ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) အတွင်း ဘားအံမြို့တွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းဆန် တစ်ပြည်လျှင် ၅၄၀၀ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် ၂၉၀၀ကျပ်၊ ဆန်ကွဲတစ်ပြည်လျှင် ၂၁၀၀ကျပ်ဖြင့် ဆန်ဈေးနှုန်းမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ(ယိုးဒယား) တစ်ပိဿာလျှင် ၈၃၀၀ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီ တစ်ပိဿာလျှင် ၃၇၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၉၀၀၀ကျပ်နှင့် ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ ချင်း တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် ၆၈၀၀ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ၆၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

      အသားငါးဈေးနှုန်းများမှာ ဝက်သား တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ အမဲသား တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သား (CP) တစ်ပိဿာလျှင် ၁၀၅၀၀ကျပ်၊ ချောင်းငါးကြင်း တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ မွေးမြူရေးငါးခူ တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ပုစွန်(ဘော့ချိတ်) တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ဖြင့် ငါးဈေးများမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

    ကြက်ဥလက်လီဈေးနှုန်းမှာ ကြက်ဥ(ကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ ကြက်ဥ(သေး) တစ်လုံးလျှင် ၂၈၀ကျပ်၊ ဘဲဥ(ကြီး) တစ်လုံးလျှင် ၄၀၀ကျပ်၊ ဘဲဥ(သေး) တစ်လုံးလျှင် ၃၅၀ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ဂေါ်ဖီထုပ် ၁ထုပ်လျှင် ၁၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ ပဲတောင့်ရှည်သီး တစ်စည်းလျှင် ၇၀၀ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် ၂၅၀ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

         

မကွေးမြို့၊ ရန်ပယ်စျေး၌ဖြစ်ပေါ်နေသော စားဖိုဆောင်သုံးသီးနှံ၏ စျေးကွက်အခြေအနေ

    မကွေးမြို့၊ ရန်ပယ်ဈေး၌ မြို့ပေါ်ရှိ ဈေးသည်များနှင့် ပတ်ဝန်ကျင်းကျေးရွာများဖြစ်သော ဒဟန်ကန်ရွာ၊ ကံလှရွာ၊ ကန်ပြားရွာ၊ ထုံးပေါက်တောကျေးရွာ၊ မကျီးကန်ကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။      

    မကွေးမြို့၊ ရန်ပယ်စျေးတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးသီးနှံစျေးများမှာ ကြက်သွန်နီ(၁)ပိဿာလျှင် (၃၄၀၀-၃၅၀၀)ကျပ်၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် (၁၇၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် (၁၀၈၀၀)ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကုလားပဲ(၁)ပြည်လျှင် (၇၈၀၀)ကျပ်၊ မြေပဲဆံ(၁)ပြည်လျှင် (၈၈၀၀)ကျပ်၊ မန်ကျည်းသီးမှည့်(၁)ပိဿာလျှင် (၃၅၀၀)ကျပ်၊ ချင်း(၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးပိ(၁)ပိဿာလျှင် (၄၅၀၀-၅၀၀၀)ကျပ်၊ ဆား(အကြမ်း)(၁)ပိဿာလျှင် (၅၀၀)ကျပ်၊ ဆား(အချော)(၁)ပိဿာလျှင် (၁၄၀၀)ကျပ်၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် (၁၈၀၀-၂၀၀၀)ကျပ်၊ ငရုတ်သီးသီးစိမ်း (၁)ပိဿာလျှင် (၂၄၀၀)ကျပ်၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် (၈၀၀)ကျပ်၊ ဂေါ်ဖီ(၁)ထုပ်လျှင် (၁၂၀၀)ကျပ်၊ ခရမ်းသီး(၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ ပဲသီး (၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ အာလူး(၁)ပိဿာလျှင် (၂၇၀၀)ကျပ်၊ မျှစ်(၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ ရုံးပတီသီး(၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ နံနံပင်(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး (၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကန်စွန်းရွက်(၁၀)စည်းလျှင် (၄၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၁၀)စည်းလျှင် (၄၀၀)ကျပ်၊ ကြက်သား(CP)(၁)ပိဿာလျှင် (၈၀၀၀-၁၀၀၀၀)ကျပ်၊ ဝက်သား(၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ဆိတ်သား(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်တို့ဖြင့် စျေးနှုန်းများဖြစ်ပေါ် လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၁.၉.၂၀၂၃ )

