ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်း ကျဆင်းလာသောချင်းဈေးနှုန်း

    ကယားပြည်နယ်တွင်  ချင်းကို လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာနှင့် ကယားပြည်နယ်၊ အနောက်ပိုင်းတွင်ရှိသော လွိုင်နန်းဖကျေးရွာ၊ ပန်ပတ်ကျေးရွာ၊ လိုဘာခိုကျေးရွာ၊ ဒေါရောက်ခူကျေးရွာဘက်တို့မှ အဓိကစိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် ဒေသအခြေအနေအရ စိုက်ပျိုးနိုင်ခြင်းမရှိသဖြင့် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်းမြို့၊ ဖယ်ခုံမြို့တို့မှ မှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် ချင်းတစ်ပိဿာလျှင် (၄၅၀၀) ကျပ်ဖြင့်‌ ဈေးကွက်အတွင်းရောင်းချလျက်ရှိပြီး ယခင်ဩဂုတ်လ (ပထမပတ်) တွင် ရောင်းချလျက်ရှိသောချင်းဈေးနှုန်းမှာ  ချင်းတစ်ပိဿာလျှင် (၅၅၀၀) ကျပ်မှ (၆၀၀၀) ကျပ်အထိရောင်းချခဲ့ရာ ယခုစက်တင်ဘာလ (ပထမပတ်) နှင့် ယခင်ဩဂုတ်လ (ပထမပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ချင်းတစ်ပိဿာလျှင် (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်အထိဈေးနှုန်းကျဆင်းလာခဲ့ပြီး ထိုသို့ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ချင်းစိုက်ဧကများပြားလာခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ ချင်းရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

    နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၈.၉.၂၀၂၃ )

    ၈.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၈.၉.၂၀၂၃ )

    ၈.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၀.၉.၂၀၂၃ )

     ၁၀.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၉.၉.၂၀၂၃ )

   ၉.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၈.၉.၂၀၂၃ )

     ၈.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ရှမ်းပြည်နယ်တောင်ပိုင်းမှ တစ်နှစ်တစ်ခါပေါ်တဲ့ အင်ဥ (ခေါ်) မှိုဥ

