ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၃၁.၈.၂၀၂၃ )

   ၃၁.၈.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃၁.၈.၂၀၂၃ )

၃၁.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကျုံဒိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ စည်ပင်သာယာဈေးအတွင်းရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

    ကျုံဒိုးမြို့၊ စည်ပင်သာယာဈေး၌ ဩဂုတ်လ၊ စတုတ္ထအပတ်အတွင်း  အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် ၆၉၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းဆန်တစ်ပြည်လျှင် ၅၃၀၀ကျပ်၊ သထုံပေါ်ဆန်းဆန်တစ်ပြည်လျှင် ၃၈၀၀ကျပ်၊ သထုံပေါ်ဆန်းဆန်(ဟိုတယ်)တစ်ပြည်လျှင် ၄၈၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)တစ်ပြည်လျှင်   ၃၃၀၀ကျပ်၊ ဧည့်မထဆန်(ဇီယာ)တစ်ပြည်လျှင် ၃၆၅၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီ(ကြီး)လက်လီဈေးမှာ တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ကြက်သွန်နီ(လတ်)တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ကြက်သွန်နီ(သေး) တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ချင်းတစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိ၊ အာလူးတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

    ကြက်ဥလက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၇၀ကျပ်၊ ဘဲဥ(ကြီး)တစ်လုံးလျှင် ၄၀၀ကျပ်၊ (သေး) တစ်လုံးလျှင် ၃၅၀ကျပ်ရှိသည်။ အသားငါး ဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သား (ဥတုံး) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်  ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ချောင်းငါးကြင်းတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်အထိ၊ ငါးခုံးမတစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ငါးမုတ်တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ချောင်းပုစွန်ထုပ်ကြီးတစ်ပိဿာလျှင် ၆၀၀၀၀ကျပ်၊ ချောင်းပုစွန်ထုပ်လတ်တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ဥပုစွန်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၉၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပြီး ယခုအပတ်အတွင်း ဖြစ်ပေါ်နေသောဈေးနှုန်းများကို ယခင်အပတ်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက်လာပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့၊ ပတ်ဝန်းကျင်ကျေးရွာများ၊ အခွန်လွတ်ဈေးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဝန်ထမ်းအိမ်ရာများတွင် အထူးဈေးနှုန်းဖြင့် စားသုံးဆီများ ဆက်လက်ရောင်းချပေးလျက်ရှိ

    စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းနှင့် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီလက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်အထိုင်ရည်ညွန်းလက်ဈေးနှုန်းအပေါ် သယ်ယူခကုန်ကျစရိတ်များပေါင်း၍  ၂%အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် (၂၁-၈-၂၀၂၃)ရက်နေ့တွင် မဲဘောင်ဈေး၊ ဇွဲမာန်လွင်အခွန်လွတ်ဈေးနှင့် ရေပေါ်ဈေးတို့၌လည်းကောင်း၊ (၂၂-၈-၂၀၂၃)ရက်နေ့တွင် ပါးယိုကျေးရွာ၊ တောင်ကလေးကျေးရွာနှင့် သီရိဈေး တို့၌လည်းကောင်း၊ (၂၃-၈-၂၀၂၃)ရက်နေ့တွင် ဗုဒ္ဓဟူးအခွန်လွတ်ဈေး၊ မာန်အောင်ဈေးနှင့် အမှတ်(၂)ရပ်ကွက်၌လည်းကောင်း၊ (၂၄-၈-၂၀၂၃)ရက်နေ့တွင် ဝါဆိုဦးဈေး၊ အမှတ်(၅)ရပ်ကွက် အောင်နန်းနှင့် ထီလုံကျေးရွာ၌လည်းကောင်း၊ (၂၅-၈-၂၀၂၃)ရက်နေ့တွင် စက်ပစ်ကွင်းလမ်း၊ ဝန်ထမ်းအိမ်ရာများနှင့် ကန်သာယာရပ်ကွက်များသို့သွားရောက်၍ ဈေးကားဖြင့် တစ်ရက်လျှင် ဈေးကား(၃)စီး၊ တစ်စီးလျှင် စားသုံးဆီပိဿာပေါင်း (၅၅၀)၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်းစီနှင့် (၁)ပိဿာလျှင် (၄၅၀၀)ကျပ်ဖြင့် စားသုံးသူပြည်သူများအားရောင်းချခဲ့ပြီး စားသုံးသူပြည်သူများက စနစ်တကျတန်းစီ၍ ဝယ်ယူအားပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ကရင်)

