ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မော်လမြိုင်မြို့ အမှတ်(၁)ဈေးကြီးတွင် ရောင်းချသော ငါးခြောက်ဈေးနှုန်းအခြေအနေ

   မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁)ဈေးကြီး၌  ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ရောင်းချလျက်ရှိသော ငါးခြောက်အမယ်များမှာ ငါးနှပ်ခြောက်(အာပြဲခြောက်)၊ ငါးပုပ်ခြောက်၊ ငါးနီတူခြောက်၊ ငါးလိပ်ကျောက်ခြောက်၊ ငါးရွှေခြောက်၊ ငါးအူမြင်းခြောက်၊ ငါးကွင်းဆက်ခြောက်၊ ငါးတံခွန်ခြောက်(အကောင်သေး)၊ ငါးတံခွန်ခြောက်ခွဲခြမ်း၊ ငါးဖောင်ရိုးခြောက်၊ ငါးစာပြက်၊ ငါးစရိုင်းခြောက်၊ ပုဇွန်ခြောက်(အကြီး)၊ ပုဇွန်ခြောက်(အလတ်)၊ ပုဇွန်ခြောက်(အသေး)၊ ပုဇွန်ခြောက်အခွံပါအမှုန့်ခြောက် တို့ဖြစ်သည်။

    ၎င်းငါးခြောက်အမယ်စုံ၏ ဈေးနှုန်းများမှာ ငါးနှပ်ခြောက်(အာပြဲခြောက်)(အကြီး) တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊ ငါးနှပ်ခြောက်(အာပြဲခြောက်)(အလတ်) တစ်ပိဿာလျှင် ကျပ် ၃၂၀၀၀၀၊  ငါးနှပ်ခြောက်(အာပြဲခြောက်)(အသေး) တစ်ပိဿာလျှင် ကျပ် ၂၃၀၀၀၀၊ ငါးပုပ်ခြောက် တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊   ငါးနီတူခြောက် တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀၊   ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ကျပ် ၂၄၀၀၀၊  ငါးရွှေခြောက် တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀၊  ငါးအူမြင်းခြောက် တစ်ပိဿာလျှင် ကျပ်၂၀၀၀၀၊   ငါးကွင်းဆက်ခြောက်(အကြီး) တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊ ငါးကွင်းဆက်ခြောက်(အလတ်) တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ ငါးကွင်းဆက်ခြောက် (အသေး) တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀၊ ငါးတံခွန်ခြောက်(အကောင်သေး) တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀မှ ၁၃၀၀၀အတွင်း၊ ငါးတံခွန်ခြောက်ခွဲခြမ်း တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀၊  ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀၊ ငါးစာပြက် တစ်ပိဿာလျှင်  ကျပ်၂၀၀၀၀၊ ငါးစရိုင်းခြောက် တစ်ပိဿာလျှင် ကျပ် ၂၂၀၀၀၊ ပုဇွန်ခြောက်(အကြီး) တစ်ပိဿာလျှင် ကျပ် ၇၀၀၀၀၊  ပုဇွန်ခြောက် (အလတ်) တစ်ပိဿာလျှင် ကျပ် ၆၀၀၀၀၊  ပုဇွန်ခြောက် (အသေး ) တစ်ပိဿာလျှင် ကျပ် ၅၂၀၀၀၊ ပုဇွန်ခြောက်အခွံပါ အမှုန့်ခြောက် တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ တို့ဖြစ်သည်။ အဆိုပါ ငါးခြောက် ဈေးနှုန်းများမှာ အပတ်စဉ်လိုက် အနည်းငယ် အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။

DOCA(မွန်)

 

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၆၀၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၆၂၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၅၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၂၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၅၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၁၀၉၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

