ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြန်မာတို့အကြိုက် စားတော်ပဲပြုတ်လည်း ဈေးတက်

      မြန်မာတို့၏ မနက်ခင်းထမင်းကြမ်းဝိုင်းတွင် ပဲပြုတ်သည် မပါမဖြစ်သည့် ဟင်းအမည် တစ်မျိုးဖြစ်ပါသည်။ ပဲပြုတ်ပူပူလေး ဆိုသည့်အသံကို မနက်တိုင်း ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင် ကြားနေရပါသည်။ ပဲပြုတ်ကို ထမင်းပူပူလေးနှင့်ဖြစ်စေ၊ ထမင်းကြော်၊ ပလာတာ၊ အီကြာကွေးတို့နှင့်ဖြစ်စေ စားသုံးလေ့ရှိပါသည်။

     ပဲပြုတ်ကို အလွယ်တကူ ဝယ်ယူနိုင်သော်လည်း အရသာ ကောင်းမွန်သည့် ပဲပြုတ်ကိုတော့ လွယ်လွယ်ကူကူနှင့်မရပါ။ နှစ်ရက်ခန့် အချိန်ပေးရပါသည်။ ပဲပြုတ်ကို စားတော်ပဲဖြင့် ပြုလုပ်ပါသည်။ စားတော်ပဲကို ရေထဲသို့လက်နှစ်ကြည့်လျှင် လက်အပူခံနိုင်သည့် ရေနွေးနွေး‌ လေးဖြင့် ၃ နာရီကြာအောင်စိမ်ရပါမည်။ ထို့နောက် စကာဖြင့် ရေစစ်ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေလောင်းပေးရပါသည်။

   နောက်တစ်နေ့ ပဲအညှောင့်ပေါက်လာမှ ပြုတ်လို့ရပါသည်။ ပြုတ်သည့်အခါတွင် ပဲနှင့် ရေကို အတိဖြစ်အောင်ထည့်ရပါသည်။ ရေခမ်းသွားလျှင် ထမင်းအိုးနှပ်သလို မီးအေးအေးဖြင့် ရေခမ်းအငွေ့ထွက်အောင် ထားရပါသည်။ တစ်ချို့က ရေခမ်းလာလျှင် ဇကာနှင့်စစ်ပြီး ရေနွေးငွေ့ ဖြင့်ပေါင်းသဖြင့် ပဲပေါင်းဟု ခေါ်သူတွေလည်း ရှိပါသည်။

       ယခုအချိန်တွင် စားတော်ပဲ ပိဿာ ၃၀ တစ်အိတ်လျှင် ၂၂၀၀၀၀ ကျပ်ဖြင့် ဝယ်ရပြီး ပဲပြုတ် ၁၀ ကျပ်သားကို ၆၀၀ ကျပ်ရောင်းပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပခုက္ကူကုန်စည်ဒိုင်၌ ဩဂုတ်လ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်နီ/ ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

    ကြက်သွန်နီကုန်စည်ဒိုင်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များအရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် တခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊ တောင်သာမြို့နယ်၊ ညောင်ဦးတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

  ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်) တွင် ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၏ ကြက်သွန်နီဒိုင်ပြတ်ဈေးမှာ ပေါက်နယ် (ယောစ) ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၂၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၉၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၆၀၀)၊ ပုလဲကြက်သွန်နီထိပ်စတစ်ပိဿာလျှင် ကျပ်(၃၁၅၀)၊  အလတ်စတစ်ပိဿာလျှင် ကျပ်(၂၈၅၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့် နေ့စဉ် ကုန်ချိန်(၅၀၀၀၀ မှ ကုန်ချိန်(၁၀၀၀၀၀)ကျော်အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန် ဘုရင့်နောင်၊ ပြည်ပအနေဖြင့် တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်းတင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

    ကြက်သွန်ဖြူ(ဗမာ)ဒိုင်ပြတ်လက်ကားဈေးမှာ အရည်အသွေးပေါ်မူတည်၍ ထိပ်စတစ်ပိဿာလျှင် ကျပ်(၈၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၈၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၈၀၀၀) ဖြစ်ပြီး (ကြက်သွန်ဖြူ (ရှမ်းစ) ထိပ်စတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၇၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ နှမ်းအထွက်နှုန်းကောင်းပြီး ဈေးကောင်းရလျက်ရှိ

