ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာစျေးကွက်အတွင်း အခြေခံစားကုန်စျေးနှုန်းများ

      ၂၀၂၃ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း မိတ္ထီလာမြို့နယ် စျေးကွက်ရှိ အခြေခံစားကုန်စျေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် (၁၀၅၀၀၀) ကျပ်၊ မဂျမ်းတော ဆန်တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်၊ မနောသုခ ဆန်တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်၊ ပဲဆီ၊ နှမ်းဆီတို့မှာ တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ စာအုန်းဆီ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ကြက်သွန်နီအလတ် တစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ အာလူး (လတ်) တစ်ပိဿာလျှင် (၂၈၀၀) ကျပ်၊ ဂျင်း တစ်ပိဿာ (၆၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံး (၂၆၀ မှ ၃၀၀) ကျပ်၊ ဘဲဥ တစ်လုံးလျှင် (၃၅၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၆၀၀မှ ၇၀၀) ကျပ်၊ ကြက်သား တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ် စျေးရှိပါသည်။ ယခင်ဇွန်လ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဆန်စျေးနှုန်းများတွင် စားသုံးမှုများသော မနောသုခ၊ မဂျမ်း တောဆန်‌စျေးများ အနည်းငယ်မြင့်တက်လာပြီး စာသုံးဆီစျေးများ အတက်၊ အကျ များစွာပြောင်းလဲမှု မရှိကြောင်းသိရသည်။ ကုန်ခြောက်စျေး အတော်များများစျေးငြိမ်နေပြီး၊ ကုန်စိမ်းစျေးများတွင် ခရမ်းချဉ်သီးစျေးမြင့်လာကာ အသားငါးစျေးနှုန်းမျာတွင် ကြက်ဥနှင့်ကြက်သားစျေးမြင့်လာကြောင်း စျေးကွက်မှ သိရသည်။

DOCA(မန္တလေး)

 

 

 

“ မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းများ”

    ဇူလိုင်လ ဒုတိယပတ်အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းအခြေအနေများမှာ နှမ်းဆီ တစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀)ကျပ် နေကြာဆီ တစ်ပိဿာလျှင် (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၇၀၀) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် (၃၁၀၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၉၀၀-၁၉၅၀) ကျပ်၊ ကုလားပဲ (V2)  တစ်တင်းလျှင် (၈၀၀၀၀-၈၁၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၂၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင်(၁၀၀၀၀၀)ကျပ်၊ နေကြာစေ့ တစ်ပိသာလျှင် (၄၀၀၀) ကျပ် ၊ မန်ကျည်းတောင့် တစ်ပိဿာလျှင် (၈၅၀) ကျပ်၊ ပဲတီစိမ်း  တစ်တင်းလျှင် (၅၅၀၀၀-၅၇၀၀၀) ကျပ်၊ ငရုတ် တစ်ပိသာလျှင် (၁၃၀၀၀ - ၁၃၅၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၉၀၀ - ၂၀၀၀) ကျပ်နှုန်းများဖြင့် အသီးသီးရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ယခင်လဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင်  စားအုန်းဆီစျေးနှုန်းမှာ တစ်ပိဿာလျှင် (၁၆၂၈) ကျပ်ခန့် မြင့်တက်လျက်ရှိပြီး၊ နှမ်းညိုစျေးနှုန်းမှာ တစ်တင်းလျှင် (၈၀၀၀) ကျပ်ခန့်၊ ကုလားပဲ (V2) တစ်တင်းလျှင် (၈၀၀၀) ကျပ်ခန့် သိသိသာသာ ကျဆင်းလာကြောင်းနှင့် ကျန်သီးနှံစျေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

မင်းဘူးမြို့၏ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္တပတ်) စက်သုံးဆီဈေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။

     မင်းဘူးမြို့ပေါ်၌ စက်သုံးဆီအရောင်းဆိုင် (၁၆)ဆိုင်ရှိရာ ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (စတုတ္တပတ်) စက်သုံးဆီ ဈေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၄၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၄၅)ဖြစ်၍ ကျပ်(၁၀၅) ဈေးမြင့်ခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၂၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၂၅)ဖြစ်၍ ကျပ်(၁၀၅) ဈေးမြင့်ခဲ့ကြောင်း၊ ဓာတ်ဆီ(92) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၆၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၅၅)ဖြစ်၍ ကျပ်(၉၅) ဈေးမြင့်ခဲ့ကြောင်း၊ ဓာတ်ဆီ(95) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၇၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၇၀)ဖြစ်၍ ကျပ် (၉၅)ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။    

DOCA(မကွေး)

 