သုံးထပ်သရက်(ခေါ်) သရက်သီးစိမ်းကြွပ်များ အရောင်းသွက်လျက်ရှိ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အညာဒေသ၌ သုံးထပ်သရက်(ခေါ်) သရက်သီးစိမ်းကြွပ်များ စတင်ပေါ်နေပြီဖြစ်ရာ ဈေးကောင်းရရှိ အရောင်းသွက်နေကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရသည်။ ယခုချိန်တွင် ကုန်စိမ်းဈေးကွက်တွင် သုံးထပ်သရက်(ခေါ်) သရက်သီးစိမ်းကြွပ်ဈေးမှာ အသီးအနေအထားပေါ် မူတည်၍ သရက်စိမ်းကြွပ် တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀) နှုန်းဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  သီးစုံအချဉ်ပေါင်းရောင်းချသူများနှင့် သီးနှံပွဲစားများက ခြံအရောက် လာရောက်ဝယ်ယူမှုများရှိကြောင်း၊ စိုက်ပျိုးသော သရက်မျိုးများမှာ ဟင်္သာ၊ ရွှေပို၊ လက်ခုတ်၊ ဝါဆို၊ စိန်တစ်လုံး၊ ပတ္တမြားငမောက်၊ မချစ်စု၊ ပန်းဆွဲ သရက်အမျိုးခွဲအစုံ စိုက်ပျိုးကြကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၃၅၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၈၀၀၀၀ ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၁၅၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၄၀၀၀-၁၄၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၃၅၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၃၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၁၀၀၀၀ မှ ၁၀၅၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ မှ ၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၃၀၀၀ မှ ၃၂၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၇၃၀၀ မှ ၇၅၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၈၃၀၀ မှ ၈၅၀၀ ကျပ်၊ အာလူး (တစ်ပိဿာ) ၂၅၀၀ မှ၂၆၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀ မှ ၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၄၀၀ကျပ်၊ ဂေါ်ဖီထုတ်(တစ်ထုတ်)၁၅၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စီး) ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ မှ ၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင်၁၆၀၀၀ မှ ၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀ မှ ၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ) လျှင် ၇၅၀၀ မှ ၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် ၄၀၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိ ကြောင်း သိရသည်။

    ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက အခြေခံစားကုန်ဖြစ်သော ဆန်နှင့် ဆီ၊ ကြက်သွန်နီ ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေပါကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဆန်၊ ကြက်သွန်နီနှင့် မြေပဲဆီအနေဖြင့် တောင်သူလက်ကျန်နည်းပါးနေပြီး အဝယ်များနေခြင်း၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။  

DOCA(စစ်ကိုင်း)

   

 

 

                                                                               

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

    မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၇၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းငါးထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၂၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် လေးသောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၆၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၂၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၆၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၅၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၆၀၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်မှ သုံးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးထောင်ငါးရာ ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၁၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခွဲ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၁၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ငါးထောင် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၇ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၆၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၁၀၅၀၀၊ ယခင်နှစ် ဩဂုတ်လ၊ (ဒုတိယ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၆၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၈၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ခန့်မှ လေးထောင်  ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၃၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၇၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၃၀၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၇၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၄၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ ငါးသောင်းကျော်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

“နွေစပါးများရိတ်သိမ်းပြီး မိုးစပါးများ ဆက်လက်စိုက်ပျိုးလျက်ရှိ”

     မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ဆောင်ရွက်သောဒေသဖြစ်ရာ စပါးကို အများဆုံးစိုက်ပျိုးကြပါသည်။ မိုးစပါး၊ နွေစပါးအဖြစ် နှစ်ရာသီလုံးစိုက်ပျိုးကြပြီး ၂၀၂၂-၂၀၂၃ခုနှစ်အတွက် နွေစပါး(၄၇၉၆၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဇွန်လဆန်းပိုင်းမှ စတင်ရိတ်သိမ်းလျက်ရှိရာ ဇူလိုင်လကုန်အထိ(၃၈၃၀)ဧက ရိတ်သိမ်းပြီးဖြစ်၍ အထွက်နှုန်း(၁၀၃.၂၃)တင်းဖြင့် အထွက်စုစုပေါင်း(၃၉၅၄၁၈၁)တင်း ထွက်ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ခုနှစ်အတွက် မိုးစပါးများဆက်လက်စိုက်ပျိုးလျှက်ရှိရာ (၇၇၉၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

