ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းဘူးမြို့၏၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (တတိယအပတ်)နှင့် (စတုတ္ထအပတ်) စက်သုံးဆီဈေးနှုန်းအခြေအနေ

       မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       မင်းဘူးမြို့ပေါ်၌ စက်သုံးဆီဆိုင်(၁၆)ဆိုင်ရှိရာ ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ (တတိယအပတ်)နှင့်(စတုတ္ထအပတ်) စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) ၁ လီတာ လျှင် ယခင်အပတ်တွင် ကျပ်(၂၄၅၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၄၇၅)ဖြစ်၍ ကျပ်(၂၀) ဈေးမြင့် ခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) ၁ လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၅၃၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၅၅၀)ဖြစ်၍ ကျပ်(၂၀)ဈေးမြင့်ခဲ့ကြောင်း၊ ဓာတ်ဆီ(92) ၁ လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၉၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၂၅)ဖြစ်၍ ကျပ်(၃၀) ဈေးမြင့်ခဲ့ကြောင်း၊ ဓာတ်ဆီ(95) ၁ လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၄၁၅)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၂၄၄၅)ဖြစ်၍ ကျပ်(၃၀) ဖြင့် အသီးသီး ဈေးအနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မော်လမြိုင်မြို့ သံလွင်ဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများအခြေအနေ

     ၂၀၂၃ ခုနှစ် ဩဂုတ်လ စတုတ္ထအပတ်တွင် မော်လမြိုင်မြို့ သံလွင်ဈေးအတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၁၀၈၀၀၀)၊ ဧည့်မထ(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၆၉၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၈၅၀၀)၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် (၁၅၆၀၀)၊ ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ကျပ် (၄၀၀၀) ၊ ဂျင်း တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ဆား တစ်ပိဿာလျှင် ကျပ် (၈၀၀)၊ အာလူး တစ်ပိဿာလျှင် ကျပ် (၄၀၀၀)၊ မကျည်းသီးမှည့် တစ်ပိဿာလျှင် ကျပ် (၅၀၀၀)၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ နနွင်းတက် တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ပဲနီလေး (မြန်မာ) တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ မြေပဲဆံ တစ်ပိဿာလျှင် ကျပ် (၁၁၀၀၀)၊ သကြား တစ်ပိဿာလျှင် ကျပ် (၃၆၀၀)၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ဝက်သား တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် (၃၀၀၀၀)၊ အမဲသား တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ကြက်ဥ တစ်လုံးလျှင် ကျပ် (၃၀၀)၊ ဘဲဥ တစ်လုံးလျှင် ကျပ် (၄၀၀)၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် (၂၀၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၃၀၀၀)၊ ပဲတောင့်ရှည် တစ်စည်းလျှင် ကျပ် (၅၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး၊ ဩဂုတ်လ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် အနည်းငယ်မြင့် တက်လာခဲ့ကြောင်း ဈေးဆိုင်များထံမှ သိရှိရပါသည်။

DOCA(မွန်)

“ဆိတ်မွေးမြူရေးဈေးနှုန်းဈေးကွက်အခြေအနေ”

