ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကောင်းရနေတဲ့ ပန်းမုန်လာ

    ပန်းမုန်လာ(ခေါ်) ပန်းဂေါ်ဖီမှာ အေးပြီး စိုစွတ်တဲ့ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းတာကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်အတော်များများတွင် စိုက်ပျိုးကြပါတယ်။ ပန်းမုန်လာကို မျိုးစေ့ ဖြင့် ပျိုးဘောင်များတွင် ကြဲပက်စိုက်ပျိုးပြီး ပျိုးသက်(၁)လခန့်အကြာတွင် ပျိုးပင်များကို ပြန်ခွဲ၍ ‌ပြောင်းရွေ့ပြီး ဧကအလိုက် ပြန်လည်ပျိုးထောင် စိုက်ပျိုးကြပါတယ်။ အပင်စတင်စိုက်ပျိုးပြီးလျှင် (၃) ကြိမ် မြေဩဇာကျွေးပေးရပါတယ်။ မြေဩဇာကျွေးရာတွင်လည်း ပြောင်းရွေ့စိုက်ပျိုးပြီး (၇-၁၀) ရက်ခန့်တွင် ပထမအကြိမ်၊ ပထမအကြိမ်မြေဩဇာကျွေးပြီး (၁၀)ရက်ခန့်အကြာတွင် ဒုတိယအကြိမ်၊ ရွေ့စိုက်ပြီး (၁)လခန့်အကြာတွင် တတိယအကြိမ်ဖြင့် (၃)ကြိမ်ခန့် မြေဩဇာကျွေးပေးရတယ်လို့ သိရပါတယ်။ အပွင့်များကောင်းစွာပွင့်ချိန်တွင်လည်း နေရောင်ခြည်နှင်တိုက်ရိုက်ထိတွေ့ပါက ပန်းပွင့် အရောင်ပြောင်းလဲသွားတတ်ပြီး စားသုံးရာတွင်လည်း အသားကြမ်း၍ အရသာခါးသက်လာနိုင်သဖြင့် အပွင့်၏အရွယ်(၂-၃)လက်မအရွယ်ရောက်လျှင် အပြင်အရွက်များကို စည်းထားပေးရတယ်လို့သိရှိ ရပါတယ်။ စတင်စိုက်ပျိုးပြီး ပိုးမွှားကျရောက်မှုအခြေအနေပေါ်မူပြီး ပိုးသတ်ဆေးအနည်းငယ် ဖြန်းပေးရပါတယ်။ ပန်းပွင့် စတင်ပွင့်လာပြီး ရက်ပေါင်း(၉၀)ကြာလျှင် ခူးဆွတ်နိုင်ပြီဖြစ်ပါတယ်။ ယခုလက်ရှိ ပန်းမုန်လာပေါက်ဈေးမှာ တစ်ပွင်လျှင် အပွင့် အကြီး အသေးပေါ်မူတည်၍ (၈၀ဝိ/- မှ ၂၀၀ဝိ/-)ထိ ဈေးရှိတယ်လို့ သိရှိရပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်သော ပန်းမုန်လာများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးများအပြင် မြေပြန့်ဒေသအတော်များများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ) တစ်ပြည် ၇၀၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၇၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၈၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၀၅၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၁၁၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၈၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၄၀၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၅၅၀၀ ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

       ကျိုင်းတုံမြို့တွင် ဩဂုတ်လ စတုတ္ထပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၈၈၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၃၀၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၄၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၃၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

      ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဩဂုတ်လ တတိယပတ်နှင့် နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ရှမ်းစ)နှင့် ချင်း ဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လာပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

 

“မွန်ပြည်နယ်ဈေးကွက်ဝင် ကွမ်းသီး အသင်းဖွဲ့စည်းထားရှိမှု၊ စိုက်ပျိုးထုတ်လုပ်မှု ဈေးနှုန်းဈေးကွက် အခြေအနေ”

