ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၅.၉.၂၀၂၃ )

     ၅.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၃၁/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၅.၉.၂၀၂၃ )

    ၅.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၅.၉.၂၀၂၃ )

    ၅.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၅၇၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၅၈၀၀)  ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၃၀၀၀) ကျပ်မှ (၃၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၈၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၈၀၀၀)  ကျပ် မှ (၁၉၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၉၀၀) ကျပ် မှ (၃၀၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၈၀၀) ကျပ်မှ (၃၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး (၃၀၀) ကျပ်၊ အသေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှာ ကြက်သား (CP) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ  (၁၃၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

  ဩဂုတ်လ နောက်ဆုံးပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် နှမ်းဆီ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၅၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၃၀၀) ကျပ်၊ ဈေးတက်လျှက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင် ကြက်သွန်နီ ဈေးနှုန်း မြင့်တက်

   စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို နေ့စဉ်တင်ပြလျက်ရှိပါသည်။

    ရွှေဘိုမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီဈေးနှုန်းမှာ ဇူလိုင်လဆန်းမှစ၍  ဩဂုတ်လ ဒုတိယပတ်အထိ ကြက်သွန်နီ (ကြီး) တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်သွန်နီ(လတ်) တစ်ပိဿာလျှင် (၁၈၀၀)ကျပ်နင့် ကြက်သွန်နီ (သေး) တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်ခဲ့ပြီး ဩဂုတ်လ တတိယပတ်မှ စတင်၍ ဈေးနှုန်း မြင့်တက်လျက်ရှိရာ ယခုဩဂုတ်လ နောက်ဆုံးပတ်တွင် ကြက်သွန်နီ (ကြီး)တစ်ပိဿာလျှင် (၃၇၀၀)ကျပ်၊ ကြက်သွန်နီ (လတ်) တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် ကြက်သွန်နီ (သေး) တစ်ပိဿာလျှင် (၂၇၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  

     ကြက်သွန်နီ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ကြက်သွန်နီများ ဝင်ရောက်မှုနည်းပါးလာပြီး၊ လက်ကျန်များ နည်းပါးလာခြင်းကြောင့်ဖြစ်ကြောင်း ရွှေဘိုမြို့စည်ပင်သာယာဈေးအတွင်းရှိ ကြက်သွန်နီ ပွဲရုံများမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျုံဒိုးမြို့၌ သွင်းအားစုဓါတ်မြေဩဇာအချို့ဈေးနှုန်းအနည်းငယ်ကျ

      ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၌ သွင်းအားစု ဓါတ်မြေဩဇာ အချို့ဈေးနှုန်းအနည်းငယ်ကျပြီး ပိုးသတ်ဆေးအချို့မှာ ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။

        သွင်းအားစု ဓာတ်မြေဩဇာ 15-15-15 ၅၀ ကီလိုတစ်အိတ်လျှင် ၁၄၂၀၀၀ ကျပ်၊ 46-0-0 (မြင်းပျံ) ၅၀ ကီလိုတစ်အိတ်လျှင်  ၈၁၀၀၀ ကျပ်၊ 16-16-8 (မြင်းပျံ)တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်၊ 16-8-8 (မြင်းပျံ) တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ 20-12-12(ရွှေကောမတ်)  ၅၀ကီလို တစ်အိတ်လျှင် ၁၁၂၀၀၀ ကျပ်၊ 13-9-20 (ကောမတ်) ၅၀ကီလို တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ တီစူပါသံကွင်း 46% တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ ပိုတက် 60% တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်၊ ပေါင်းသေကောမတ် တစ်အိတ်လျှင် ၆၈၀၀၀ ကျပ် တို့မှာ ဈေးနှုန်းအနည်းငယ်ကျလျက်ရှိကြောင်း သိရသည်။

       ပိုးသတ်ဆေးများဖြစ်သော မာလာမြိုင်စိုက်ပါ 100 CC ပုလင်း ၃၅၀၀ ကျပ်၊ ဇိုင်ကလုံး 100 CC ပုလင်း ၈၅၀၀ ကျပ်၊ တော်မီနို 100 CC ပုလင်း ၈၅၀၀ ကျပ်၊ ဖြူရာဒန် 36 မှာ ၈၅၀၀ ကျပ်တို့ဖြင့် လည်းကောင်း အသီးသီးဈေးတက်ခဲ့ပြီး အဆီဖိတ် အမှုန့် ၂၅၀ ဂရမ်မှာ ၁၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

     အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် သီးနှံအသစ်များဝင်ရောက်လျက်ရှိပြီး (၄၅) ပိဿာဝင်(၁)အိတ်လျှင်  ယခင်အပတ် (၂၃.၈.၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၃၁၀၀၀၀ မှ ၃၅၀၀၀၀) ဖြစ်ပြီး ယခုအပတ် (၂၉.၈.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၅၀၀၀ မှ ၃၅၀၀၀၀)ဖြစ်၍ ကျပ်(၂၅၀၀၀) ဈေးလျော့ခဲ့ ပါသည်။ နှမ်းနီမှာ ယခင်အပတ်တွင် ကျပ်(၃၁၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၃၁၅၀၀၀) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက်(စမုံ)(၂၃၀၀)အိတ်၊ နှမ်းနီ (၅၂၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိခဲ့ရပါသည်။

   ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၆၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၇၀၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(H-L) ယခင် အပတ်တွင်ကျပ်(၉၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၉၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီးယခင်အပတ်တွင် ကျပ်(၉၅၀၀၀ မှ ၉၉၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၅၀၀၀ မှ ၁၀၀၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ ကုလားပဲ(မြကြေး)မှာ ယခင်အပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၂၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ပဲတီစိမ်း ယခင်အပတ်တွင်ကျပ်(၄၅၀၀၀ မှ ၅၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၄၃၀၀၀ မှ ၅၃၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ပဲစဉ်းငုံနီ ယခင်အပတ်တွင်ကျပ်(၁၁၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၁၀၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀)ဈေးလျော့ခဲ့ပြီး  အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် အိတ်များဖြင့် မတ်ပဲ (၂၂၀)အိတ်၊ ကုလားပဲ(H-L)(၄၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၃၃၀)အိတ်၊ ပဲကြီး (၃၆၀)အိတ်၊  ပဲတီစိမ်း(၉၀၀)အိတ်၊ ပဲစဉ်းငုံနီ(၃၂၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။

     မြေပဲလုံးဆံဖြူမှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၄၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၉၀၀ မှ ၇၀၀၀)ဖြစ်၍ ကျပ်(၄၀၀ မှ ၅၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲလုံးဆံနီ (၁)ပိဿာလျှင် ယခင်အပတ်တွင်ကျပ်(၉၄၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၉၀၀၀)ဖြစ်၍ ကျပ်(၄၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင်ကျပ်(၂၃၀၀၀မှ ၂၅၀၀၀)ဖြစ်ပြီး ယခု အပတ်တွင် ကျပ်(၁၈၀၀၀ မှ ၁၉၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀ မှ ၆၀၀၀) စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပြီး  အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၄၃၀)အိတ်၊ မြေပဲလုံးဆံနီ (၁၇၀)အိတ်၊ မြေပဲတောင့်အစို တင်း(၃၇၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် နှမ်း၊ ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ(၂၃) ရက်နေ့ မှ ဩဂုတ် လ(၂၉) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တိုက်ကြီး မှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၂၀၀ ၊ အလုံးလတ် ကျပ် ၈၀၀ ၊ အလုံးသေး ကျပ် ၇၀၀ ၊ ကျောက်ဆည် မှ ရွှေဌက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀ ရေး မှ ဒူးရင်းသီး အလုံး ကြီး ကျပ် ၉၀၀၀ ၊ အလုံးလတ် ကျပ် ၇၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀ ၊ သီပေါ မှ နာနတ်သီး အလုံး ကြီး ကျပ် ၁၅၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၅၀၀ ၊ ကလော မှ ပန်းသီး စက္ကူပုံး တစ်ပုံး အလုံးကြီး ကျပ် ၅၅၀၀၀၊ အလုံးသေး ကျပ် ၄၂၀၀၀ ၊ ဝမ်းတွင်း၊ ခရမ်း မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၅၅၀၀ ၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၀၀၀ ၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၀၀၀၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၊ အလုံးသေး ကျပ် ၇၀၀၊ ပုပ္ပါး မှ မာလကာသီး အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ်  ၅၀၀၊ အလုံးသေး ကျပ် ၄၀၀ ၊ မန္တလေး မှ သရက်သီး (ရင်ကွဲ) တစ်သေတ္တာ အလုံးကြီး ကျပ် ၃၃၀၀၀ ၊ အလုံးလတ် ကျပ် ၂၇၀၀၀၊ အလုံးသေး ကျပ် ၂၂၀၀၀၊ ပြင်ဦးလွင် မှ နဂါးမောက်သီး တစ်ဖာ အလုံးကြီး ကျပ် ၁၅၀၀၀ ၊ အလုံးလတ် ကျပ် ၁၄၀၀၀ ၊ အလုံးသေး ကျပ် ၉၀၀၀  ဈေးတို့ရှိကြောင်း သီရိမင်္ဂလာ ဈေးရှိမြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၂၃)ရက်နေ့မှ ဩဂုတ်လ(၂၉)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၁၄၀၀ မှ ၂၅၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၃၀၀ မှ ၁၂၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၆၀၀ မှ ၂၇၀၀ အတွင်း၊ မုန့်လာဥနီ(ပိဿာ) ကျပ် ၄၅၀၀ မှ ၅၂၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၇၀၀ မှ ၅၀၀၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၈၀၀ မှ ၂၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၀၀၀ မှ ၂၆၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၇၀၀ မှ ၃၂၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၇၀၀၀ မှ ၉၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၇၅၀၀ မှ ၈၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၄၅၀၀ မှ ၇၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၀ မှ ၁၂၅ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၀၀၀ မှ ၂၀၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၃၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၂၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၂၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၃၉၆၉၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၄၀၉၅)ကျော်၊ ဘူးသီးအလုံးပေါင်း (၂၉၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၁၁၃၇၅)ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း (၅၄၈၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၄၄၀၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၁၉၇၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၃၈၄၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း