ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကရင်ပြည်နယ်ထွက် Rss 3 ရော်ဘာဈေးနှုန်းမြင့်တက်နေ

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် ကရင်ပြည်နယ်နယ်ထွက် RSS 3 ရော်ဘာဈေးနှုန်းမှာ တစ်ပေါင်လျှင် ၁၅၀၀ကျပ်မှ ၁၆၈၀ကျပ်အထိဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

    ပွင့်လင်းရာသီ ရော်ဘာအစေးခြစ်ချိန်ရာသီအတွင်း ကရင်ပြည်နယ်ဒေသထွက် RSS 3 အမျိုးအစား ရော်ဘာ ၁ပေါင်လျှင် ၁၂၁၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မိုးဦးကျအစေးခြစ်ကာလပြီးဆုံးချိန်တွင် တစ်ပေါင်လျှင် ၁၃၄၀ကျပ်ဖြင့် ဈေးပိတ်ခဲ့ရာမှ တဖြည်းဖြည်းဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ယခုဩဂုတ်လတွင် ၁၅၀၀ကျပ်မှ ၁၆၈၀ကျပ်အထိမြင့်တက်လာပါသည်။ လက်ရှိအချိန်တွင် ကရင်ပြည်နယ်၌ RSS 3 နှင့် RSS 5 အမျိုးအစား ၂မျိုးတို့မှာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး RSS 5 အမျိုးအစားမှာ  တစ်ပေါင်လျှင် ၁၆၄၀ကျပ်ဖြစ်ကြောင်းနှင့် ယခုမိုးကာလမှာ ကရင်ပြည်နယ်တွင် ရော်ဘာစိုက်တောင်သူအများစုအနေဖြင့် ရော်ဘာအစေးခြစ်လုပ်ငန်းများရပ်နား၍ မြေပြုပြင်ခြင်း၊ ခြံရှင်း/ ခြုံခုတ်နှင့် အပင်အစာကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ဆဲကာလဖြစ်ကြောင်းနှင့် ရော်ဘာဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လာမည့်အစေးခြစ်ကာလတွင် လုပ်ငန်းရှင်များအနေဖြင့် ရော်ဘာလုပ်ငန်းလုပ်ကိုင်ကြခြင်းဖြင့် အကျိုးအမြတ်ပိုမိုရရှိလာနိုင်ဖြစ်ကြောင်း သိရပါသည်။

DOCA(ကရင်)

စားသုံးဆီဈေးများ မြင့်တက်

      စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဩဂုတ်လ စတုတ္ထပတ်တွင်  ရွှေဘိုမြို့၌ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

     ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး သြဂုတ်လ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၁၀၅၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၈၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဩဂုတ်လ စတုတ္ထအပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၁၀၉၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၈၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၈၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျင် (၄၀၀)ကျပ်နှင့်  နှမ်းဆီသန့် တစ်ပိဿာလျင် (၅၀၀)ကျပ် ဈေးနှုန်းအသီးသီး မြင့်တက်ခဲ့ပြီး ပဲဆီသန့်ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း  စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ရွှေဘိုနှင့်ရေဦးခရိုင်တို့တွင် ဧရာမင်းစပါးလက်ကျန်မရှိသလောက် နည်းပါနေကြောင်း၊ တောင်သူများ စပါးလက်ကျန်နည်းပါးလာပြီး အဝယ်များနေခြင်းကြောင့် ကလေးခရိုင်တစ်ခုသာ ဈေးအနည်းငယ်တက်နေပြီး ကျန်ခရိုင်အားလုံး‌‌ဈေးငြိမ်နေပါကြောင်း သိရှိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဩဂုတ်လ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၅,၀၀၀ကျပ်၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၈,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၉၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း)(ဆန်) ၂၄ပြည် ပါတစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၁၃၅,၀၀၀၊  ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် ၁၃၈,၀၀၀ ကျပ်၊ နွေစပါး (ရွှေဝါ ထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၉၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၂,၈၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၁၅,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၂,၇၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၁၀၅,၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၂၅,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၈၇,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁,၉၅၀,၀၀၀၊ မှော် ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၁,၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၂,၁၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၈၅,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂,၄၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၁၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၁၅၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရ ပါသည်။

     ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၈၀၀,၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးမှ ဩဂုတ်လ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၂,၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၈,၇၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၅၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၄,၅၀၀၊ ကချင်သို့ အိတ်ရေ ၁,၂၀၀၊ စုစုပေါင်း အိတ်ရေ (၅၆,၅၀၀)အိတ်၊ တန်အားဖြင့် (၂,၈၂၅) စီးထွက်ခဲ့ပြီး၊ ယခု ဩဂုတ်လ (စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၅,၀၀၀၊ မန္တလေး သို့ အိတ်ရေ ၂၈,၁၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၅၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၄,၅၀၀၊ ကချင်သို့ အိတ်ရေ ၅၀၀၊ စုစုပေါင်း အိတ်ရေ (၅၈,၂၀၀)အိတ်၊ တန်အားဖြင့် (၂,၉၁၀) စီးထွက်ခဲ့သည့် အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၇၀၀) တန်အားဖြင့် (၈၅) ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                                                                                 