   မကွေးတိုင်းဒေသကြီးအတွင်း၌ မိုးသီးနှံအနေဖြင့် နှမ်းကိုစိုက်ပျိုးမှုများပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ဈေးကောင်းလည်းရရှိနေကြောင်း နှမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။

   ယခင်နှစ်နှမ်းသီးနှံပေါ်စအချိန်တွင် ဈေးနှုန်းလျောကျခဲ့သော်လည်း ယခုနှစ်တွင် ဈေးမြင့်တက်လျက်ရှိပြီး နှမ်းမှာအက်ဆစ်ပါဝင်မှု၊ နှမ်းရုပ်လှမှု စသည့်ပစ္စည်းအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်းနှင့် ကုန်သည်များကလည်း ပစ္စည်းကောင်းမှသာလျှင် ဝယ်ယူကြကြောင်းသိရပါသည်။ နှမ်းစိုက်ပျိုးရာတွင် ဂျပန်နှမ်းဖြူ၊ စမုံနှမ်းနက်၊ ရိုးရိုးနှမ်းဖြူမျိုးများကိုသာစိုက်ပျိုးကြပြီး ယခုနှစ်တွင် နှမ်းဖြူဈေးမှာ ဈေးအမြင့်ဆုံးဖြစ်ကြောင်းသိရသည်။ ဩဂုတ်လနှင့် စက်တင်ဘာလများသည် သီးနှံရောင်းဝယ်မှုအများဆုံးအချိန်ဖြစ်ကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီးတွင် မိုးသီးနှံအဖြစ် နှမ်းနှင့်မြေပဲကိုစိုက်ပျိုးကြပြီး ထွက်ရှိသောနှမ်းများကို ဂျပန်၊ ကိုရီးယား၊ တရုတ် စသည့်နိုင်ငံများသို့ တင်ပို့ကြောင်းလည်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ နှမ်းစိုက်တောင်သူများအနေဖြင့် မိုးနှမ်းသီးနှံများရိတ်သိမ်းထွက်ရှိချိန်တွင် နှမ်း(၁)တင်းလျှင် ငွေကျပ်(၁၄၀၀၀၀)ခန့်ဖြင့် ရောင်းချနေရသဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

   မိမိတို့ဒေသသည် ဆည်/တမံရေ၊ မြေအောက်ရေ၊ ကန်ရေတို့မရရှိသဖြင့် နှစ်စဉ်မိုးရေကိုသာအဓိကထားပြီး စိုက်ပျိုးရသည့်ဒေသဖြစ်ပါကြောင်း၊ မိုးရာသီကာလတွင် နှမ်းသီးနှံကို အဓိကထား၍စိုက်ပျိုးကြပါကြောင်း၊ ယခုနှစ်တွင် နှမ်းသီးနှံကို (၁၅)ဧကစိုက်ပျိုးထားပါကြောင်း၊ (၁)ဧကစိုက်ပျိုးမည်ဆိုလျှင် မျိုးဖိုး၊ ထွန်ယက်ခ၊ စိုက်ခ/ ပျိုးခ၊ အလုပ်သမားခ၊ ရိတ်သိမ်း/ချွေလှေ့ခအပါအဝင် စုစုပေါင်း ကျပ်(၄၀၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ ယခုနှစ်တွင် စမုံနက်(နှမ်းနက်)နှင့် နှမ်းဖြူမျိုးတို့ကိုစိုက်ပျိုးပါကြောင်း၊ ယခုနှစ်တွင် မိုးကောင်းစွာရွာသွန်းသဖြင့် နှမ်း(၁)ဧကလျှင် (၁၀)တင်းခန့်ထွက်ရှိပါကြောင်း၊ ယခင်နှစ်တွင် နှမ်း(၁)တင်းလျှင် ကျပ် (၈၀၀၀၀)ခန့်သာရှိခဲ့ပြီး ယခုနှစ်နှမ်းပေါ်စအချိန်တွင် နှမ်း(၁)တင်းလျှင် ကျပ်(၁၄၀၀၀၀)ခန့်ရှိသဖြင့် ဈေးကောင်းရ၍ နှမ်းစိုက်တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ်၊ မောင်းမကန်ကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

