ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှုအခြေအနေ

    သထုံခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ၊ ဒုတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ အတက်ဘက်သို့ဦးတည်ခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၃၄၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၃၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၆၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၃၃၃) တန်ခန့်စီးထွက်ခဲ့ပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် မော်လမြိုင်သို့ (၃၃၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၃၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၆၈၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၃၂၈) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးထွက်ခဲ့ပါသည်။

    သထုံခရိုင်အတွင်းသို့ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၂၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၇၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၄၀) တန်ခန့်စီးဝင်ခဲ့ပြီး ယခုဩဂုတ်လ၊ တတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီး မှ (၁၃၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၇၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၀၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၄၅) တန်ခန့်စီးဝင်ခဲ့ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးဝင်လျက်ရှိပါသည်။

      သထုံခရိုင်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင်ဖြစ်ပေါ်နေသော စပါးဆန်ဈေးနှုန်းများမှာ ဒေသပေါက်ဈေးအနေဖြင့် ကျားပျံဟိုတယ် တင်း (၁၀၀) လျှင် (၃၀၀၀၀၀၀) ကျပ်ခန့်၊ ပေါ်ဆန်းဝါ တင်း (၁၀၀) လျှင် (၂၉၀၀၀၀၀) ကျပ်ခန့်၊ ကမာကြည် တင်း (၁၀၀) လျှင် (၂၆၅၀၀၀၀) ကျပ်ခန့်၊ ဧည့်မထ တင်း (၁၀၀) လျှင် (၂၃၀၀၀၀၀) ကျပ်ခန့်နှင့် ကျားပျံဟိုတယ် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ်ခန့်၊ ပေါ်ဆန်းဝါတစ်အိတ်လျှင် (၁၀၅၀၀၀) ကျပ်ခန့်၊ ကမာကြည်တစ်အိတ်လျှင် (၉၀၀၀၀) ကျပ်ခန့်၊ ဧည့်မထတစ်အိတ်လျှင် (၇၅၀၀၀) ကျပ်ခန့်ရှိပြီး ယခုအပတ်တွင် စပါး/ဆန်ဈေးနှုန်းမှာ အတက်ဘက်သို့ အနည်းငယ်ဦးတည်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

သရက်မြို့၊ ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် မျှစ်၊ မန်ကျည်းသီးစိမ်း ဈေးနှုန်းဈေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် ပတ်ဝန်းကျင်ကျေးရွာများဖြစ်ကြသော အင်းမငယ်၊ ပေါက်ပင်၊ စခန်းကြီး၊ အုန်းပင်လှ၊ ပျဉ်ထောင်၊ မြွေးပွေး၊ ကျောက်အိုင်စသည့် ကျေးရွာများမှ မိုးတွင်းကာလတွင် ချောင်းကြို၊ မြောင်းကြား၊ လျှိုကြားတွင်ပေါက်ရောက်လျက်ရှိသော ဝါးရုံတော၊ ဝါးပင်များမှ ထွက်ရှိသော မျှစ်များကို မျှစ်ပြုတ်တစ်မျိုး၊ မျှစ်ဆပ်တစ်မျိုး၊ မျှစ်ချဉ်တစ်မျိုး အမျိုးမျိုး ပြုလုပ်၍ ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိပါသည်။ ပေါ်ဦးပေါ်စ မျှစ်ပြုတ်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)နှုန်းဖြင့် စတင်ရောင်းချလျက်ရှိရာ ယခုအချိန်တွင် မျှစ်များ လှိုင်လှိုင်ပေါ်ထွက်လာပြီဖြစ်၍ ၂၀၂၃ခုနှစ် ဩဂုတ်လ (ဒုတိယပတ်)တွင် မျှစ်ပြုတ် (၁)ပိဿာလျှင် (၁၅၀၀မှ ၁၂၀၀) ဈေးဖြင့်လည်းကောင်း၊ မျှစ်စပ်(၁)ပိဿာလျှင် ကျပ်(၁၈၀၀မှ ၁၅၀၀) ဈေးဖြင့်လည်းကောင်း ရောင်းချရပြီး ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိဈေးများသို့ရောင်းချလျက်ရှိကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးရပါကြောင်းနှင့် ရောင်းချသူများအနေဖြင့်လည်း ဝင်ငွေအသင့်အတင့်ရရှိပါကြောင်း အင်းမငယ်ကျေးရွာမှ မျှစ်ရောင်းချသူ ဒေါ်ခင်စမ်းထံမှ သိရှိရပါသည်။

