သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်တွင်းပြည်ပဈေးကွက်တွင် အလားအလာရှိသော ကျိုက်လတ်မြို့နယ် အသင့် စားငါးရံ့ခြောက်ဖုတ်

         ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၈ ဒသမ၂)ပေအမြင့်တွင် တည်ရှိသဖြင့် ပင်လယ်နှင့်(၁၈)မိုင်အကွာတွင်တည်ရှိပါသည်။ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်(၆)ခု၊ ကျေးရွာအုပ်စု(၈၇)အုပ်စုရှိပြီး ကျိုက်လတ်မြို့နယ်၏ အရှေ့ဘက်တွင် ဒေးဒရဲမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ အနောက်ဘက်တွင် မော်လမြိုင်းကျွန်းမြို့နယ်နှင့် ဝါးခယ်မမြို့ နယ်၊တောင်ဘက်တွင် ဖျာပုံမြို့နယ်နှင့် ဘိုကလေးမြို့နယ်၊ မြောက်ဘက်တွင် မအူပင်မြို့နယ်နှင့်နယ် နမိတ်ချင်းထိစပ်နေပါသည်။ မြေမျက်နှာပြင်မှာ မြစ်ဝကွျန်းပေါ်ဒေသဖြစ်၍ မြစ်၊ ချောင်း၊ အင်းအိုင် များ၊ပေါများပြီး မြေပြန့်ဒေသဖြင့်ကာ လယ်ယာလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိက အားထားလုပ်ကိုင်လျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။

     ကျိုက်လတ်မြို့နယ်တွင် အင်းလုပ်ငန်း(၇၈)အင်း၊ ငါးမွေးမြူရေးကန်(၇၈)ကန် ငါးမွေးမြူရေး လုပ်ငန်းဆောင်ရွက်သူ(၃၅)ဦးရှိပါသည်။ နှစ်စဉ် မြစ်ချောင်းအင်းအိုင်နှင့်မွေးမြူရေးကန်များမှ ထွက်ရှိသော ငါးများကို ပုံမှန်ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိပြီး ငါးရံ့များကို မြို့နယ်အတွင်းရှိ အင်းများမှာ ရရှိသကဲ့သို့ လိုအပ်သည့်ငါးရံ့များအား ရန်ကုန်ငါးဈေး၏ အဝယ်ဒိုင်များမှဝယ်ယူရရှိပါ သည်။ ကုန်ကြမ်းများ လိုသလောက်ဝယ်ယူရရှိပြီးပါက အသင့်စားငါးရံ့ခြောက်ဖုန် တန်ဖိုးမြှင့်ထုတ် ကုန်(Value  Added )ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်များသို့ တင်ပို့ဖြန့်ဖြူးရောင်းချနိုင်ခဲ့သဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိကာ ဝင်ငွေတိုးတက်လျက်ရှိပါသည်။

       ယခုကာလသည် ငါးခြောက်ခွဲလှမ်းသောကာဖြစ်ပါသည်။ တစ်နှစ်လျင်(၇)လသာထုတ်လုပ်နိုင်ပြီး အောက်တိုဘာလမှ ဧပြီလထိလုပ်ကိုင်လေ့ရှိကြပါသည်။ ငါးအစိုမှ ငါးခြောက်အဆင့်ပြုလုပ်ရာတွင် ငါးရံ့အစို(၁၅)ကျပ်သား၊ (၂၀)ကျပ်သား အကောင်များအားရွှေးချယ်၍ဝယ်ယူကြရသည်။ ငါးရံ့အကောင်ကြီးပြုလုပ်ခြင်း၊ မပြုဘဲ ငါးရံ့အကောင်အသေးကိုသာပြုလုပ်လေ့ရှိကြပါသည်။ငါးရံ့ အကောင်ကြီးအား ငါးခြောက်ခွဲပါက အသားမြှောင်းထူကြီးသဖြင့်အခြောက်နှေးပါသည်။ ဆား အနည်းသာအသုံးပြုရသည့်အတွက်ဆားမနိုင်သဖြင့် အခြောက်နှေးလျှင် ငါးအသားအူပြီး အနံ့အရသာမကောင်းဖြစ်တတ်သည်။ ငါးအကောင်ကြီးသည့်အတွက် အသားရင့်ပြီး စားသုံးရာတွင်အသားမာနေ ခြင်းတို့ကြောင့် ငါးအကောင်ကြီးကို အသုံးမပြုကြောင်းသိရသည်။