                                                                  

ကသာမြို့တွင် ဩဂုတ်လ စတုတ္ထအပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် ဩဂုတ်လ စတုတ္ထအပတ်  ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ဧရာမင်းဆန် တစ်အိတ် (၁၁၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၅၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၁၂၀၀၀)ကျပ် ရှိကြောင်း သိရသည်။ ဩဂုတ်လ တတိယအပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ဆန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး နှမ်းဆီဈေးနှုန်းမှာ ကျပ်(၁၀၀၀)ခန့် မြှင့်တက်လာကာ မြေပဲဆီနှင့် စားအုန်းဆီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိသည်ကို တွေ့ရှိရသည်။

    စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး အသေး/အကြီး ပေါ် မူတည်၍ တစ်ပိဿာ (၂၅၀၀ မှ ၃၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၅၀၀ မှ ၄၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ အလုံး အသေး/အကြီးပေါ် မူတည်၍ (၃၂၀၀ မှ ၃၅၀၀)ကျပ်၊ ဂျင်းတစ်ပိဿာ (၆၀၀၀) ကျပ်၊ ကုလားပဲ တစ်ပိဿာ (၆၈၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာ (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာ (၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

     အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၁၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာ(၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဩဂုတ်လ တတိယအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ် ကြည့်ပါက ကုလားပဲဈေးနှုန်းမှာ ကျပ်(၄၀၀)ခန့်နှင့် ငရုတ်(စို)ဈေးနှုန်းမှာ ကျပ်(၁၀၀၀)ခန့် လျော့နည်းကာ အာလူးဈေးနှုန်းအနေဖြင့် ကျပ်(၃၀၀ မှ ၅၀၀)ခန့် မြှင့်တက်လာကြောင်း တွေ့ရသည်။ အသား/ငါး ဈေးနှုန်းအနေဖြင့် ဝက်သားတစ်ပိဿာ ကျပ် (၂၀၀၀)ခန့် လျော့နည်းလာပြီး ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မိတ္ထီလာထွက် ဖရဲသီးများ ကရင်ဈေးကွက်သို့ဝင်ရောက်နေ

  ကရင်ပြည်နယ်၊ ဘားအံမြို့သို့ မိတ္ထီလာဒေသထွက် ဖရဲသီးများမှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်းနှင့် ကုန်သည်လောကအခေါ်မှာ ဒုံးပျံဖရဲသီးအမျိုးအစားဖြစ်ကြောင်း၊ ဖရဲသီးအလုံးရေ ၅၀၀၀ပါ ၁၂ဘီးကားတစ်စီးလျှင် ဘားအံအရောက် သယ်ယူပို့ဆောင်ခမှာ ၆သိန်းကျပ်ကုန်ကျစရိတ်ရှိကြောင်းနှင့် ဖရဲသီးများကို ထွက်ရှိရာဒေသများ၌ အခင်းပြတ်စနစ်ဖြင့်ဝယ်ယူ၍ သယ်ယူပို့ဆောင်ခ/ လုပ်သားခ/ အခြားကုန်ကျစရိတ်များထပ်ပေါင်းပါက အကြီး/အသေးသောင်းပြောင်းကုန်ကျစရိတ်တို့မှာ ၈၅၀ခန့်ကျသင့်ကြောင်း၊ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ဖောက်သည်ဈေးအနေဖြင့် အကြီး/ အသေးတစ်လုံးလျှင် ၁၀၀၀ကျပ်ဖြင့် ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် ပယ်သီးနှင့် အလေအလွင့် ၅ရာခိုင်နှုန်းခန့်ထွက်ရှိကြောင်း သိရသည်။

  ကရင်ပြည်နယ်၌ ဒေသထွက် ဖရဲသီးများကို အဓိကရောင်းဝယ်မှုပြုကြောင်းနှင့် မိုးကာလ ဖရဲမထွက်ရှိချိန်ဖြစ်သော ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ပြည်တွင်းမှ ဖရဲသီးများကိုဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့၊ ရေပေါ်စံပြဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်း/ဈေးကွက်

   ဘားအံမြို့၊ ရေပေါ်စံပြဈေး၌ ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ မွန်ပြည်နယ်၊ ကျိုက္ခမီမြို့နယ်၊ ရေးမြို့နယ်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ငါးခြောက်နှင့် ပုစွန်ခြောက်ဈေးနှုန်းများမှာ ထွက်ရှိရာဒေသအပေါ်မူတည်၍သော်လည်းကောင်း၊ အရည်အသွေးကိုလိုက်၍သော်လည်းကောင်း အနည်းငယ်ကွာခြားလျက်ရှိပါသည်။