မြန်မာအမည်    -      ကွမ်းသီး

အင်္ဂလိပ်အမည်  -      BETEL NUT

ရုက္ခဗေဒအမည်  -     Areca catehu

မျိုးရင်း     -     Arecaceae

မူရင်းဒေသ         -     မာလာယုကျွန်းဆွယ်၊မလေးရှားဒေသ

          မွန်ပြည်နယ်သည် နှစ်စဉ် ပျှမ်းမျှမိုးရေချိန် (၂၁၀)လက်မခန့်ရရှိကာ စိမ်းစိုသော တောင်ကုန်းတောင်တန်းများလည်း ပြည်နယ်အဝှမ်းတွင်တည်ရှိပါသည်။ မြေဩဇာကောင်း မွန်သည့်သည့် ကမ်းရိုးတန်းလွင်ပြင်နှင့် မြေပြန့်လွင်ပြင်များလည်းရှိသဖြင့် နှစ်တို၊နှစ်ရှည် စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းစွာဖြစ်ထွန်းရန်အတွက် ရေခံ၊မြေခံကောင်းများဖြင့် ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည်နယ်အတွင်းရှိ နှစ်ရှည်ဥယျာဉ်ခြံ စိုက်ပျိုးသည့် တောင်သူများအဖို့ ကွမ်းသီးကိုကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်စိုက်ပျိုးကြသည့်အလျောက် ကွမ်းသီးကဏ္ဍမှရရှိသော အကျိုးအမြတ်သည် ပြည်နယ်၏ စီးပွားရေးကဏ္ဍအတွက်လည်း ပမာဏတစ်ခုအထိ ကျောထောက်နှောက်ခံ ပြုပေးနေသည့် အခြေအနေတစ်ရပ်ဖြစ်သည်။

    အင်း၀ခေတ်စာဆိုဦးမင်းလူ၏ “တံတားဦးက ကွမ်းနုဝါ၊ ငမြကဆေး၊ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူ၊ ပြည်ရှား၊အသားဝါလို့ထွေး” ဟူ၍ စာဖွဲ့တင်စားရလောက်သည့်အထိ ရှေးကတည်း ကပင်ကွမ်းစားခြင်းဓလေ့သည် မြန်မာလူမှုအသိုက်အဝန်းတွင် ဓလေ့တစ်ခုအဖြစ်တည်ရှိခဲ့သည်။ မွန်ပြည်နယ်တွင် မိရိုးဖလာမှသည် ယနေ့ထိတိုင် ကွမ်းသီးကို အစဉ်အဆက် စိုက်ပျိုးခဲ့သည့် နှစ်ရှည် သီးနှံတစ်ခုအဖြစ်တည်ရှိနေသည်။ ကွမ်းစားခြင်းဓလေ့နှင့်ယှဉ်၍ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသည့် အခန်းကဏ္ဍသည်လည်း အလွန်ပင်အရေးပါလှပေသည်။