      ငါးအရွယ်အစား(၁၅/၂၀)ကျပ်သား ငါးများကိုရွှေးချယ်အသုံးပြုခြင်းအားဖြင့် နေလှမ်းရာတွင် အခြောက်မြန်ပြီးစားသုံးရာတွင်လည်း ငါးအသားနူးညံ့သည့်အတွက် ပို၍အရသာရှိခြင်းတို့ကြောင့် ငါးရံ့အသေးများကိုသာ အသုံးပြုကြကြောင်းသိရသည်။ ပထမဦးစွာ ငါးခေါင်းဖြတ်၊ အူဖက်ထုတ်ပြီး ကျောခွဲ၊ ဗိုက်ခွဲ၍ အလယ်ရိုးထုတ်ကာ အပေါ်အရေခွံခွာ၍ ငါးတစ်ကောင်လျှင်(၅/၆)မြှောင်းခွဲစိတ်၍ အိမ်သုံးဆားအနည်းငယ်နှင့်နယ်ပြီး အမြှောင်းလိုက်ခြောက်အောင်နေလှမ်းရပါသည်။ ထိုငါးများအားယမ်းစိမ်းသုံးစွဲခြင်းမရှိပါ။နေလှမ်းရာတွင်(၃/၄)ရက်ထိနေလှမ်းပါက ခြောက်ပြီး ငါးရံ့အသားခြောက် များရရှိပါသည်။ပထမတစ်ရက်နေလှမ်းပြီးအသားမြှောင်းများအပေါ်ကြောတင်လာပါကလေးထောင့်ပုံ ငါးခြောက်မြှောင်းများကို   လုံးသွားအောင်   လက်ဖြင့်စုပ်၍  လုံးပေးရပါသည်။ ၎င်းနောက်ခြောက် သွေ့သွားအောင်နေဆက်လှမ်းရပါသည်။ (၄)ရက်နေလှမ်းပြီးပါက ခြောက်သွေ့သည့်ငါးခြောက်များ ရရှိပြီဖြစ်ပါသည်။