   ထို့ပြင် ၎င်းကျေးရွာများမှ ပေါ်ဦးပေါ်စမန်ကျည်းသီးစိမ်းများ စတင်ပေါ်ထွက်လျက်ရှိရာ မန်ကျည်းသီးစိမ်း (၁)ပိဿာလျှင် ကျပ်(၇၅၀၀)ဈေးဖြင့် မြို့ပေါ်ရှိဈေးများသို့ ရောင်းချရပါကြောင်းလည်း ကျောက်အိုင်ကျေးရွာမှ မန်ကျည်းသီးစိမ်းရောင်းချသူဒေါ်အေးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

    အောင်လံကုန်စည်ဒိုင်တွင်နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၉-၈-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၀၀၀၀မှ ၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၅-၈-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၉၀၀၀၀မှ ၃၁၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)မြင့်တက်ခဲ့ပြီး (၁၃၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

     ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၄၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၅၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ် (၈၉၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၁၀၀၀) ဖြစ်၍ ကျပ်(၁၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ (မြကြေး) ယခင်အပတ်တွင် ကျပ်(၈၉၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်၍ ကျပ် (၁၀၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ပဲတီစိမ်း ယခင်အပတ်တွင် ကျပ်(၅၅၀၀၀မှ ၅၇၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၂၀၀၀မှ ၅၆၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀မှ ၃၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ပဲကြီး ယခင်အပတ်တွင် ကျပ်(၉၅၀၀၀မှ ၉၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၄၀၀၀မှ ၉၅၀၀၀)ဖြစ်၍ ကျပ် (၁၀၀၀မှ ၃၀၀၀)ဈေးလျော့ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် အိတ်များဖြင့် မတ်ပဲ (၂၂၀)အိတ်၊ ကုလားပဲ(H-L) (၅၅၀)အိတ်၊ ကုလားပဲ (မြကြေး) (၄၀၀)အိတ်၊ ပဲကြီး(၂၈၀)အိတ်၊ ပဲတီစိမ်း (၁၈၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။

    မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၃၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၃၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ပြီး (၃၀)ပိဿာဝင်အိတ်များဖြင့် (၁၉၀)အိတ် အရောင်း အဝယ်ရှိခဲ့ပါကြောင်း၊ မြေပဲတောင့်(အစို)မှာ အောင်လံမြို့အတွင်း ရောင်းဝယ်မှု မရှိသေးသော်လည်း အနောက်ဘက်ကမ်း သရက်မြို့အတွင်းရှိ ကျေးရွာများမှ (၁)တင်းလျှင် ကျပ်(၂၀၀၀၀ မှ၂၃၀၀၀)ဖြင့် လာရောက်ရောင်းချလျက်ရှိနေပါကြောင်း၊ နယ်ဝင်သာရှိပြီး တစ်ခြားဒေသသို့ တင်ပို့ရောင်းချမှု မရှိသေးပါကြောင်းနှင့် နှမ်း၊ ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့တင်ပို့ ရောင်းချ ရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ ရန်ပယ်စျေးအတွင်း၌ ဩဂုတ်လ (ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသောစျေးနှုန်းအခြေအနေ

      မကွေးမြို့၊ ရန်ပယ်စျေး၌ မြို့ပေါ်ရှိ စျေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ဒဟက်ကန်ရွာ၊ ကံလှရွာ၊ ကန်ပြားရွာ၊ ထုံးပေါက်တောကျေးရွာ၊ မကျီးကန်ကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