   မွန်ပြည်နယ်တွင် ရှေးယခင်ကတည်းကပင် ကွမ်းသီးကို မိရိုးဖလာ နှစ်ရှည်ဥယျာဉ်ခြံ စိုက်ပျိုးသီးနှံအဖြစ် စိုက်ပျိုးခဲ့ကြသော်လည်း တောင်သူများ၊ကွမ်းသီး ကုန်သည်များနှင့်ဆက်စပ် ပတ်သက်ရာလုပ်ငန်းရှင်များနှင့်စုဝေး၍ “ကွမ်းသီး” နှင့်ပတ်သက်သည့် အစုအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်နိုင်ခဲ့သည့်အနေအထားကမရှိခဲ့သေးပေ။ ကွမ်းသီးစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချမှု နှင့်ပတ်သက်၍ ရောင်းဝယ်ဖောက်ကားမှု၊ ကုန်သွယ်ရေး၊ ဈေးကွက်စသည့်အရပ်ရပ်သော အခြေ အနေတို့တွင် တောင်သူများ၊ လုပ်ငန်းရှင်များကြုံတွေ့နေရသည့် အခက်အခဲများကို ဝိုင်ဝန်းဆွေးနွေး အဖြေရှာ၍စုပေါင်းဆောင်ရွက်နိုင်မည့် နေရာတစ်ခုကား လိုအပ်ချက်အဖြစ် ကာလရှည်ကြာတည်ရှိ နေခဲ့ပါသည်။ ထို့ကြောင့်ပြောင်းလဲလာသည့် ကွမ်းသီးစိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့်ပတ်သက်သည့် ဈေးကွက်နှင့်နည်းပညာ အခန်းကဏ္ဍများကိုလည်း လျစ်လှူရှုထား၍မရဘဲ ကွမ်းသီးတောင်သူများ အနေဖြင့် မပြတ်သတိချနေရမည်ဖြစ်သည်။ ပြည်နယ်အတွင်းရှိ ကွမ်းသီးစိုက် ပျိုးထုတ်လုပ်နေသည့် တောင်သူများအနေဖြင့်မိမိတို့ တစ်သီးပုဂ္ဂလလုပ်ငန်းများအနေဖြင့်သာ နှစ်လရှည်ကြာစွာသီးခြား လည်ပတ်လုပ်ကိုင်လာခဲ့ကြကာ လုပ်ငန်းရှင်များအစုအဖွဲ့ ဖွဲ့၍ အသင်းအဖွဲ့အနေဖြင့် စုပေါင်းလုပ်ကိုင်ခြင်းမရှိသည့်အတွက် အစုအဖွဲ့ပုံသဏ္ဍဖြင့် ကြိုးပမ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မှု အားနည်းခဲ့ပေသည်။ ထိုအခြေအနေကြောင့် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချရာတွင် လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲကြုံတွေ့ရပါက တစ်ဦးချင်းစီကိုယ်တိုင်သာ တာဝန်ယူဖြေရှင်းရသည့် အခြေအနေကိုရင်ဆိုင်ခဲ့ရပါသည်။ ထိုသို့လိုအပ်နေသည့် အခြေအနေကိုဖြည့်ဆည်းနိုင်ရန် အတွက် ကွမ်းသီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့်  လုပ်ငန်းရှင်များမှ မွန်ပြည်နယ်၏ ကွမ်းသီးကဏ္ဍနှင့် ပတ်သက်သည့်အသင်းအဖွဲ့တစ်ခုဖွဲ့စည်းနိုင်ရန်အတွက် စတင်ကြိုးပမ်းခဲ့ကြသည်။

အသင်းအဖွဲ့ ဖွဲ့စည်းထားရှိမှု

  ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၇) ရက်နေ့တွင် စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးပါဝင်တက်ရောက်ကာ ကွမ်းသီးလုပ်ငန်းရှင်များ၊မော်လမြိုင်ကုန်စည်ဒိုင်မှတာဝန်ရှိသူများ၊ (NEI)မှ နည်းပညာပံ့ပိုးပေးသည့် ပညာရှင်များပါဝင်၍ မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ပထမအကြိမ် တွေ့ဆုံမှုတစ်ရပ် ပြုလုပ်ပြီး ပြည်နယ်၏ ကွမ်းသီးကဏ္ဍနှင့် ပတ်သက်သည့် အသင်းအဖွဲ့တစ်ခု စတင်ဖွဲ့စည်းနိုင်ရန်အတွက် စတင်ကြိုးပမ်းခဲ့သည်။ ဆက်လက်၍ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့၌ ထပ်မံ၍  မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကွမ်းသီးအသင်း ဖွဲ့စည်း နိုင်ရန်အတွက်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုနေ့တွင် အသင်းဖြစ်မြောက်ရေးအတွက် ယာယီ ဆွေးနွေးခဲ့ပြီး အသင်းဖြစ်မြောက်ရေးအတွက်ယာယီကိုယ်စလှယ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ သည်။ပြည်နယ်ဝန်ကြီး၏လမ်းညွှန်မှုအရ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ၊ (၄)ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် “မွန်ပြည်နယ် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း” ဟူသည့်အမည်ဖြင့် ကွမ်းသီးအသင်းအဖွဲ့အား အသင်းအား(၃၇)ဦးဖြင့် အောင်မြင်စွာဖွဲ့စည်း နိုင်ခဲ့သည်။ အကျိုးရလဒ်အနေဖြင့် ပြည်နယ်၏စီးပွားရေးကဏ္ဍ၌ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချမှုအခန်းကဏ္ဍသည်လည်း အရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်သည့်အားလျော်စွာ ကွမ်းသီးလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကွမ်းသီးထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များ အကြား ပိုမိုအားကောင်သည့်ချိတ်ဆက်မှုမှတဆင့် ကျယ်ပြန့်သည့်ဈေးကွက်ထိုးဖောက်နိုင်မှုဖန်တီး နိုင်မည်ဖြစ်သည်။