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(စတုတ္တပတ်တွင်)တွင် မင်းဘူးမြို့မဈေးအတွင်း၌ ရောင်းချလျက်ရှိသော အခြေခံစားကုန်ဖြစ်သည့် ကြက်သွန်နီဈေးနှုန်းများမှာ (၁)ပိဿာလျှင် ကျပ်(၂၂၀၀)ဖြစ်ပြီး ရေနံချောင်းမြို့နယ်၊ ပင်းချောင်းတလျှောက်ရှိ ကျေးရွာများနှင့်ပွင့်ဖြူ (မဲဇလီ)၊ စလင်း၊ ဆင်ဖြူကျွန်း မြို့များမှထွက်ရှိသော ကြက်သွန်နီများကို ၀ယ်ယူရောင်းချကြောင်းနှင့် စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင်ကျပ်(၇၅၀၀-၇၈၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင်ကျပ် (၈၀၀၀)၊ အာလူး (၁)ပိဿာလျှင်ကျပ်(၂၈၀၀-၃၀၀၀)၊ ငရုတ်ခြောက် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ သကြား (၁)ပိဿာလျှင် ကျပ်(၃၄၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၇၅၀၀)၊  ဆားကြမ်း (၁)ပိဿာ လျှင် ကျပ်(၅၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၅၀)ဖြစ်ကြောင်း ယခင်အပတ်ထက် ဈေးအနည်းငယ် အတက်၊ အကျရှိကြောင်း  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

    စားသုံးဆီဈေးနှုန်းမှာ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ပဲဆီ (၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၈၀၀၀)ဖြစ်ပြီး ဈေးအနည်းငယ် အတက်၊ အကျရှိကြောင်း၊ ဧရာပဒေသာဆန် (၁)အိတ်လျှင် ကျပ်(၉၀၀၀၀-၁၀၀၀၀၀)၊ မနောသုခ ဆန်(၁)အိတ်လျှင် ကျပ် (၇၅၀၀၀-၈၀၀၀၀)ဖြစ်၍ ဆန်ဈေးအနည်းငယ်တက်နေကြောင်း မြို့မဈေး၌ရောင်းချနေသော ဆန်ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့ပေါ်၌ ဖြစ်ပေါ်လျက်ရှိသော ရေထွက်ပစ္စည်းဈေးနှုန်းဈေးကွက်အခြေအနေ

 မင်းဘူးမြို့ပေါ်၌ ရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းများမှာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်)တွင် ငါးကြင်းဖြူ (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀-၁၇၀၀၀)၊ ငါးတံခွန် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၂၀၀၀)၊ ငါးသေတ္တာခြောက် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငါးပုတ်သင် (၁)ပိဿာ လျှင် ကျပ်(၁၂၀၀၀-၁၅၀၀၀)၊ ငါးကွင်းရှပ်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀-၂၁၀၀၀)၊ ငါးရံ့ခြောက်ပြား (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀-၈၅၀၀၀)၊ ငါးနီတူး(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ အာဗြဲခြောက် (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀-၂၅၀၀၀)၊  ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀-၈၀၀၀၀)ထိ ဖြစ်ကြောင်း ပုဇွန်ခြာက်သည် ဆားအပေါ့၊ အငန်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

   ပုဇွန်ခြောက်များကို ရခိုင်ပြည်နယ်မှဝယ်ယူ၍ ငါးခြောက်များကို ရန်ကုန်၊ ဘုရင့်နောင်ပွဲရုံနှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ကွင်းဆင်းမေးမြန်းမှုအရ သိရှိရပါသည်။

DOCA(မကွေး)

