ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားကုန်တချို့ဈေးနှုန်းအတက်အကျရှိ

    တောင်ငူခရိုင်၊ ဖြူးမြို့၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ လကုန်ပိုင်းအချိန်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၁၂၀၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး ဧည့်မထ(မိုး)ဆန်တစ်အိတ်လျှင် ၇၅၀၀၀ကျပ်၊ ဧည့်မထ(နွေ)ဆန်တစ်အိတ်လျှင် ၆၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   မြေပဲဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဈေးနှုန်းဖြင့်တည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်လကုန်ပိုင်းအချိန်တွင် တစ်ပိဿာလျှင် ၇၈၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

  ကြက်သွန်နီအသေးမှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၂၇၀၀ကျပ်ဖြင့်ဈေးနှုန်းတည်ငြိမ်နေပြီး ကြက်သွန်ဖြူမှာ ယခင်လကုန်ပိုင်းအချိန်တွင် အသေးတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အသေးတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၈၅၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပြီး အကြီးတစ်ပိဿာလျှင် ၉၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ငရုတ်ခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားပဲခြမ်းမှာ ယခင်လကုန်ပိုင်းအချိန်တွင် တစ်ပိဿာလျှင် ၆၃၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၈၀ကျပ်၊ ကုလားပဲလုံးမှာ  ယခင်လကုန်ပိုင်းအချိန်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြစ်၍ ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

   မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မြေပဲဆံ(အဖြူ)မှာ ယခင်လကုန်ပိုင်းအချိန်တွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

             

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းအတက်အကျရှိ

   တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ယခုအပတ်တွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) မှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိ၊ ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ၊ ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ 

   ခရမ်းသီး (အဖြူ) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်အထိ၊ ခရမ်းသီး (အညို) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင်  ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းဆက်လက်မြင့်တက်လာခဲ့ပါသည်။

      ဒေသသခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၈၀၀ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀ကျပ်အထိ၊ ဂေါ်ဖီမှာ ယခင်လကုန်ပိုင်းတွင် တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၁၀၀ကျပ်‌အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

    ခရမ်းချဉ်သီး (ရှမ်းပြည်သီး) မှာ တစ်ပိဿာလျှင် ၁၇၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ၊ ခရမ်းချဉ်သီး (ဒေသသီး) မှာ တစ်ပိဿာလျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      နံနံပင်မှာ ယခင်အပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိ၊ မုန်ညင်းဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး မုံလာဥဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ၊ မုံလာဥနီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၈၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

   ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၆၀၀ကျပ်၊ ကင်ပွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၁၅၀ကျပ်၊ ၁၀စည်းယူလျှင် ၁၂၀၀ကျပ်တို့ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်တချို့ဈေးတက်

    တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ စားအုန်းဆီမှာ  တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ကြက်သွန်နီအသေးမှာ တစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အလတ်ရောတစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၂၆၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၂၆၀၀ကျပ်တို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

  ကြက်သွန်ဖြူအသေးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ အကြီးတစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၈၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အသေးတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၈၀၀၀ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပါသည်။

  အာလူးအသေးမှာ တစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ယခင်အပတ်တွင် အကြီးတစ်ပိဿာလျှင် ၃၂၀၀ကျပ်နှင့် တရုတ်အာလူးတစ်ပိဿာလျှင် ၃၂၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အကြီးတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပါသည်။

   ငရုတ်သီးခြောအပုမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိသာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲံပြီး ငရုပ်သီးခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိ၊ ငရုပ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    မြေပဲဆံ (အနီ) မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၈၀၀ကျပ်ဖြစ်၍ ဈေးနှုန်းအနည်းငယ်တက်ပြီး မြေပဲဆံ (အဖြူ) မှာ တစ်ပိဿာလျှင် ၇၆၀၀ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၈၀၀ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

အချိန်ကုန်သက်သာပြီး အိုးခွက်ပန်းကန်များညစ်ပေမှုကို လျော့နည်းစေသည့် Gas မီးဖိုများ