    အင်ဥ ဆိုသည့်အတိုင်း အင်ပင်ရှိသောနေရာမှာပဲ ပေါက်ရောက်လေ့ရှိတတ်ကြပြီး မြေကြီး ထဲမှတူးယူရသော မှိုဥတစ်မျိုး ဖြစ်ပေသည်။ အင်ဥကနေမှိုဖြစ်မလာပေ၊ အင်ဥ အဖြစ်၌သာ ရင့်ပြီးပုပ်သွား တတ်ကြပါသည်။ အရွယ်အစား(၃)မျိုးရှိသည်ဟုသိရှိရပါသည်၊ အင်ဥ၏ သက်တမ်းသည် ဆယ်ရက်လောက်နေ ပျောက်သွားတတ်ပြီး နောက်မိုးထပ်မံရွာမှ တစ်ဖန်ပြန်ပေါ်လာတတ်ပေသည်။ တောတောင်တွေထဲတွင် အလေ့ကျသဘာဝပေါက်သော အပင်တစ်မျိုးဖြစ်ပြီး ပေါက်ရောက်သော ဒေသတစ်ခုနှင့်တစ်ခု ကွားခြား‌မှုကြောင့် အင်ဥ၏ အရသာသည်လည်း ကွာခြားတတ်ကြသည်။ အင်ဥသည် ရေနှင့်ထိတွေ့မိလျှင် အမြန်ပုပ်လွယ်တတ်ပြီး၊ သဲ သို့မဟုတ် တမံတလင်း ပေါ်ဖျန့်ထားမည်ဆိုပါက (၃)ရက်ထိ အထားခံပါသည်။ အင်ဥကို ပြုတ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားပါက (၂) ပတ်လောက်အထားခံပါသည်။ အင်ဥ (ခေါ်) မှိုဥ၏ ထူးခြားချက်အနေဖြင့်  အလေးချိန်မှာ တစ်ခါချိန်တစ်ခါလျော့နေတတ်ပြီး၊ အိမ်တွင်တစ်ညသိပ်ပြီး နောက်ရက် ပြန်ချိန်ကြည့်မည်ဆိုပါက လျော့နေတတ်ပြန်သည်။ အင်ဥကို စားသုံးမည်ဆိုပါက သုံးလေးထပ်လောက် ရေနဲ့ဆေးပြီးမှ စားသုံးသင့်ပါသည်။ ဆားထည့်ပြီးဆေးလျှင် အင်ဥရှိ အညစ်အကြေးနှင့် မြေကြီးများ ပိုမိုပြောင်လွယ်၍ လိုသလိုလှီးဖြတ်၍ စားသုံးနိုင်ပါသည်။ အင်ဥသည် ဒညင်းသီး၊ ပီလောပီနံ၊ မျောက်ငိုသီး၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါး၊ ဂဏန်း၊ ဖားသား၊ ဒူးရင်းသီး၊ မျှစ်ချဉ်၊ ပုဇွန်ချဉ်၊ ငါးဖယ်ချဉ်၊ ငါးလေးချဉ်၊ ဆူးပုပ်၊ ပဲငါးပိ တို့နှင့် တွဲဖက်၍ စားသုံးမိပါက မူးဝေအော့အန် တတ်ပါသည်။ အချို့ Online ဈေးကွက်ပေါ်တွင် အင်ဥကို အသင့် စားသောက်ကုန်အဖြစ်ရောင်းချလျက်ရှိကြပြီး အသင့်စားအင်ဥကြော်တစ်ပွဲလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိရှိပြီး အချို/ အစပ် အရသာ နှစ်မျိုးဖြင့် ရောင်းချလျက်ရှိကြပေသည်။ ယနေ့ဒေသ ပေါက်ဈေးအနေဖြင့် နို့ဆီဗူး တစ်ဗူးလျှင် ၂၅၀၀ ကျပ် မှ ၃၀၀၀ ကျပ်အထိ ရောင်းချလျက် ရှိကြပေသည်။ အင်ဥ ဈေးကွက်သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့ကြီးများသို့ အဓိကတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ်ဒေသ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ စတုတ္ထအပတ် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၇၄၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၉၂၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၉၂၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၃၄၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၃၄၀၀၀) ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၇၀၀၀၀) ကျပ်ဖြစ်ပါသည်။

   ၂၀၂၃ခုနှစ် ဩဂုတ်လ စတုတ္ထအပတ်တွင် တာချီလိတ်မြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့်ဓာတ်မြေ ဩဇာဈေးနှုန်းများမှာ ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၅၃၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၆၈၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၆၈၀၀)ကျပ် ဖြစ်ပါသည်။ ဓါတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(၄၆%) (50)kg တစ်အိတ်လျှင် (၁၆၉၉၀၀) ကျပ်၊ ကွန်ပေါင်း(၁၅ ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၅၉၆၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၅၉၆၀၀)ကျပ် ဖြစ်ပါသည်။

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ်ဒေသ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင်ဩဂုတ်လ တိယအပတ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လာပြီး ဈေးနှုန်းမြင့်တက်ရခြင်းမှာ တရုတ်ငွေ(ယွမ်)နှင့် ထိုင်းငွေ (ဘတ်)ဈေးနှုန်း ပြောင်းလဲမှုအပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

နောင်ချိုမြို့နယ်တွင် ဖူးစားပြောင်းအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိ

       ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်မှ မိုးရာသီတွင် ဖူးစားပြောင်းနှင့် အစေ့ထုတ်ပြောင်း သီးနှံအား အများဆုံးစိုက်ပျိုးကျကြောင်း ဖူးစားပြောင်းသည် နိုင်ငံခြားပို့ကုန် အဓိက ကဏ္ဍမှ မပါသော်လည်း ဒေသတွင်းဈေးကွက်ဖွံ့ဖြိုးမှုရှိသည့် သီးနှံဖြစ်ပြီး ဖူးစားပြောင်းကို အချို့ ဒေသများ၌ မိုးရာသီကာလများဖြစ်သော ဇွန်လမှ ဩဂုတ်လအတွင်း စိုက်ပျိုးကြောင်း သိရှိရပါသည်။