 

မွန်ပြည်နယ်အတွင်း ကွမ်းသီးနှစ်အလိုက် စိုက်ပျိုးထုတ်လုပ်မှု၊ စိုက်ဧက၊ ထွက်နှုန်း၊ ထွက်ရှိမှု

 

စဉ်

ခုနှစ်

စိုက်(ဧက)

အသီးခူး

(ဧက)

အထွက်နှုန်း

(ပိဿာ)

အထွက်

(ပိဿာ)

အထွက်

(တန်)

၂၀၁၈-၂၀၁၉

၅၆၂၆၁

၅၀၀၁၄

၁၀၈၈.၈၅

၅၄၄၅၇၅၁၃

၈၈၉၂၆

၂၀၁၉-၂၀၂၀

၅၆၂၆၁

၄၉၈၂၉

၁၀၇၈.၇၂

၅၃၅၇၁၇၀၈

၈၇၇၇၄

၂၀၂၀-၂၀၂၁

၅၆၂၆၁

၅၂၅၉၂

၁၀၁၆.၉၁

၅၃၄၈၁၅၉၃

၈၇၃၃၃

၂၀၂၁-၂၀၂၂

၅၆၂၆၁

၅၁၄၂၅

၁၀၅၅.၁၄

၅၄၂၆၀၇၀၉

၈၈၆၀၅

၂၀၂၂-၂၀၂၃

၅၆၅၀၈

၅၃၈၉၂

၁၀၃၉.၀၂

၅၅၉၉၄၆၁၁

၉၁၄၃၆

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်ထိ (၅၆၂၆၁)ဧကရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  (၅၆၅၀၈) ဧကရှိသဖြင့် (၂၄၇)ဧကတိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါသည်။

ဈေးနှုန်းဈေးကွက်အခြေအနေ

          ဈေးနှုန်းအနေဖြင့် ဒေသအလိုက်ကွဲပြားမှုရှိပြီး မော်လမြိုင်ပါးပုတ်သီး(အရိုင်း) တစ်ပိဿာ (၃၆၀၀)ကျပ်၊ မော်လမြိုင်အညိုသီး(အသန့်)တစ်ပိဿာ(၃၈၀၀)ကျပ်၊ မော်လမြိုင်အညိုသီး(ပြွမ်း) တစ်ပိဿာ(၃၂၀၀)ကျပ်၊ရေးပေါင်းခြမ်း(99%အခြောက်) တစ်ပိဿာ(၇၀၀၀) ကျပ်၊ ရေးအံစာအသန့် (ခြောက်)တစ်ပိသာ (၅၈၀၀)ကျပ်၊ ကွမ်းသီးအခြမ်းအဝိုင်း(သန့်)တစ်ပိဿာ (၆၅၀၀-၇၀၀၀)ကျပ် ဖြင့်ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ မွန်ပြည်နယ်မှ ကွမ်းသီးလုပ်ငန်းရှင်များအနေဖြင့် ကွမ်းသီး ကိုပြည်ပသို့တိုက်ရိုက်တင်ပို့ခြင်းမရှိပဲ ရန်ကုန်နှင့်မန္တလေးမြို့များမှ ကုန်သည်များကိုယ်တိုင် လာရောက်ဝယ်ယူခြင်း၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့်ကလေးမြို့ရှိပွဲရုံများသို့တင်ပို့ရောင်းချခြင်း၊ ဒေသတွင်းဖြန့်ဖြူးရောင်းချခြင်းဖြင့် ပြည်တွင်းဈေးကွက်ကို အဓိကထားဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကွမ်းသီးထွက်ရှိ၊စားသုံး၊တင်ပို့၊သိုလှောင်မှု(ခန့်မှန်း)

စဉ်

အကြောင်းအရာ

ရေတွက်ပုံ(တန်)

ကွမ်းသီးထွက်ရှိမှု

၉၁၄၃၇

စားသုံးမှု

၁၂၀၀

တင်ပို့မှု

၅၅၆၃၇

သိုလှောင်မှု

၃၄၆၀၀

 