   လူသားတို့သည် သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဉ် ချက်ပြုတ်စားသောက်ကြရပါသည်။ ယခင်အခါများတွင် ထင်းမီးဖို၊ မီးသွေးမီးဖိုများဖြင့် ချက်ပြုတ်ရာတွင် မီးခိုးမွှန်ခြင်း၊ အိုးခွက်များညစ်ပေခြင်းများဖြစ်ရပါသည်။ ယခုအခါတွင် မြို့ကြီးများ၌သာမက ကျေးလက်တောရွာများ၌ပါ လျှပ်စစ်မီးများရရှိနေပြီဖြစ်သဖြင့် လျှပ်စစ်မီးဖြင့် အိုးခွက်ပန်းကန်များလည်းညစ်ပေမှုနည်းပါးပြီး သက်တောင့်သက်သာစွာချက်ပြုတ်နိုင်ကြပါသည်။

 သို့ရာတွင် လျှပ်စစ်မီးများအချိန်ပိုင်းသာရရှိသည့်အချိန်ကာလများ၌ လျှပ်စစ်မီးဖြင့် ချက်ပြုတ်ရသကဲ့သို့ အိုးခွက်ပန်းကန်များညစ်ပေမှုနည်းပြီး အချိန်ကုန်လည်းသက်သာသည့် Gas မီးဖိုများမှာ အသုံးတွင်ကျယ်လာပါသည်။ တောင်ငူမြို့၊ “မင်းညီညီ” စက်သုံးဆီအရောင်းဆိုင်မှ National အမှတ်တံဆိပ် Gas မီးဖိုမှာ ဈေးနှုန်းအားဖြင့် ၃၅၀၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်အထိရှိပြီး အသက်သာဆုံးဖြစ်သည့်အတွက် ရောင်းရကြောင်းသိရပါသည်။

     ၎င်း National အမှတ်တံဆိပ် Gas မီးဖိုနှင့်တွဲဖက်အသုံးပြုသည့် Gas ဘူး အသေးတစ်ဘူးလျှင် (Gas အပါ) ၂၅၀၀ကျပ်ရှိပြီး Gas ကုန်၍ Gas ဖြည့်လျှင် တစ်ဘူးကို ၇၀၀ကျပ်ရှိပါသည်။ ၎င်းမီးဖိုမှာ မိသားစုနှစ်ဦး/ သုံးဦးအတွက် ချက်ပြုတ်ရာတွင် အဆင်ပြေပါသည်။

   National အမှတ်တံဆိပ်နည်းတူ အခြားရောင်းအားကောင်းသောအမျိုးအစားမှာ DYNAHOME အမှတ်တံဆိပ် Gas မီးဖိုဖြစ်ပါသည်။ ၎င်းမီးဖိုမှာ Gas အိုးအကြီးတစ်အိုးအပါ ၉၅၀၀၀ကျပ်ရှိပါသည်။ ၎င်းမီးဖိုနှင့်တွဲလျက်ပါရှိသည့် Gas အိုးမှာ Gas ကုန်၍ Gas ဖြည့်လျှင် အနည်းဆုံး Gas တစ်ပိဿာဖြည့်ရပြီး Gas တစ်ပိဿာမှာ ၄၂၀၀ကျပ်ရှိပါသည်။ ၎င်းမီးဖိုမှာ တန်ဖိုးကြီးသော်လည်း မိသားစုများသူအတွက် အလွန်သင့်တော်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

