ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

    အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင် (၁)အိတ်လျှင်  ယခင်အပတ် (၁၆-၈-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၉၀၀၀၀-၃၁၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ် (၂၃-၈-၂၀၂၃) ရက်နေ့တွင် ကျပ်(၃၁၀၀၀၀-၃၅၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀-၄၀၀၀၀) ဈေးမြင့်ခဲ့ပြီး နှမ်းနီမှာ ယခုအပတ်တွင် ကျပ်(၃၁၀၀၀၀)ဈေးနှုန်းရှိခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက်(စမုံ) (၁၉၀၀)အိတ်၊ နှမ်းနီ (၂၃၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိခဲ့ရပါသည်။

     ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲမှာ (၂၀)ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၆၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(H-L)(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး)(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီး(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၄၀၀၀-၉၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၅၀၀၀-၉၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀-၄၀၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ်(၅၂၀၀၀-၅၆၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၄၅၀၀၀-၅၃၀၀၀)ဖြစ်၍ ကျပ်(၇၀၀၀ မှ ၃၀၀၀အထိ) ဈေးလျော့ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ (၂၈၀)အိတ်၊ ကုလားပဲ(H-L)(၅၅၀)အိတ်၊ ကုလားပဲ(မြကြေး)(၄၀၀) အိတ်၊ ပဲကြီး (၃၅၀)အိတ်၊  ပဲတီစိမ်း(၄၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။

    မြေပဲလုံးဆံဖြူမှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၃၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၇၄၀၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ကြောင်း၊ သီးနှံအသစ်များအဖြစ် ပဲစဉ်းငုံနီ၊ မြေပဲလုံးဆံနီ၊ မြေပဲတောင့်အစိုတို့ထွက်ရှိလာပြီး ယခုအပတ်တွင် ပဲစဉ်းငုံနီ (၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၁၁၃၀၀၀)၊ မြေပဲလုံးဆံနီ (၁)ပိဿာလျှင် ကျပ်(၉၄၀၀)၊ မြေပဲတောင့်အစို (၁)တင်းလျှင် ကျပ်(၂၃၀၀၀ မှ ၂၅၀၀၀)အထိဈေးနှုန်းဖြစ်ပေါ်လျက်ရှိပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် အိတ်များဖြင့် ပဲစဉ်းငုံနီ(၃၀၀)အိတ်၊ မြေပဲလုံးဆံနီ(၁၂၅)အိတ်၊ မြေပဲလုံးဆံဖြူ (၅၅၀)အိတ်၊ မြေပဲတောင့်အစို တင်း(၃၀၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် နှမ်း၊ ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

လက်ရှိဖြစ်ဈေးကွက်အတွင်း နာနတ်သီးဈေးနှုန်း

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရာသီစာသီးနှံများ လှိုင်လှိုင်ပေါများချိန်ဖြစ်ပါသည်။ နာနတ်သီးသည် အရည်ရွမ်းသည့်သီးနှံတမျိူးဖြစ်သည့်အတွက် ကလေးလူကြီးများပါမကျန် အကြိုက် တွေ့စေသောအသီးလည်းဖြစ်သည်။ နာနတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့် ဆိုက်ခေါင် မြို့နယ်တို့မှ အများဆုံးတင်သွင်းလျက်ရှိပြီး ဈေးနှုန်းမှာလည်းအသင့်အတင့်ရှိပါသည်။ ဈေးကွက် အတွင်းဖြစ်ပေါ်နေသော နာနတ်သီးဈေးနှုန်းမှာ အရွယ်အစားအလိုက်(၁)လုံးကို(၇၀၀)ကျပ်၊ (၈၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ဆိုက်ခေါင်မြို့နယ်မှ သီရိမင်္ဂလာဈေးတွင် ကားဖြင့် လာရောက်ရောင်းချသော နာနတ်သီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)

ပြန်လည်မြင့်တက်လာသော ခရမ်းချဉ်သီးဈေးနှုန်း

    ခရမ်းချဉ်သီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ မိုင်းလုံးရပ်ကွက် ၊ မှုံပြာ၊ လင်ဖုံကျေးရွာတွင်လည်း စိုက်ပျိုးထွက်ရှိပြီး အခြားဒေသ  ပင်လောင်း၊  အောင်ပန်းမြို့များမှလည်း မှာယူ ရောင်းချလျက်ရှိပါသည်။

    ယခု ဩဂုတ်လတတိယပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ဩဂုတ်လဒုတိယပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာ(၁၃၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရာ ဩဂုတ်လ ဒုတိယပတ်နှင့် တတိယပတ်ဈေးနှုန်းကို နှိုင်းယှဉ်ကြည့်လျှင် ခရမ်းချဉ်သီး တစ်ပိဿာ (၇၀၀) ကျပ်ခန့်မြင့်တက်လာကြောင်း နောင်ယားဈေးရှိ ခရမ်းချဉ်သီးရောင်းချသော ဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

