦးစီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲ၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဦးစီးမှူးများမှလည်း မိမိတို့ဌာနအလိုက် ဆောင်ရွက်ချက်များအား ဆွေးနွေး တင်ပြပြီး တက်ရောက်လာသောစီးပွားရေးအသင်းအဖွဲ့များ/လုပ်ငန်းရှင်များမှလည်း မိမိတို့လုပ် ကိုင်နေသော စီးပွားရေးလုပ်ငန်းများ၏ လက်ရှိအခြေအနေ ရင်းနှီးမြှုပ်နှံမှုငွေကြေး လိုအပ်မှု လုပ်ငန်း တိုး ချဲ့နိုင်မှုနှင့် အားသာချက်/ အားနည်းချက်များအားရှင်းလင်းတင်ပြခဲ့ရာတက်ရောက် လာသော တိုင်းဦးစီးမှူးများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက်အကြံပြု   ဆွေးနွေးခဲ့ကြောင်း သိရ သည်။

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ရလဒ်များမှ စီးပွားဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် ပတ်သက်၍ စပါးစိုက်ပျိုးခြင်း ပြည်ပပို့ကုန် သီးနှံများ စိုက်ပျိုးခြင်း မွေးမြူရေးလုပ်ငန်းများမှ ကြက်၊ ၀က်၊ နွား၊ ငါး၊ ပုဇွန်၊ ဂဏန်းမွေးမြူခြင်း၊ ဆားလုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်ခြင်း၊ အသေးစား လုပ်ငန်းများ တိုးချဲ့ခြင်း၊ SME လုပ်ငန်းများ မြှင့်တင်ခြင်း၊ စပါးခွံလောင်စာတောင် ထုတ်လုပ်ခြင်း၊ စပါးခွံဓါတ်ငွေ့သုံး အင်ဂျင်ဖြင့် လျှပ်စစ်ထုတ်လုပ်မှုများ ဆောင်ရွက်ရန်နှင့် ဖွဲ့နုဆီစက်များ တည်ဆောက်ခြင်း၊ သဘာ၀မြေသြဇာ ထုတ်လုပ်ခြင်း၊ အစာစပ်စက်ရုံများ တိုးချဲ့ ခြင်း၊ သီးနှံအခြောက်ခံစက်လှမ်းကွင်းများ ထူထောင်ခြင်း၊ အုန်းအခြေခံစီးပွားရေး လုပ်ငန်းများ မြှင့်တင်ခြင်း၊ ဝါးစိုက်ပျိုးခြင်း၊ ဝါးတောများ ထိန်းသိမ်းခြင်းနှင့် ဝါး​ထွက်ကုန်များ ထုတ်လုပ်ခြင်း၊ ဆီစက်များ အဆင့်မြှင့်တင် ထုတ်လုပ်ခြင်း one region one product ထုတ်လုပ်ခြင်း၊ စီမံကိန်းများ အပါအ၀င် စုစုပေါင်းအချက် (၂၈)ချက်နှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးနှင့် ပတ်သက်၍ ဆန်/ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ပြောင်းနှင့် အခြားသီးနှံများ တိုးချဲ့ စိုက်ပျိုးရေးနှင့် ​ဝါး/ကြိမ် အချောထည် ထွက်ကုန်များ ပြည်ပတိုးမြှင့် တင်ပို့နိုင်ရေး မွေးမြူရေးထွက်ကုန်နှင့် ရေထွက် ပစ္စည်းများ၊ ဆားထွက်ကုန်များ၊ ​CMP လုပ်ငန်း၊ SME လုပ်ငန်း၊ အသေးစားလုပ်ငန်းများ နှင့် အခြားစီးပွားရေးလုပ်ငန်းများ အပါအ၀င် ပြည်ပပို့ကုန် တိုးမြှင့်ရေးဆိုင်ရာ အချက် (၂၀)ဖော် ထုတ်ခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးမှုမြှင့်တင်နိုင်ရေးအတွက် အသိပညာပေး ကဏ္ဍများ၊ one stop servire ၀န်ဆောင်မှုများ၊ နည်းပညာနှင့် ငွေကြေး အထောက်အပံ့များ ဆောင်ရွက်ပေးရန် လိုအပ်၍ နိုင်ငံတော်မှ ရရှိနိုင်သော ငွေကြေးနှင့် နည်းပညာများကို အသုံးပြု၍ မိမိတို့ တိုင်းဒေသ ကြီးတွင်ရှိသည့် Resources များဖြင့် ပေါင်းစပ်၍ စီးပွားရေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက် ရမှာဖြစ်ကြောင်းနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် ပတ်သက်၍ ဆိပ်ကမ်း၊ ရေကြောင်း၊ အကောက်ခွန်၊ ကုန်သွယ်ရေးဆိုင်ရာ လိုင်စင်ကဏ္ဍများအတွက် ဆောင်ရွက်ရန် လိုအပ်၍ ကုန်စည်စီးဆင်းမှု အတားအဆီးများ၊ လိုင်စင်နှင့် ခွင့်ပြုချက် နှောင့်နှေးမှုများ ဖြေရှင်း ဆောင် ရွက်ရန်နှင့်ပို့ကုန်ဆိုင်ရာ ငွေကြေးလိုအပ်ချက် အရည်အသွေးနှင့် နည်းပညာဆိုင်ရာလိုအပ် ချက်များ ဖြည့်ဆည်းပေးရန်လည်း လိုအပ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲမှ ဖော်ထုတ်ရရှိ သည့် စီးပွားဖွံ့ဖြိုးမှု မြှင့်တင်ရေးဆိုင်ရာ အချက် (၂၈)ချက်နှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးဆိုင်ရာ အချက် (၂၀)အား မူကြမ်းရေးဆွဲ၍ အောက်တိုဘာလ (၂၅)ရက်နေ့ အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့၀င် ၀န်ကြီးများထံသို့ တင်ပြခဲ့ရာ အလုပ်ရုံဆွေးနွေး ပွဲ ရလဒ်အား မူအားဖြင့် သဘောတူခဲ့ပြီး ဌာနတစ်ခုခြင်းမှ ကဏ္ဍတစ်ခုခြင်းအလိုက် အသေးစိတ် ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် အောက်တိုဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

     စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း လုပ်ငန်းရှင်ပေါင်း(၂၉)ဦးက အပ်နှံလာ သော သီးနှံအမျိုးအစား(၁၁)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၆၇) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၁၈၃) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား ဒေသတွင်း နိုင်ငံများအပါအဝင် ဂျပန်နိုင်ငံ၊ နယ်သာလန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် နှမ်းနက်(သိပ္ပံ)၊ နှမ်းနက်(ရိုးရိုး)၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ နေကြာစေ့၊ မတ်ပဲ၊ ပဲမှုန့်၊ ပြောင်းဖူးစေ့၊ ဆန်ဖြူနှင့် ဆန်ကွဲ တို့၏ ဓာတု အရည်အသွေး၊ ရူပ အရည်အသွေး၊ ပိုးသတ်ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းကိုလည်းကောင်း၊ ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် စားအုန်းဆီ များ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၂) ခု၊  မှိုဆိပ်ဆိုင်ရာဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၂၆) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၂၅) ခု၊ သီးနှံ(ဓာတု)ဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ် မှု (၁၇)ခုနှင့် သီးနှံ(ရူပ)ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၃)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၁၈၃) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဥပဒေပါအချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကိုသိရှိပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန် ထိန်းကျောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ    နိုဝင်ဘာလ(၃)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့နယ်၊ မြောင်းကြီးကျေးရွာရှိ Top Team ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  ခရိုင်ဦစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူပြည်သူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုသိရှိနိုင်စေရန် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ ရပ်ကွက်၊ ကျေးရွာများ၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ စည်ပင်သာယာဈေးများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် ဌာနဆိုင်ရာများအား အသိပညာပေးဟောပြောဆွေးနွေးခြင်း၊  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရေသန့်လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၉)ပါအကြောင်းအရာများ၊  ကုန်စည်ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူများအားလုံး စားသုံးသူအခွင့်အရေးများသိရှိနိုင်စေရန် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းများ၊  စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  ဌာနနှင့်ပတ်သက်သော သတင်းအချက် အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများကြုံရပါက ဌာနသို့အလွယ်တကူတိုင်ကြားနိုင်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို စုံစမ်းနိုင်ရန်ရည်ရွယ်၍ ဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Centerနံပါတ် ၁၅၃၅သို့ ရုံးဖွင့်ရက်ရုံးချိန် အတွင်းမည်သည့် Operator Ph No. ကဖြစ်စေခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးဝမြို့၊ အမှတ်- ၂ ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးဝမြို့နယ်တာဝန်ခံသည် အောက်တိုဘာလ ( ၃ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ကလေးဝမြို့ ( အမှတ်-၂  )  ကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာဆိုင်ရာ ဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ ( ၉ ) ဉီး၊ ကျောင်းသား/ ကျောင်းသူ ( ၂၄၇ ) ဦး၊ စုစုပေါင်း( ၂၅၆ )ဦး တက်ရောက်ခဲ့ပါသည်။ ဦးစွာပထမ ကျောင်းအုပ်ဆရာကြီး ဦးစိန်မြင့်မှ  အဖွင့်အမှာစကားပြောကြားခဲ့ပြီး  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနှ ဦးစီးအရာရှိ ဒေါ်ခင်ပြုံးရီမှ အားကစားပြုလုပ်ခြင်းဖြင့် ခန္ခာကိုယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးကောင်းမွန်စေရေးအတွက် အားကစားပညာရပ်များ၊ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်နေ့စဉ်လေ့ကျင့်သင့်သည့်အကြောင်း အရာများ ဆွေးနွေးပြောကြားခဲ့ပြီး၊ ကလေးဝမြို့နယ် စားသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးမှ စားသုံးသူအခွင့်အရေးသိကောင်းစရာများ၊ အစားအစာများ၊ ဆေးဝါးများကို ဝယ်ယူအသုံးပြုရာတွင် သတိပြုဝယ်ယူရမည့် အချက်အလက်များကို  အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို နံနက်(၁၁:၀၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