      မကွေးမြို့၊ ရန်ပယ်စျေးတွင် ၂၀၂၃-ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချလျှက်ရှိသော စျေးနှုန်းများမှာ ခရမ်းချဉ်သီး (သီးစို) (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီး (သီးခြောက်) (၁)ပိဿာလျှင် (၂၂၀၀)ကျပ်၊ ပန်းမုန်လာ (၁)ပွင့်လျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ ပဲပင်ပေါက် (၁)ပိဿာလျှင် (၁၀၀၀)ကျပ်၊ ပဲသီး (၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ ခရမ်းသီး (၁)ပိဿာလျှင် (၂၀၀၀-၂၅၀၀)ကျပ်၊ ရုံးပတီသီး (၁၀)တောင့်လျှင် (၂၀၀-၂၅၀)ကျပ်၊ ချဉ်ပေါင်ရွက် (၁)ပိဿာလျှင် (၈၀၀)ကျပ်၊ ပင်နံသီး (၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ ဂေါ်ဖီ (၁)ထုပ်လျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ အာလူး (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင် (၂၆၀၀)ကျပ်၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင် (၈၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကုလားပဲခြမ်း (၁)ပြည်လျှင် (၇၀၀၀)ကျပ်၊ မြေပဲဆံ (၁)ပြည်လျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းအကောင်လိုက် (၁)ပိဿာလျှင် (၇၅၀၀)ကျပ်၊ ငါးကြင်းဖြူ (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးခုတ်သား (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးတန် (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကြက်သား (CP)ပေါင် (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ကြက်အရိုး၊ အသား (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင် (၁၆၀၀၀-၁၈၀၀၀)ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဝက်သား (၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ကြက်ဥ (၁၀)လုံးလျှင် (၂၈၀၀)ကျပ်၊ ဘဲဥ(၁၀)လုံးလျှင် (၃၅၀၀)ကျပ်တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၌ ဒေသထွက်ငှက်ပျောသီးများ ဈေးကောင်းလျက်ရှိ

    ဗီတာမင်ကြွယ်ဝသောသီးနှံများတွင် ငှက်ပျောသီးအစာလည်းအပါအဝင်ဖြစ်သည်။ ငှက်ပျောသီးအမျိုးအစားများမှာ ကွဲပြားမှုရှိသော်လည်း အမျှင်ဓာတ်ပါဝင်မှုများခြင်း၊ ပိုတက်စီယမ်၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ မဂ္ဂနီစီယမ်ဓာတ်၊ ကစီဓာတ်၊ ပရိုတင်းဓာတ်နှင့် အဆီဓာတ်များပါဝင်မှုကြောင့် ကျန်းမာကြံ့ခိုင်စေပြီး တစ်နေ့တာလိုအပ်သောခွန်အားများကို ပြန်လည်ဖြည့်တင်းပေးနိုင်သောကြောင့် လူမျိုးဘာသာမရွေးစားသုံးကြသည်။

   ပခုက္ကူဒေသတွင် ပဲမျိုးစုံစိုက်ပျိုးထွက်ရှိနေသည့်အပြင် ငှက်ပျောသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြသည်။ ပခုက္ကူခရိုင်အတွင်း၌ ငှက်ပျောစိုက်ဧက (၄၀၀)ကျော်ရှိပြီး ဥယာဉ်ခြံမြေများတွင်လည်းရောနှောစိုက်ပျိုးကြသည်။ ဖီးကြမ်းမျိုး၊ သီးမွှေးမျိုး၊ ရခိုင်မျိုး၊ ငှက်ပျောချဉ်မျိုး၊ တစ်သျှူးမျိုးများကိုစိုက်ပျိုးကြပြီး ထွက်ရှိလာသောငှက်ပျောများကို အခိုင်လိုက် ဒေသတွင်းနှင့် မန္တလေးမြို့ထိတင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။

     ငှက်ပျောသီးကို သာသနာပွဲတင်ရာတွင်လည်းကောင်း၊ ငှက်ပျော်ခြောက်အဖြစ် နေလှန်း၍လည်းကောင်း၊ ငှက်ပျောပေါင်းအဖြစ်လည်းကောင်း၊ ဧည့်ခံပွဲများတွင် အချိုပွဲအဖြစ်လည်းကောင်း၊ ကောက်ညှင်းနှင့်ရော၍ ငှက်ပျောဆိုင်းထုပ်များထုပ်၍လည်းကောင်း၊ နေ့စဉ် အာဟာရအတွက်လည်းကောင်း စားသုံးနေသောကြောင့် ပိုမိုတွင်ကျယ်စွာစိုက်ပျိုးထုတ်လုပ်လာသည်ကို သိရှိရပါသည်။

