ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ဆီကုန်သည်များအသင်း၏ စားအုန်းဆီများရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့် ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သောစားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြစ်ပေါ်စေရေးတို့ကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၈.၈.၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသောစားအုန်းဆီများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းက စျေးကားဖြင့် စားအုန်းဆီ (၁) ပိဿာလျှင် (၄၇၀၀) ကျပ်၊ ဘူးခွံတစ်ဘူးလျှင် (၈၀၀) ကျပ်၊ ဘူးခွံအပါ စားအုန်းဆီ (၁) ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်းစီရောင်းချပေးနေမှုအား မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့က သွားရောက်ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

 ထို့သို့ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် စားအုန်းဆီများကိုဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသောစပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

  စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များတွင် စပါးလက်ကျန်နည်းပါးလာပြီး တောင်သူများအဝယ်များနေခြင်းကြောင့် ခရိုင်အားလုံး၌ ဈေး အနည်းငယ်တက်နေပါကြောင်းသိရှိရပါသည်။

  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)  တင်း၁၀၀လျှင် ကျပ်၃,၂၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ကျပ်၊ ဧရာမင်း (စပါး) တင်း ၁၀၀လျှင် ကျပ်၂,၇၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၀,၀၀၀ကျပ်၊ နွေစပါး (ရွှေဝါထွန်း) စပါးတင်း (၁၀၀) လျှင် ကျပ်၁,၇၅၀,၀၀၀နှင့်  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ကျပ်၇၇,၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ နွေစပါး (ရွှေဝါထွန်း) စပါးတင်း (၁၀၀) လျှင် ကျပ်၁,၇၅၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၇,၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ (စပါး) တင်း၁၀၀လျှင် ကျပ်၂,၁၅၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀,၀၀၀၊ ငစိန် (စပါး) တင်း၁၀၀လျှင် ကျပ်၂,၀၇၀,၀၀၀၊ ငစိန် (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀၊ ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂,၃၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၃,၀၀၀၊ နွေစပါး (ဒေသမျိုး) (စပါး) တင်း၁၀၀လျှင် ကျပ်၁,၀၅၀,၀၀၀၊ နွေစပါး (ဒေသမျိုး) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၃,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ (၂) (စပါး) တင်း၁၀၀လျှင် ကျပ်၁,၉၅၀,၀၀၀၊ မှော်ဘီ (၂) ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၁,၀၀၀၊ ဆင်းဧကရီ (၃) (စပါး)  တင်း၁၀၀လျှင် ကျပ်၂,၁၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀၊ ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂,၄၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၁၁၀,၀၀၀၊ နွေစပါး (ဆင်း-၃) (စပါး) တင်း၁၀၀လျှင် ကျပ်၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂,၇၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၀,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၅၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀,၀၀၀၊ မနောသုခ (စပါး) တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂,၆၅၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၅,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၃,၂၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၅,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး) တင်း၁၀၀လျှင် ကျပ်၁,၇၀၀,၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၃,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    ဩဂုတ်လ၊ ပထမအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄,၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၂၈,၂၀၀အိတ်၊ မကွေးသို့ အိတ်ရေ ၆၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆,၀၀၀အိတ်၊ ရှမ်း (တောင်) သို့ အိတ်ရေ ၄,၀၀၀အိတ်၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၄,၀၀၀အိတ်၊ ကချင်သို့ အိတ်ရေ ၂,၂၀၀အိတ်၊ စုစုပေါင်းအိတ်ရေ (၅၉,၀၀၀) အိတ်၊ တန်အားဖြင့် (၂,၉၅၀)  တန်စီးထွက်ခဲ့ပြီး ယခုဩဂုတ်လ၊ ဒုတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆,၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၂၃,၇၀၀အိတ်၊ မကွေးသို့ အိတ်ရေ ၆၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း (တောင်) သို့ အိတ်ရေ ၄,၀၀၀အိတ်၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၄,၀၀၀အိတ်၊ ကချင်သို့ အိတ်ရေ ၂၀၀အိတ်၊ စုစုပေါင်းအိတ်ရေ (၅၃,၅၀၀) အိတ်၊ တန်အားဖြင့် (၂,၆၇၅) တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၅၅၀၀) အိတ်၊ တန်အားဖြင့် (၂၇၅) တန်လျော့နည်းစီးထွက်ခဲ့ပါကြောင်းသိရှိရပါသည်။    

DOCA(စစ်ကိုင်း)                                                                                                                                 

စစ်ကိုင်းမြို့နယ်မှ စိုက်ပျိုးထွက်ရှိပြီး လူကြိုက်များသော တရုတ်ဆီးသီး (ခေါ်) လေခြူသီးများအကြောင်း တစေ့တစောင်း