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက် လုပ်ကိုင်သောဒေသဖြစ်ပြီး မွေးမြူရေးလုပ်ငန်းကို တွဲဖက်ပြီး လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် မွေးမြူရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်မှစီးပွားဖြစ် မွေးမြူလာကြပါသည် ။ ၄င်းလုပ်ငန်းများအနက် ဆိတ်မွေးမြူရေးလုပ်ငန်းအား သွားရောက်လေ့လာခဲ့ရာ အများစုမှာ တောင်သူလယ်လုပ်များ မဟုတ်ဘဲ ကူလီလက်လုပ်လက်စားများမှ လုပ်အားခငွေများကိုစု၍ (၂-၃)ကောင်မှစ၍ မွေးမြူကြ ကြောင်း ၊ အချို့ ချေးငွေယူ၍ မွေးမြူသူများမှာ (၁၀-၁၅)ကောင်မှစ၍ မွေးမြူကြောင်း ၊ ငွေကြေးမတတ်နိုင်သူများမှာ နေ့စားဆိတ်ကျောင်းရကြောင်း ၊ (၁)ရက်ကို (၂)ကြိမ် ဆိတ်ကျောင်းရကြောင်း၊ ဆိတ်ကျောင်းခအနေဖြင့် ဆိတ်အုပ်အကောင်ရေပေါ်မူတည်၍ (၅၀၀၀-၈၀၀၀)ကျပ်ထိပေးရကြောင်း၊ ဆိတ်မွေးရန်အတွက် တစ်ကောင်လျှင် (၆၀၀၀၀)ကျပ်ပေးပြီး မွေးမြူရကြောင်း ၊ ဆိတ်မျိုးအနေဖြင့် ရှေးအစဉ်အဆက် ဘိုးဘွားများလက်ထက်က မွေးမြူသော ချိတ်နီဆိတ်မျိုးများကိုသာ အဓိက မွေးမြူကြောင်း၊ ဆိတ်မများသည် (၁)နှစ်လျှင်(၂)သားတစ်ဗိုက်မွေးသောကြောင့် အကောင်ရေများများ မွေးနိုင်ပါက အကျိုးအမြတ်များကြောင်း ၊ ဆိတ်မအနေဖြင့် စတင် ကိုယ်ဝန်ဆောင်သောအရွယ်တွင် (၁)ကောင်သာသားပေါက်ပြီး ဆိတ်အကြီးမတစ်ကောင်လျှင် (၂)ကောင်အထိသားပေါက်ကြကြောင်း၊ အစောပိုင်းကာလများတွင် မွေးဆိတ်(၁)ကောင်လျှင် (၈၀၀၀၀-၉၀၀၀၀-)ကျပ်အထိ ရောင်းချရကြောင်း ၊ ဆိတ်ကြီးမတစ်ကောင်လျှင် (၁၀၀၀၀၀/) ကျပ် အထိ ရောင်းချရကြောင်း ၊ ယခုအပတ်အတွင်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ၊ မွေးဆိတ် (၁)ကောင်ကို ပြန်လည်ရောင်းချလျှင် (၄၅၀၀၀-၅၀၀၀၀)ကျပ်ဈေး နှင့် ဆိတ်ကြီး မတစ်ကောင် ကို (၇၀၀၀၀/)ကျပ်သာ ရောင်းချရကြောင်း ၊ ဆိတ်ဝယ်ယူသူများမှာ ခန့်မှန်းဖြင့်သာဝယ်ယူရကြောင်း၊ ဆိတ်သားဈေးနှင့်(၅၀/၆၀)ရာခိုင်နှုန်းခွာ၍ ဝယ်ယူကြောင်း  ၊ ဆိတ်သားဈေးအနေဖြင့် လက်ရှိ ပေါက်ဈေး(၂၄၀၀၀/)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည် ။ ဆိတ်ရောင်းဝယ်မှုတွင် ဈေးနှုန်းကျဆင်းသော်လည်း ဆိတ်မွေးဖွားနှုန်း ကောင်းမွန်သောကြောင့် အရှုံးမရှိသော်လည်း ဈေးနှိမ်ဝယ်ယူမှုမျိုးများမရှိပါက အကျိုးအမြတ်ပိုမိုရရှိလာနိုင်ကြောင်း ၊ ဆိတ်အများဆုံး မွေးမြူသော ပျော်ရွာကျေးရွာမှ ဆိတ်မွေးမြူသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

“မိုးမြေပဲများစတင်ရိတ်သိမ်းလျက်ရှိ”

      ကျောက်ဆည်ခရိုင်သည် စပါး၊ပဲ၊ပြောင်း နှင့်ဆီထွက်သီးနှံများအား အဓိကထား စိုက်ပျိုးလျက်ရှိပြီး ၊ ၎င်းသီးနှံများမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မိုးမြေပဲသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိရာ မိုးမြေပဲကို  ကျောက်ဆည်မြို့နယ်တွင်(၉၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၃၀)ဧက၊ မြစ်သားမြို့နယ်တွင် (၅၂၅)ဧက၊ စုစုပေါင်း(၆၄၈)ဧက စိုက်ပျိုးပြီးစီးကြောင်း သက်ဆိုင်ရာ ဌာန၏စာရင်းများအရ သိရှိရပါသည် ။ မိုးမြေပဲကို မတ်လ နှင့် ဧပြီလများတွင် စတင်စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့်(၁)ဧကလျှင် မြေပဲအတောင့်ဖြင့် စိုက်ပျိုးပါက (၄)တင်းခန့်ကုန်ကြကြောင်း၊ အစေ့စိုက်ပျိုး လျှင်(၁.၅)တင်းခန့်ကုန်ကြပြီး ၊ (၁)ဧကကုန်ကျ စရိတ်အနေဖြင့် မျိုး ၊ ထွန်ယက်ခ ၊ လုပ်သားခ စုစုပေါင်း (၃၅၀၀၀၀-၄၀၀၀၀၀/)ကျပ်ဝန်းကျင်ခန့် ကုန်ကြကြောင်း ၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၄၉-၅၀)တင်းခန့်ထွက်ရှိကြောင်းသိရှိရပါသည် ။ ယခုအချိန်တွင် မိုးမြေပဲများကို စတင်ရိတ်သိမ်းလျက်ရှိပြီး မြေပဲဈေးနှုန်းအနေဖြင့် မြေပဲတောင့် (၁)တင်းလျှင် (၃၀၀၀၀/)ကျပ် ၊ မြေပဲဆံ(၁)ပိဿာလျှင်(၇၀၀၀/)ကျပ် ၊ မြေပဲဆီ(၁)ပိဿာလျှင် (၁၅၅၀၀/)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည် ။ မိုးမြေပဲစိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိသည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရုံသာမက မြေပဲပင်မှထွက်ရှိသော မြေပဲရိုးနှင့်မြေပဲမှော်များမှာလည်း ကျွဲ၊နွားများအတွက် အစားအစာအဖြစ် အသုံးပြုရသောကြောင့် တွက်ချေကိုက်သည့် သီးနှံဖြစ်၍ တောင်သူများအနေဖြင့် မြေပဲသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း‌ ရေးသားတင်ပြအပ်ပါ သည်။