သာယာဝတီခရိုင်၏ မတ်ပဲဈေးနှုန်းနှင့် စီးထွက်မှုအခြေအနေ

   သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ မတ်ပဲဈေးနှုန်းများအနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ နောက်ဆုံးအပတ်မှစတင်၍  ဈေးနှုန်းများမြင့်တက်လာလျက်ရှိပါသည်။ ဇူလိုင်လ၊ နောက်ဆုံးအပတ်တွင် ပိဿာ ၂၀ဝင် တစ်တင်းလျှင် ၇၆၀၀၀/ကျပ်နှင့် ဩဂုတ်လ၊ ပထမအပတ်တွင် ၇၇၃၀၀/ကျပ်အထိမြင့်တက်လျက်ရှိရာ ယခုဩဂုတ်လ၊ ဒုတိယအပတ်တွင်မူ ပိဿာ ၂၀ဝင် တစ်တင်းလျှင်  ၇၆၅၀၀ကျပ်ဖြစ်၍ အနည်းငယ်ပြန်လည်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။ စီးထွက်မှုအနေဖြင့် ဇူလိုင်လ၊ နောက်ဆုံးအပတ်တွင် ရန်ကုန်သို့ မတ်ပဲ (၉၁၉၀၀) အိတ်ခန့်အထိပို့ဆောင်နိုင်ခဲ့ပြီး ဩဂုတ်လ၊ ပထမအပတ်တွင် အိတ်လုံးရေ (၅၉၄၀၀) ခန့်အထိတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။  ယခင်အပတ်နှင့်  ယခုအပတ်၌ တင်ပို့မှုအနည်းငယ်လျော့နည်းသွားရခြင်းမှာ မိုးများ၍ လမ်းခရီးအခက်အခဲများကြောင့် တင်ပို့မှုလျော့နည်းသွားရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ထုတ်လုပ်သူများက အခြေခံစားသောက် ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအားရောင်းချပေး

    ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် နေ့စဉ် နံနက် (၇: ၀၀) နာရီအချိန်မှ နံနက်  (၁၁:၀၀) နာရီအချိန်ထိ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှု၊ သာယာဝတီမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့က စီစဉ်ကြီးကြပ်၍ အခြေခံလူတန်းစားပြည်သူများအတွက် သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်များကို ဩဂုတ်လ၊ ဒုတိယအပတ်ထိ နေ့စဉ် ရောင်းချပေးလျက်ရှိပါသည်။

    ထိုသို့ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ စည်ပင်၊ တိမွေးကုဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ အခြေခံစားသောက်ကုန်များဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ရက်၉၀ဆန်တစ်ပြည်လျှင် ၂၆၀၀/ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၅၃၀၀/ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၂၀၀၀/ကျပ်၊ ကြက်သား (စီပီ) တစ်ပိဿာလျှင် ၈၀၀၀/ကျပ်၊ ငါးတစ်ပိဿာလျှင် ၅၀၀၀/ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၂၃၀/ကျပ်တို့ဖြင့်ရောင်းချပေးခဲ့ရာ ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျောက်ပန်းတောင်းမြို့နယ် မြေပဲစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှု အခြေအနေ

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲကို (၆၁၂၆၈)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၄၂.၂၅) တင်းနှုန်းဖြင့် တင်းပေါင်း(၂၅၈၈၅၇၃)တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးမှုအနေဖြင့် (၁၉၆)ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၄၆)တင်းဖြင့် တင်းပေါင်း(၉၀၁၆)တင်း ထွက်ရှိခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၅၈၂၇၁) ဧက လျာထားမှုရှိပြီး ဇွန်လကုန်အထိ (၂၇၅၂၅)ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးရန် လျာထားမှုမှာ(၃၁၉)ဧက ရှိပါသည်။ နှစ်စဉ် ဩဂုတ်လတွင် ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသောကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့ လာရောက်ရောင်းချကြပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်ဇွန်လတွင် မြေပဲဆီဆံ တစ်တင်းလျှင်(၆၄၀၀၀)ကျပ်၊ မြေပဲလုံးဆံ တစ်တင်းလျှင်(၆၈၈၀၀)ကျပ်၊ မျိုးမြေပဲ တစ်တင်းလျှင်(၇၂၀၀၀) ကျပ်များဖြင့် ဈေးနှုန်းများရှိခဲ့ပြီး ယခုနှစ် ကာလတူလတွင် မြေပဲဆီဆံ တစ်တင်းလျှင်(၁၀၄၀၀၀)ကျပ်၊ မြေပဲလုံးဆံ တစ်တင်းလျှင် (၁၀၈၀၀၀)ကျပ်၊ မျိုးမြေပဲ တစ်တင်းလျှင်(၁၁၂၀၀၀)ကျပ်ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ် လျက်ရှိပါသည်။

        ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် (၄၅၇၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်း(၄၂.၂၅)တင်းနှုန်း ထွက် ရှိခဲ့ပါသည်။ ပေါ်ချိန်တွင် မြေပဲတောင့်တစ်တင်းလျှင်(၁၈၀၀၀)ကျပ်နှုန်း ရောင်းချခဲ့ရပြီး၊ တစ်ဧက ဝင်ငွေ(၇၆၀၅၀၀)ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ်မှာ(၃၀၃၅၀၀)ကျပ်ရရှိပါသည်။ ဆောင်းမြေပဲ တစ်ဧက စိုက်ပျိုးမှုကုန်ကျစရိတ်မှာ (၄၅၇၀၀၀)ကျပ်ခန့်ကျသင့်ပြီး၊ တစ်ဧကလျှင်ပျမ်းမျှအထွက် တင်း(၄၆)တင်းဝန်းကျင်ထွက်ရှိ၍တစ်ဧကဝင်ငွေမှာ(၈၂၈၀၀၀)ကျပ်ရရှိပါသည်။ တစ်ဧကတောင်သူ အကျိုးအမြတ်အနေဖြင့် (၃၇၁၀၀၀)ကျပ်ရရှိပါသည်။ ဒေသတွင်းထွက်မြေပဲများကို ယခင်က အခြားဒေသများသို့တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင်ပြည်ပသို့ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံ မြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်း များပြုလုပ်ပါက ဒေသတွင်း ဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများ ပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများစားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာစေသည့်အတွက် ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။

DOCA(မန္တလေး)

ကယားပြည်နယ်၏ကုန်သွယ်မှုအခြေအနေ

     ကယားပြည်နယ်အတွင်း၌ ကုန်သွယ်မှုအခြေအနေများမှာ ပုံမှန်လည်ပတ်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ကယားပြည်နယ်အတွင်းသို့ စားသောက်ကုန်နှင့် အိမ်ဆောက်ပစ္စည်းတချို့ကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် တင်သွင်းလာမှုမှာ ဆန် (၂၃၂၀) အိတ်(၁၁၆) တန်၊  ကုန်မျိုးစုံကား (၂၀) စီး၊ ကြက်ဥ (၁၈၅၀) ကဒ်၊ ဘိလပ်မြေ (၁၂၀၀) အိတ်တင်သွင်းလာခဲ့ကြပြီး ကယားပြည်နယ်မှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်တင်ပို့မှုမှာ (၂၀၁၅) အိတ်(၁၀၁) တန်ခန့်၊ ပြောင်းတင်ပို့မှုမှာ (၁၇၁၅) အိတ် (၅၇) တန်တင်ပို့နိုင်ခဲ့ပါကြောင်း၊ ယခင်လ၊ နောက်ဆုံးအပတ်တွင် ဆန်တင်သွင်းလာမှုမှာ (၁၀၅၀) အိတ် (၅၂) တန်၊ ကုန်မျိုးစုံကား (၁၄) စီး၊ ကြက်သွန်နီ (၂၉၀၀) အိတ်၊ ကြက်ဥ (၃၇၀၀) ကဒ်၊ ဘိလပ်မြေ (၁၀၂၀) အိတ်တင်သွင်းလာပြီး  ဒေသထွက်ဆန်တင်ပို့မှုမှာ (၉၆၀) အိတ်၊ (၄၈) တန်၊ ပြောင်းတင်ပို့မှုမှာ (၁၆၈၈) အိတ်၊ (၅၆) တန်တင်ပို့နိုင်ကြောင်း၊ ယခုအပတ်နှင့် ယခင်အပတ်တို့ကိုနှိုင်းယှဉ်ကြည့်လျှင် ဆန်တင်သွင်းမှုမှာ  (၁၂၇၀) အိတ် (၆၄) တန်ခန့်၊ ကုန်မျိုးစုံ (၆) စီးပိုမိုတင်သွင်းလာပြီး ကြက်ဥ (၁၈၅၀) ကဒ်၊ ဘိလပ်မြေ (၁၈၀) အိတ်အနည်းငယ်လျော့နည်းတင်သွင်းလာသည်ကိုတွေ့ရှိရပါကြောင်း၊ ဒေသထွက်ဆန်တင်ပို့မှုမှာ (၁၀၅၅) အိတ် (၅၃) တန်၊   ပြောင်းတင်ပို့မှု( ၂၇) အိတ် (၁) တန်ခန့် တင်ပို့မှုပိုလာသည်ကိုလည်း မြို့ဦးဂိတ်စာရင်းအရသိရှိရပါသည်။