  မိုးစပါးစိုက်ပျိုးရာတွင် ဒေသစားသုံးဆန်အမျိုးအစားများဖြစ်သည့် ဧရာမင်း(မဂျမ်းတော) စပါးမျိုးနှင့် မနောသုခစပါးမျိုးများကို အလေးထားစိုက်ပျိုးကြပြီး အခြားစပါးမျိုးများလည်း အနည်းငယ်စိုက်ပျိုးကြပါသည် ။ အရည်အသွေးအကောင်းဆုံးနှင့် ဒေသစားသုံးမှုအများဆုံး စျေးကွက်ထိပ်တန်းဝင် မဂျမ်းတောစပါးမျိုးသည် မိုးစပါးတစ်ရာသီသာလျှင် စိုက်ပျိုးထွက်ရှိပါသည်။

  ဆန်စပါးစျေးကွက်အနေဖြင့် ယခင်လတွင် စပါးတင်း(၁၀၀)လျှင် မဂျမ်းတော (ဟောင်း) (၂၂၀၀၀၀၀/-)ကျပ်၊မနောသုခ(ဟောင်း) (၁၈၀၀၀၀၀/-)ကျပ်ရှိခဲ့ရာမှ ယခုလတွင် စပါးတင်း(၁၀၀)လျှင် မဂျမ်းတော(ဟောင်း) (၃၅၀၀၀၀၀/-)ကျပ် ၊ မနောသုခ(ဟောင်း) (၂၀၀၀၀၀၀/-)ကျပ်ဖြင့် လည်းကောင်း၊ ယခင်လတွင် ဆန်(၂၄)ပြည်တစ်အိတ်လျှင် မဂျမ်းတော(ဟောင်း) (၈၅၀၀၀/-)ကျပ်၊ မနောသုခ(ဟောင်း) (၇၅၀၀၀/-)ကျပ်ရှိခဲ့ရာမှ ယခုလတွင် ဆန်(၂၄)ပြည်တစ်အိတ်လျှင် မဂျမ်းတော (ဟောင်း) (၁၃၅၀၀၀/-)ကျပ် ၊ မနောသုခ(ဟောင်း) (၉၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး စပါးလက်ကျန် နည်းနေပြီဖြစ်ရာ ဆန်(ဟောင်း)စျေးကွက်အနေဖြင့် ယခင်လထက် ဆန်စပါးစျေးနှုန်းများ မြင့်တက်ခဲ့ပါသည်။

      လက်ရှိအချိန်တွင်နွေစပါးများဖြစ်သည့် နှာကောက်၊ရက်(၁၁၀)၊ရက်(၉၀)၊ ရွှေသွယ်ရင် စသည့် နွေစပါးများမှာဒေသစားသုံးဆန်မဟုတ်သည့်အတွက်ကြောင့် ကြိတ်ရောင်းစနစ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊နွေစပါး ဆန်စျေးကွက်အနေဖြင့် အလွန်အမင်းမြင့်တက်ခြင်းမရှိဘဲ စပါးအခြောက်စျေးဖြစ်သည့်အတွက်ကြောင့် စပါးတင်း(၁၀၀)လျှင် (၁၈၀၀၀၀၀/-)ကျပ် ၊ ဆန်(၂၄)ပြည်တစ်အိတ် လျှင်(၆၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း စက်ပိုင်၊ကုန်သည်၊ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

“နနွင်း(မိုး)များ အောင်မြင်ဖြစ်ထွန်းလျက်ရှိ”

   မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ငရုတ်၊သီးနှံများအပြင် နနွင်းသီးနှံများကိုလည်း စိုက်ပျိုးကြပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်ခရိုင်အတွင်းတွင် သြဂုတ်လ တတိယပတ်အထိ နနွင်းစိုက်ဧက စုစုပေါင်း(၉၀၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ နနွင်းသီးနှံသည် စျေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်သည့်အလျှောက် နနွင်းတက်များမပေါ်မီ နနွင်းဖူးများကိုလည်း ရောင်းချရသောကြောင့် မိသားစုအပိုဝင်ငွေများလည်း ရရှိပါသည် ။ နနွင်းစိုက်ပျိုးမှုအနေဖြင့် နနွင်းအတက်စိုက်ပျိုးပါက (၁၅-၁၆)တင်း စိုက်ပျိုးရကြောင်း ၊ စိပ်စိပ် စိုက်ပျိုးမည်ဆိုပါက (၁၈)တင်းအထိကုန်ကျနိုင်ကြောင်း ၊ နနွင်းဂေါင်းကို စိုက်ပျိုးပါက တင်း(၃၀-၃၅) အထိစိုက်ပျိုးရကြောင်း၊ မျိုးနနွင်းအတက်(၁)တင်းလျှင်(၈၈၀၀/-)ကျပ်နှင့် နနွင်းဂေါင်းမျိုး(၁)တင်းလျှင်(၇၀၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု အပါအဝင်(၁၈၂၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် နနွင်းအတက် (၁)ပိဿာလျှင် (၄၂၀၀/-)ကျပ် ၊ နနွင်းဂေါင်း(၁)ပိဿာလျှင်(၄၀၀၀/-)ကျပ် ၊ နနွင်းမှုန့် (၁)ဗူးလျှင်(၈၀၀/-)ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခုနှစ် နနွင်းအတက် အဟောင်း(၁) ပိဿာလျှင် (၆၅၀၀/-)ကျပ် ၊ နနွင်းဂေါင်း (၁)ပိဿာလျှင်(၆၀၀၀/-)ကျပ် ၊ နနွင်းမှုန့်(၁)ဗူးလျှင်(၁၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ တစ်ဧက အထွက်နှုန်းအနေဖြင့် ယခင်နှစ် အထွက်ပိဿာ(၈၀၀၀)ထွက်ရှိကြောင်း ၊ တောထုတ် လှည်းတစ်စီးအနေဖြင့်(၁)ဧက(၁၂-၁၅)စီး အထိ ထွက်ရှိကြောင်း ၊ လှည်းတစ်စီး တောထွက်အစိုကို ရေနွေးဖျောပါက ပိဿာ(၆၀-၆၅) ထွက်ရှိကြောင်း ၊ ယခုနှစ်တွင် မိုးကောင်းသောကြောင့် နနွင်းခင်းများ ပိုဖြစ်ထွန်းလျက်ရှိကြောင်း ကွင်းဆင်းသည့်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

မော်လမြိုင်မြို့ အေးသာယာဈေး၌ ကုန်စည်များ၏ ဈေးနှုန်းအနည်းငယ်မြှင့်တက်

      အေးသာယာဈေးတွင် ယခင်လ(ဇူလိုင်လ) ကုန်စည်များ၏ ဈေးနှုန်းအခြေအနေမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၂၀၀၀၊ အာလူး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ရွှေဖရုံသီး တစ်လုံးလျှင် ကျပ် ၁၀၀၀၊ ဘူးသီး တစ်လုံးလျှင် ကျပ် ၈၀၀၊ မုန်ညင်း တစ်ထုပ်လျှင် ကျပ် ၁၂၀၀၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် ၁၀၀မှ ၁၅၀အတွင်း၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၁၀၀၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊ သံပရာသီး တစ်လုံးလျှင် ကျပ် ၁၀၀မှ ၂၀၀အတွင်း၊ လိမ္မော်သီး တစ်ကီလို ကျပ် ၂၅၀၀ မှ ၄၀၀၀ အတွင်း ဖြစ်ကြောင်း သိရသည်။