    ဩဂုတ်လ၊ စတုတ္ထအပတ်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ပုစွန်ခြောက်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ကျပ်၊ ပုစွန်ခြောက်(အလတ်) တစ်ပိဿာလျှင် ၄၀၀၀၀ကျပ်၊ ပုစွန်ခြောက်(အသေး)တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ပုစွန်ခြောက်အခွံပါ အမှုန့်ခြောက်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ငါးနှပ်ခြောက်တစ်ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀)ကျပ်၊ ငါးရောင်အသားမျှင်ခြောက်တစ်ပိဿာလျှင် ၂၇၀၀၀ကျပ်၊ ငါးအိပေါင်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ငါးဗြတ်လုံးတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ငါးရောင်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးတန်ခြောက်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာလျှင် (၁၆၀၀၀-၂၀၀၀၀)ကျပ်၊ ငါးလျှာဖြတ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးခွေးလျှာခြောက်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ မီးတန်သွယ်ခြောက်တစ်ပိဿာလျှင် (၁၅၀၀၀-၁၇၀၀၀)ကျပ်၊ တီလားဗီးယားငါးခြောက်(အချို)တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ငါးရွှေခြောက်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ် စသည်ဖြင့် အသီးသီး ဈေးနှုန်းများဖြစ်ပေါ်လျက်ရှိကြောင်း ရေပေါ်စံပြဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှသိရှိရပါသည်။

DOCA(ကရင်)

 

နမ့်ဆန်မြို့နယ်၏ ဒေသအာလူးစိုက်ပျိုးထုတ်လုပ်ရောင်းချမှုအခြေအနေ

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ နမ်ခေး၊ ကုလား၊ မိုးဟိန်းကျေးရွာများနှင့် အခြားကျေးရွာများတွင် မိသားစုဝင်ငွေရရှိရန်အတွက် ဒေသအာလူးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းတွေ့ရှိရပါသည်။

 နမ့်ဆန်မြို့နယ်အတွင်း အာလူးစိုက်ဧက(၂၅)ဧကရှိပြီး မတ်လမှ ဇွန်လအထိ စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပြီး သုံးလ၊ လေးလအတွင်း အပင်များခြောက်သွေ့လာချိန်တွင် တူးဖော်ရကြောင်း၊ ထွက်ရှိလာသောအာလူးများကို ကာလပေါက်ဈေး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)မှ ကျပ်(၃၀၀၀)အထိ အလုံးအရွယ်အစားပေါ်မူတည်၍ ဈေးအသီးသီးရရှိကြောင်း၊ ဈေးကွက်အနေဖြင့် နမ့်ဆန်မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရပါသည်။

 အာလူးစိုက်ပျိုးခြင်းကြောင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိပြီး တစ်ဖက်တစ်လမ်းဝင်ငွေအဖြစ်လည်းရပ်တည်လျက်ရှိနေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

" နမ့်ဆန်မြို့နယ်အတွင်း တောင်ယာစပါးများစိုက်ပျိုး"

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ မန်လုံး၊ ဟူးမန်း၊ ကုန်းသာ၊ ပိန်းလုံးကျေးရွာများတွင် နေထိုင်လျက်ရှိသော မိသားစုဝင်တချို့မှာ လက်ဖက်လုပ်ငန်းအပြင် တောင်ယာစပါးများပါ စိုက်ပျိုးလာကြကြောင်းသိရပါသည်။

 လက်ဖက်တောင်သူများမှာ လက်ဖက်လုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြသော်လည်း ဝမ်းစာအတွက် တစ်နိုင်တစ်ပိုင် တောင်ယာစပါးများစိုက်ပျိုးလာကြသည်မှာ ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်းသိရပါသည်။

  တောင်ယာစပါးများ စိုက်ပျိုးလာပုံအဆင့်ဆင့်မှာ တပို့တွဲလ၊ တပေါင်းလများတွင် တောခုတ်ရှင်းလင်းပြီး တန်ခူးလတွင် စပါးမျိုးစေ့များကို စတင်စိုက်ပျိုးကြောင်း နယုန်လတွင် တစ်ကြိမ်၊ ဝါခေါင်လတွင် တစ်ကြိမ် ပေါင်းရှင်းကြကြောင်း၊ တန်ဆောင်မုန်းလမှသာလျှင် စပါးများရိတ်သိမ်းကြကြောင်း၊ စပါးများစိုက်ပျိုးခြင်းကြောင့် မိသားစုများလုံလောက်စွာစားသုံးနိုင်ပြီး အဆင်ပြေလျက်ရှိကြောင်းသိရှိပါသည်။  