 ပခုက္ကူမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်နေသောဈေးများမှာ ၂၀၂၃ခုနှစ်၊ ဇူလိုင် (ဒုတိယပတ်) တွင် ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင် (၁၃၀၀-၁၅၀၀)ကျပ်၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် (၈၀၀-၁၀၀၀)ကျပ်၊ သီးမွှေးတစ်ဖီးလျှင် (၁၄၀၀- ၁၅၀၀)ကျပ်၊ ငှက်ပျောချဉ်တစ်ဖီးလျှင် (၈၀၀-၁၀၀၀) ကျပ်၊ တစ်သျှူးငှက်ပျောတစ်ဖီးလျှင် (၁၅၀၀-၂၀၀၀)ကျပ်ဈေးရှိခဲ့ပြီး ယခုဩဂုတ် (ဒုတိယပတ်) တွင် ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင် (၂၀၀၀-၂၅၀၀)ကျပ်၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် (၁၀၀၀-၁၂၀၀)ကျပ်၊ သီးမွှေးတစ်ဖီးလျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ ငှက်ပျောချဉ်တစ်ဖီးလျှင် (၁၂၀၀-၁၃၀၀)ကျပ်၊ တစ်သျှူးငှက်ပျောတစ်ဖီးလျှင်(၂၅၀၀-၃၀၀၀)ကျပ်ဖြစ်နေကြောင်း၊ ပခုက္ကူဒေသတွင် စိုက်ပျိုးမှုမရှိသော ရွှေငှက်ပျော၊ ရွှေငှက်ပျောချဉ်မျိုးများမှာလည်း တောင်ငူဘက်မှ ဝင်ရောက်လျက်ရှိပြီး ရွှေငှက်ပျောတစ်ဖီးလျှင် (၃၀၀၀-၃၅၀၀) ကျပ်ရှိပြီး ရွှေငှက်ပျောချဉ်တစ်ဖီးလျှင် (၂၀၀၀- ၂၅၀၀) ကျပ်ဈေးရှိကြောင်း၊ အရောင်းအဝယ်အနေဖြင့်လည်း ယခင်နှစ်ထက်ပို၍ အရောင်းအဝယ်ဖြစ်နေကြောင်း  ငှက်ပျောရောင်းဝယ်သူလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

 DOCA(မကွေး)

မကွေးမြို့၊ ရန်ပယ်စျေး၌ ရောင်းချလျက်ရှိသော ပုဇွန်ခြောက်၊ ငါးခြောက်စျေးနှုန်းအခြေအနေ

     မကွေးမြို့တွင် ရန်ပယ်စျေး၊ မြို့မစျေး၊ ကန်သာစျေး၊ မင်္ဂလာစျေး၊ ဆည်မြောင်းစျေး၊ အခွန်လွတ်စျေးတို့ရှိကြပြီး ရန်ပယ်စျေးသို့ ဒဟက်ကန်ကျေးရွာ၊ ကန်ပြားကျေးရွာ၊ ကန်လှကျေးရွာ၊ ထုံးပေါက်တော ကျေးရွာ၊ မကျီးကန်ရွာ၊ ဆားတိုင်ကန်ရွာ၊ သန်းတောကုန်းရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ အဓိကရောင်းဝယ် ဖောက်ကားလျက်ရှိပါသည်။

    ထို့အပြင် မကွေးမြို့၊ ရန်ပယ်စျေးသို့ ရေထွက်ပစ္စည်းများကို ရန်ကုန်၊ ဘုရင့်နောင်၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဆည်များတွင် မွေးမြူထားသော တီလာဖီးယား၊ ငါးဖန်းမ၊ ငါးများကို အခြောက်လှန်း၍ ၎င်းငါးများအား ငါးဆယ်နယ်အဖြစ်လည်းကောင်း ပြုလုပ်၍ လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

    မကွေးမြို့၊ ရန်ပယ်စျေး၌ ၂၀၂၃-ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ကုန်စျေးနှုန်းများမှာ ပုဇွန်ခြောက်ကြီး (၁)ပိဿာလျှင် (၈၀၀၀၀)ကျပ်၊ ပုဇွန်ခြောက် (အလတ်) (၁) ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ပုဇွန်ခြောက် (အသေး) (၁)ပိဿာလျှင် (၅၄၀၀၀)ကျပ်၊ ငါးရံ့ခြောက်အကြီး (၁)ပိဿာလျှင် (၆၅၀၀၀)ကျပ်၊ ငါးရံ့ခြောက် (အသေး) (၁)ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ငါးရံ့လုံး (၁) ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ ငါးနီတူခြောက် (၁)ပိဿာလျှင် (၁၄၅၀၀)ကျပ်၊ ငါးကြင်း ငါးပိကောင် (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငါးကြီးခြောက် (၁)ပိဿာလျှင် (၇၀၀၀၀-၉၀၀၀၀)ကျပ်၊ ငါးမင်းသား ခြောက် (၁)ပိဿာလျှင် (၂၆၀၀၀)ကျပ်၊ ငါးမဲလုံး (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးဖောင်ရိုး‌ခြောက် (၁)ပိဿာလျှင် (၂၈၀၀၀-၂၉၀၀၀)ကျပ်၊ မီးသံသွယ် (၁)ပိဿာလျှင် (၁၂၀၀၀-၁၆၀၀၀)ကျပ်အထိ အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဘားအံမြို့၊ မြို့ပေါ်ရပ်ကွက်များ၊ အခွန်လွတ်ဈေးများနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် အထူးဈေးနှုန်းဖြင့် စားသုံးဆီများဆက်လက်ရောင်းချပေးလျက်ရှိ

    စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကရင်ပြည်နယ်၊ စားသုံးဆီကုန်သည်များ၊ စားသုံးဆီလုပ်ငန်းရှင်များအသင်းနှင့် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီလက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ ရန်ကုန်အထိုင်ရည်ညွန်းလက်ဈေးနှုန်းအပေါ် သယ်ယူခကုန်ကျစရိတ်များပေါင်း၍  ၂%အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် (၁၄-၈-၂၀၂၃)ရက်နေ့တွင် မဲဘောင်ဈေး၊ ဇွဲမာန်လွင်အခွန်လွတ်ဈေးနှင့် ရေပေါ်ဈေးတို့တွင် လည်းကောင်း၊ (၁၅-၈-၂၀၂၃)ရက်နေ့တွင် ပါးယိုကျေးရွာ၊ တောင်ကလေးကျေးရွာနှင့် သီရိဈေးတို့တွင်လည်းကောင်း၊ (၁၆-၈-၂၀၂၃)ရက်နေ့တွင် ဗုဒ္ဓဟူးအခွန်လွတ်ဈေး၊ မာန်အောင်ဈေးနှင့် အမှတ်(၂)ရပ်ကွက်တွင်လည်းကောင်း၊ (၁၇-၈-၂၀၂၃)ရက်နေ့တွင် ဝါဆိုဦးဈေး၊ အမှတ်(၅)ရပ်ကွက် အောင်နန်းနှင့် ထီလုံကျေးရွာတွင်လည်းကောင်း၊ (၁၈-၈-၂၀၂၃)ရက်နေ့တွင် စက်ပစ်ကွင်းလမ်း၊ ဝန်ထမ်းအိမ်ရာများနှင့် ကန်သာယာရပ်ကွက်များသို့သွားရောက်၍ ဈေးကားဖြင့် တစ်ရက်လျှင် ဈေးကား(၃)စီး၊ တစ်စီးလျှင် စားသုံးဆီပိဿာ (၅၅၀)၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်းစီဖြင့် စားသုံးသူပြည်သူများအား ရောင်းချခဲ့ပြီး စားသုံးသူပြည်သူများကလည်း စနစ်တကျတန်းစီ၍ ဝယ်ယူအားပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ကရင်)

 

 

ကယားပြည်နယ်၊ ဈေးကွက်အတွင်း ဆက်လက်မြင့်တက်လာသော ချင်းဈေးနှုန်း

    ကယားပြည်နယ်တွင် ချင်းကို လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် ကယားပြည်နယ်၊ အနောက်ပိုင်းတွင်ရှိသော လွိုင်နန်းဖကျေးရွာ၊ ပန်ပက်ကျေးရွာ၊ လိုဘာခိုကျေးရွာ၊ ဒေါရောက်ခူ ကျေးရွာတို့တွင် ယခင်ကစိုက်ပျိုးလျက်ရှိပြီး ယခုအခါ ဒေသအခြေအနေအရ စိုက်ပျိုးနိုင်မှုမရှိဘဲ ရှမ်းပြည်နယ်ရှိ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ ဖယ်ခုံမြို့နယ်တို့မှလည်း မှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။

  ချင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ရိုးရာအစားအစာများ၊ ဟင်းလျာများတွင် အသုံးများသဖြင့် ပြည်နယ်အတွင်းစားသုံးမှုများလာပါသည်။ ယခုဩဂုတ်လ၊ တတိယအပတ်တွင် ဈေးကွက်အတွင်း၌ ချင်းတစ်ပိဿာလျှင် (၅၈၀၀) ကျပ်မှ (၆၅၀၀) ကျပ်နှုန်းအထိရောင်းချလျက်ရှိပြီး ယခင်ဇူလိုင်လ၊ တတိယအပတ်တွင် ဈေးကွက်အတွင်း၌ ချင်းတစ်ပိဿာလျှင် (၅၅၀၀) ကျပ်မှ (၆၀၀၀)ကျပ်ခန့်သာအများဆုံးရှိခဲ့ရာ ယခုဩဂုတ်လ၊ တတိယအပတ်နှင့် ယခင်ဇူလိုင်လ၊ တတိယအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ချင်းတစ်ပိဿာလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်အထိဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ  ချင်းစိုက်ဧကလျော့နည်းလာပြီး ချင်းအထွက်နှုန်းလျော့ကာ ဈေးကွက်အတွင်း ဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ ချင်းရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

