ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့မှ ကွမ်းသီး၊ ကွမ်းဈေးကွက်

      တောင်ငူမြို့သို့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ကွမ်းသီးများ ဝင်ရောက်လျက်ရှိရာ ဘောဂလိဒေသမှထွက်သော ရွေးကွမ်းသီးအလုံး (အသေး)မှာ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်၊ အလတ်မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊  အကြီးမှာ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိရှိပါသည်။

     ကွမ်းသီးပြောင်မှာ အလုံးသေး တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်၊ အလုံးလတ် တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်၊ အလုံးကြီး တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် အထိရှိပါသည်။

      ကွမ်းယာကွမ်းမှာ ဟင်္သာတကွမ်း တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်အထိ မြင့်တက်ခဲ့သော်လည်း ယခုအခါ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးနှုန်းပြန်လည် ကျဆင်းခဲ့ပါ သည်။

      ကွမ်းနုဝါမှာ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်အထိမြင့်တက်ခဲ့သော်လည်း ယခုအခါ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ၊ မုံရွာကွမ်းမှ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်အထိ မြင့် တက်ခဲ့သော်လည်း ယခုအခါ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးနှုန်းပြန်လည်ကျဆင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့၏ ငါးဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့အတွင်းရှိ ငါးဈေးနှုန်းများမှာ ‌၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ငါးကြင်းဖြူတစ်ပိဿာလျှင် ၁၂၀၀၀/ကျပ်မှ ၁၅၀၀၀/ကျပ်အထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀/ကျပ်မှ ၁၀၀၀၀/ကျပ်အထိ၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် ၂၅၀၀၀/ကျပ်၊ ငါးမြစ်ချင်းခြစ်တစ်ပိဿာလျှင် ၂၀၀၀၀/ကျပ်၊ ရေချိုပုစွန်ကြီးတစ်ပိဿာလျှင် ၅၀၀၀၀/ကျပ်၊ ရေချိုပုစွန်လတ်တစ်ပိဿာလျှင် ၄၀၀၀၀/ကျပ်၊ ရေချိုပုစွန်သေးတစ်ပိဿာလျှင် ၃၀၀၀၀/ကျပ်၊ ရေငန်ပုစွန်သေးတစ်ပိဿာလျှင် ၂၀၀၀၀/ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၁၈၀၀၀/ကျပ်မှ ၂၀၀၀၀/ကျပ်အထိ၊ ငါးကျည်းတစ်ပိဿာလျှင် ၁၅၀၀၀/ကျပ်မှ ၁၃၀၀၀/ကျပ်အထိ၊ ပင်လယ်စာငါးများဖြစ်သော ကင်းမွန်၊ ပြည်ကြီးငါးများမှာ တစ်ပိဿာလျှင် ၃၀၀၀၀/ကျပ်ဈေးနှုန်းများဖြင့် အသီးသီးရောင်းချလျက်ရှိပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာမှ ဒေသဝက်မွေးမြူရေးလုပ်ငန်း

     ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာတွင် ဒေသဝက်များကို တပိုင်တနိုင်မွေးမြူရေး လုပ်ငန်းများရှိပါသည်။ လက်ရှိ ဒေသဝက် အများဆုံးမွေးမြူထားသူများမှာ ဦးကြည်စိုးအောင်က ၃၆ ကောင်နှင့် ဦးသန်းနိုင်က ၂၇ ကောင် မွေးမြူထားရှိပါသည်။

 ဒေသဝက်မွေးမြူသူများအနေဖြင့် သားဖောက်ဝက်မနှင့် ဝက်သိုးကို ဝယ်ယူထားပြီး ကိုယ်တိုင်သားဖောက်မွေးမြူလျက်ရှိပါသည်။ ဝက်ပေါက်ဝယ်လျှင်လည်း ရေတာရှည်မြို့နယ်တွင်း နှင့် တောင်ငူမြို့နယ်တို့ရှိ ဒေသဝက်မွေးမြူသူများထံမှ ဝယ်ယူပါသည်။ ၄၅ ရက်သား ဝက်ပေါက် တစ်ကောင်လျှင် ၁၄၅၀၀၀ ကျပ်ပေးရပါသည်။

   ဝက်စာဈေးနှုန်းမှာ ဝက်ငယ်များအတွက်အစာဈေးအကြီးဆုံးဖြစ်ပြီး ၃၀ ကီလိုဂရမ်အိတ် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်မှ ၇၃၀၀၀ ကျပ်အထိရှိပါသည်။ ဝက်အလတ်အစာမှာ တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်ဖြစ်ပြီး ဝက်အကြီးအစာမှာ တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်မှ ၄၈၀၀၀ ကျပ်အထိ ရှိပါ သည်။