      ယခုလ ဩဂုတ်လတွင် ကုန်စည်များ၏ ဈေးနှုန်းအခြေအနေမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၂၂၀၀၊ အာလူး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၄၀၀၀၊ ရွှေဖရုံသီး တစ်လုံးလျှင် ကျပ် ၁၀၀၀၊ ဘူးသီး တစ်လုံးလျှင် ကျပ် ၈၀၀၊ မုန်ညင်း တစ်ထုပ်လျှင် ကျပ် ၁၂၀၀၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် ၂၀၀မှ ၂၅၀အတွင်း၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၁၀၀၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ သံပရာသီး တစ်လုံးလျှင် ကျပ် ၁၀၀မှ ၂၀၀အတွင်း၊ လိမ္မော်သီး တစ်ကီလို ကျပ် ၃၀၀၀ မှ ၇၀၀၀ အတွင်း ဖြစ်ကြောင်း သိရသည်။

     သို့ဖြစ်၍   အချို့ကုန်စည်များသည်  ဈေးနှုန်းအနည်းငယ်မြှင့်တက်ခဲ့ကြောင်း  နှိုင်းယှဉ်မှုအရ ခရမ်းချဉ်သီး (၅၀၀ကျပ်)၊ ဂေါ်ဖီထုပ်(၂၀၀ကျပ်)  မုန်လာဥနီ(၁၀၀၀ကျပ်)၊ကန်စွန်းရွက်(၁၀၀ကျပ်)၊  ခရမ်းသီး (၅၀၀ကျပ်)၊ လိမ္မော်သီး (၁၀၀၀ကျပ်မှ ၂၅၀၀ကျပ်)အတွင်း ဈေးနှုန်းမြှင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

   

 

မကွေးမြို့သို့ အခြားတိုင်း/ ပြည်နယ်များမှ ဆန်ဝင်ရောက်မှုနှင့် ဆန်စျေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်‌အောင် ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးကို စိုက်ပျိုးမှုနည်းပါးသဖြင့် ဒေသတွင်း ဝမ်းစာဖူလုံမှုမရှိ၍ စပါး၊ အဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ တင်သွင်းရပါသည်။

     ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန်(၂၁၅၆၇) အိတ်၊ ရန်ကုန်တိုင်းမှ (၁၄၂၀)အိတ်၊ ပဲခူးတိုင်းမှ (၁၁၂၀)အိတ်၊ မန္တလေးတိုင်းမှ (၂၀၈၀)အိတ် စုစုပေါင်း (၂၆၁၈၇) အိတ်(၁၃၀၉.၃၅)တန် ဝင်ရောက်ခဲ့ပြီး  ဒေသတွင်း လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဆန် ဈေးနှုန်းမှာ ပွင့်ဖြူ ဧရာပဒေသာ(သစ်) (၂၄)ပြည်တစ်အိတ်လျှင် (၁၃၈၀၀၀-၁၄၀၀၀၀)ကျပ်၊ မနောသုခ (မြောင်းမြ)(သစ်)(၂၄)ပြည် တစ်အိတ်လျှင် (၈၅၀၀၀-၉၂၀၀၀)ကျပ်၊ ဖန်သီး(၂၄)ပြည် တစ်အိတ်လျှင် (၉၀၀၀၀-၉၄၀၀၀)ကျပ်၊ မြောင်းမြ ဧရာပဒေသာ(သစ်) (၂၄)ပြည် တစ်အိတ်လျှင် (၁၀၅၀၀၀-၁၁၅၀၀၀) ကျပ်၊ ပေါ်ဆန်မွှေး(မြောင်းမြ) (၂၄)ပြည် တစ်အိတ်လျှင် (၁၀၀၀၀၀-၁၁၇၀၀၀)ကျပ်၊ ရွှေဘို(ပေါ်ဆန်း) (၂၄)ပြည် တစ်အိတ်လျှင်(၁၄၀၀၀၀-၁၄၅၀၀၀)ကျပ် သီးထပ် (၂၄)ပြည် တစ်အိတ်လျှင် (၇၀၀၀၀-၇၅၀၀၀) ကျပ်၊ ရတနာတိုး (၂၄)ပြည် တစ်အိတ်လျှင် (၆၅၀၀၀-၇၀၀၀၀)ကျပ်နှင့် ဆလပ် (၂၄)ပြည် တစ်အိတ်လျှင် (၆၀၀၀၀-၆၅၀၀၀)ကျပ်တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

     နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း