 

 

       

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၆.၉.၂၀၂၃ )

   ၆.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းဈေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲ၊ နှမ်းမျိုးစုံတို့အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ သြဂုတ်လ(၂၅)ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ ပဲတီစိမ်း(၂၀)ပိဿာဝင် (၁) တင်းလျှင် ကျပ်(၅၇၀၀၀)၊ ပဲလွန်းဝါကျွန်း(၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၆၀၀၀၀)၊ ပဲကြီးဖြူ(လတ်) (၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၉၅၀၀၀)၊ ပဲကြီးဖြူ(သေး)(၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ ပဲကြီးဖြူ(ပြားကြီး)(၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ ပဲနှောက်(၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ် (၅၀၀၀၀)၊ ပဲကြီးမဲ(ချင်း)(၁၉)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၈၅၀၀၀)၊ ပဲစဉ်းငုံနီ(၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ မတ်ပဲ(၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၇၅၀၀၀)၊ စားတော်ပဲ(၂၀)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၁၃၃၀၀၀)၊ နှမ်းဖြူ(၄၅)ပိဿာဝင် (၁)တင်းလျှင် ကျပ်(၄၂၃၀၀၀-၄၂၈၀၀၀)၊ နှမ်းနီ(မကွေး) (၁)တင်းလျှင် ကျပ်(၃၄၈၀၀၀-၃၅၀၀၀၀)၊ နှမ်းနီ(နယ်စ) (၁)တင်းလျှင် ကျပ်(၃၃၅၀၀၀-၃၃၇၀၀၀)၊ နှမ်းညိုကြား (၁)တင်းလျှင် ကျပ်(၃၁၅၀၀၀-၃၂၀၀၀၀)၊ နှမ်းနက်(စမုံ)(သစ်) (၁)တင်းလျှင် ကျပ်(၃၉၀၀၀၀-၃၉၅၀၀၀)၊ နှမ်းနက်(စမုံ)(ဟောင်း) (၁)တင်းလျှင် ကျပ်(၃၃၀၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    သြဂုတ်လ(၂၅)ရက်နေ့တွင် ပဲတီစိမ်းတန်ချိန်(၃၀)၊ ကုလားပဲတန်ချိန်(၁၀၀)၊ ပဲကြီးဖြူတန်ချိန် (၄၅)၊ ပဲကြီးမဲတန်ချိန်(၁၀)၊ စားတော်ပဲတန်ချိန်(၂၀)၊ မတ်ပဲတန်ချိန်(၁၀)၊ နှမ်းဖြူတန်ချိန်(၈၀၀)၊ နှမ်းနီတန်ချိန်(၃၀၀)၊ နှမ်းနက် (စမုံ) တန်ချိန်(၃၀၀)၊ နှမ်းနက်(ရိုးရိုး)တန်ချိန်(၅၀)၊ နှမ်းညိုကြားတန်ချိန်(၁၀၀) စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၆.၉.၂၀၂၃ )

     ၆.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၆.၉.၂၀၂၃ )

    ၆.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ငူမြို့တွင် လဝက်အတွင်း ဓါတ်မြေဩဇာဈေးအနည်းငယ်တက်

     ပဲခူးတိုင်းဒေသကြီး ၊  တောင်ငူမြို့ရှိ ဓါတ်မြေဩဇာဆိုင်များတွင် ယူရီးယားလုံးကြီး ဓါတ်မြေဩဇာများဖြစ်သော မြင်းပျံအမှတ်တံဆိပ်မှာ ဩဂုတ်လဆန်းက တစ်အိတ်လျှင် ၈၇၀၀၀ ကျပ် ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၈၉၀၀၀ ကျပ်၊ CP အမှတ်တံဆိပ် ဓါတ်မြေဩဇာမှာ ဩဂုတ်လဆန်းက တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်၊ MC အမှတ်တံဆိပ် ဓါတ်မြေဩဇာမှာ ဩဂုတ်လဆန်းက တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၁၁၂၀၀၀ ကျပ်ဖြင့် လဝက်အတွင်း တစ်အိတ်လျှင် ၂၀၀၀ ကျပ် ဈေးတက်ပါသည်။