      ဝက်ငယ်အတွက် အစာတစ်အိတ်လျှင် ဝက်ငယ် ၁၀ ကောင်ကို (၇)ရက်‌ ကျွေးရပါသည်။ ဝက်ကြီးအစာမှာ တစ်အိတ်လျှင် ဝက်ကြီး ၁၀ ကောင်ကို တစ်ရက်ကျွေးရပါသည်။ ဒေသဝက်မှာ အသက် ၆ ပြည့်လျှင် အလေးချိန် ပိဿာ ၆၀ ခန့်ရှိပါသည်။ ဝက်ဒိုင်များက ဝက်ကြီးတစ်ကောင်ကို ကတ္တားတင်ပြီး တစ်ပိဿာလျှင် ၈၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်အထိ ပေး၍ဝယ်ယူကြောင်း ဒေသဝက် မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)

 

 

နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း၌ မိုးသီးနှံမျိုး  စုံကိုစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။  ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် စိုက်ပျိုးထုတ်လုပ်တောင်သူများက စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို ဝယ်ယူသုံးစွဲချိန်လည်းဖြစ်ပါသည်။

     ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် နတ်တလင်းမြို့နယ်၌ ဖြစ်ပေါ်ခဲ့သော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ  ဩဘာ ယူရီးယား(လုံးသေး) (၅၀-ကီလို)တစ်အိတ်လျှင် (၇၉၀၀၀)ကျပ်၊ ရွှေနဂါး ယူရီးယား(လုံးသေး) (၅၀-ကီလို)တစ်အိတ်လျှင် (၇၄၀၀၀)ကျပ်၊ သံကွင်းတံဆိပ် တီစူပါ (တရုတ်) (၅၀-ကီလို)တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ ကွန်ပေါင်း (ကောမတ်)ဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ ပိုးသတ်ဆေးများမှာ မာဃမင်း (ဗီလန်ဒါ) ၁လီတာတစ်ဘူးလျှင် (၂၀၅၀၀) ကျပ်၊ မာဃမင်း (ပီလာဖော့) ၁လီတာတစ်ဘူးလျှင် (၄၁၅၀၀)ကျပ်၊ ဂိုးဒင်းဆန်း(အိုမာဟော့) ၁လီတာတစ်ဘူးလျှင် (၂၃၀၀၀)ကျပ်၊ NAB  (ဗိုင်းရား) ၁လီတာတစ်ဘူးလျှင် (၂၂၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း    စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် စားသုံးဆီများ ဈေးနှုန်းမြင့်တက်

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် စားသုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။ ယခင်အပတ်က မြေပဲဆီ တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ရှိသဖြင့် တစ်ပတ်အတွင်း မြေပဲဆီ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မြင့်တက်လာပါသည်။

      နေကြာဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၆၀၀ ကျပ်ရှိသဖြင့် တစ်ပတ်အတွင်း နေကြာဆီ တစ်ပိဿာလျှင် ၁၆၀၀ ကျပ် မြင့်တက်ပါသည်။

     စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၃၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၉၀၀ ကျပ်ရှိသဖြင့် တစ်ပတ်အတွင်း စားအုန်းဆီ တစ်ပိဿာလျှင် ၁၆၀၀ ကျပ် မြင့်တက်ပါသည်။ ၁၀ ကျပ်သားဝယ်လျှင် ၁၀၅၀ ကျပ်အထိ ရောင်းချကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၏ နှမ်းသီးနှံ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းအခြေအနေ

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ၏ စိုက်ပျိုးထွက်ရှိမှုနှင့် လက်ရှိဈေးနှုန်းအခြေအနေအရ တွက်ခြေကိုက်မှုရှိ/မရှိအား (၁၇-၈-၂၀၂၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများက ဝက်စာပိုးအုပ်စု၊ ထန်ကုန်းကျေးရွာရှိ တောင်သူ ဦးသန်းထွဋ်၏ နှမ်းခင်းသို့သွားရောက်၍ လေ့လာခဲ့ကြပါသည်။