 

 

ဖောင်းပြင်မြို့နယ်၏ တောင်းဖျာရက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

       ဖောင်းပြင်မြို့နယ်၊ ပင်သာကျေးရွာအုပ်စုတွင် တောင်းဖျာရက်လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် တောင်းဖျာရက်လုပ်ငန်းအစုအဖွဲ့မှ အဖွဲ့ဝင် ဒေါ်တင်တင်နုထံသို့ သွားရောက်ဆက်သွယ်၍ လုပ်ငန်းများ ဆောင်ရွက်နေမှုကို လေ့လာခဲ့ပါသည်။

      တောင်းဖျာရက်လုပ်ငန်းလုပ်ကိုင်သူများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တောင်းဖျာရက် လုပ်ငန်းအစုအဖွဲ့များကို စားသုံးသူရေးရာဦးစီးဌာန ဖွဲ့စည်းပေးထားပါကြောင်းနှင့် မိမိတို့အနေဖြင့် တောင်းဖျာရက်လုပ်ငန်းကို မိသားစုတစ်ပိုင်တစ်နိုင်သာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခုအခါတွင် ဖျာကြမ်း၊ နှီးကြောဖျာများကို ရက်လုပ်လျက် ရှိပါသည်။ ဖျာကြမ်းတစ်ချပ်လျှင် ( ၅၀၀၀ ) ကျပ်၊ နှီးကြောဖျာတစ်ချပ်လျှင် ( ၁၀၀၀၀ ) ကျပ်၊ ယပ်တောင်တစ်ချောင်းလျှင် ( ၅၀၀ ) ကျပ် စသည့်ဈေးနှုန်းများဖြင့် ရက်လုပ်ရောင်းချလျက်ရှိပါကြောင်း လေ့လာသိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)

           

ကော့သောင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီး ဌာနမှတာဝန်ရှိသူများ၊ စည်ပင်သာယာရေးမှ ဈေးတာဝန်ခံများကြီးကြပ်မှုဖြင့် ကော့သောင်းခရိုင်ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် အေးမြကန်သာရပ်ကွက်ရှိ နွယ်သာဂီလမ်းနှင့်လမ်းသွယ်များ၊ မနော်ဟယ်ရီလမ်း တို့တွင် စားသုံးသူပြည်သူများအား သက်သာ သည့်ဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိကြောင်းသိရပါသည်။

        မြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှအဆင်ပြေကြစေရန် မီးဖိုချောင်သုံး စားသုံးဆီများကို သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် တစ်ပိဿာ(၄၇၀၀)ကျပ်နှုန်းဖြင့် မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရေး ဈေးကားဖြင့် လိုက်လံရောင်း ချပေးလျက်ရှိပြီး ဝယ်ယူသည့်ပြည်သူများအား ကော့သောင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း မှ MASK များအား အခမဲ့ပေးဝေခဲ့ကြောင်း သိရှိရပါသည်။ အလားတူရောင်းချခြင်းကို ကားဖြင့်လှည့် လည်၍ ရပ်ကွက်ပြည်သူများ လက်ဝယ်အရောက်ဆက်လက်ရောင်းချပေးရန် အစီအစဉ်များရှိပါ ကြောင်း မိဘပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်/ကျေးရွာများသို့လည်း လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာခရိုင်အတွင်းရှိ မြို့နယ်များတွင် ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချပေးနိုင်ခဲ့