      ငါးရံ့ခြောက်မှာ ငါးရံ့ခြောက်ဖုတ်လုပ်ကိုင်ရာတွင် ငါးရံ့ခြောက်များအား သုံးမိနစ်ခန့်ရေစိမ် ထားရပါသည်။ ရေစိမ်ပြီးနောက် ရေကိုစစ်ထားကာ မီးသွေးမီးဖိုးများတွင် မီးဖုတ်၍ မွာလာအောင် ထုရပါသည်။ ထုမွာပြီးသာ ငါးခြောက်ဖုတ်များကိုမီးသွေးမီးဖိုတွင် သံဇကာခံ၍ တစ်ဖန်ပြန်ပြီးမီး ကင်ရပါသည်။မီးကင်ပြီးကြွပ်ရွလာသောငါးခြောက်ဖုတ်များအား ဆီဇလုံထဲသို့ ခေတ္တာထည့်၍ ဆီဇလုံမှ ဆယ်ယူကာ ဆီစစ်ထားသော ငါးခြောက်ဖုတ်များကို ထည့်သွင်းမည့် ဘူးအရွယ်အစားအလိုက်ချိန်ခွင်နှင့် ချိန်တွယ်၍ ဘူးထဲသို့ ထည့်ပြီးလေလုံအောင်(Packing   Plastic )ဖြင့် အလုံပိတ်ကာဈေးနှုန်း သတ်မှတ်ရောင်းချပါသည်။ ငါးရံ့ခြောက်ဖုတ်များအား ဆီစိမ်ထားလျှင်(၃)လ၊ ဆီမစိမ်ထားဘဲ အလွတ်ဖြစ်လျှင်(၅)လခန့် သက်တမ်းကုန်ဆုံးရက်ပေးထားပါသည်။ ငါးရံ့ခြောက်(၁)ပိဿာရရှိရန်  ငါးရံ့အစို(၁၀)ပိဿာသုံးစွဲရပါသည်။ ရရှိသောငါးရံ့ခြောက်(၁)ပိဿာကိုမီးဖုတ်၊ ထုရှိက်ပါအမှုံအမွှား များနှင့်ပဲ့ကြွေမှုရှိသဖြင့် စားသုံးရန်အသင့်(၆၀)ကျပ်သားသာ ကျန်ရှိမည်ဖြစ်ပါသည်။ ရင်းနှီးကုန်ကျ စရိတ်အနေဖြင့်ငါးရံ့အစို(၁၀)ပိဿာဝယ်ဈေးနှုန်းမှာတစ်ပိဿာလျှင်(၇၅၀၀)ကျပ်ဖြစ်၍(၁၀)ပိဿာ  ကုန်စရီတ်မှာ(၇၅၀၀၀)ကျပ်ဖြစ်သည်။ ငါးအစို(၁၀)ပိဿာအား ငါးခွဲလုပ်သားခ တစ်ဦးလျှင်(၃၀၀၀) ကျပ်ရှိပြီးနေလှမ်းခ(၆၀၀၀)ကျပ်၊ ဖုတ်ထုသည့်လုပ်သားခ၊ မီးသွေးဖိုး၊ ပဲဆီနှင့်လေးကျပ်သားဝင် ပလပ်စတစ်ဘူး(၁၅)ဘူး စုစုပေါင်းကုန်ကျစရိတ်(၂၅၀၀၀)ကျပ်ရှိသည်။ ဘေးထွက်ပစ္စည်းမှ ပြန် ရောင်းရငွေမှာငါးရံ့(၁၀)ပိဿာခွဲလျှင် ငါးရံ့ခေါင်းနှစ်ပိဿာငါးဆယ်ကျပ်သား ထွက်ရှိပြီးတစ်ပိဿာ ပြန်ရောင်းဈေးမှာ(၇၀၀)ကျပ်နှုန်းဖြစ်၍(၁၇၅၀)ကျပ်ရရှိပါသည်။ ငါးရံ့အူအနေဖြင့်ငါးဆယ်ကျပ်သား ရရှိပြီးပြန်ရောင်းဈေးနှုန်းမှာ(၁၀၀၀)ကျပ်နှုန်းရှိ၍ ( ၅၀၀၀ )ကျပ်ပြန်လည်၇ရှိပါသည်။ စုစုပေါင်းပြန် ရောင်းရငွေမှာ(၆၇၅၀)ကျပ်ပြန်လည်ရရှိပါသည်။ငါးရံ့ခြောက်တစ်ပိဿာကို အသင့်စားငါးရံ့ခြောက် ဖုတ်(၆၀)ကျပ်သားရရှိမှုအပေါ် တွက်ချက်တင်ပြရလျှင် ငါးရံ့ခြောက်တစ်ပိဿာကို( ၄ )ကျပ်သားဝင် ငါးခြောက်ဘူး(၁၅)ဘူးရရှိပြီး တစ်ဘူးလျှင်(၉၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချသည့်အတွက် အသား တင်အမြတ်အနေဖြင့် အသင့်စားငါးရံ့ခြောက်ဖုတ် (၆၀)ကျပ်သား ရောင်းပြီးတိုင် ပျှမ်းမျှ(၃၂၇၅၀)ကျပ် ကျန်ရှိပါသည်။ လုပ်ငန်းရှင်တစ်ဦးအနေဖြင့် တစ်နှစ်လျှင် (၇)လတာလုပ်ရသောအလုပ်ဖြစ်၍( ၇ )လ အတွင်းငါးခြောက်ပိဿာချိန်( ၁၀၀ )ထုတ်လုပ်နိုင်ပြီး ငါးခြောက်ပိဿာချိန်( ၁၀၀ )အတွက် အသားတင် အမြတ်ငွေ ကျပ်သိန်း(၅၀)ကျော်ဝင်ငွေရှိကြောင်းသိရသည်။

      အသင့်စားငါးရံ့ခြောက်ဖုတ်အားကျိုက်လတ်မြို့နယ်နှင့်ပတ်ဝန်းကျင်မြို့များ၊ရန်ကုန်၊နေပြည်တော်မြို့ကြီးများ၊ Super  Market ၊  Mini  Market များသို့ ဖြန့်ဖြူးတင်ပို့ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်ဖုတ်လုပ်ငန်းသည် ကျိုက်လတ်မြို့၏ဒေသထွက်ကုန်ဖြစ်၍ လက်ဆောင်အဖြစ်ပေးခြင်းအတွက် အရောင်းသွတ်သောကုန်စည်လည်းဖြစ်ပါသည်။ ကျိုက်လတ်မြို့နယ်သည် ရေချိုဒေသဖြစ် ၍ရေထွက်ပစ္စည်းများထွက်ရှိရာ တန်ဖိုးမြှင့်ထုတ်ကုန်(Value  Added )ထုတ်လုပ်နိုင်ခြင်းအားဖြင့် ဈေးကွက်အရောက်တင်ပို့နိုင်ခြင်းနှင့် ဈေးကွက်ဝေစုရရှိခြင်းသည် ဒေသလုပ်ငန်းရှင်များ၏အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် အထောက်အပံ့ကောင်းများဖြစ်ပြီး ငါးရံ့ခြောက်ဖုတ်လုပ်ငန်းမှာ MSMEs ထုတ်ကုန်အမယ်သစ်အနေဖြင့် ပြည်တွင်း/ပြည်ပ ဈေးကွက်ဝေစုရရှိနိုင်သော အလားအလာကောင်း ထုတ်ကုန်ပစ္စည်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂၅.၁၀.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်မြန်မာဘာသာဖြစ်စေ၊အခြားဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထား သည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင် ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show   ပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည် (၂၅.၁၀.၂၀၂၂)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