 

ရှေးအစဉ်အလာမပျက်သည့် နှမ်းတစ်တင်းစျေး

   မိတ္ထီလာခရိုင်အတွင်း နှမ်းသီးနှံကို နွေ၊ မိုး၊ ဆောင်းရာသီတို့တွင် သုံးသီးလုံးစိုက်ပျိုးကြပြီး ဒေသရာသီနှင့်ကိုက်ညီသည့် မိုးနှမ်းဧက (၃၁၀၀၀၀) ကျော်စိုက်ပျိုးကြောင်း သက်ဆိုင်ရာစာရင်းများအရသိရသည်။ မိုးနှမ်းမှာ ရာသီဥတုအခြေအနေအရ မိုးကောင်းသောက်ဖြစ်၍ ယခုနှစ်၌ မိုးနည်းခြင်းကြောင့် တစ်ဧကအထွက်နှုန်းမှာ သုံးပုံတစ်ပုံခန့်လျော့နည်းသွားကြောင်း တောင်သူများထံမှသိရသည်။ မိုးနှမ်းအနေဖြင့် ဒေသတွင်းစိုက်ပျိုးမှုများသောမျိုးမှာ နှမ်းညိုဖြစ်ပြီး ၎င်းမှာ ယခင်နှစ် စတင်ပေါ်စအချိန်တွင် တစ်တင်းလျှင် (၇၀၀၀၀) ကျပ်ခန့်ရရှိခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ရှိကာ ယခင်နှစ်ထက် စျေးကောင်းရရှိခဲ့ပါသည်။ ထိုသို့ရရှိသော်လည်း တောင်သူများ၏ ရှေးအစဉ်အလာအရ နှမ်းသီးနှံပေါ်ချိန်တွင် “နှမ်းတစ်တင်း ဆန်တစ်အိတ်” ဟုဆိုကြပါသည်။ ယခုနှစ်၏ နှမ်းစျေးမှာ နှမ်းညိုတစ်တင်းလျှင် (၉၅၀၀၀) ကျပ်ခန့်ရှိ၍ ဆန်တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်ဖြင့် ဝယ်ယူစားသုံးကြရာ ရှေးအစဉ်အလာမပျက်ဘဲ စားသုံးနိုင်ကြောင်းသိရပါသည်။

DOCA(မန္တလေး)

“ စျေးကွက်အတွင်း ဆန်းစပါးစျေးနှုန်းမြင့်တက်လာသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိ”

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း အဓိကစိုက်ပျိုးသီးနှံအဖြစ် မိုးစပါး၊ နွေစပါး (၂) မျိုးလုံးကို မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်း (၄) မြို့နယ်၌ စိုက်ပျိုးကြပါသည်။ မိုးစပါးစိုက်ပျိုးရာသီချိန်သည် သြဂုတ်လမှ အောက်တိုဘာလအထိဖြစ်ပြီး ဒီဇင်ဘာလမှ ဇွန်လအထိရိတ်သိမ်းကြပါသည်။ နွေစပါးကို မတ်လနှင့်ဧပြီလများတွင် စိုက်ပျိုးကြပြီး ဇွန်လ၊ ဇူလိုင်လများ၌ ရိတ်သိမ်းကြရာ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နွေးစပါးစိုက်ဧက (၃၂၉၇) ဧက၊ ရိတ်ဧက (၂၅၇၂) ဧက၊ အထွက်နှုန်း (၇၅.၆၅) တင်းရှိပြီး အထွက်စုစုပေါင်း (၁၉၄၅၆၃) တင်းထွက်ရှိပါသည့် မိုးစပါးစိုက်ဧကအနေဖြင့် (၃၃၁၉) ဧကစိုက်ပျိုးထားရှိပါသည်။

