ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့နယ်တွင် မိုးနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိ

    မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားလောက်အောင် ဆီထွက်သီးနှံများဖြစ်သည့် (နှမ်း/မြေပဲ) သီးနှံတို့အား အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ မကွေးမြို့နယ်အနေဖြင့် မိုးနှမ်း(၁၇၆၄၁၉)ဧကအား ၂၀၂၃-ခုနှစ်၊ မေလဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါတွင် စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။

     (၆.၈.၂၀၂၃)ရက်နေ့ နံနက် (၀၈:၀၀)နာရီတွင် မကွေးခရိုင်၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးအဖွဲ့ များဖြစ်သည့် မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးကျော်ဝင်း၊ မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်ထူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ့ရေးအဖွဲ့ဝင်များသည် ဒဟက်ကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၄၃)၊ ဦးပိုင်အမှတ် (၆၉)ရှိ တောင်သူဦးစိန်လှ၏ စံပြမိုးနှမ်းသီးနှံ (၃.၀၇)ဧကနှင့် ညောင်ပင်သာ ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၈၃/၂၉၃၄)၊ ဦးပိုင်အမှတ်(၂၉)ရှိ တောင်သူ ဒေါ်လှဝင်း၏ စံပြမိုးနှမ်း သီးနှံ (၄.၅၈)ဧက ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

     တောင်သူ ဦးစိန်လှနှင့် ဒေါ်လှဝင်းအား တွေ့ဆုံမေးမြန်းခဲ့မှုအရ ယခင်နှစ်က မိုးနှမ်းသီးနှံ တစ်ဧကလျှင် စိုက်ပျိုးမှု ကုန်ကျစရိတ် ကျပ်(၂၆၂၀၀၀)ခန့်ရှိပြီး တစ်ဧကလျှင် နှမ်း(၆.၅)တင်းခန့် ရရှိခဲ့ ပါကြောင်း၊ နှမ်းတစ်တင်းလျှင် ကျပ်(၅၀၆၀၀)ရရှိ၍ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် (၆၆၉၀၀) ရရှိပါကြောင်းနှင့် ယခုနှစ်တွင် နှမ်းတစ်ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ကျပ်(၃၅၈၀၀၀) ခန့်ရှိပြီး လက်ရှိနှမ်းပင်များ၏ အခြေအနေအရ တစ်ဧကလျှင် (၇.၅)တင်း ထွက်ရှိနိုင်ပြီး လက်ရှိနှမ်းစျေးနှုန်းမှာ နှမ်းတစ်တင်းလျှင် ကျပ်(၇၆၀၀၀)ဖြစ်၍ တစ်ဧကလျှင် ကျပ်(၂၁၂၀၀၀)ခန့် အကျိုးအမြတ် ရရှိနိုင်ကြောင်း သိရှိခဲ့ရပါသည်။

DOCA(မကွေး)

 

