ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်အတွင်း ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအား ထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန် စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

          ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေး သုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူးသစ်(50)kg တစ်အိတ်လျှင် (၉၃၀၀၀)ကျပ်၊ မျှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၇၃၀၀၀)ကျပ်၊ ကွန်ပေါင်း(10:10:5) (50)kg တစ်အိတ်လျှင်(၇၃၀၀၀)ကျပ်၊ ကွန်ပေါင်း (15:15:15) (50)kg တစ်အိတ်လျှင်(၁၄၇၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၅၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီ တစ်ဘူးလျှင် (၁၃၀၀၀)ကျပ်၊ မိုရယ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၃၅၀၀) ကျပ်၊ ဒီမင်း (၁)လီတာ တစ်ဘူးလျှင် (၂၀၅၀၀)ကျပ် ၊ အမ်မို (၁)လီတာ တစ်ဘူးလျှင် (၂၁၅၀၀)ကျပ် ဖြင့် ရောင်းချပေးလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ ဆန်စီးထွက်နှင့် ဈေးနှုန်း၊ဈေးကွက် အခြေအနေ

    “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း  ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

       ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၃၅၀၀၀၀၀၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ကျပ် ၃၀၀၀၀၀၀ နှင့် နွေစပါးရွှေဝါထွန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၁၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ နှင့် ရွှေဝါထွန်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ဖြစ်ပြီး  ယခင်အပတ်ထက် ဈေးအနည်းငယ် မြင့်တက်လျက်ရှိပါကြောင်း ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ  မန္တလေးတိုင်းသို့ အိတ်ရေ ၁၅၀၀ အိတ်၊ မြစ်ကြီးနားသို့ အိတ်ရေ ၅၀၀ နှင့် ရန်ကုန်သို့ အိတ်‌ရေ ၁၀၀၀ စုစုပေါင်းအိတ်ရေ ၃၀၀၀ အိတ်၊ တန်အားဖြင့် (၁၅၀)တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက် လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရာသီစာမန်ကျည်းသီးစိမ်းများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကန်သာယာဈေးတွင် ရာသီစာမန်ကျည်းသီးစိမ်းများကို ဇူလိုင်လဆန်းပိုင်းမှစ၍ ရောင်းချနေပြီဖြစ်ရာ ယခုအချိန်တွင် မန်ကျည်းသီးစိမ်း တစ်ပြည်လျှင် ကျပ် ၃၅၀၀-၄၀၀၀ ဖြင့် ရောင်းချရကြောင်း မန်ကျည်းသီးစိမ်း ခူးယူရောင်းချသူများထံမှ သိရသည်။
    ရာသီစာ မန်ကျည်းသီးစိမ်းများကို အိမ်ရှင်မတိုင်း ဝယ်ယူတတ်ကြပြီး မန်ကျည်းသီးစိမ်းကို ကြေညက်စွာထောင်းပြီး မြေပဲနှင့်သုပ်စားခြင်း၊ ပုစွန်၊ ငါးပိတို့ဖြင့်ရောကာ မန်ကျည်းသီးစိမ်းငါးပိချက်၊ ပုစွန်မန်ကျည်းသီးစိမ်းချက် စသည်ဖြင့် ပုံစံမျိုးစုံချက်ပြုတ်စားကြကြောင်း၊ ပူပြင်းပြီးလူတိုင်းနီးပါး အစားအသောက်ပျက်ချိန် ရာသီစာမန်ကျည်းသီးစိမ်းဖြင့် ဟင်းအမယ်စုံချက်စားခြင်းမှာ ခံတွင်း မြိန်စေကြောင်းလည်း သိရသည်။ လူကြိုက်များ၍ စားသုံးမှုများသော ရာသီစာမန်ကျည်းသီးစိမ်းများကို ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း  မန်ကျည်းသီးစိမ်းခူးယူရောင်းချနေသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ရွှေတောင်မြို့နယ်ဒေသထွက်အစားအစာ ရေဥ