မိုးရွာသွန်းမှုနည်းပါး၍ စပါးအထွက်နှုန်းလျော့ကျနိုင်ခြင်း

    မင်းပြားမြို့နယ်တွင် ကျေးရွာအုပ်စု (၆၂) အုပ်စုနှင့် မြို့ပေါ်(၈)ရပ်ကွက်ရှိပါသည်။ မင်းပြားမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီချိန်တွင် မိုးစပါးစိုက်ပျိုးဧက ၈၉၂၂၃ ဧက စိုက်ပျိုးထားရှိပါသည်။ ၎င်းမိုးစပါး စိုက်ပျိုးဧကမှာ ၇၀၆၆၃ ဧကသည် စပါးမျိုးစေ့ကြဲပက်စိုက်ပျိုးဧကဖြစ်ပြီး ၊၁၈၅၆၀ ဧကမှာ ကောက်ပင် စိုက်ပျိုးဧက ဖြစ်ပါသည်။ ရာနှုန်းဖြင့်တွက်ချက်လျှင် ကောက်ပင်စိုက်ပျိုးဧကသည် ၂၀ရာခိုင်နှုန်းကျော် ဖြစ်ပြီး၊ မျိုးစပါးကြဲပက်စိုက်ဧကသည် ၇၀ရာခိုင်နှုန်းကျော် ဖြစ်ပြီး၊ မင်းပြားမြို့နယ်တွင် စပါးစိုက်ပျိုး တောင်သူများသည် မိုးရေကို အဓိက အားထား၍ စိုက်ပျိုးသော မြို့နယ်ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် မိုးရာသီချိန်တွင် မိုးရာသွန်းမှု အလွန်နည်းပါးသောကြောင့် စပါးမျိုးစေ့ကြဲပက် စိုက်ပျိုးတောင်သူများတွင် အလွန်အခက်အခဲများ ရှိကြပါသည်။ စပါး စိုက်ပျိုးတောင်သူအများစုမှာ မျိုးစပါးအဖြစ် ဒေသမျိုးဖြစ်သည့် ပေါ်ဆန်းမွှေးမျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။ ၎င်းမျိုးစပါး၏ သက်တမ်းမှာ ရက်ပေါင်း (၁၄၀) မှ (၁၅၀) ထိ ကြာမြင့်ပါသည်။ ယခင်နှစ်များတွင် စပါး စိုက်ပျိုးတောင်သူများမှာ စပါးမျိုးစေ့ကြဲပက်ခြင်းကို (၁) ကြိမ် ပက်ရုံဖြင့် စပါးပင်များ အောင်မြင်စွာ ဖြစ်ထွန်းပြီး ယခုနှစ်တွင်  စပါးမျိုးစေ့ကြဲပက်ခြင်းကို အနည်းဆုံး (၂) ကြိမ် (သို့) (၃) ကြိမ် အထိ ကြဲပက်စိုက်ပျိုးကြရပါသည်။ ဇွန်လနှင့် ဇူလိုင်လများတွင် မိုးရွာသွန်းမှု နည်းပါးပြီး နေပူချိန်မြင့်မားသောကြောင့် စပါးမျိုးစေ့များ အပင်ဖြစ်ထွန်းမှု နည်းပါး၍ စပါးမျိုးစေ့များ ပုပ်သိုးသွားကြပြီး ဖြစ်ထွန်းလာသော စပါးပင်ငယ်များမှာလည်း နေပူဒဏ်ခံနိုင်မှုမရှိဘဲ သေကြေကြပါသည်။ တစ်ချို့သော လယ်မြေများသည် နေပူဒဏ်ကြောင့် ရေများခမ်းခြောက်၍ ထွန်ယက် ခြင်းကိုရပ်နားထားရပါသည်။ မိုးရေရရှိမှသာလျှင် ထွန်ယက်ခြင်းကို ထပ်ကာတလဲ ပြုလုပ်ကြရပါသည်။ ယခင်နှစ်များတွင် စပါးမျိုးစေ့ကြဲပက်တောင်သူများသည် ထွန်တုံးပိတ်ခြင်းကို ဇွန်လ နောက်ဆုံးပတ်နှင့် ဇူလိုင်လ ပထမပတ်တွင် ပြုလုပ်နိုင်သော်လည်း ယခု ၂၀၂၃ ခုနှစ် မိုးရာသီအချိန်တွင် စပါးမျိုးစေ့ကြဲပက် စိုက်ပျိုးတောင်သူများမှာ ဇူလိုင်လ နောက်ဆုံးပတ်တွင်သာ ပြုလုပ်ကြရပါသည်။

    မင်းပြားမြို့နယ်ရှိ စပါးမျိုးစေ့ကြဲပက်တောင်သူများတွင် စပါးပင်များဖြစ်ထွန်းမှုနည်းပါးခြင်း၊ သက်တမ်းရှည်သော မျိုးစပါးများစိုက်ပျိုးခြင်းနှင့် ထွန်တုံးပိတ်ချိန် နောက်ကျနေခြင်းတို့ကြောင့် စပါး အထွက်နှုန်းမှာ ယခင်နှစ်များထက် အထွက်နှုန်း လျော့ကျနိုင်မည်ဟု ထင်မြင်သုံးသပ်မိပါသည်။  

DOCA(ရခိုင်)                                                                                                                                                                     

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၀၃၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

      ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၀၃၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

    အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အာဟာရပြည့်ဝပြီး ချက်ပြုတ်ရလွယ်ကူသည့် ကတ္တီပါပဲပြုတ် (ခေါ်) စွန်တာနီပဲပြုတ်