DOCA(မန္တလေး)

 

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၁၆၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ မှ စက်တင်ဘာလ ၁၀ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၁၆၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

      ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

     အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၃.၉.၂၀၂၃ )

   ၃.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂.၉.၂၀၂၃ )

     ၂.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁.၉.၂၀၂၃ )

   ၁.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

အောင်မြင်ဖြစ်ထွန်းလျက်ရှိသော မိုးစပါးများ

    မန္တလေးတိုင်းဒေသကြီး ၊   ကျောက်ဆည်ခရိုင်တွင်  ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင်  ယခုလက်ရှိ အချိန်ထိ မိုးစပါးစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၅၀၆၅၇)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၉၁၅၆)ဧက ၊ မြစ်သားမြို့နယ်တွင်(၅၇၃၈၄)ဧက ၊ စုစုပေါင်း(၁၃၇၁၉၇)ဧက စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ မိုးတွင်းကာလဖြစ်သည့်အတွက် မိုးရွာသွန်းမှုအား ကောင်းသောကြောင့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည် ။ စပါးသက်တမ်းများမှာ ရက်(၉၀)သက်ငယ်မျိုး ၊ သက်လတ်မျိုး ၁၃၀-၁၄၀ နှင့် သက်ကြီးမျိုးရက်(၁၅၀)မျိုးများကို စိုက်ပျိုး ကြပါသည် ။ တောင်သူဦးကြီးများက မိမိရေမြေဒေသနှင့်ကိုက်ညီသောမျိုးများကို ရွေးချယ်စိုက်ပျိုးကြပါသည် ။ ခရိုင်အတွင်းစိုက်ပျိုးသော မိုးစပါးမျိုးမှာ အရည်အသွေးကောင်းသော ဧရာပဒေသာ မျိုးများကို အများဆုံး စိုက်ပျိုးကြပါသည် ။ တစ်ခြားစိုက်ပျိုးသောမျိုးများမှာ  မနောသုခ ၊ ရွှေမနော်၊ ရွှေသွယ်ရင် စပါးမျိုးများကိုလည်း စိုက်ပျိုးကြပါသည်။ မိုးစပါးစိုက်ပျိုးမှုတွင် နွေစပါးစိုက်ပျိုးမှုထက် ကုန်ကျစရိတ်သက်သာကြောင်း ၊ ယခုနှစ် မိုးစပါးစိုက်ပျိုးမှု့တွင် တောင်သူများမှာ ကုန်ကျစရိတ် သက်သာသော ပက်ကြဲစနစ်ကို အသုံးပြု၍ စိုက်ပျိုးလာကြပါသည်။ ယခင်နှစ် စပါးဈေးနှုန်းအနေဖြင့် ဧရာပဒေသာစပါးတင်း(၁၀၀)လျှင်(၁၅၀၀၀၀၀/)ကျပ်၊ မနောသုခစပါး တင်း(၁၀၀)လျှင် (၁၃၅၀၀၀၀/) ကျပ်ဖြစ်ပြီး ယခင်ဆန်ဈေးနှုန်းအနေဖြင့်    ဧရာပဒေသာဆန် (၂၄)ပြည်တစ်အိတ် လျှင် (၆၅၀၀၀/) ကျပ် ၊ မနောသုခဆန်(၂၄)ပြည်တစ်အိတ်လျှင် (၄၇၀၀၀/)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုလက်ရှိ ဧရာပဒေသာစပါးတင်း(၁၀၀)လျှင် (၃၅၀၀၀၀၀/) ကျပ် ၊ မနောသုခစပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀၀/)ကျပ်ဖြစ်ပြီး ဧရာပဒေသာဆန်(၂၄)ပြည် တစ်အိတ် လျှင် (၁၃၀၀၀၀/)ကျပ် ၊ မနောသုခ ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၉၂၀၀၀/)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှသိရှိရပါသည်။ စပါးဈေး၊ ဆန်ဈေးများမှာ ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရောင်းချရသောကြောင့် မိုးစပါးများ ထွက်ပေါ်လာချိန်တွင်  ဈေးနှုန်းများကောင်းမွန်ပါက  အကျိုးအမြတ်များ  ပိုမိုရရှိလာနိုင်မှာဖြစ်ကြောင်း  မိုးစပါးစိုက်ပျိုးသော တောင်သူဦးကြီးများ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၃၁.၈.၂၀၂၃ )

  ၃၁.၈.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း