သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၂၆.၈.၂၀၂၅ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော မိုင်(စတိုးဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Wah-Lah အမှတ်တံဆိပ်၊ ပုဇွန်အရသာ ဆီချက် ခေါက်ဆွဲတွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ နှင့်အညီ မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြရမည့်ကုန်စည်၏ အမျိုးအမည်၊အရွယ်အစား၊အရေအတွက်၊ အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ ပြည့်စုံစွာဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်းစစ်ဆေး တွေ့ရှိရပြီး စတိုးဆိုင် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်မှုမရှိသော ကုန်စည်များကိုရောင်းချခြင်း မပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

 KTO3 (ရေသန့်စက်ရုံ)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၂၆.၈.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ KTO3(ရေသန့်စက်ရုံ) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ KTO3 (သောက်ရေသန့်) အမှတ်တံဆိပ်ပါ သောက်ရေသန့်သည် သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စက်ရုံပိုင်ရှင်အား သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်စွာ ဖော်ပြပါရှိသော သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဦးအောင်ဇော်ဝင်း (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၅.၈.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ ဦးအောင်ဇော်ဝင်း (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကလေးအသုံးအဆောင်ပစ္စည်းများကုန်စည်အုပ်စုတွင်ပါဝင်သော SUPER KIDDY အမှတ်တံဆိပ်ပါ တစ်ခါသုံးကလေးသေးခံ ဘောင်းဘီသည်  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မ တည့်ကြောင်းဖာ်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး storeဆိုင်ပိုင်ရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်းချရာတွင် လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူ ဖြန့်ဖြူးရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၃)ရပ်ကွက်၊နိဗ္ဗာန်လမ်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေး နှင့်ဝန်ထမ်းများသည်(၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍အမှတ်(၃)ရပ်ကွက်၊နိဗ္ဗာန်လမ်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှအမှတ်(၃)ရပ်ကွက်၊နိဗ္ဗာန်လမ်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ။

DOCAဧရာဝတီ)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊မြို့မဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်း နှင့်ဝန်ထမ်းများသည်(၂၅.၈.၂၀၂၅)ရက်နေ့၊နေ့လယ် (၁၃:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍အိမ်မဲမြို့နယ်၊မြို့မဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှအိမ်မဲမြို့နယ် မြို့မဈေးရှိ ကုန်မျိုးစုံဆိုင် များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ။

DOCAဧရာဝတီ)

 

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၃)ရပ်ကွက်၊နိဗ္ဗာန်လမ်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေး နှင့်ဝန်ထမ်းများသည်(၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍အမှတ်(၃)ရပ်ကွက်၊နိဗ္ဗာန်လမ်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှအမှတ်(၃)ရပ်ကွက်၊နိဗ္ဗာန်လမ်းရှိ ကုန်မျိုးစုံဆိုင် များတွင်ရောင်းချနေသော အသင့်စားခေါက်ဆွဲထုပ်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ  ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည် ။

DOCAဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်း နှင့်      ဝန်ထမ်းများသည်(၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်း ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့ တွင် ဆန်၊ စားအုန်း ဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

            ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCAဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးစေရေးအတွက် သက်သောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ‌ရောင်းချပေးခြင်း

 

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၆.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် မြို့နယ်ကုန်ဈေနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြည့်ကြပ်မှု့ဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စးအုန်းဆီ၊ ကြက်ဥတို့ကို သက်သာဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

ထိုသို့ရောင်းချရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန် တစ်ပြည်ကို(၂၀၀၀)ကျပ်၊ ဆီ တစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်  မည်သူမဆိုလွတ်လပ်စွာ ဝယ်နိူင်ရန်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

( DOCAဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးစေရေးအတွက် သက်သောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ‌ရောင်းချပေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၅.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် မြို့နယ်ကုန်ဈေနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြည့်ကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံးကို(၃၅၀)ကျပ်၊ ဆန် တစ်ပြည်ကို(၂၀၀၀)ကျပ်၊ ဆီ တစ်ပိဿာကို(၇၀၀၀)ကျပ် အစရှိသည့် ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့်  မည်သူမဆိုလွတ်လပ်စွာ ဝယ်နိူင်ရန်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

( DOCAဧရာဝတီ)

ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချမှုကို ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့မနှင့် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များသို့ ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုနှင့် ဆန်အမျိုးအစားလိုင် ဈေးနှုန်း အခြေအနေအား (၂၅-၈-၂၀၂၅)ရက်နေ့  နံနက်(၁၀)နာရီတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ တို့သည် မြို့နယ်စည်ပင်သာယာဈေးနှင့် မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များ ဖြစ်ကြသော အောင်ကမ္ဘာဆန်ဆိုင်၊ သရဖူဆန်ဆိုင်၊ ဦးတရုတ်ကြီး၊  ဓနုသားဆန်ဆိုင်၊ ဖျာပုံဆိုင်၊ ကေဆဲဗင်းဆန်ဆိုင် ရပ်ကွက်များ အတွင်း ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဆန်ဆိုင်လုပ်ငန်းရှင်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ပုသိမ်ပေါ်ဆန်း၊ ကျားပျံ၊ ဖျာပုံ တောင်ပျံ၊ ရက် ၉၀ဆန်၊ မနောသုကဆန်၊ ဧည့်မထစသည့်ဆန် အမျိုးအစားအလိုက် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဩဂုတ်လ ထုတ်ပြန်ပေးထားသော ရည်ညွှန်းဈေးဖြင့်  သင့်တင့်မျှတသည့် ဈေးဖြင့် ဆန်ဈေးကွက်၊ ဈေးနှုန်းများ ရောင်းချမှု ရှိမရှိကို စစ်ဆေးခြင်း၊ သတ်မှတ်ရည်ညွှန်ဈေးထက် အဆမတန် ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ ဆန်အမျိုးအစားအလိုက် လက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဈေးနှုန်းတို့အား စာရင်းကောက်ယူခဲ့ပြီး စားသုံးသူကာ ကွယ်ရေး အသိပညာပေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