    ၁၁.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

မကွေးမြို့နယ်၌ ရပ်ကွက်အလိုက် စားအုန်းဆီများ စျေးနှုန်းသက်သာစွာရောင်းချပေး

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စျေးနှုန်းသက်သာစွာဝယ်ယူရရှိသော စားအုန်းဆီများအား မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ကြီးကြပ်မှုဖြင့် (၅-၉-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်မှစတင်၍ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၅၅၀)နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာနှုန်းရောင်းချပေးလျက်ရှိသည်။

   ထိုသို့ ရောင်းချပေးခြင်းကို (၅-၉-၂၀၂၃)ရက်နေ့တွင် နေရာ(၃)ခုခွဲ၍ မကွေးမြို့၊ နံကပ်ကျွန်းအုပ်စု၌ အိမ်ထောင်စု(၁၁၀၀)စုအတွက် စားအုန်းဆီ(၁၁၀၀)ပိဿာအားလည်းကောင်း၊ အောင်မေတ္တာရပ်ကွက်၌ အိမ်ထောင်စု(၁၁၀၀)စုအတွက် စားအုန်းဆီ(၁၁၀၀)ပိဿာအားလည်းကောင်း၊ မြင်းကင်းကျေးရွာအုပ်စု၌ အိမ်ထောင်စု(၅၅၀)စုအတွက် စားအုန်းဆီ(၅၅၀)ပိဿာအားလည်းကောင်း၊ စုစုပေါင်းအိမ်ထောင်စု (၂၇၅၀)စုအတွက် စားအုန်းဆီ (၂၇၅၀)ပိဿာရောင်းချပေးခဲ့ကြောင်းနှင့် ထိုသို့ ရောင်းချပေးရာတွင် စနစ်တကျရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုတစ်စုလျှင် တိုကင်(၁)ခုနှုန်းကြိုတင်ပေးထားကြောင်းနှင့် ကျန်ရှိသောရပ်ကွက်/ကျေးရွာများတွင်လည်း အလှည့်ကျရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့နယ်၊ ဆန်၊ စပါးကုန်သည်များအသင်းက (စတုတ္ထအကြိမ်) ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေး

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မကွေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ကြီးကြပ်၍ မကွေးမြို့နယ်၊ ဆန်စပါးကုန်သည်များအသင်းက (စတုတ္ထ အကြိမ်) မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်များရောင်းချပေးခြင်းကို (၅-၉-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မကွေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)ရုံးရှေ့၌ ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ ရောင်းချပေးရာတွင် သီးထပ်ဇီယာ (၉၅%) ဆန်တစ်ပြည်လျှင် ကျပ်(၂၅၀၀)ဖြင့် စုစုပေါင်းလူဦးရေ (၄၈၀)အား ဆန်အိတ်(၂၀)ရောင်းချပေးခဲ့ပြီး မကွေးမြို့နယ်ဆန်စပါးကုန်သည်များအသင်းက ပထမအကြိမ်အဖြစ် (မကွေးမြသလွန်ဘုရား) ညနေစျေး၌လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် (နံကပ်ကျွန်း) ကျေးရွာအုပ်စု၌လည်းကောင်း၊ တတိယအကြိမ်အဖြစ် (ရန်ပယ်စျေး) ၌လည်းကောင်း အသီးသီးရောင်းချပေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်၏ ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ် ပဲမျိုးစုံဈေးနှုန်းနှိုင်းယှဉ်ခြင်း

     ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစဉ်းငုံ၊ ပဲနောက်စိမ်းသေး၊ ကုလားပဲ (V6)၊ ပဲတီစိမ်းကြီး၊ ကုလားပဲ (HL)၊ ပဲယင်းနီ၊ မတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် နှမ်းညို၊ နှမ်းဝါ(ယော)သီးနှံများလည်း စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။

ပဲစဉ်းငုံ

  ယခင်နှစ် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၆၅၀၀၀-၆၆၀၀၀)ဈေးဖြင့် တစ်ရက်လျှင် အိတ်(၂၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုနှစ် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၁၂၄၀၀၀)ဈေးရှိပြီး ယခင်နှစ်ဈေးထက် (၂)ဆနီးပါးခန့်  ဈေးပိုရခဲ့ပါသည်။ ယခုနှစ်တွင် သွင်းအားစုများ၊ လုပ်အားခများကြီးမြင့်လာသော်လည်း ပဲစဉ်းငုံဈေးပိုမြင့်လာသောကြောင့် အမြတ်ရရှိကြောင်းသိရှိရပါသည်။ တင်ပို့မှုအနေဖြင့်လည်း တစ်ရက်လျှင် အိတ်(၄၀၀)ခန့်တင်ပို့နိုင်ပါသည်။

ကုလားပဲ (V6)