    တရုတ်ဆီးသီး (ခေါ်) လေခြူသီးများသည် စစ်ကိုင်းမြို့နယ်၌ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် အဖူးအပွင့်များစတင်ဖူးကြပြီး မတ်လတွင် အသီးကင်းလေးများဖြစ်ပေါ်ကာ ဧပြီလနှင့်မေလတို့တွင် တဖြည်းဖြည်းကြီးထွားလာပါသည်။ ဇွန်လ၊ ဇူလိုင်နှင့်ဩဂုတ်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ခူးဆွတ်ကာ ရောင်းချကြောင်းသိရှိရပါသည်။ တရုတ်ဆီးသီး (ခေါ်) လေခြူသီးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ သဲနုန်းဆန်သောမြေအမျိုးအစားဖြစ်ပြီး ပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်းသိရပါသည်။ ပျိုးပင်တစ်ပင်လျှင် ၁၀၀၀ဝိ/-ကျပ်ခန့်ဖြင့်ဝယ်ယူပြီး ကျင်းတူး၍စိုက်ပျိုးကြောင်း၊  အပင်စိုက်ပျိုးချိန်မှာ သုံးနှစ်မှ ငါးနှစ်အကြားတွင် အသီးများကိုခူးဆွတ်ရောင်းချနိုင်ကြောင်း သိရပါသည်။ ယခုအချိန်၌ စစ်ကိုင်းဒေသထွက်တရုတ်ဆီးသီး (ခေါ်) လေခြူသီးများသည် ရာသီဥတုကောင်းမွန်သောကြောင့် ဈေးကွက်များတွင် အများအပြားခူးဆွတ်ရောင်းချကြောင်းသိရပါသည်။

  စစ်ကိုင်းမြို့နယ်ရှိ ဘော်ဂါရပ်ကွက်၊ နန္ဒဝန်ကွက်သစ်ရပ်ကွက်၊ ချင်းစုရပ်ကွက်၊ ဒါးဝယ်ဈေးရပ်ကွက် အစရှိသော ရပ်ကွက်များတွင် တရုတ်ဆီးသီး (ခေါ်) လေခြူသီးကို အိမ်တိုင်းတွင် စိုက်ပျိုးကြပါသည်။ တစ်အိမ်လျှင် အနည်းဆုံး သုံးပင်မှ ငါးပင်အထိစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် တစ်ပင်လျှင် (၅၀) ပိဿာခန့်ထွက်ရှိပြီး ယခင်နှစ်ထက် (၁၀) ပိဿာခန့်ပိုမိုထွက်ရှိကြောင်း၊ လက်ကားရောင်းဈေးမှာ တစ်ပိဿာလျှင် ၄၀၀ဝိ/-ကျပ်ဈေးဖြင့်  တစ်ပင် (၂၀၀၀၀ဝိ/-) ကျပ်ခန့် ဝင်ငွေရရှိကြောင်း၊ လက်လီရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် (၅၀၀ဝိ/- - ၇၀၀ဝိ/-) ပြန်လည်ရောင်းချကြောင်း၊ စစ်ကိုင်းမြို့အတွင်းရောင်းချကြောင်း၊  ရာသီဥတုကောင်းမွန်ပြီး မိုးလေကင်းသောအခါ အသီးနှုန်းပိုမိုထွက်ရှိပြီး ဝင်ငွေပိုမိုရရှိကြောင်း၊ ရာသီဥတုမကောင်းမွန်သည့်အခါ အသီးထွက်နှုန်းနည်းသွားပြီး ဝင်ငွေလည်းနည်းပါးသွားကြောင်း၊ နှစ်ရှည်သီးပင်ဖြစ်သောကြောင့် မိသားစုတစ်နိုင်တစ်ပိုင်အပိုဝင်ငွေရရှိသောသီးနှံဖြစ်ပြီး စစ်ကိုင်းမြို့နယ်မှ တရုတ်ဆီးသီး (ခေါ်) လေခြူသီးသည် မြန်မာပြည်တစ်ဝန်းလုံး၌ အလွန်နာမည်ကြီးပြီး လူကြိုက်များသောအသီးအနှံတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၄.၈.၂၀၂၃ )

     ၁၄.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပုသိမ်မြို့ရှိ ဈေးအတွင်းရောင်းချနေသည့် စားသုံးဆီဘူးများအား ကွင်းဆင်းစစ်ဆေး

  ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့မဈေးအတွင်း၌ရောင်းချနေသေ ာစားသုံးဆီများအား စားသုံးသူများဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ပြီး စည်ပင်သာယာရေး အဖွဲ့နှင့်အတူ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

    အဆိုပါဈေးအတွင်းရှိ အရောင်းဆိုင်များ၌ရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားနှင့်ကိုက်ညီမှုရှိကြောင်းတွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသောကုန်စည်များမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချကြရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီးနောက် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအတိုင်း သတ်မှတ်ချက်နှင့်အညီဆောင်ရွက်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် အထူးဈေးနှုန်းဖြင့် စားသုံးဆီရောင်းချပေးလျက်ရှိ

 စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) နှင့် ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီလက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်အထိုင်ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူခကုန်ကျစရိတ်များပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများအား လူတစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့် (၁-၈-၂၀၂၃) ရက်နေ့တွင် ဇေယျဝတီရပ်ကွက်နှင့် ယိုးဒယားကုန်းရပ်ကွက်၊ (၂-၈-၂၀၂၃) ရက်နေ့တွင် ဝဲဒေါင့်နှင့် ဘုံကျော်ကွက်သစ်ရပ်ကွက်၊ (၃-၈-၂၀၂၃) ရက်နေ့တွင် သစ်ညိုကုန်းရပ်ကွက်နှင့် မြေတံတားရပ်ကွက်၊ (၅-၈-၂၀၂၃) ရက်နေ့တွင် မင်းရပ်တန်းနှင့် ပိတောက်ချောင်းကုန်းရပ်ကွက်  စသည့်ရပ်ကွက်များသို့သွားရောက်၍ Mobile စနစ်ဖြင့် တစ်ရက်လျှင် ရပ်ကွက် (၂) ခု၊ တစ်ရပ်ကွက်လျှင် စားသုံးဆီပေပါ (၅) လုံး၊ တစ်နေ့လျှင်  ဆီပေပါ (၁၀) လုံး၊ လူတစ်ဦးလျှင်(၁) ပိဿာနှုန်းစီဖြင့် စားသုံးသူပြည်သူများအားရောင်းချခဲ့ပြီး စားသုံးသူပြည်သူများက စနစ်တကျတန်းစီ၍ ဝယ်ယူအားပေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဩဂုတ်လ၊ ပထမပတ်တွင်ဖြစ်ပေါ်နေသော ကရင်ပြည်နယ်၏ အခြေခံစားကုန်ဈေးနှုန်းများ

  ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)၊ စံပြရေပေါ်ဈေးတွင်ရောင်းချနေသည့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ဧည့်မထ (ဆန်) တစ်ပြည်လျှင် (၂၇၀၀)ကျပ်၊ (၂၄) ပြည်ပါ တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ ပေါ်ဆန်း (ဆန်) တစ်ပြည်လျှင် (၄၁၀၀) ကျပ်၊ (၂၄)ပြည်ပါ တစ်အိတ်လျှင် (၉၁၀၀၀)ကျပ်၊ ဆန်ကွဲတစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ (၂၄) ပြည်ပါ တစ်အိတ်လျှင် (၄၇၅၀၀)ကျပ်တို့ဖြစ်၍ ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပါသည်။                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                       

    စားအုန်းဆီတစ်ပုံလျှင် (၇၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ပဲဆီ (ရိုးရိုး) တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ပဲဆီ (ရှယ်) တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၇၀၀) ကျပ်၊ ကြက်သွန်နီတစ်အိတ်လျှင် (၇၂၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)  တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင် (၆၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၂၀၀)ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ငရုတ်သီးခြောက်ရှည်တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်နှင့် နနွင်းတက်တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြင့်ရောင်းချနေပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်းသိရပါသည်။

   အသားငါးဈေးများမှာ မွေးမြူရေးကြက်တစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန် (ဘော့ချိတ်) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ငါးကြင်းတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ မွေးမြူရေး (ငါးခူ) တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၆၀) ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၄၀) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပါသည်။

  ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စည်းလျှင် (၂၀၀)ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ပဲတောင့်ရှည်သီးတစ်စည်းလျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသခံရောင်းဝယ်ဖောက်ကားနေသည့် အရောင်းဆိုင်မှသိရှိရပါသည်။

DOCA(ကရင်)

 

တောင်ငူမြို့တွင် စက်သုံးဆီဈေးနှုန်းပြန်လည်ကျဆင်းလာ

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် 92 RON တစ်လီတာလျှင် ၂၂၅၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၆၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၈၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၆၀ကျပ်တို့ရှိပါသည်။

    ယခုအပတ်တွင် တောင်ငူမြို့၊ “ဖြိုးဝေကျော်” စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၂၃၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၅၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၄၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၁၅ကျပ်တို့ရှိပါသည်။

     အုတ်တွင်းမြို့၊ Petro-K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၂၃၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၅၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၄၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၁၅ကျပ်တို့ရှိပါသည်။

   ရေတာရှည်မြို့၊ “Puma Power” စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၂၄၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၃၅၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၄၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၂၅ကျပ်တို့ရှိပါသည်။

    သို့ဖြစ်၍ ယခုအပတ်တွင် 92 RON နှင့် 95 RON တို့မှာ တစ်လီတာလျှင်  ၁၀ကျပ်မှ ၁၅ကျပ်ခန့်နှင့် ဒီဇယ်နှင့် ပရီမီယံဒီဇယ်တို့မှာ  တစ်လီတာလျှင် ၄၀ကျပ်မှ ၄၅ကျပ်ခန့်ဈေးနှုန်းတို့ ပြန်လည်ကျဆင်းကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း