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် ခရိုင်ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် (၁/၂၀၂၂) ကြိမ်၊ (၂/၂၀၂၂) ကြိမ် နှင့် (၃/၂၀၂၂)ကြိမ်များကို (၁၇.၁.၂၀၂၂)ရက်နေ့မှစ၍ (၂၆.၂.၂၀၂၂) အထိ စားအုန်းဆီပိဿာစုစုပေါင်း (၁၁၀၀၀၀)၊ တန်အားဖြင့် (၁၁၄) တန်ကို မုံရွာခရိုင် အတွင်းရှိ စားသုံးသူပြည်သူများသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ပါသည်။

      မုံရွာခရိုင်အတွင်းရှိ မြို့နယ်များအပါအဝင်၊ ယင်းမာပင်ခရိုင်ရှိ လက်လီ/လက္ကားဆိုင်များနှင့် မုံရွာမြို့ပေါ် ရပ်ကွက်၊ ဈေးများရှိ လက်လီ/လက္ကားဆိုင်စုစုပေါင်း (၁၅၂) ဆိုင်သို့ခွဲတမ်းများဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချပေးရာတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် စားအုန်းဆီ ၁ ပိဿာလျင် ၄၅၅၀ ကျပ်ဖြင့်လည်းကောင်း တတိယအကြိမ်တွင် စားအုန်းဆီ ၁ ပိဿာ   လျင် ၄၉၇၀ ကျပ်ဖြင့်လည်းကောင်း စားသုံးသူပြည်သူများအဆင်ပြေစေရန် သက်သာသောဈေးနှုန်း များဖြင့် ရောင်းချပေးခဲ့ပါသည်။

       ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကြီးကြပ်၍ (၄/၂၀၂၂) နှင့် (၅/၂၀၂၂) အကြိမ်မြောက် စားအုန်းဆီခွဲတမ်းများ ထပ်မံထွက်ရှိသော်လည်း ရန်ကုန်မြို့နေ ပြည်သူများ စားသုံးဆီလောက်ငှမှု ရှိစေရန်ရည်ရွယ်၍  နယ်မြို့များသို့ခွဲဝေပေးမှု ခေတ္တရပ်ဆိုင်း ထားပြီး မတ်လ ၂၀ ရက်နောက်ပိုင်းတွင် နယ်မြို့များသို့စားအုန်းဆီခွဲတမ်းများ ဆက်လက်ပေးသွား မည်ဖြစ်ကြောင်း ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးထံမှ ဆွေးနွေး မေးမြန်းချက်များအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီဈေးကားများဖြင့် ပြည်သူများအား လိုက်လံရောင်းချပေးလျှက်ရှိ

     စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေသအလိုက်ဈေးကားများဖြင့် လှည့်လည်ရောင်းချသည့် အစီအစဉ်ကို လည်းထည့်သွင်းဆောင်ရွက်လျက်ရှိရာ မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှဦးစီး၍ အစိုးရရုံးဖွင့်ရက်များအတိုင်း နေ့စဉ်ရောင်းချပေး လျက်ရှိရာ (၂၉..၂၀၂၂)ရက်နေ့မှစ၍ (၃၁.၁၀.၂၀၂၂) ရက်နေ့အထိ တစ်ရက်လျှင်ဈေးကား()စီးဖြင့် တန်ချိန်(၁၀၀)ကျော်ကို မုံရွာမြို့ပေါ်ရှိရပ်ကွက်များဖြစ် သောအောင်မင်္ဂလာရပ်ကွက်၊ဆူးလေကုန်းရပ်ကွက်၊ရတနာပုံရပ်ကွက်၊ ထန်းတောရပ်ကွက်၊ အောင်ချမ်း သာရပ်ကွက်၊ မြဝတီရပ်ကွက်၊ ဘုန်းစိုးရပ်ကွက်စသည့်မြို့‌ပေါ်ရပ်ကွက်များအပြင် ချင်းတွင်းရတနာဈေး၊ မြသလ္လာဈေး၊ မန်ကျည်းပင်ဈေး၊ အလုံ ဈေးများနှင့် တိုင်း/ခရိုင်/မြို့နယ်ဝန်ထမ်းများနေထိုင်ရာ အိုးအိမ်ဝန်ထမ်း အိမ်ရာများသို့လည်း အပတ်စဉ်ထွက်ရှိသော ရည်ညွှန်းဈေးအပေါ် ၂ % အမြတ်ထက် မပိုသော ဈေးနှုန်းများဖြင့် ရပ်ကွက်နေရာအစုံလှည့်လည်ရောင်းချပေးလျက်ရှိပါသည်။