ဆိပ်ဖြူကြက်သွန်နီ ဩဂုတ်လ(ဒုတိယပတ်) ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

    ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၇)ရက် မှ (၁၄)ရက်ထိ (ဒုတိယ) ပတ်အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ (၃)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၂)သိန်းခန့်၊ ကုန်စည်ဒိုင်တွင် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

      ယခု ဩဂုတ်လ(ဒုတိယ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ (ရှယ်) ကျပ်(၂၂၅၀ မှ ၂၀၇၅)၊ အလတ်စ ကျပ်(၂၀၀၀ မှ ၁၈၀၀)၊ အနိမ့်ဈေး ကျပ်( ၁၇၅၀ မှ ၁၆၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် တစ်ပတ်တွင် ကြက်သွန်နီ ထိပ်စ အမြင့် ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၁၀၀ မှ ၁၉၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ် တွင် ထိပ်စ(ရှယ်) (၁၅၀)ကျပ်၊ အလတ်စနှင့် အသေးစ (၁၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။

     ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့် နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံး စီးဆင်းလျက် ရှိပြီး ပြည်ပတင်ပို့မှုနည်းကြောင်း ကြက်သွန်နီ ဈေးကွက်မှ သိရှိရသည်။ ယခု ဩဂုတ်လ(ဒုတိယ) ပတ်အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာ (၃)သိန်းခန့်၊ (၁၀၀၀၀)အိတ်၊ တန်ချိန်(၄၉၀)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

      ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး (၂၈၀၀ မှ ၂၂၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ 

DOCA(မကွေး)

 

 

 

အရောင်းသွက်တွက်ချေကိုက်သည့် ကံ့ကော်သပြေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည်  သပြေနှင့် ပန်းမာန်ဥယျာဉ် စိုက်ပျိုးခြင်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။          အဓိကထားစိုက်ပျိုးသော သပြေအမျိုးအစားများမှာ သပြေ(ရိုးရိုး)၊ ပတ္တမြားသပြေ၊ ကျောက်စိမ်းသပြေ၊ အာဆီယံသပြေနှင့် ကံ့ကော်သပြေများဖြစ်ပြီး သပြေပျိုးပင်များကို ပြင်ဦးလွင်မြို့နယ်မှမှာယူ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး တစ်လ(၃)ကြိမ်ရေသွင်းပေးပြီး ပိုးသတ်ဆေး ဖျန်းပေးကာ နှစ်နှစ်သား အရွယ်ကစပြီး သပြေညွှန့်များကို ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် သပြေအစည်း (အသေး) တစ်ထုံးလျှင် ၃၀၀၀ကျပ် နှင့် သပြေအစည်း(အကြီး) တစ်ထုံးလျှင် ၅၀၀၀ကျပ် နှုန်းဖြင့် မြို့ပေါ်ရှိပန်းဆိုင်များသို့ ပုံမှန်တင်ပို့ရောင်းချလျက်ရှိပြီး တစ်ဆင့်ပြန်လည်ရောင်းချကြသည့် လက်လီပန်းရောင်းသူများနှင့် ခြံအရောက်လာရောက် ဝယ်ယူမှုများရှိကြောင်း၊ သပြေတစ်ဧက စိုက်ပျိုးထားရှိလျှင် အနည်းဆုံး တစ်လဝင်ငွေ ကျပ်၇၀၀၀၀မှ ကျပ်၈၀၀၀၀ကြား ပုံမှန်ဝင်ငွေရရှိကာ တွက်ချေကိုက်ကြောင်း သိရသည်။

  “ကံ့ကော်သပြေက တခြားသပြေပန်းတွေထက် ရာသီဥတုဒဏ်ပိုခံတယ်၊ ပိုခိုင်တယ်၊ အနီရောင်သန်းပြီး ရွက်နုတွေက ကံ့ကော်ရွက်နဲ့ဆင်တူတယ်၊ ဈေးကွက်မှာ လူကြိုက်များပြီး အရောင်းသွက် တွက်ချေကိုက်တယ်” ဟု သပြေစိုက်ပျိုးတောင်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း