DOCA(ရှမ်း)

ကျောက်မဲမြို့တွင် သစ်သီးဝလံများ ပုံမှန်အရောင်းအဝယ်ဖြစ်နေ

  စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဥမ္မာလင်း(ဦးစီးမှူး)နှင့် ဒေါ်အေးအေးသန့် (အကြီးတန်းစာရေး)တို့သည် (၁၈-၈-၂၀၂၃)ရက်နေ့၌ ကျောက်မဲမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် သစ်သီးဝလံအရောင်းဆိုင်များသို့သွားရောက်၍ ဈေးနှုန်းဈေးကွက်ဆိုင်ရာများနှင့်စပ်လျဉ်းပြီး ကွင်းဆင်းမေးမြန်းခဲ့ကြကြောင်းသိရသည်။

    အဆိုပါ ဈေးကွက်အတွင်းရှိ သစ်သီးဝလံများသည် ပြည်တွင်းမှထွက်ရှိသည့် သစ်သီးဝလံများအပြင် ပြည်ပ(တရုတ်)မှတင်သွင်းလာသည့် သစ်သီးဝလံများပါ ရောင်းချလျက်ရှိခြင်းဖြစ်ကြောင်းသိရသည်။   ဩဇာသီး၊  နဂါးမောက်သီးနှင့် ကမ္ဗလာသီးများသည် ပြည်တွင်းမှထွက်ရှိသည့် သီးနှံများဖြစ်ကြပြီး အခြားသီးနှံများကို တရုတ်မှဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

  ဈေးနှုန်းများမှာ  ဩဇာသီး (၁)လုံးလျှင် (၅၀၀/-)ကျပ်၊ နဂါးမောက်သီး (၁)လုံးလျှင် (၁၀၀၀/-) ကျပ်နှင့် ကမ္ဗလာသီး(၁)လုံးလျှင် (၈၀၀/-)ကျပ်ဖြစ်ကြောင်းသိရသည်။ ပြည်ပမှဝယ်ယူရောင်းချသည့် ပန်းသစ်တော်(၁)လုံးလျှင် (၂၅၀၀/-) ကျပ်၊ ပန်းသီး(ကြီး)(၁)လုံးလျှင် (၂၅၀၀/-)ကျပ်၊ ပန်းသီး(အသေး)(၁)လုံးလျှင် (၁၅၀၀/-)ကျပ်၊ ပန်းသီး(လတ်)(၁)လုံးလျှင် (၂၀၀၀/-)ကျပ်၊ သစ်တော်သီး (၁)လုံးလျှင် (၂၅၀၀/-)ကျပ်၊ သလဲသီး ၁လုံးလျှင် (၁၅၀၀/-)ကျပ်၊ သရက်သီး(၁)လုံးလျှင် (၈၀၀/-)ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၄၀၀၀/-)ကျပ်၊  စပျစ်သီး (၁)ပိဿာလျှင် (၆၀၀၀/-)ကျပ်နှင့် မက်မန်း (၁)ပြည်လျှင် (၃၀၀၀/-)ကျပ်တို့ဖြစ်ကြောင်းသိရသည်။

  တချို့သစ်သီးဝလံဈေးနှုန်းများအနေဖြင့် ဈေးနှုန်းကြီးမြင့်လျက်ရှိသော်လည်း အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းချသူများထံမှသိရပါသည်။

DOCA(ရှမ်း)

 

လားရှိုးမြို့နယ်တွင်ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဩဂုတ်လ၊ တတိယအပတ်အတွင်း ဓာတ်မြေဩဇာဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး လူသုံးများသည့်တံဆိပ်များနှင့် ဈေးနှုန်းများမှာ ရွှေတောင်ပုလဲ(၅၀) ကီလိုဂရမ်တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ အာမို (၁၅) ပတ်လည် (၅၀) ကီလိုဂရမ်တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ အာမို (၁၆) ပတ်လည် (၅၀) ကီလိုဂရမ်တစ်အိတ်လျှင် (၁၅၂၀၀၀)ကျပ်ဈေးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ယခင်အပတ်ထက် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရရှိပါသည်။

  ပိုးသတ်ဆေးဈေးနှုန်းများမှာလည်း အလားတူမြင့်တက်လျက်ရှိရာ ငှက်ကြီးတောင်(၁၀၀)စီစီတစ်ဘူးလျှင် (၂၀၀၀၀)ကျပ်၊ အလန်း(၅၅)wp (၁၀၀) ဂရမ်တစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ ဖိုစ့်တင်းအီးစီ (၁၀၀)စီစီတစ်ဘူးလျှင် (၅၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိသော်လည်း စိုက်ပျိုးရေးရာသီဖြစ်သောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း