အကြံပြုချက်နှင့်လေ့လာတွေ့ရှိမှု

    လက်ရှိတွင် ကွမ်းသီးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်မှ ချေးငွေများထုတ်ချေးပေးနိုင်ရန် နှင့်မော်လမြိုင်၊ချောင်းဆုံ၊မုဒုံ စသောမြို့နယ်များတွင် စိုက်ဧကတိုးချဲ့နိုင်ရန်အတွက်ဆန္ဒရှိသဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပံ့ပိုးကူညီမှုများပေးနိုင်ပါကအကျိုးအမြတ်ပိုမိုရရှိလာ မည်ဖြစ်ပါသည်။ပုံမှန်အားဖြင့် ကွမ်းသီးကို ရာသီတစ်နှစ်တွင်(၂)ကြိမ်ဆွတ်ခူးနိုင်ပြီး နေရာဒေသမရွေး စိုက်ပျိုးနိုင်သောသီးနှံဖြစ်သည့်အတွက် တစ်ကြိမ်ရင်းနှီးစိုက်ပျိုးခြင်းဖြင့် နှစ်(၃၀)ကျော်အထိဝင်ငွေ ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင်ကွမ်းသီးပင်အား ကြားသီးနှံနှင့်ရောနှောစိုက်ခြင်းဖြင့် ဝင်ငွေတိုး၂ဆ တိုးစေသည့်ရာသီပေါ် နှစ်ရှည်သီးနှံဖြစ်သည့်အတွက် တောင်သူများအနေဖြင့် တွက်ခြေကိုက်သော နှစ်ရှည်သီးနှံပင်ဖြစ်သည့် ကွမ်းသီးပင်ကို စိုက်ပျိုးသင့်ကြောင်း အကြံပြုလိုက်ရပါသည်။

DOCA(မွန်)

 

မော်လမြိုင်မြို့၌ အုန်းစိမ်းရည် ရောင်းအားကောင်းခြင်းနှင့် ဈေးကွက်ရရှိမှုအခြေအနေ

    မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရပ်ကွက်နှင့်မြို့နယ်အသီးသီးတို့မှ ထွက်ရှိသော အုန်းသီးစိမ်း များကို အုန်းစိမ်းရည်ရောင်းချသည့် ဈေးသည်များက ဝယ်ယူစုဆောင်းပြီး ထိုမှတဆင့် အုန်းစိမ်းရည် အသင့်စားသုံးနိုင်ရန် စားသုံးသူများသို့ ရောင်းချကြသည်။ မော်လမြိုင်မြို့ပေါ်ရှိနေရာ (တောင်ရိုး တန်း၊ ကမ်းနားလမ်း၊ ညဈေး၊ အောက်လမ်းမကြီး)စသည့်နေရာတို့၌ ရောင်းချနေကြသည်။

   ထို့သို့ဈေးကွက်ပေါ်၌ ရောင်းချသည့် သဘာဝအုန်းစိမ်းရည်ကို စားသုံးသူဝယ်ယူမှသာလျှင် ချက်ချင်းခုတ်ပေး၊ အုန်းစိမ်းရည်နှင့်ဇွန်းခြစ်အုန်းသီးအသားအဖတ်နုနုများ စားသုံးရသည်။ အုန်းစိမ်း ရည်တစ်လုံး၏ ဈေးနှုန်းမှာ ငွေကျပ် ၁၅၀၀ ဖြစ်သည်။  အာဟာရဖြည့်အချိုရည်ကို စားသုံးသူများပြီး ရောင်းအားကောင်းသောဒေသထွက်၊ အုန်းစိမ်းသီးဈေးကွက် ဝင်ငွေတိုးတက်လာမှု တွေ့ရှိရသည်။