     ဖူးစားပြောင်း၏ စိုက်ပျိုးမှုသက်တမ်းသည် အချိန် သုံးလခန့်သာကြာသဖြင့် မိသားစု စီးပွားရေးအတွက် ဝင်ငွေရရှိရန် လွယ်ကူသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးချိန်နှင့် စိုက်ပျိုးနည်းစနစ်များက လည်း အထူးအရေးကြီးလှပါသည်။ မိုးရွာပြီး မြေကြီးအစိုဓါတ်ရရှိချိန်တွင် စိုက်ပျိုးကျပြီး နုန်းမြေနှင့် စနယ်မြေကို ပို၍ နှစ်သက်ကြကြေင်း၊ ထယ်ရေးကောင်းစေရန် ဆောင်ရွက်ရရန်နှင့် မြေဩဇာအဖြစ် ပိုတက်စီယမ်နှင့် နွားချေး၊ မြေဆွေး၊ သဘာဝမြေဩဇာကို ထည့်သွင်း စိုက်ပျိုးပါက အထွက်နှုန်းကောင်း ၍ အပင်ကြီးထွားနှုန်းနှင့် အပင်သန်စွမ်းနှုန်း ကောင်းလာပြီး ပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်းသိရှိ ရပါသည်။

    ဖူးစားပြောင်းစိုက်ပျိုးရာတွင် ပင်ကြား ၁၀လက်မနှင့်တန်းကြား (၂)ပေ၊ (၂)ပေခွဲခန့်ခြား၍ စိုက်ပျိုး နိုင်ကြောင်း၊ မျိုးစေ့မစိုက်ခင် ရေစိမ်၍ မျိုးစေ့ ပွလာမှသာ မြေကြီးထဲသို့ ချပြီးစိုက်ပျိုးခြင်းဖြစ်ကြောင်း ဒေသတစ်ခုနှင့်တစ်ခု စိုက်ပျိုးနည်းစနစ်များ ကွားခြားမှုရှိနိုင်ကြောင်း သိရှိရပါသည်။ ပြောင်းစိုက်တောင်သူ များသည် လွန်ခဲ့သော အချိန်များက စက်နှင့်စက်ကရိယာအမျိုးမျိုးဖြင့် အသုံးပြု၍ စိုက်ပျိုးလာကြောင်း၊ ဖူးစားပြောင်းစိုက်ပျိုးရာတွင် တစ်ဧက ကုန်ကျထုတ်လုပ်မှုမှာ စုစုပေါင်း (၁၀)သိန်းမှ (၁၅)သိန်းခန့် အထိ ကုန်ကျမှုရှိကြောင်း၊ ပြောင်းဈေးကောင်းပါက တစ်ဧကလျှင် (၁၇)သိန်းမှ (၃၀)သိန်းကြား ရရှိနိုင်သောကြောင့် မိသားစုဝင်ငွေတိုးပွားပြီး အဆင်ပြေသည့်အတွက် တောင်သူများ အနေဖြင့် ဖူးစားပြောင်းကို စီးပွားဖြစ် စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

    နောင်ချိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် မိုးရာသီ စိုက်ပျိုးရာသီတွင် ဧကစုစုပေါင်း( ၇၆၉၆)ဧက ကျော်စိုက်ပျိုးကြောင်း ဖူးစားပြောင်း တစ်ဧက ပြောင်းဖူး(၁၈၆၇၇)ဖူး ထွက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် တစ်ဧကကို (၇၆၄၅)ဖူးနှုန်းထွက်ရှိကြောင်း အစေ့ထုတ်ပြောင်းသည် ဖူးစားပြောင်းထက် တစ်လနောက်ကျ၍  ရိတ်သိမ်းကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း