          (.၁၁.၂၀၂၂)ရက်နေ့တွင် ဈေးကား(၂)စီးဖြင့်  မုံရွာမြို့စက်မှုဇုန်ရပ်ကွက်နှင့် နတ်လူထိပ်ပန် ရပ်ကွက်များတွင်စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ အောက် တိုဘာလ (၃၁) ရက်မှ နိုဝင်ဘာလ (၇) ရက်နေ့အထိထုတ်ပြန်သော အခြေခံလက်ကား ရည်ညွှန်းဈေး အပေါ် မူတည်၍ စားအုန်းဆီ()ပိဿာလျှင်(၄၆၅၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာ နှုန်း ရောင်းချဖြန့်ဖြူးပေးခဲ့ပြီး လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ တန်းစီစေခြင်းဖြင့်  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး စားသုံးသူပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေး နိုင်ခဲ့သဖြင့် ဒေသခံပြည်သူများ ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးဝမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ( ၂ ) ရက်နေ့တွင် ကလေးခရိုင်ဦးစီးမှူးရုံး နယ်မြေအတွင်းရှိ ကလေးဝမြို့ရှိ စည်ပင်သာယာဈေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            သွားရောက်စစ်ဆေးရာတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်  ဆောင်ရွက်လျက်ရှိပြီး  ယခုလတွင် လူအများစု အသုံးပြုနေသည့် သွားတိုက်ဆေးကို အဓိကထား၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           ကွင်းဆင်းဆောင်ရွက်ရာတွင် လူအများစုအသုံးပြုသော စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ နေသည့် ကုန်စည်များအနေဖြင့်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် ( ၂/၂၀၁၉ )နှင့်အညီ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ညွှန်းအမှတ် အသားများကို ပြည့်စုံစွာဖော်ပြပါရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်မှုများ ရှိလာသည်ကို တွေ့ရှိရပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းခရိုင်၌  ဂျုံသီးနှံ ယခုနှစ် ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးမည်

       စစ်ကိုင်းခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်တွင်ဂျုံစိုက်ဧက(၄၇၅၇၆)စိုက်ပျိုးခဲ့ပြီး၊ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း(၁၉)တင်းခန့် ထွက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင် စိုက်ပျိုးရန် လျာထားဧက (၄၇၆၀၁)ဖြစ်ပြီး တိုးချဲ့စိုက်ပျိုးရန် ဧက(၁၇၅၀)လျာထား ထားကြောင်း ခရိုင်စိုက်ပျိုး‌ရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

       ဂျုံသီးနှံကို နိုဝင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး၊ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် ထွက်‌ပေါ်သည်။ စစ်ကိုင်းမြို့နယ်တွင် ဂျုံဖြူသန့်မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ ယခုနှစ်တွင် တစ်ဧက ကုန်ကျစရိတ် ကျပ်(၄)သိန်းခန့် ကုန်ကျနိုင်ကြောင်း၊ ဂျုံသီးနှံစိုက်ပျိုးရာတွင် ထယ်ထိုးရခြင်း၊ ရေသွင်းရခြင်း၊ မြေဆီသုံးရခြင်း၊ အခြားသီးနှံများထက် ပိုမိုဂရုစိုက်ရပါကြောင်း၊ မျိုးတစ်တင်း (၇၀၀၀ဝိ/-)ဖြင့် တစ်ဧကလျှင် မျိုးတစ်တင်းခွဲ အသုံးပြုကြောင်း၊  တစ်ဧကလျှင် ခန့်မှန်း (၁၉)တင်းထွက်လျှင် လက်ရှိ ဂျုံစေ့တစ်တင်းပေါက်ဈေး (၆၀၀၀ဝိ/-)ဖြင့် တွက်ပါက တစ်ဧက အမြတ် ကျပ်(၇)သိန်းကျော် ရရှိနိုင်ကြောင်း စစ်ကိုင်းမြို့နယ်၊ မကျီးကုန်းကျေးရွာတွင် ယခုနှစ် ဂျုံ(၃)ဧက စိုက်ပျိုးသည့် တောင်သူ ဦးညွန့်ဝင်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