     အုန်းစိမ်းရည်တစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာမှ ၁၀၀၀ မီလီလီတာအထိ ပါဝင်သည်။ အုန်းစိမ်းရည်သည် အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့သဘာဝအချိုရည် တစ်မျိုးဖြစ် သည်။ အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းများ၊ ဗီတာမင်ဘီနှင့်စီများ၊ ဇင့်သံဓါတ်များ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်ဓါတ်နှင့် သတ္တုဓါတ်များစွာပါဝင်ပါသည်။ ကျန်းမာရေးအရ အုန်းစိမ်းရည်သောက်ခြင်းသည် ခန္ဓာကိုယ်ကိုရေဓါတ်ဖြည့်ပေးခြင်း၊ သွေးတိုးကျစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း၊ ကိုယ်အလေးချိန်ကျစေနိုင်ခြင်း၊ လေပွခြင်းကို သက်သာစေခြင်း၊ အယ်လ်ဇိုင်းမား(Alnheimer)ရောဂါကို သက်သာစေခြင်း၊ မျက်လုံးကျန်းမာစေခြင်း၊ PH ပမာဏကို ထိန်းညှိပေးခြင်းစသည့် အကျိုးကျေးဇူးများရရှိပြီး ဒေသတွင်း ဈေးကွက်စီးပွားဖြစ်ထွန်းမှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

                                               

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၇.၉.၂၀၂၃ )

   ၇.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၇.၉.၂၀၂၃ )

   ၇.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၇.၉.၂၀၂၃ )

    ၇.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

မကွေးမြို့၊ နွားကူးကျေးရွာအနီးရှိ တန်(၃၀)ဆီစက်နှင့် ရန်ကင်းရပ်ကွက်ရှိ ပါရမီဆီဆိုင်တို့၌ စားသုံးသူပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီရေး၊  စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက် ထိန်းကျောင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၈-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ နွားကူးကျေးရွာအနီးရှိ တန်(၃၀)ဆီစက်မှ စားအုန်းဆီ (၁) ပိဿာလျှင် ကျပ်(၄၅၀၀)ဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်းရောင်းချပေးနေမှုနှင့်  ရန်ကင်းရပ်ကွက်ရှိ ပါရမီဆီဆိုင်မှ လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့်ရောင်းချနေမှုအား  မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။

  ထိုသို့ကွင်းဆင်းကြီးကြပ်ရာ၌ စားသုံးသူပြည်သူများအဆင်‌ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာ၌ စနစ်တကျရှိစေရန်အတွက် စားသုံးသူပြည်သူများအား တန်းစီးစနစ်ဖြင့် ရောင်းချပေးခြင်းတို့ကို ကြီးကြပ်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

ပခုက္ကူကုန်စည်ဒိုင်၌ ဩဂုတ်လ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်) တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ်(၁၀၉၅၀၀-၁၁၀၀၀၀-၁၁၁၄၀၀)၊ ကုလားပဲဝါလုံးကြီး (929) တစ်တင်းလျှင် ကျပ် (၈၈၄၀၀)၊ ကုလားပဲဝါ (Hl) တစ်တင်းလျှင် ကျပ်(၈၇၅၀၀)၊ ပဲတီစိမ်းကြီးတစ်တင်းလျှင် အရည်အသွေးပေါ်မူတည်ပြီး ကျပ်(၄၅၀၀၀-၅၂၀၀၀)၊  ပဲဇီးကွက်တစ်တင်းလျှင် ကျပ်(၅၀၀၀၀)၊ ပဲနောက်စိမ်းသေးတစ်တင်းလျှင် ကျပ်(၅၅၄၀၀)၊ ပြောင်းဖူးစေ့ (CP) တစ်တင်းလျှင် ကျပ်(၂၁၀၀၀)၊ နှမ်းဝါ (ပြင်) တစ်တင်းလျှင် ကျပ်(၁၁၇၀၀၀)၊ နှမ်းဝါ (ယော) တစ်တင်းလျှင် ကျပ် (၁၁၀၀၀၀)၊ မန်ကျည်းတောင့်တစ်ပိဿာလျှင် ကျပ်(၇၅၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ နေ့စဉ် ကုန်စည်ဒိုင်တွင်အရောင်းအဝယ်ဖြစ်နေပါသည်။