    နှမ်းစိုက်တောင်သူ ဦးသန်းထွဋ်က ၂၀၂၃ခုနှစ်၊ မေလတွင် မိုးကြိုနှမ်းတစ်ဧကစိုက်ပျိုးခဲ့ပြီး ဩဂုတ်လ၊ ပထမအပတ်တွင် စတင်ရိတ်သိမ်းနေကြောင်း၊  နှမ်းစိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ နှမ်းခင်းကြဲရန် ထယ်ထိုး၊ ထွန်မွှေ (၃)စပ်ခကုန်ကျစရိတ်မှာ (၉၀၀၀၀)ကျပ်၊ ကြဲခင်းအတွက် မျိုးနှမ်း(နှမ်းနက်၊ ကမ်းနားနှမ်း) ၅ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ နှမ်း၁၅ပိဿာဝင် တစ်တင်းလျှင် ၁၁၀၀၀၀ကျပ်ဖြင့် မိသားစုများလုပ်ကိုင်ကြပြီး ဓာတ်မြေဩဇာ အာမိုမြေဆီတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ပိုးသတ်ဆေး (ဖော်ကျွန်း) ၁၀ကီလို၁ထုပ်ကို ၂၅၀၀ကျပ်ဖြင့် တစ်ဧကလျှင် ၈ထုပ် (၂၀၀၀၀)ကျပ်ကုန်ကျကြောင်း၊ ၁ရက်လျှင် လူတစ်ဦးရိတ်သိမ်းခမှာ ၆၀၀၀ကျပ်ဖြင့် ၁၀ဦးငှားရမ်းရကြောင်း၊ နှမ်းခါမှုအား မိသားစုလုပ်အားဖြင့် လုပ်ကိုင်ကြပြီး စုစုပေါင်းကုန်ကျစရိတ်မှာ (၄၀၃၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ဆီကြိတ်စားရန်နှင့် မျိုးနှမ်းအတွက် ကြိုတင်မှာယူထားခြင်းရှိနေ၍ ကာလပေါက်ဈေးထက် ဈေးပိုရနိုင်ကြောင်း၊ ယခုရက်ပိုင်းအတွင်း နှမ်းပွဲရုံရှိ ဈေးနှုန်းများမှာ နှမ်းနက်တစ်တင်းလျှင်  (၁)သိန်းကျပ်/(၉၅၀၀၀)ကျပ်ခန့်ဖြစ်သဖြင့် ယခုပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် ကျပ်တစ်သိန်းဖြင့် အထွက်တင်း (၁၀)တင်းလျှင် ရရှိငွေ (၁၀)သိန်းကျပ်ဖြစ်ပြီး  ကုန်ကျစရိတ်မှာ  (၄၀၃၀၀၀)ကျပ်ဖြစ်သဖြင့် အကျိုးအမြတ်မှာ (၅၉၇၀၀၀) ကျပ်ရရှိနိုင်မည်ဖြစ်ကြောင်း၊း ဈေးအတက်/အကျပေါ်မှုတည်၍ နှမ်းခါပြီးစီးချိန်အထိ တွက်ခြေကိုက်သောသီးနှံဖြစ်ကာ မြေအနေအထားအရ စိုက်ပျိုးရန်သင့်ပြီး အခြားသီးထပ်စိုက်ပျိုးရာတွင်လည်း ကာလမှီစိုက်ပျိုးနိုင်သောကြောင့်  တောင်သူများအတွက် တွက်ခြေကိုက်သောသီးနှံဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဆန်ဈေးတက်

    တောင်ငူမြို့တွင်  ရွှေဘိုပေါ်ဆန်းမှာ ၂၀၂၃ခုနှစ်၊ဩဂုတ်လ လဆန်းရက်က တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခုလဆန်းရက်က တစ်အိတ် လျှင် ၁၀၈၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင်တွင် တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်းမှာ ယခင်လဆန်းရက် တစ်အိတ်လျှင် ၁၀၂၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၁၁၃၀၀၀ ကျပ်၊ ဧည့်မထ(မိုးဆန်)မှာ ယခုလဆန်းရက်က တစ်အိတ်လျှင် ၇၉၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် ၈၅၀၀၀ ကျပ်၊ ဧည့်မထ(နွေဆန်)မှာ ယခုလဆန်းရက်က တစ်အိတ်လျှင် ၆၁၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း မြင့်တက်ပါသည်။      

   မိုးစပါးမှာ ယခုလဆန်းရက်က တင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ကျပ်မှ လလယ်ပိုင်းတွင် တင်း ၁၀၀ လျှင် ၂၄၀၀၀၀၀ ကျပ်၊ နွေစပါးမှာ ယခုလဆန်းရက်တ်ွင် တင်း ၁၀၀ လျှင် ၁၇၀၀၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် တင်း ၁၀၀ လျှင် ၂၁၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

  မတ်ပဲ(၃၀ ပိဿာအိတ်) ယခုလဆန်းရက်တွင် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် ၁၁၄၅၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်တက်ပြီး ပဲလွန်းဖြူမှာ ယခုအပတ်တွင် အရောင်းအဝယ် မဖြစ်ကြောင်း၊ ပဲတီစိမ်းမှာလည်း လက်ကျန်မရှိတော့၍ အရောင်းအဝယ်မရှိကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှ သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် စက်သုံးဆီဈေးနှုန်းပြန်လည်မြင့်တက်

       ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၂၂၃၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၅၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၄၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၅၁၅ ကျပ်ရှိပါသည်။

          ယခုသြဂုတ်လ ဒုတိယပတ်တွင် တောင်ငူမြို့ ဖြိုးဝေကျော်စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၃၄၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၄၅၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၈၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၅၅၅ ကျပ်ရှိပါသည်။