   ရွှေတောင်မြို့နယ်၏ ဒေသထွက်အစားအစာများထဲတွင် ရေဥသည် တစ်ခုပါဝင်သောအစားအစာဖြစ်ပါသည်။ ရေဥသည် ရေသန့်ကန်များတွင် အလေ့ကျပေါက်ရောက်ပြီး ရေမှော်များနှင့်အတူ ပေါက်ရောက်တတ်သဖြင့် ဆယ်ယူရာ၌ ရေမှော်များကိုဖယ်ရှား၍ စကာများဖြင့် ဆယ်ယူရပါသည်။  ရေဥများကို (၅)ရက် (သို့) တစ်ပတ်ကြာလျှင် တစ်ကြိမ်ဆယ်ယူရပါသည်။ ရေဥသည် အအေးကြိုက်ပြီး အပူကိုကြောက်သောကြောင့် နွေရာသီတွင် အထွက်နည်းတတ်ပါသည်။ မိုးရာသီတွင် အထွက်အများဆုံးဖြစ်ပြီး ဆောင်းရာသီတွင် ပုံမှန်သာပေါက်ရောက်ကြပါသည်။ ဆယ်ယူပြီးသောရေဥများကို သန့်စင်အောင် ရေဖြင့်ပြန်လည်ဆေးကြောပြီး ပီနံအိတ်ထဲသို့ထည့်ကာ တစ်ညခန့်ရေစစ်ထားရပါသည်။ ရေစစ်ပြီးသောရေဥများကို ပြန်လည်ဖြန့်ထားရပြီး ဖြန့်ထားသောအချိန်များတွင် ရေဥများသည် လေသလပ်တတ်သဖြင့် အညိုရောင်သို့ပြောင်းသွားလျှင် ပြန်လည်မွှေပေးလိုက်သောအခါ အစိမ်းရောင်အဖြစ်ပြောင်းလဲသွားပါသည်။ ရေဥသည် နုလျှင်အလုံးသေးငယ်၍ ချက်၍စားလျှင် အရည်ပျော်လွယ်ပြီး ရင့်လျှင် ချက်ပြုတ်စားရာ၌ သင့်တော်ပါသည်။ ရေဥကိုချက်၍ စားသောအခါတွင် အိုးချခါနီးတွင် ရှောက်ရွက်လေးများကို ပါးပါးလှီးထည့်၍စားပါကလည်း အလွန်ကောင်းကြောင်းသိရပါသည်။ အလှမွေးငါးများကို မွေးမြူသူများကလည်း ရေဥကို ငါးစာအဖြစ်ကျွေးရန်ဝယ်ယူကြပါသည်။ ရေဥကို ဈေးကွက်တင်၍ရောင်းချရာတွင် နယ်မြို့များနှင့် ရန်ကုန်မြို့သို့ တင်ပို့မည်ဆိုပါက ရေဥကိုသေသေချာချာထုပ်ပိုးပြီး ရေခဲပုံးများတွင် ရေခဲများထည့်၍ ပို့ဆောင်ကြပါသည်။ ဈေးနှုန်းအနေဖြင့် ရေဥတစ်ပြည်လျှင် ဖောက်သည်ဈေးမှာ ရေဥသန့်လျှင်  (၇၀၀)ကျပ် မှ(၈၀၀)ကျပ်အထိရှိပြီး လက်ကားဈေးမှာ နို့ဆီဘူးတစ်ဘူးလျှင် (၁၀၀)ကျပ်မှ (၁၅၀) ကျပ်အထိရောင်းချကြောင်းသိရပါသည်။

     ရေဥသည် သဘာဝမှရရှိသော အစားအစာတစ်မျိုးဖြစ်သဖြင့် ဆယ်ယူ၍ရောင်းချလျှင် ဈေးဖိုးကာမိသဖြင့် တချို့သူများက ဆယ်ယူ၍ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