     လက်ရှိစပါးစျေးကွက်အနေဖြင့် ဇူလိုင်လကုန်ပိုင်းမှစ၍ စျေးနှုန်းမြှင့်တက်လာသဖြင့် စပါးရောင်းချမှုများနေကြောင်းသိရပါသည်။ ယခင်ဇူလိုင်လ၊ စတုတ္ထအပတ်တွင် မနောသုခစပါးတင်း (၁၀၀) လျှင် (၂၆၀၀၀၀၀) ကျပ်၊ ဧရာပဒေသာစပါးတင်း (၁၀၀)လျှင် (၃၀၀၀၀၀၀) ကျပ်၊ မနောသုခ(ဟောင်း) ဆန်တစ်အိတ်လျှင် (၉၀၀၀၀) ကျပ်၊ ဧရာပဒေသာဆန်တစ်အိတ်လျှင် (၁၀၀၀၀၀) ကျပ်ရှိခဲ့ပြီး ယခုသြဂုတ်လ၊ စတုတ္ထအပတ်တွင် မနောသုခစပါးတင်း(၁၀၀)လျှင် (၂၈၀၀၀၀၀) ကျပ်၊ ဧရာပဒေသာစပါးတင်း (၁၀၀)လျှင် (၃၈၀၀၀၀၀) ကျပ်၊ မနောသုခဆန်တစ်အိတ်လျှင် (၉၈၀၀၀) ကျပ်၊ ဧရာပဒေသာဆန်တစ်အိတ်လျှင် (၁၃၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်လနှင့် ယခုလကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် စပါးစျေးနှင့်ဆန်းစျေးများသိသိသာသာမြင့်တက်လာခဲ့ပါသည်။ စပါးစျေးမြင့်တက်လာသော်လည်း စပါးစိုက်တောင်သူများအနေဖြင့် လယ်ယာလုပ်သားငှားရမ်းခ၊ သွင်းအားစုစျေးများကြီးမြင့်နေသဖြင့် အမြတ်အစွန်းနည်းပါးကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)       

မိတ္ထီလာကုန်စည်ဒိုင်၏ သီးနှံစျေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ သြဂုတ်လ၊ စတုတ္ထအပတ်အတွင်း မိတ္ထီလာကုန်စည်ဒိုင်တွင် ဖြစ်ပေါ်လျက်ရှိသော ဆီထွက်သီးနှံစျေးနှုန်းများမှာ နှမ်း (ညို)တစ်တင်းလျှင် (၁၀၀၀၀၀-၁၀၅၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၀၀၀၀-၁၁၅၀၀၀) ကျပ်၊ နေကြာစေ့တစ်တင်းလျှင် (၄၅၀၀-၄၆၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၇၅၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၃၄၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဖြင့် ရောင်းဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇူလိုင်လ၊ စတုတ္ထအပတ်တွင် နှမ်း (ညို)တစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်၊ နေကြာစေ့တစ်တင်းလျှင် (၄၀၀၀-၄၂၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၇၀၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၃၁၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၁၉၀၀) ကျပ်စျေးသာရှိခဲ့ပြီး ယခုလနှင့်ယခင်လကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ဆီထွက်သီးနှံစျေးနှုန်းများနှင့် ကုန်ချောစျေးနှုန်းများမြင့်တက်လျက်ရှိပါသည်။

    ယခုသြဂုတ်လ၊ စတုတ္ထအပတ်အတွင်း ပဲမျိုးစုံစျေးနှုန်းတွင် ကုလားပဲ (V2)နှင့် မိုးပဲတီစိမ်းသာအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကုလားပဲ (V2) တစ်တင်းလျှင် (၈၈၀၀၀) ကျပ်၊ မိုးပဲတီစိမ်းတစ်တင်းလျှင် (၅၂၀၀၀-၅၃၀၀၀)ကျပ်စျေးနှုန်းဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခင်ဇူလိုင်လ၊ စတုတ္ထအပတ်အတွင်း ကုလားပဲ (V2) တစ်တင်းလျှင် (၈၀၀၀၀-၈၁၀၀၀) ကျပ်၊ မိုးပဲတီစိမ်းတစ်တင်းလျှင် (၅၅၀၀၀-၅၇၀၀၀) ကျပ်စျေးရှိခဲ့ရာ ယခင်လနှင့်ယခုလကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ကုလားပဲ (V2)စျေးမှာ တစ်တင်းလျှင် (၇၀၀၀) ကျပ်ခန့်မြင့်တက်လာသော်လည်း မိုးပဲတီစိမ်းစျေးမှာ တစ်တင်းလျှင် (၃၀၀၀-၄၀၀၀) ကျပ်ခန့်စျေးနှုန်းကျဆင်းလာခဲ့ပါသည်။