 

( ၂၉-၈-၂၀၂၃ ) ရက်နေ့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ

( ၂၉-၈-၂၀၂၃ ) ရက်နေ့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

(၂၉-၈-၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

(၂၉-၈-၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်များးအား နှိုင်းယှဉ်ပြုစုထားရှိမှုကို အောက်ပါ.pdf file တွင် လေ့လာကြည့်ရှုနိုင်ပါသည် -

(၂၉-၈-၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

(၂၉-၈-၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုထားရှိမှုကို အောက်ပါ.pdf file တွင် လေ့လာကြည့်ရှုနိုင်ပါသည် -

“အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချလျက်ရှိ”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌(၂၃-၈-၂၀၂၃) ရက်နေ့တွင် ကျောက်ဆည်မြို့နယ် ၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာန ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်းပြီး အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါသည် ။ ထိုသို့ရောင်းချရာတွင် ဆန်(၁)ပြည် ၃၀၀ဝိ/-ကျပ် ၊ ဆီ(၅၀)ကျပ်သား(၁)ဘူး ၂၅၀ဝိ/-ကျပ် ၊ ဝက်သား(၁)ပိဿာ ၁၅၀၀ဝိ/-ကျပ် ၊ အမဲသား (၁)ပိဿာ ၁၂၀၀ဝိ/-ကျပ် ၊ ကြက်ဉ(၁)လုံး ၂၀ဝိ/-ကျပ် စျေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား  ရောင်းချပေးလျက်ရှိပြီး ထိုသို့ရောင်းချနေမှုအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းရောင်းချသွားမည်ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

ကျောက်ဖြူခရိုင်၏ စပါးစိုက်ပျိုးမှုအခြေအနေကို သုံးသပ်တင်ပြခြင်း

   ကျောက်ဖြူခရိုင်အတွင်း စပါးစိုက်ပျိုးမှုကိုလေ့လာကြည့်ပါက မိုးကောင်းရေသောက်စပါးတစ်မျိုးတည်းကိုသာစိုက်ပျိုးကြောင်းတွေ့ရပါသည်။ခရိုင်ဧရိယာသည် ဘင်္ဂလားပင်လယ်အော်ထဲ၌ တည်ရှိသည့် ရမ်းဗြဲကျွန်းပေါ်တွင် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်(၂)ခုနှင့် စနဲ၊ လေးတောင်မြို့ (၂)မြို့ပါဝင်ပါသည်။ မိုးကောင်းစွာရရှိသော ဒေသဖြစ်သည့်အလျောက် မြေအမျိုးအစားမှာ လယ်မြေနှင့်သဲဆန်ကုန်းချောမြေတို့ဖြစ်ပါသည်။  မြေပြန့်လွင်ပြင်မရှိဘဲ တောတောင်များကြားရှိ မြေပြန့်နှင့်ဆင်ခြေချောမြေကွက်များတွင် လယ်မြေဖော်ထုတ်စိုက်ပျိုးကြရပါသည်။ မြေအနေအထားပေါ်မူတည်၍ လယ်ကွက်များဖော်ထုတ်ရသည့်အတွက် မြေကွက်ဧရိယာကျဉ်းပါသည်။ (၂၀၂၂-၂၀၂၃)ခုနှစ်၊ မိုးစပါးရာသီတွင် ကျောက်ဖြူမြို့နယ်၌ (၄၆၁၉၈) ဧက၊ ရမ်းဗြဲမြို့နယ်တွင် (၄၅၈၆၈) ဧက၊ စုစုပေါင်း (၉၂၀၆၆) ဧကစိုက်ပျိုးရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှအားဖြင့် အထွက်တင်း (၅၇.၆၁) တင်းထွက်ရှိခဲ့၍ စုစုပေါင်းတင်းပမာဏမှာ (၅၃)သိန်းကျော်ထွက်ရှိခဲ့ပါသည်။ (၂၀၂၃-၂၀၂၄)ခုနှစ်၊ မိုးစပါးရာသီတွင် ကျောက်ဖြူခရိုင်အတွင်း ဩဂုတ်လ (တတိယပတ်) အထိ (၈၅၂၉၇) ဧကကျော်စိုက်ပျိုးဆောင်ရွက်ပြီးဖြစ်ပါသည်။ ခရိုင်အတွင်း လူဦးရေ (၂၇၄၇၃၇) ကျော်နေထိုင်ကြပြီး မျိုး၊ ဝမ်းစာနှင့် အလေအလွင့်စပါးတင်းပေါင်းမှာ (၄၃) သိန်းကျော်ရှိနေသည်ကိုတွေ့ရှိရပါသည်။ ပိုလျှံစပါးတင်း (၁၀) သိန်းခန့်ရှိ၍ ဝမ်းစာဖိုလုံမှု (၁၂၀%) ကျော်ရှိပါသည်။