ရှမ်းတောင်ဒေသ၊ ဆိုက်ခေါင်မြို့ထွက် ကျောင်းချယ်ပျားနာနတ်

 ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဆိုက်ခေါင်နာနတ် (ခေါ်) ပျားနာနတ်ကို အများဆုံးစိုက်ပျိုးလေ့ရှိကြသည်။ နာနတ်သီးသည် အပူပိုင်းရာသီဥတုကိုနှစ်သက်သော်လည်း အအေးပိုင်းရာသီဥတုဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆိုက်ခေါင်မြို့အနီးတဝိုက်ရှိ ကျောင်းချယ်၊ လွယ်ဆမ်ဆစ်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းလေ့ရှိကြသည်။ ဆိုက်ခေါင်နာနတ်သီးသည် များသောအားဖြင့် အခွံပါးပြီးအသားထူ၍ အူတိုင်သေးသောအသီးများဖြစ်သည်နှင့်အညီ ပျားရည်ကဲ့သို့ ချိုသောအရသာရှိသောကြောင့် ပျားနာနတ်ဟူ၍လည်းတင်စားခေါ်ဝေါ်လေ့ရှိကြပါသည်။ ဆိုက်ခေါင်တွင်‌ ဆိုက်ခေါင်ကျောက်စိမ်းသီး၊ ဆိုက်ခေါင်ပျားနာနတ်ဟူ၍လည်း အမျိုးအစားကွဲပြားပါသေးသည်။ ဆိုက်ခေါင်ကျောက်စိမ်းသီး၏ လက်လီဈေးနှုန်းမှာ အလုံးလတ်တစ်လုံးလျှင် ၇၀ကျပ်မှ ၈၀၀ကျပ်အထိ၊ အလုံးကြီးတစ်လုံးလျှင် ၉၀၀ကျပ်မှ ၁၁၀၀ကျပ်အထိဖြင့် ဈေးကွက်အတွင်း ရောင်းချလေ့ရှိကြပြီး ဆိုက်ခေါင်ပျားနာနတ်၏ လက်လီဈေးနှုန်းမှာ ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဖြင့် ဈေးကွက်အတွင်း ရောင်းချကြောင်းသိရှိရပါသည်။ နာနတ်သီး၏အရွယ်အစားအနေဖြင့် အသေး/ အလတ်/ အကြီးဟူ၍ သုံးမျိုးခွဲခြားထားပါသည်။ လက်ကားဝယ်ယူသူများဆီသို့တင်ပို့ရာတွင် အသီး၏ အသေး/ အလတ်/ အကြီး စသည့် အလေးချိန်နှင့် အရွယ်အစားပေါ်မူတည်၍ ၅၀ ကျပ်သားအောက်အလုံးများအား တစ်ခြင်းလျှင် အလုံး ၄၀ခန့်ခြင်းများဖြင့်လည်ကောင်း၊ ၅၀ကျပ်သားနှင့်အထက် ၁ပိဿာအောက်အလုံးများအား တစ်ခြင်းလျှင် အလုံး ၄၀ခန့်ခြင်းများဖြင့်လည်ကောင်း၊ ၁ပိဿာအထက်အလုံးများအား တစ်ခြင်းလျှင် အလုံး ၃၀ခန့်ဆံ့ဝင်သောခြင်းများဖြင့်လည်းကောင်း၊ အလုံးလိုက်ဖြင့်လည်ကောင်း အမြို့မြို့အနယ်နယ်ရှိ မှာယူသူများထံသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ဒေသတွင်းအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သို့ပါ အများဆုံးတင်ပို့ရောင်းချပါသည်။ ဆိုက်ခေါင် (ကျောင်းချယ်) ပျားနာနတ်သည် ဇူလိုင်လလယ်တွင်ထွက်ပေါပြီး ဩဂုတ်လတွင် လှိုင်လှိုင်ထွက်ရှိကာ စက်တင်ဘာလတွင် ကုန်ဆုံးကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

မင်းဘူးမြို့မဈေးအတွင်းရှိ ဆန်၊ စားသုံးဆီ၊ စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

   ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)တွင် မင်းဘူးမြို့မဈေးအတွင်း၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်ဖြစ်သည့် ဧရာပဒေသာဆန် (၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀-၁၂၀၀၀၀)၊ မနောသုခ ဆန်(၁)အိတ်လျှင် ကျပ်(၇၅၀၀၀-၈၀၀၀၀)ဖြစ်ပြီး (ဒုတိယပတ်)တွင် ဧရာပဒေသာဆန် (၁)အိတ်လျှင် ကျပ်(၁၁၀၀၀၀-၁၃၀၀၀၀)ဖြစ်၍ ယခုအပတ်တွင် ဈေးအနည်းငယ်တက်နေကြောင်း၊ မနောသုခဆန်မှာ ယခုအပတ်တွင် ဈေးငြိမ်နေကြောင်း ရောင်းချနေသောဆန်ဈေးသည်ထံမှ သိရှိရပါသည်။

   ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၂၂၀၀)ဖြစ်ပြီး ရေနံချောင်းမြို့နယ်၊ ပင်းချောင်း တစ်လျှောက်ရှိ ကျေးရွာများနှင့် ပွင့်ဖြူ(မဲဇလီ)၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များမှ ထွက်ရှိသော ကြက်သွန်နီများကို ဝယ်ယူရောင်းချကြကြောင်းနှင့် စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူ(ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၇၈၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငရုတ်ခြောက်ရှည် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ အာလူး  (၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ သကြား (၁)ပိဿာလျှင် ကျပ်(၃၄၀၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၅၀၀၀)ဖြစ်၍ ယခင်အပတ်ထက် ဈေးအနည်းငယ် ငြိမ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

    စားသုံးဆီများမှာ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၈၅၀၀)ဖြစ်၍ ယခင်အပတ်ဈေးအတိုင်း ဈေးငြိမ်နေကြောင်း ဆီရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။  

DOCA(မကွေး)

မင်းဘူးမြို့ပေါ်၌ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

     ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ဒုတိယပတ်)တွင် မင်းဘူးမြို့မဈေးအတွင်း၌ ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းများမှာ ငါးရံပြားခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀-၆၅၀၀၀)၊ ငါးတံခွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၃၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးပုတ်သင် (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊  ငါးကွင်းရှပ် (၁)ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ အာဗြဲခြောက် (၁) ပိဿာလျှင် ကျပ်(၂၅၀၀၀-၂၈၀၀၀)၊ ငါးရံဖြူခြောက် (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးရံဖြူလုံး (၁) ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးသေတ္တာခြောက် (၁)ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ငါးနီတူး (၁)ပိဿာ လျှင်ကျပ်(၁၄၀၀၀)၊  ပုဇွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၅၅၀၀၀-၆၅၀၀၀)ဖြစ်ကြောင်း ပုဇွန်ခြောက်သည် ဆားအပေါ့၊ အငန်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