        ထိုသို့ ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့် အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ထားသည့် ဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာ ဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များ အတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံး တွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် တာကောက်မူလွန်ကျောင်း တွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာအကြောင်း ဟောပြော

          ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၂)နေ့ နံနက် (၁၃:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးဝါးဦးစီးဌာနတို့နှင့်အတူ မအူပင်မြို့ တာကောက်မူလွန်ကျောင်းတွင် ဌာနဆိုင်ရာ များ စုပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးအောင်ဇော်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူကာကွယ်ရေးအကြောင်း၊ စားသုံးသူ၏အဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များအကြောင်း၊ ဈေးကွက်အတွင်းစားသုံးရန် မသင့်သော အစားအသောက်များကို သိရှိစေရန် နမူနာပေး ရှင်းလင်းပြောကြားပြီး၊ ဈေးကွက်အတွင်းရှိ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသား ပြည်စုံစွာပါဝင်သော ကုန်စည်နှင့် ဌာနတို့၏ ထောက်ခံချက်၊ ခွင့်ပြုချက်များပါဝင်သော ကုန်စည် များကိုသာ ရွေးချယ်ဝယ်ယူတက်စေရန် ပညာပေးပြောကြားခဲ့ပြီး မိမိတို့ဝယ်ယူသော ကုန်စည်အကြောင်း စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုက်ကြားနိုင်သည့် နည်းလမ်း အဆင့်ဆင့်အကြောင်းကို ဟောပြောခဲ့ပြီး ဆရာ/ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၃)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားသို့ ခရိုင်ဦးစီးမှူး မှ စားသုံးသူကာကွယ်ရေး သိကောင်းစရာများအကြောင်း ရှင်းလင်းဟောပြော

       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ သမဝါယမဦးစီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတို့မှ ပူးပေါင်းဆောင်ရွက်သည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို (၁၃)ရက်ကြာဖွင့်လှစ်သင်ကြားပြီးနောက် အခမ်းအနားကို (၂၄.၁၀.၂၀၂၂) နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မအူပင်မြို့နယ် အိုင်ဝိုင်း ကျေးရွာ အုပ်ချုပ်ရေး မှူးရုံး၌ သင်တန်းဆင်းပွဲအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါအခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဇင်အေးမှ သင်တန်းဆင်ပွဲတွင် အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ပေးရေး အကြောင်း၊ စားသုံးသူ၏အဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးခြင်းအချက် အလက်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူ အခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက နစ်နာမှုအတွက်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် တိုင်ကြားမှုနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းများ၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်အများကို အလွယ်တကူစုံစမ်းနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်လျှက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel၊ Ooredoo Sim Card များအပြင် MPT Sim Card User များလည်း ခေါ်ဆိုမေးမြန်းနိုင်ပါကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ ပြစ်မှု၊ ပြစ်ဒဏ်များအပြင် အသေးစား၊ အလတ်စား ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်း‌ဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂၆.၁၀.၂၀၂၂) နေ့ နံနက် (၀၈:၃၀) နာရီမှစ၍ မအူပင်အခွန်လွတ်ဈေး၊ ကုန်စိမ်းဈေးနှင့် တာပေါ်ဈေးများတွင် ရောင်းချနေသော ပဲပြားနှင့်ပဲသွေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ကြ ပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ပဲပြားနှင့် ပဲသွေးရောင်းချသော ဆိုင်များမှ  ပဲပြား၊ ပဲသွေးများကို နမူနာကောက်ယူ စစ်ဆေးမှုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အထက(၆)စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး ဟောပြောပွဲပြုလုပ်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမိုးမင်းသန်းနှင့်  မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍  (၂၅.၁၀.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) နာရီက မြောင်းမြမြို့နယ်၊ အထက(၆)ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဒု-ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ထုတ်လုပ် သည်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ထုတ်လုပ်မှုအမှတ်စဉ် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ အကြောင်း ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မိမိတို့ပါတ်ဝန်းကျင်တွင်ရောင်းချနေသော အစားအသောက်များတွင် စားသုံးရန်မသင့်သောအစားအစာများ၊ ဓါတုဆိုးဆေးများလွန်ကဲစွာ အသုံးပြုထားသော မုန့်ပဲ၊ သရေစာများကို  စားသောက်မိပါက ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးများခံစားရပြီး၊ ဆေးရုံ ဆေးခန်းပြသရန်အတွက် ကုန်ကျစရိတ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်း ကျောင်းသား/သူများအနေဖြင့် အစားအသောက်များကို မိမိတို့အသိစိတ်ဖြင့် ရွေးချယ်ဝယ်ယူစားသောက်နိုင်ကြစေရန် အသိပေးဟောပြောခဲ့ပါသည်။