                            

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

        ၂၀၂၃ ခုနှစ် ဩဂုတ်လ တတိယအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် (၅၆၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၅၅၀၀)  ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၉၉၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၁၈၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၈၅၀၀)ကျပ်မှ (၉၀၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက် အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၉၀၀) ကျပ် မှ (၃၀၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ကြက်ဥလက်လီဈေးနှုန်းများမှာ ကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်မှ  (၁၃၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါး ကြင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ဩဂုတ်လ တတိယအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် (၁၀၀) ကျပ်၊ ဧရာမင်း ဆန်တစ်ပြည် (၃၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၄၀၀) ကျပ် ဈေးတက်လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကရင်ပြည်နယ်တွင် သွင်းအားစုဓာတ်မြေဩဇာအချို့ဈေးတက်

        ၂၀၂၃ ဩဂုတ်လတွင် ကရင်ပြည်နယ်နယ်၌ သွင်းအားစုမြေဩဇာအချို့ ဈေးနှုန်းအနည်းငယ်တက်ခဲ့ကြောင်း သိရသည်။

     ၂၀၂၃ ခုနှစ် ဇူလိုင်လနောက်ဆုံးအပတ်တွင် ဖြစ်ပေါ်ခဲ့သောဈေးနှုန်းနှင့် ယခုလ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများ နှိုင်းယှဉ်ချက်အရ 15-15-15 ၅၀ ကီလိုတစ်အိတ် လျှင် ယခင် ၁၃၅၀၀၀ ကျပ် မှ ၁၄၅၀၀၀ ကျပ်ဖြင့် တစ်အိတ်လျှင် ၁၀၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ရွှေကောမတ် 20-12-12  ၅၀ကီလို တစ်အိတ်လျှင် ယခင် ၁၁၀၀၀၀ကျပ်မှ ယခု ၁၁၅၀၀၀ ကျပ်ဖြင့် တစ်အိတ်လျှင် ၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ THAI ၅၀ကီလိုတစ်အိတ်လျှင် ၇၅၀၀၀ကျပ်မှ ၈၅၀၀၀ ကျပ်ဖြင့် တစ်အိတ်လျှင် ၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊  ပုလဲသာရွှေနဂါး ၅၀ကီလို တစ်အိတ်လျှင် ယခင် ၇၃၀၀၀ ကျပ်မှ  ယခု ၇၈၀၀၀ ကျပ်ဖြင့် တစ်အိတ်လျှင် ၅၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီး ဈေးတက်ခဲ့ပြီး ဂျစ်ဆန်၊ ဆိုက်ပါ၊ အလန်း 15W၊ ဆာလဖာတို့မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၂.၈.၂၀၂၃ )

၂၂.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

(၂၂.၈.၂၀၂၃)ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

(၂၂.၈.၂၀၂၃)ရက်နေ့အတွက်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုထားမှုကို အောက်ပါ .pdf file တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -

(၂၂.၈.၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

(၂၂.၈.၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစုထားမှုကို အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -

မုဒုံမြို့၌ ဈေးနှုန်းသက်သာသော စားသောက်ကုန်ပစ္စည်းများရောင်းချပေးနေ

  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၇-၈-၂၀၂၃) ရက်နေ့တွင်    မုဒုံမြို့နယ်၊ မြို့မဈေးအနောက်ဘက်၌  စားသောက်ကုန်ပစ္စည်းများကို ဒေသခံပြည်သူများအား စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများ၏ ဈေးနှုန်းသက်သာစွာရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ပုစွန်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၁၀၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၅၀) ကျပ်၊ ငါးတန်တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၄၀၀) ကျပ်၊ ပလာတူးနှင့် ငါးဖမ်းမတစ်ပိဿာစီလျှင် (၄၀၀၀) ကျပ်၊ ငါးနှပ်တစ်ပိဿာလျှင် (၂၅၀၀) ကျပ်နှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကိုရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း