      သြဂုတ်လ၊ စတုတ္ထအပတ်အတွင်း ခရိုင်အတွင်း အဓိကထွက်ရှိသည့် စားဖိုဆောင်သီးနှံများဖြစ်သော ငရုတ်သီးတစ်ပိဿာလျှင် (၁၃၀၀၀-၁၃၅၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခင်ဇူလိုင်လ၊ စတုတ္ထအပတ်တွင် ငရုတ်သီးတစ်ပိဿာလျှင် (၁၃၀၀၀-၁၃၅၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၁၉၀၀-၂၀၀၀) ကျပ်ခန့်သာရှိခဲ့ပြီး ယခင်လနှင့် ယခုလကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ကြက်သွန်နီစျေးမြင့်တက်လာသော်လည်း ငရုတ်သီးစျေးမှာ တည်ငြိမ်နေပြီး အရောင်းအဝယ်အေးနေကြောင်း ကုန်စည်ဒိုင်မှသိရပါသည်။

DOCA(မန္တလေး)

(၃၀-၈-၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်

(၃၀-၈-၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုထားရှိမှုကို အောက်ပါ.pdf file တွင် လေ့လာကြည့်ရှုနိုင်ပါသည် -

( ၃၀-၈-၂၀၂၃ ) ရက်နေ့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ

( ၃၀-၈-၂၀၂၃ ) ရက်နေ့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဘားအံမြို့၊ ကန်သာယာအခွန်လွတ်ဈေးတွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိ

    ကန်သာယာအခွန်လွတ်ဈေးတွင် ဘားအံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကိုယ်တိုင် မွေးမြူ၊ စိုက်ပျိုး၊ ထုတ်လုပ်သည့် အသားငါး၊ ကြက်ဥ၊ ဘဲဥ၊ စားသုံးဆီ စသည့် အခြေခံစားသောက်ကုန်များကို ဒေသခံပြည်သူများထံသို့ ကိုယ်တိုင်ရောင်းစနစ်ဖြင့် အပတ်စဉ် စနေနေ့တိုင်း ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိကြောင်းသိရသည်။

   အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ယခုအပတ်တွင် စားသောက်ကုန်ပစ္စည်း(၁၉)မျိုးဖြစ်သည့် ဝက်သား ၁ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ အမဲသား ၁ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဆိတ်သား ၁ပိဿာလျှင် (၁၇၀၀၀) ကျပ်၊ ကြက်သား(အိမ်ကြက်) ၁ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်သား(CP) ၁ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ကြက်သား(ဥတုံး) ၁ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ မွေးမြူရေးငါးကြင်း ၁ပိဿာလျှင် (၇၀၀၀) ကျပ်၊ တီလားဗီးယား ၁ပိဿာလျှင် (၆၀၀၀)ကျပ်၊ ငါးမဲလုံး ၁ပိဿာလျှင် (၆၀၀၀) ကျပ်၊ ယိုးဒယားငါးခုံးမ ၁ပိဿာလျှင် (၅၀၀၀)ကျပ်၊ ငါးခူ ၁ပိဿာလျှင် (၆၃၀၀) ကျပ်၊ ငါးမုတ် ၁ပိဿာလျှင် (၅၀၀၀) ကျပ်၊ ငါတန် ၁ပိဿာလျှင် (၄၆၀၀) ကျပ်၊ ပလာတူး ၁ပိဿာလျှင် (၆၀၀၀)ကျပ်၊ ဘဲဥ ၁လုံးလျှင် (၃၃၀)ကျပ်၊ ကြက်ဥ ၁လုံးလျှင် (၂၅၀) ကျပ်၊ ကန်စွန်းရွက် ၁စည်းလျှင် (၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် ၁စည်းလျှင် (၂၀၀) ကျပ်၊ ဂေါ်ဖီထုပ် ၁ထုပ်လျှင် (၈၀၀) ကျပ်၊ ပန်းဂေါ်ဖီ ၁ပွင့်လျှင် (၁၀၀၀) ကျပ်၊ သခွားသီး ၁ပိဿာလျှင် (၂၀၀၀) ကျပ်၊ ခရမ်းချဉ်သီး ၁ပိဿာလျှင် (၂၅၀၀) ကျပ်၊ ကြက်သွန်နီ ၁ပိဿာလျှင် (၃၀၀၀) ကျပ်၊ စားသုံးဆီ ၁ပိဿာလျှင် (၄၄၅၀) ကျပ် စသည်ဖြင့် ဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိကြောင်းသိရပါသည်။

     အခွန်လွတ်ဈေးများတွင် ရောင်းချနေသောဈေးနှုန်းများမှာ ဈေးနှုန်းချိုသာပြီး စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းသက်သာစွာတိုက်ရိုက်ဝယ်ယူနိုင်သောကြောင့် ရောင်းသူ/ဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း