    ပုဇွန်ခြောက်များကို ရခိုင်ပြည်နယ်မှ ဝယ်ယူ၍ ငါးခြောက်များကို ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံနှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကွင်းဆင်းမေးမြန်းမှုအရ သိရှိရပါသည်။

DOCA(မကွေး)

မအူပင်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စားသုံးဆီများရောင်းချနေမှုအား စိစစ်ဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသည် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ဌာနဆိုင်ရာများဖြင့်နှင့်အတူ (၉-၈-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် မအူပင်အဝေးသင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကွန်ပြူတာတက္ကသိုလ်မှ ဝန်ထမ်းမိသားစုများနှင့် မအူပင်မြို့နယ်အတွင်း ရပ်ကွက်အသီးသီးရှိ ပြည်သူများအတွက် ဈေးကားဖြင့် စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနေမှုများအား စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ စိစစ်ဆောင်ရွက်မှုတွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများက လက်ကားကုန်သည်များထံသို့ ဖြန့်ဖြူးရောင်းချသည့်စားသုံးဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ်ထပ်ပေါင်းထည့်ကာ အမြတ် ၂ရာခိုင်နှုန်းထက်မပိုသောဈေးနှုန်းဖြင့် ရပ်ကွက်အသီးသီးသို့ ဈေးကားဖြင့် လှည့်လည်ရောင်းချ၍  လူးတစ်ဦးလျှင် တစ်ပိဿာနှုန်းစီရောင်းချပေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကလည်း သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်ရန်၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရရှိစေရန်၊  စနစ်တကျအလှည်းကျတန်းစီစနစ်ဖြင့် ပြည်သူများဝယ်ယူရရှိနိုင်ရေး စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချ

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ (၈-၈-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် ပန်းတနော်မြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၌ ပြည်သူများအား ရောင်းချပေးခဲ့သည်။

 ထိုသို့ရောင်းချရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်း၍ ဆန်တစ်ပြည်လျှင် ငွေကျပ်၂၅၀၀နှုန်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ်၂၂၀နှုန်းနှင့် အခြားသောဒေသထွက်ဟင်းသီးဟင်းရွက်များ၊ အသားငါးများကို သက်သာသောဈေးဖြင့် အပတ်စဉ်အလိုက် မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ ဈေးနှုန်းသက်သာ စွာရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဩဂုတ်လ၊ ဒုတိယအပတ်၌ ဘားအံမြို့၊ ကမ်းနားလမ်းယာယီဈေးရှိ ငါး/ပုစွန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာ

  ကရင်ပြည်နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများဈေးရောင်း/ဈေးဝယ်များအဆင်ပြေလွယ်ကူစေရေးအတွက် အမှတ်(၁)၊ ရေပေါ်စံပြဈေးအား အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းယာယီဈေးသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်းသိရသည်။

   အဆိုပါဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်အတွင်းဖြစ်ပေါ်နေသော ငါးမျိုးစုံ၏ဈေးနှုန်းများမှာ ငါးကြင်းဖြူတစ်ပိဿာလျှင် ၁၄၇၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ တီလားဗီးယားငါးတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငါးခုံးမကြီးတစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ငါးခုံးမသေးတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ငါးမဲလုံးတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမှုန့်တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ပလာတူးတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ မွေးမြူရေးငါးခူတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ရေချိုငါးခူတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊  ငါးဖယ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးနုသန်းတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်၊ ရေချိုပုစွန်ထုပ်သေးတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ရေချိုပုစွန်ထုပ်ကြီးတစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ ဂျော့ပုစွန် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ဩဂုတ်လ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် အနည်းငယ်မြင့်တက်လာခဲ့ကြောင်း ငါးအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ကရင်)

မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

    မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီး ဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

   စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်း ဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရသည်။