        ထို့နောက် ကျောင်းမုန့်ဈေးတန်း စားသုံးသူရေးရာအဖွဲ့ဖြင့် မုန့်ဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်နေသောအစားအသောက်များ ရောင်းချခြင်းမပြုရန် မုန့်ဆိုင်ပိုင်ရှင်များသို့ မှာကြားခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၀)ဦး၊ ကျောင်း သား /သူ(၂၉၀)ဦး စုစုပေါင်း(၃၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့မဈေးတာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၅.၁၀.၂၀၂၂) ရက် နေ့ နေ့လယ် (၁၃:၀၀)နာရီက မြို့မဈေးတာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား ကုန်အညွှန်းဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမင်းဇော်လတ်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းစားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ရောင်းချနေသော ကုန်ပစ္စည်းများတွင် ဌာနမှ ထုတ်ပြန်ထားသောဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူများထိခိုက်နစ်နာမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ထုတ်ပြန်ထားသော ဥပဒေများအတိုင်းများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောပွဲသို့လုပ်ငန်းရှင်(၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းမြို့နယ် ပေစိကျွန်းကျေးရွာရှိ အထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အားကာ/ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၅.၁၀.၂၀၂၂) နေ့တွင် (၀၉:၄၅)နာရီ အချိန်တွင် ညောင်တုန်းမြို့ ပေစိကျွန်းကျေးရွာရှိ အ.ထ.က(ခွဲ)ကျောင်းတွင် ကျောင်းသူ/ ကျောင်းသူ (၂၁၀)ဦး နှင့် ဆရာ/ ဆရာမ (၂၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ဥပဒေအကြောင်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများကုန်စည်ကို ရွေးချယ်ဝယ်ယူ တက်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်များကို သေချာကြည့်ရှုမှတ်သား၍ ဝယ်ယူနိုင်ရန်လည်းကောင်း၊ ကုန်စည်ဝန်ဆောင်မှုကို စားသုံးသူများမှ ရွေးချယ်ဝယ်ယူရာတွင် အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု ရှိလာပါက စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဝန်ဆောင်မှုကို ဆက်သွယ်၍ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel၊ Ooredoo Sim Card များအပြင် MPT Sim Card User များလည်း ခေါ်ဆိုတိုင်ကြားမေးမြန်းနိုင်ပါကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲ တက်ရောက်သူ ကျောင်းသား/သူများမှ သိရှိလိုသည့်များကို မေးမြန်းကြပြီး ညောင်တုန်းမြို့နယ် ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် မီးသတ်တပ်ဖွဲ့ဝင်များကို (၂၄.၁၀.၂၀၂၂)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်ထိ အမှတ်(၃)ရပ်ကွက်(၆) လမ်းမီးသတ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးတင်စိန်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊တားမြစ်ချက်များ၊ ကုန်စည်(သို့ )ဝန်ဆောင်မှု၊ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု၊ ကုန်စည်များ တွင်ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာ‌ဖော်ပြထားသော အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများကိုသာ ဝယ်ယူအသုံးပြုကြရန်နှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ ဝယ်ယူအသုံးမပြုကြရန် အသိပညာပေးဟောပြောခဲ့ပြီး ထိုအခမ်းအနားသို့ မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