     ယခင်နှစ် စက်တင်ဘာလ (ပထမပတ်) တွင် ကုလားပဲ(V6)တစ်တင်းလျှင် ကျပ်(၅၀၀၀၀-၅၅၀၀၀) ဈေးရှိခဲ့ပြီး ယခုနှစ် စက်တင်ဘာလ (ပထမပတ်) တွင် ကျပ်(၈၈၀၀၀)ဈေးဖြင့် တစ်ရက်လျှင် အိတ်(၁၀၀)ခန့်အရောင်းအဝယ်ဖြစ်ပြီး ယခင်နှစ်ထက် ကျပ်(၃၀၀၀၀)ကျော်ခန့်ဈေးပိုရခဲ့သည်။

ကုလားပဲ (HL)

     ပခုက္ကူကုန်စည်ဒိုင်တွင် ယခုနှစ် စက်တင်ဘာလ (ပထမပတ်) တွင် ကုလားပဲ (HL) တစ်တင်းလျှင် ကျပ်(၈၇၅၀၀)ဖြင့် ဒေသတွင်းပဲခွဲစက်များနှင့် ရန်ကုန်သို့ အိတ်(၃၀၀)ကျော်တင်ပို့နိုင်ခဲ့သည်။ ယခင်နှစ် စက်တင်ဘာလ (ပထမပတ်) တွင် တစ်တင်းလျှင် ကျပ်(၅၉၀၀၀) ဈေးရှိသဖြင့် ကျပ်(၂၈၀၀၀)ခန့်ဈေးပိုရခဲ့သည်။

ပဲနောက်စိမ်း (သေး)

  ပခုက္ကူဒေသထွက် ပဲနောက်စိမ်း(သေး)သီးနှံမှာလည်း နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယခုနှစ်စက်တင်ဘာလ (ပထမပတ်) တွင် တစ်တင်းလျှင် ကျပ်(၅၇၀၀၀)ဖြင့် တစ်နေ့လျှင် အိတ်(၁၀၀)ခန့် ရန်ကုန်သို့တင်ပို့နိုင်ခဲ့သည်။ ယခင်နှစ် စက်တင်ဘာလ (ပထမပတ်) တွင် ကျပ်(၅၂၀၀၀)ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး တစ်နေ့လျှင် အိတ်(၁၀၀)ခန့်တင်ပို့မှုရှိကြောင်းသိရှိရပါသည်။

ပဲတီစိမ်းကြီး

    ပဲတီစိမ်းကြီးသီးနှံမှာ ယခုနှစ် စက်တင်ဘာလ (ပထမပတ်) တွင် တစ်တင်းလျှင် ကျပ်(၄၅၀၀၀-၅၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်နှစ် စက်တင်ဘာလ (ပထမပတ်) တွင် တစ်တင်းလျှင် ကျပ်(၄၄၀၀၀-၄၅၀၀၀)ဈေးဖြစ်ခဲ့သောကြောင့် ကျပ် (၁၀၀၀၀)ခန့်သာဈေးတက်လာကြောင်းနှင့်  တစ်ရက်လျှင် အိတ်(၁၅၀)ခန့်တင်ပို့မှုရှိကြောင်းသိရှိရပါသည်။

မတ်ပဲ

   ပခုက္ကူကုန်စည်ဒိုင်၌ စက်တင်ဘာလ (ပထမပတ်) တွင် မတ်ပဲတစ်တင်းလျှင် အရည်အသွေးပေါ်မူတည်၍ ကျပ်(၆၇၀၀၀)မှ ကျပ်(၇၄၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး တစ်နေ့လျှင် အိတ်(၁၀၀)ခန့်တင်ပို့မှုရှိပါသည်။ ယခင်နှစ် စက်တင်ဘာလ (ပထမပတ်) တွင် မတ်ပဲတစ်တင်းလျှင် ကျပ် (၅၄၀၀၀-၅၅၀၀၀) ဈေးရှိခဲ့၍ ယခုနှစ် စက်တင်ဘာလ (ပထမပတ်) တွင် ကျပ်(၂၀၀၀၀)ခန့်ဈေးပိုရခဲ့ပါသည်။

နှမ်းညို/နှမ်းဝါ(ယော)