    ယူရီးယားလုံးသေးဓါတ်မြေဩဇာများဖြစ်သော အာမိုအမှတ်တံဆိပ်မှာ တစ်အိတ်လျှင် ၁၀၃၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဩဘာအမှတ်တံဆိပ်ဓါတ်မြေဩဇာမှာ ဩဂုတ်လဆန်းက တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၈၂၀၀၀ ကျပ်၊  တီဆူပါသံကွင်း တရုတ်ဓါတ်မြေဩဇာမှာ ဩဂုတ်လဆန်းက တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်ဖြင့် လဝက်အတွင်း တစ်အိတ် ၂၀၀၀ ကျပ် ဈေးတက်ပါသည်။

    ရွှေကောမတ်(ဩဘာ)ဓါတ်မြေဩဇာ၊ ပိုတက်(ဂျာမနီ)ဓါတ်မြေဩဇာ၊ ကွန်ပေါင်း(အာမို) ဓါတ်မြေဩဇာနှင့် ကွန်ပေါင်း(ဩဘာ)ဓါတ်မြေဩဇာတို့မှာ ဩဂုတ်လဆန်းက တစ်အိတ်လျှင် ၉၄၀၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၉၆၀၀၀ ကျပ်ဖြင့် လဝက်အတွင်း တစ်အိတ် လျှင် ၂၀၀၀ ကျပ် ဈေးတက်ပါသည်။

     အာမို ၁၆:၁၆:၈ (တရုတ်) ဓါတ်မြေဩဇာမှာ ဩဂုတ်လဆန်းက တစ်အိတ်လျှင် ၁၁၆၅၀၀ ကျပ်ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၁၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅:၁၅:၁၅ (ကောမတ်) ဓါတ်မြေဩဇာမှာ ဩဂုတ်လဆန်းက တစ်အိတ်လျှင် ၁၃၈၅၀၀ ကျပ် ရှိရာမှ လလယ်ပိုင်းတွင် တစ်အိတ်လျှင် ၁၄၃၅၀၀ ကျပ်ဖြင့် လဝက်အတွင်း တစ်အိတ်လျှင် ၅၀၀၀ ကျပ် ဈေးတက် သွားကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူမြို့တွင် လျှပ်စစ်စက်ဘီး ဆိုင်ကယ်များ ယခင်ကထက် ရောင်းအားကောင်း

       ယခုအချိန်တွင် စက်သုံးဆီဈေးနှုန်းကြီးမြင့်ခြင်းကြောင့် စက်သုံးဆီမလိုဘဲ လျှပ်စစ်ဖြင့် ဘက္ထရီအားသွင်းပြီး အသုံးပြုနိုင်သည့် လျှပ်စစ်စက်ဘီး၊ လျှပ်စစ်ဆိုင်ကယ်များကို အသုံးပြုမှုများလာသည်ကို တွေ့ရပါသည်။

   လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်များသည် ခရီးတိုသွားလာရာတွင် စီးရသည်မှာ လွန်စွာအဆင်ပြေပါသည်။ ကျောင်းသားများအား ကျောင်းပို့/ကျောင်းကြိုပြုလုပ်ရာတွင် အဆင်ပြေပြီး ခလေးများကိုယ်တိုင် လည်း ကောင်းစွာစီးနင်းနိုင်ပါသည်။

        လီဘာတပ်ထားပြီး ဟွန်းလည်းပါ၊ ဂီယာ ၃ ချက်လည်းပါသည့် Yamaha အမှတ်တံဆိပ် လျှပ်စစ်စက်ဘီးများမှာ ယခုအခါ တစ်စီးလျှင် ကျပ် ၄ သိန်းခန့်ရှိပါသည်။ လျှပ်စစ်ဆိုင်ကယ်မှာ ၁၄ လက်မဘီး တစ်စီးလျှင် ၆ သိန်းကျပ်၊ ၁၈ လက်မဘီး တစ်စီးလျှင် ၈ သိန်းကျပ်ရှိကြောင်းနှင့် ယခင်ကထက်ပို၍ ရောင်းရကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း