    ယခုအပတ်၏ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစဉ်းငုံနီ (၁၅၀၀)အိတ်၊ ကုလားပဲ ဝါလုံးကြီး (929) (၃၀၀)အိတ်၊ ကုလားပဲဝါ (Hl)  (၂၀၀)အိတ်၊ ပဲတီစိမ်းကြီး (၂၁၀၀)အိတ်၊  ပဲဇီးကွက် (၃၀၀)အိတ်၊ ပြောင်းဖူးစေ့(CP) (၁၀၀၀)အိတ်၊ နှမ်းဝါ(ပြင်)(၃၀၀)အိတ်၊ နှမ်းဝါ(ယော)(၃၀၀)အိတ်နှင့် မန်ကျည်းတောင့်ကုန်ချိန်(၅၀၀၀)ကျော်အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းနှင့် ပြည်ပနိုင်ငံများသို့တင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

                                     

ရာသီစာ မန်ကျည်းသီး

    ရာသီစာ မန်ကျည်းသီးစိမ်းများ ဈေးကွက်အတွင်း၌ လှိုင်လှိုင်ပေါ်လာပြီဖြစ်ရာ ပေါ်ကာစအချိန် မန်ကျည်းသီးစိမ်းဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀/ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်    ရှိနေခဲ့သော်လည်း ယခုအချိန်မှာတော့ တစ်ဆယ်ကျပ်သားလျှင် ၄၀၀/မှ ၅၀၀/ကျပ် ဈေးသို့ကျဆင်းလာခဲ့ပါသည်။ စားသုံးသူများအနေဖြင့် ရာသီစာသီးနှံလည်းဖြစ်သလို သဘာဝအလျောက်အပင်ကြီးများမှ အသီးသီးလာခြင်းဖြစ်၍ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်လည်း လူတို့စားသုံးနိုင်ပါသည်။ မန်ကျည်းသီးစိမ်းများကို ကြော်စား၍လည်းကောင်း၊ ထောင်းစား၍ လည်းကောင်း၊ မန်ကျည်းသီးစိမ်း ငပိချက်၍လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သလို ပြုလုပ်၍ စားသုံးနိုင်ပါသည်။ မန်ကျည်းသီးမှည့် ဈေးကွက်အနေဖြင့် အစေ့မပါ တစ်ပိဿာလျှင် (၃၅၀၀)မှ (၄၀၀၀) ကျပ် ဈေးနှုန်းဖြင့် အတက်အကျမရှိ ဈေးငြိမ်နေပါသည်။

      မြန်မာ့ဆေးကျမ်းများအလိုအရ မန်ကျည်းသည် ပူ၏ ၊ ချဉ်၏၊ သည်းခြေကိုဖြစ်စေ၏၊ သလိပ် ကို ပွားစေ၏၊ လေကိုနိုင်၏၊ အရွက်သည် ရောင်တင်းခြင်း၊ သွေးဖောက်ပြန်ခြင်း၊ နားရောဂါ၊ မျက်စိ ရောဂါ၊ မြွေဆိပ်သင့်ခြင်း တို့ကိုနိုင်၏၊ အသီးစိမ်းသည်ချဉ်၏၊ ချို၏၊ ပူ၏၊ သလိပ်ကို ဖြစ်စေ၏၊ အနည်းငယ် ဝမ်းသက်စေ၍ သလိပ်နှင့်လေကိုနိုင်၏၊ မန်ကျည်းမှည့်ကို ဝမ်းချုပ်တတ်သူများအနေဖြင့် မန်ကျည်း ဖျော်ရည်ပြုလုပ်ပြီးသောက်သုံးပေးပါက ဝမ်းသွားခြင်းပုံမှန်ဖြစ်စေသည်။ နေပူမိပြီး မျက်လုံးများ ကျိန်းအောင့်နာပါက မန်ကျည်းပင်၏ အခေါက်ကို သွေး၍ မျက်လုံးတစ်ဝိုက်တွင် ကွင်းပြီး လိမ်းပေးခြင်းဖြင့် မျက်စိနာရောဂါကို သက်သာစေပါသည်။

      မန်ကျည်းပင်၏အရိပ်သည် အေးမြသောအရိပ်ကိုပေး၏၊ ရွက်နုမှ စ၍ ရွက်ကြမ်းဘဝ၊ အသီး၊ အပွင့်၊ အခေါက်စသည့် မန်ကျည်းတစ်ပင်လုံးကို လိုသလို အသုံးပြုနိုင်သောကြောင့် မန်ကျည်းပင်၏ အကျိုးကျေးဇူးများကား အံ့မခန်းဖွယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                                                            

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း