   ပခုက္ကူကုန်စည်ဒိုင်၌ ယခုနှစ် စက်တင်ဘာလ (ပထမပတ်) တွင် နှမ်းညို၊ နှမ်းဝါ(ယော)များစတင်ဝင်ရောက်လာပြီး နှမ်းညိုတစ်တင်းလျှင်  ကျပ်(၁၀၅၀၀၀)၊ နှမ်းဝါ(ယော)တစ်တင်းလျှင် ကျပ်(၁၁၅၀၀၀)ဈေးဖြင့် တစ်နေ့လျှင် အိတ်(၅၀)ခန့်တင်ပို့မှုရှိပါသည်။ ယခင်နှစ် နှမ်းညိုပေါ်စအချိန်တွင် ကျပ်(၇၅၀၀၀)ဈေးရှိခဲ့ပြီး နှမ်းဝါတစ်တင်းလျှင် ကျပ်(၉၄၀၀၀)ဈေးဖြစ်ခဲ့ပြီး နှမ်းညိုမှာ  ယခုနှစ်တွင် ကျပ်(၃၀၀၀၀)ခန့်ဈေးပိုရခဲ့ပါသည်။

     ပခုက္ကူကုန်စည်ဒိုင်၌ ယခင်နှစ် စက်တင်ဘာလ (ပထမပတ်) ဈေးနှန်းနှင့် ယခုနှစ် စက်တင်ဘာလ (ပထမပတ်) ဈေးနှုန်းတို့ကို နှိုင်းယှဉ်ကြည့်လျှင် ယခုနှစ်ပဲဈေးနှုန်းများမှာ သိသိသာသာဈေးပိုရရှိပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

ရေပေါ်ဈေး၌ အရောင်းအဝယ်သွက်နေသည့် ဒူးရင်းဆိပ် ရေချိုပုစွန်

    ဘားအံမြို့၊ ရေပေါ်ဈေးတွင် လာရောက်ရောင်းချလျက်ရှိသော ဒူးရင်းဆိပ် ရေချိုချောင်းပုစွန် များမှာ အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။

    အဆိုပါချောင်းပုစွန်များအား ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ် ဒူးရင်ဆိပ်ကျေးရွာမှ လာရောက်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ဒူးရင်းဆိပ်ချောင်းအတွင်း ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ တစ်ပိဿာလျှင် ၄၀၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်ထိ အကောင်အကြီးအသေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

    ဘားအံမြို့၊ ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိသော ရေခဲရိုက်ဘော့ချိပ်ပုစွန်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ဈေးရှိပြီး အခြားရေချိုငါးများဖြစ်သော ငါးနုသန်း၊ ငါးသန်းချိပ်တို့မှာ ၁၇၀၀၀ကျပ်ခန့် ဈေးနှုန်းရှိသောကြောင့် ယခုကဲ့သို့ လတ်လတ်ဆတ်ဆတ်ရေချိုချောင်းပုစွန်များအား စားသုံးသူများ အထူးဝယ်ယူစားသုံးကြသောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ရွေးချယ်စားသုံးလာကြသည့် တန်းဖိုးသင့်ရေငန်ငါးများ

   စားသုံးသူများအနေဖြင့် ကုန်ကျစရိတ်ချွေတာရန်နှင့် တွက်ခြေကိုက်စေရန်အတွက် တန်းဖိုးသင့်သည့်ရေငန်ငါးများကို ရွေးချယ်စားသုံးလာကြကြောင်းသိရသည်။ ဘားအံမြို့၊ ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိသောရေငန်ငါးဈေးနှုန်းများမှာ ပလာတူး ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ရွှေငါး ၁ပိဿာလျှင် ၇၀၀၀ကျပ်၊ ငါးဝိုင်း ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမုတ်ဖြူသေး ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးသလောက်ယောက်ဖ ၁ပိဿာလျှင် ၇၀၀၀ကျပ်ဖြစ်ကြောင်းသိရသည်။

    အခြေခံစားသောက်ကုန်ဈေးနှုန်း အစစအရာရာဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ သား/ ငါးဈေးနှုန်းများမှာလည်း ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ဘားအံမြို့၊ရေပေါ်ဈေးတွင် ဖြစ်ပေါ်လျက်ရှိသော မွေးမြူရေးငါးနှင့် ရေချိုငါးဈေးနှုန်းများမှာ မွေးမြူရေးငါး ငါးတန် ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမြစ်ချင်း ၁ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးမုတ်( ပါကူး) ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးခူ ၁ပိဿာလျှင် ၇၀၀၀ကျပ်ဖြစ်သော်လည်း ဒေသထွက်ရေချိုငါး မြစ်ငါးတန် ၁ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ချောင်းငါးကြင်း ၁ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ငါးပက်လက် ၁ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးပနော် ၁ပိဿာလျှင် ၁၅၀၀၀ကျပ်၊  ငါးလေးများဖြစ်သည့် ငါးမြွေထိုး ၁ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ငါးဖယ် ၁ပိဿာလျှင် ၂၀၀၀၀ကျပ်၊  ငါးဇင်ရိုင်း ၁ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ငါးနုသန်း ၁ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ငါးခုံးမမြှီးနီ ၁ပိဿာလျှင် ၁၀၀၀၀ကျပ်  စသည်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