        အုတ်တွင်းမြို့ Petro-K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၃၄၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၄၅၅ ကျပ်၊ ဒီဇယ် တစ်လီတာ လျှင် ၂၄၈၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၅၅၅ ကျပ် ရှိပါသည်။

         ရေတာရှည်မြို့ အောင်မေတ္တာ စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၃၄၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၄၆၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၅၆၀ ကျပ် ရှိပါသည်။

        သို့ဖြစ်၍ ယခုအပတ်တွင် 92 RON နှင့် 95 RON တို့မှာ တစ်လီတာလျှင်  ၁၀၅ ကျပ် ခန့်နှင့် ဒီဇယ်နှင့် ပရီမီယံဒီဇယ်တို့မှာ  တစ်လီတာလျှင် ၄၀ ကျပ်ခန့် ဈေးနှုန်း ပြန်လည်မြင့်တက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၏ တိုင်ထောင်ပဲ (ပဲသီး) စိုက်ပျိုးမှုအခြေအနေ

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်တည်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပေါင်းတည်မြို့နယ်၊ ဗိုလ်ကုန်းကျေးရွာသို့သွားရောက်၍ တိုင်ထောင်ပဲ (ပဲသီး) စိုက်တောင်သူနှင့် (၁၆-၈-၂၀၂၃ ) ရက်နေ့တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    တိုင်ထောင်ပဲသီးစိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့ထုပ် အထုပ်(၂၀)ခန့်ကိုအသုံးပြုရပြီး   တစ်ထုပ်လျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် (၂)သိန်းကျပ်၊ ဆေးဖိုး၊ အလုပ်သမားခနှင့် တိုင်ထောင်ရာတွင် ဝါးဖိုးကုန်ကျစရိတ်မှာ (၁) သိန်းကျပ်၊ စုစုပေါင်းကုန်ကျစရိတ် (၃) သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ တစ်လခွဲခန့်ကြာလျှင်စတင်ခူးဆွတ်ရပြီး တိုင်ထောင်ပဲတစ်ပင်လျှင် (၆)တောင့်မှ (၁၀)တောင့်ခန့်အထိထွက်ရှိပါသည်။ တစ်တောင့်လျှင် (၁၂)ကျပ်မှ (၁၅)ကျပ်အထိရောင်းချရပြီး ဝက်ပုတ်ကုန်စည်ဒိုင်များက ခြံထဲ၊ ကိုင်းထဲသို့ လာရောက်ဝယ်ယူမှုများရှိပါသည်။ ဈေးနှုန်းအတက်/အကျပေါ်မှုတည်ပြီး တစ်ဧကလျှင် ဝင်ငွေ (၆)သိန်းကျပ်ခန့်ရရှိသဖြင့် တိုင်ထောင်ပဲစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသောသီးနှံဖြစ်ပါကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် အသားငါးဈေးကျ

     တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင်  ၂၀၂၃ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်တွင် ကြက်သား (အိမ်မွေးကြက်) အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ် ၊ အသား သီးသန့် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ စီပီကြက် အခြမ်းလိုက်ဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အသားသီးသန့်မှာ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ဝက်သား(ရေလွတ်သား)မှာ ယခင်အပတ်က သုံးထပ်သား တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ပေါင်သား တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ရှိပြီး ယခုလဆန်းတွင် သုံးထပ်သား တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ ပေါင်သား တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ရှိဖြင့် ဈေးအနည်းငယ်ကျပါသည်။

      ငါးကြင်းမှာ ယခင်အပတ်က အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်၊ အသားသီးသန့် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ရှိရာမှ သြဂုတ်လ ဒုတိယပတ်တွင် အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၈၀၀၀ ကျပ်အထိ၊ အသားသီးသန့် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်အထိ၊ ငါးကြင်းဖြူမှာ ယခင်အပတ်က အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ရှိရာမှ သြဂုတ်လ ဒုတိယပတ်တွင်  အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်၊ အမြီး လွတ်၊ ခေါင်းလွတ် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်ကျပါသည်။

     ငါးရံ့မှာ အကောင်သေး တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ အကောင်ကြီး တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ ငါးခူမှာ အကောင်သေး တစ်ပိဿာလှင် ၁၃၀၀၀ ကျပ်၊ အကောင်ကြီး တစ်ပိဿာ လျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပါသည်။

      ပုစွန်ဆိတ်မှာ တစ်ပိဿာလျှင် အသေး ၁၀၀၀၀ ကျပ်၊ ပုစွန်ကျော့မှာ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ ပုစွန်အသေးမှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်နှင့် အကြီး တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းကြောင်း ညောင်ပင်ဈေးရှိ သားငါးအရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း