   ကတ္တီပါပဲပြုတ်ဟု လူသိများသည့်စွန်တာနီပဲပြုတ်ကို လူအများကြိုက်နှစ်သက်ပြီး ထမင်းပူပူဖြင့် မနက်စာအဖြစ် စားသုံးကြပါသည်။ စွန်တာနီပဲကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး ဧပြီလနှင့် မေလတို့တွင် ရိတ်သိမ်းကြပါသည်။ နိုင်ငံခြားသို့တင်ပို့နိုင်ပြီး ဈေးကွက်ဝင်၍ ဈေးကောင်းရသောပဲတစ်မျိုးဖြစ်ပါသည်။

   စွန်တာနီပဲတစ်တင်းခွဲဝင် အိတ်တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်ခန့်ရှိပါသည်။ ပြုတ်ရောင်းသူများက တစ်ပြည်လျှင် ၅၆၀၀ကျပ်၊ နို့ဆီတစ်ဘူးလျှင် ၇၀၀ကျပ်ဖြင့်ဝယ်ယူရပါသည်။ ကတ္တီပါပဲကို မပြုတ်မီ ပဲအား ခဲ၊ ကျောက်များသန့်စင်၍ ရေဆေးပြီးမှသာလျှင် ပြုတ်ရပါသည်။ ပထမတစ်ရေဖြင့် ပဲနူးလျှင် ၎င်းရေအားသွန်ပြီး ဒုတိယရေဖြင့် ထပ်မံပြုတ်ရပါသည်။ ကတ္တီပါပဲပြုတ်ကို ၁၀ကျပ်သားလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။

      စွန်တာနီကို Velvet Bean ဟုခေါပြီး ပဲကတ္တီပါ၊ ပဲနီပြား၊ ပဲပြားပြုတ် စသည်ဖြင့် ဒေသအလိုက်ခေါ်ဝေါ်ကြပါသည်။ လေရောဂါအမျိုးမျိုး၊ အာရုံကြောရောဂါများနှင့် အစာအိမ်နှင့်အူလမ်း ကြောင်းဆိုင်ရာရောဂါများဖြစ်ပွားခြင်းကိုကာကွယ်ပေးသည့်အတွက် ဆေးဖက်ဝင်ပြီး ကျန်းမာရေးအထောက်အကူပြုအစားအစာဖြစ်ပါသည်။ ပရိုတိန်း၊ အဆီဓာတ်၊ ရေဓာတ်၊ အမျှင်ဓာတ်များပါဝင်ကြောင်း ကျန်းမာရေးသုတေသီများကဆိုပါသည်။

   ကတ္တီပါပဲပြုတ် (ခေါ်) စွန်တာနီပဲပြုတ်သည် ဈေးနှုန်းသင့်တင့်ခြင်း၊ အရသာပြည့်စုံခြင်း၊ အာဟာရပြည့်ဝခြင်းနှင့် ကျန်းမာရေးအတွက် အထောက်အကူပြုသည့်အစားအစာဖြစ်ခြင်းကြောင့် ရောင်းအားကောင်းသည့် အစားအစာတစ်မျိုးဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် အသားငါးတချို့ဈေးတက်

   တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက်) အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ စီပီကြက်အခြမ်းလိုက်ဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ အသားသီးသန့်မှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

  ဝက်သား (ရေလွတ်သား) မှာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ အစောပိုင်းအချိန်တွင် သုံးထပ်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်ရှိပြီး ယခုလဆန်းတွင် သုံးထပ်သားတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ပေါင်သားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိဖြင့် ဈေးအနည်းငယ်တက်လာခဲ့ပါသည်။

     ငါးကြင်းမှာ ယခင်လကုန်ပိုင်းတွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုလဆန်းတွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ၊ အသားသီးသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အထိ၊ ငါးကြင်းဖြူမှာ ယခင်လအစောပိုင်းတွင် အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင်  အကောင်လိုက်ဈေးတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ အမြီးလွတ်၊ ခေါင်းလွတ်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

    ငါးရံ့မှာ အကောင်သေးတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ အကောင်လတ်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငါးခူမှာ ယခင်လ၊ အစောပိုင်းအချိန်တွင် အကောင်သေးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အကောင်လတ် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုလဆန်းပိုင်းတွင်  အကောင်သေးတစ်ပိဿာလျှင် ၂၆၀၀၀ကျပ်၊ အကောင်လတ်တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်နှင့် အကောင်ကြီးတစ်ပိဿာလျှင် ၃၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

   ပုစွန်ဆိတ်မှာ ယခင်လ၊ အစောပိုင်းအချိန်တွင် အသေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ဈေးတက်ခဲ့ပြီး ပုစွန်ကျော့မှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ပုစွန်အသေးမှာ တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၂၆၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၃.၈.၂၀၂၃ )

   ၁၃.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း