    ကုန်ဈေးနှုန်းများမြင့်မားလာသည်နှင့်အမျှ စားသုံးသူများအနေဖြင့် အာဟာရဖြစ်စေရန်နှင့် စားကောင်းသည့် တန်ဖိုးမြင့်အစားအသောက်များထက် တန်ဖိုးသင့်ပြီး မိသားစုလိုက် အများစားသုံးနိုင်သည့် ဟင်းချက်စရာများကိုသာ ရွေးချယ်ဝယ်ယူစားသုံး၍ စားသုံးမှုပုံစံပြောင်းလဲလာကြောင်းသိရပါသည်။

DOCA(ကရင်)

ဈေးကောင်းလာသည့် ကရင်ပြည်နယ်ဒေသထွက်ရေချိုငါးများ

   အခြေခံစားသောက်ကုန်ဈေးနှုန်းများ အစစအရာရာဈေးနှုနန်းမြင့်တက်လာခြင်းနှင့်အတူ အသားငါးဈေးနှုန်းများမှာလည်း ဈေးနှုန်းမြင့်တက်လျက်ရှိပြီး အသားငါးဈေးနှုန်းများအနက် မွေးမြူရေးသား/ ငါးများထက် ဒေသထွက်ရေချိုငါးများမှာ ‌ဈေးကောင်းလျက်ရှိသည်။

   မွေးမြူရေးငါး ငါးတန် ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမြစ်ချင်း ၁ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးမုတ်( ပါကူး) ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြစ်သော်လည်း ဒေသထွက်ရေချိုငါးမြစ်ငါးတန် ၁ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ချောင်းငါးကြင်း ၁ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ငါးပက်လက် ၁ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးပနော်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊  ငါးလေးများဖြစ်သည့် ငါးမြွေထိုး ၁ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ငါးဖယ် ၁ပိဿာလျှင် ၂၀၀၀၀ကျပ်၊  ငါးဇင်ရိုင်း ၁ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ငါးနုသန်း ၁ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ငါးခုံးမမြှီးနီတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်  စသည်ဖြင့် မွေးမြူရေးငါးထက် ဒေသထွက်ရေချိုးငါးများမှာ ပိုမိုဈေးကောင်းလျက်ရှိကြောင်းသိရသည်။

    ကရင်ပြည်နယ်သည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ သောင်းရင်းမြစ်ကိုအခြေခံ၍ မြစ်လက်တက်၊ ချောင်းလက်တက်များပေါများပြီး ဒေသထွက်ရေချိုငါးများထွက်ရှိသည်၊၊ ဘားအံမြို့နှင့် အနီးတဝိုက်ဝန်းကျင်တွင် ဒေသခံတချို့သည် သံလွင်မြစ်ကိုအမှီသဟဲပြု၍ တံငါအလုပ်ဖြင့် အသက်မွေးကြကာ ရေချိုငါးဖမ်းလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပြီး ဘားအံမြို့ရှိ ရေပေါ်ဈေးတွင် အဓိကထားလာရောက်ရောင်းချလေ့ရှိကြောင်း သိရပါသည်။

DOCA(ကရင်)

ဘားအံ၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကြာအင်းဆိပ်ကြီး၏ သံပုရာသီး

 ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမှ ထွက်ရှိသော သံပုရာသီး၊ ရှောက်သီးများသည် ဘားအံမြို့သို့ ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်၊၊

    ကြာအင်းဆိပ်ကြီးမြို့နယ်မှထွက်ရှိသည့် သံပုရာသီးများမှာ အကြီးအသေးပေါ် မူတည်၍ ၅ လုံး ၁ထောင်၊ ၁၀ လုံး ၁ ထောင်ဖြင့် ဘားအံမြို့၊ ရေပေါ်ဈေးတွင် လက်လီလက်ကားရောင်းချလျက်ရှိကြောင်းနှင့် ရှောက်သီး တစ်လုံးလျှင် ကျပ်၂၅၀ မှ ၃၀၀ ထိရောင်းချရကြောင်း သိရသည်။

   ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရှောက်သီး/သံပုရာသီး ဧက ၄၁၆၉ ဧကခန့်ရှိကြောင်းနှင့် ရေမြေသဘာဝကိုက်ညီ၍ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး မော်လမြိုင်၊ သထုံ၊ ရေးနှင့် ဘားအံမြို့များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း