  ဆန်ကြိတ်ခွဲထုတ်လုပ်မှုတွင် ခေတ်မီဆန်စက်ကဲ့သို့ တည်ဆောက်လည်ပတ်ကြိတ်ခွဲခြင်းမရှိပါ။ တောနေလူထုနှင့် တောင်သူများအတွက် ဟာလာဆန်ကြိတ်ခွဲစက်များကိုတွေ့ရှိရပါသည်။ ခေတ်မီဆန်စက်နှင့် လှောင်လက်ကြီးကြီးမရှိ၍ တောင်သူများသည် ပိုလျှံသည့်စပါးတချို့ကို ရိတ်သိမ်းနည်လှေ့ပြီးချိန်တွင် ရာဘာရိုလာဖြင့် လုံးစင်ကြိတ်ခွဲပြီး မော်တော်ကားဖြင့် ပြည်မဘက်သို့ တင်ပို့ရောင်းချကြပါသည်။ ခရိုင်အတွင်းစိုက်ပျိုးသည့် စပါးများမှာ ဧည့်မထ၊ ငစိန်၊ မြီးတုံးနှင့် ရမ်းဗြဲမြို့နယ်တွင် တောင်ပျံမွေးအနည်းငယ်စိုက်ပျိုးပါသည်။ဆန်ချောကြိုက်သော မြို့ပေါ်နေလူတန်းစားနှင့် တောနေလူတချို့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ဝယ်ယူရောင်းချကြပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရွှေဘိုရခိုင်ပေါ်ဆန်း၊ ဧည့်မထနှင့် ဧရာဝတီမှ ဧရာပေါ်ဆန်း၊ ဧည့်မထဆန်များကို ရေလမ်း၊ ကုန်လမ်းဖြင့် ဝယ်ယူရောင်းချကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဩဂုတ်လ(၁၆)ရက်နေ့မှ ဩဂုတ်လ(၂၂)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၀၀၀ မှ ၂၄၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၃၀၀ မှ ၁၆၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၃၀၀ မှ ၁၈၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၂၀၀ မှ ၂၇၀၀ အတွင်း၊ မုန့်လာဥနီ(ပိဿာ) ကျပ် ၃၈၀၀ မှ ၅၀၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၃၀၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၈၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၀၀၀ မှ ၂၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၈၀၀ မှ ၂၈၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၇၀၀၀ မှ ၉၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၇၀၀၀ မှ ၈၁၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၄၅၀၀ မှ ၅၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၇၅ မှ ၁၂၅ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၃၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၄၀၀ မှ ၁၈၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၂၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၃၅၇၅၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၁၄၃၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၇၂၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၂၃၂၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၄၇၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၈၀၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၉၄၄၅)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၇၆၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ(၁၆) ရက်နေ့ မှ ဩဂုတ် လ(၂၂) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်း၊ ခရမ်း မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၆၀၀၀ ၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၂၅၀၀ ၊ အလုံးလတ် ကျပ် ၁၇၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၊ အလုံးသေး ကျပ် ၁၀၀၀၊ ပုပ္ပါး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ်  ၄၀၀၊ အလုံးသေး ကျပ် ၂၀၀ ၊ မန္တလေး မှ သရက်သီး (ရင်ကွဲ) တစ်သေတ္တာ အလုံးကြီး ကျပ် ၂၈၀၀၀ ၊ အလုံး လတ် ကျပ် ၂၃၀၀၀ ၊ အလုံးသေး ကျပ် ၁၈၀၀၀၊ ပြင်ဦးလွင် မှ နဂါးမောက်သီး တစ်ဖာ အလုံးကြီး ကျပ် ၁၆၀၀၀ ၊ အလုံးလတ် ကျပ် ၁၂၀၀၀ ၊ အလုံးသေး ကျပ် ၈၀၀၀ ၊ တိုက်ကြီး မှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀ ၊ အလုံးလတ် ကျပ် ၈၀၀ ၊ အလုံးသေး ကျပ် ၅၀၀ ၊ ကျောက်ဆည် မှ ရွှေဌက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀ ၊ မန္တလေး မှ သင်္ဘောသီး အလုံးကြီး ကျပ် ၄၀၀၀၊ အလုံးသေး ကျပ် ၁၂၀၀ ၊ ရေး မှ ဒူးရင်းသီး အလုံးကြီး ကျပ် ၇၅၀၀ ၊ အလုံး လတ် ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀ ၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၅၀၀ ၊ အလုံး လတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၅၀၀ ၊ ကလော မှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၅၇၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း