    မုံရွာခရိုင်အတွင်း (၃.၇.၂၀၂၃) ရက်နေ့မှ (၉.၇.၂၀၂၃ ရက်နေ့ထိ စားအုန်းဆီ ပိဿာချိန်(၁၃၂၀၀) ပိဿာခန့် တစ်ပိဿာလျှင် ၄၆၀၀ ကျပ်ဖြင့်လည်းကောင်း၊  (၁၀.၇.၂၀၂၃) ရက်နေ့မှ (၃၀.၇.၂၀၂၃) ရက်နေ့ ထိ စားအုန်းဆီပိဿာချိန် (၄၆၂၀၀) ပိဿာခန့် တစ်ပိဿာလျှင် ၄၇၀၀ ကျပ်ဖြင့် လည်းကောင်း ၊ (၃၁.၇.၂၀၂၃) ရက်နေ့တွင်စားအုန်းဆီပိဿာချိန် (၂၂၀၀) ပိဿာခန့် တစ်ပိဿာ လျှင် ၄၈၀၀ ကျပ်ဖြင့် လည်းကောင်း  စုစုပေါင်း ပိဿာချိန် (၆၁၆၀၀) ပိဿာခန့်အား လူစည်ကားရာ ရပ်ကွက်များ၊ ဈေးများ အပြင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည် ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းအခြေအနေ

      မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပါကြောင်း သိရပါသည်။

     မုံရွာမြို့၏ ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်း စပါးတင် ၁၀၀ လျှင် ကျပ် ၃၀၀၀၀၀၀ မှ ၃၁၀၀၀၀၀၊ ဧရာမင်းဆန်  ၂၄ ပြည်ပါ တစ်အိတ်လလျှင် ၁၁၀၀၀၀ မှ ၁၁၅၀၀၀ ထိ၊ မနောသုခစပါးတင် ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ မနောသုခဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ပေါ်ဆန်း စပါးတင် ၁၀၀ လျှင် ကျပ် ၃၂၀၀၀၀၀၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀ မှ ၁၂၀၀၀၀ ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိပါသည်။

      ယခင်လ ပထမအပတ် စပါး/ဆန်ဈေးနှုန်းများနှင့် ယခုလ ပထမအပတ် ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ဧရာမင်းစပါးတင် ၁၀၀ လျှင် ၅၀၀၀၀၀ ကျပ် ၊ ဧရာမင်းဆန်  ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀ ကျပ် ၊ မနောသုခစပါးတင် ၁၀၀ လျှင် ၂၀၀၀၀၀ ကျပ် ၊ မနောသုခဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀  ကျပ် ပေါ်ဆန်းစပါးတင် ၁၀၀ လျှင် ၃၅၀၀၀၀ ကျပ် ၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀  ကျပ် တို့ ဈေးနှုန်းမြင့်တက်ကြောင်း‌ မုံရွာမြို့နေ ဆန်စက်ပိုင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကယားပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

   ကယားပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်လက်လီဈေးနှုန်းများမှာ ဧည့်မထဆန် (၁)အိတ်လျှင်  (၉၁၀၀၀)ကျပ်၊  ငစိန်ဆန်(၁)အိတ်လျှင်  (၆၈၀၀၀)ကျပ်၊  ပဲဆီ (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်၊  စားအုန်းဆီ(၁)ပိဿာလျှင် (၈၈၀၀)ကျပ်၊ နှမ်းဆီ(၁)ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ နေကြာဆီ (၁)ပိဿာလျှင် (၁၄၅၀၀)ကျပ်၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင် (၃၃၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်စ) (၁)ပိဿာလျှင် (၇၂၀၀)ကျပ်၊ နနွင်းတက်(၁)ပိဿာလျှင် (၅၅၀၀)ကျပ်၊ ချင်း(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ဆား(၁)ပိဿာလျှင် (၈၀၀)ကျပ်၊ မြေပဲဆန်(၁) ပိဿာလျှင် (၈၀၀၀) ကျပ်၊  ကုလားပဲဝါ(၁)ပိဿာလျှင် (၆၈၀၀)ကျပ်၊ မန်ကျည်းသီး(၁)ပိဿာလျှင် (၃၇၀၀)ကျပ်၊ အာလူး (၁)ပိဿာလျှင် (၃၅၀၀)ကျပ်၊ သကြား(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကန်စွန်းရွက် (၁)စည်း လျှင် (၂၀၀)ကျပ်၊ ဂေါ်ဖီထုပ် (၁)ထုပ်လျှင် (၁၈၀၀)ကျပ်၊ ပန်းဂေါ်ဖီ (၁)ပွင့်လျှင် ( ၈၀၀ ) ကျပ်၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၁၈၀၀)ကျပ်၊ ပဲသီး(၁)စည်းလျှင်(၈၀၀)ကျပ်၊ ပဲနီလေး(၁)ပိဿာလျှင် (၅၅၀၀) ကျပ်၊ ကြက်သား(၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ဝက်သား(၁)ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ အမဲသား (၁) ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ဆိတ်သား(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ ငါးမြစ်ချင်း(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်း(၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ငါး ခူ(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကြက်ဥ (၁) လုံးလျှင် (၂၅၀)ကျပ်၊ ဘဲဥ(၁)လုံးလျှင် (၃၃၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ကယား)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း