DOCA(ကယား)

 

ကျောက်ပန်းတောင်းမြို့နယ်၏ နှမ်းစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှု အခြေအနေ

    မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းကို မိုးနှမ်း၊ နွေနှမ်း၊ ဆောင်းနှမ်းဟူ၍ စိုက်ပျိုးလေ့ရှိရာ မိုးနှမ်းကိုအဓိကထားစိုက်ပျိုးကြပါ သည်။ ကျောက်ပန်းဒေသအနေဖြင့် တောင်သူအများစုမှာ နှမ်းသီးနှံကို ပဲစင်းငုံသီးနှံနှင့်ရော၍ ကြားညှပ်စိုက်ပျိုးမှုမှာ ပိုမိုများပြားပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးမှုမှာ(၁၂၉၇၀၃) ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့်(၃.၉၄)တင်းနှုန်းဖြင့် တင်းပေါင်း(၅၁၁၀၃၀) တင်း ထွက်ရှိခဲ့ပြီး၊ ဆောင်းနှမ်းစိုက်ဧကမှာ(၁၇၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း မှာ(၄.၆၉)တင်းနှုန်းဖြင့် အထွက်တင်းပေါင်း(၈၁၆)တင်းထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။ နွေနှမ်းများ လည်းစိုက်ပျိုးပြီးဖြစ်ရာ(၁၈၉၇)ဧက စိုက်ပျိုးပြီးကြောင်း သိရှိရပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် မိုးနှမ်းကိုစိုက်ပျိုးရန်လျာထားမှုအနေဖြင့်(၁၂၁၁၅၁)ဧက လျာထားမှုရှိပြီး၊ ဇွန်လကုန်အထိစိုက်ပျိုး ပြီးစီးမှုမှာ(၁၃၃၆၀၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ပါသည်။ မိုးနှမ်းကို နှစ်စဉ်ဇွန်လမိုးဦးကျချိန်တွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လ ပထမပတ်တွင် စတင်၍ လှိုင်လှိုင်ပေါ်မည်ဖြစ်ပါသည်။ နွေနှမ်းကို မတ်လနှင့် ဧပြီလတို့တွင် စိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လများတွင်ထွက်ပေါ်လေ့ရှိကြောင်း သိရှိရ ပါသည်။

      အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ ၂၀၂၂ခုနှစ်တွင် နှမ်းနီတစ်တင်းလျှင် (၃၇၀၀၀၊၃၈၀၀၀)ကျပ်ဝန်းကျင်၊ နှမ်းဖြူတစ်တင်းလျှင်(၄၅၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ရောင်းဝယ်ခဲ့ပြီး ဧပြီလတွင် နှမ်းနီတစ်တင်းလျှင်(၅၀၀၀၀)ကျပ်ဝန်းကျင်၊ နှမ်းဖြူတစ်တင်းလျှင်(၅၃၀၀၀)ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၃ ခုနှစ်တွင် နှမ်းနီတစ်တင်းလျှင် (၆၈၀၀၀၊၇၀၀၀၀)ကျပ်ဝန်းကျင်၊ နှမ်းဖြူတစ်တင်းလျှင်(၉၀၀၀၀)ကျပ်ဝန်းကျင်များဖြင့် ဈေးဖွင့် အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး ယခုချိန်တွင် နှမ်းနီတစ်တင်း(၈၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၄၀၀၀)ကျပ်ဝန်းကျင်သို့ ဈေးနှုန်းများမြင့်တက်၍ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။

      ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းစိုက်ဧက တစ်ဧကလျှင်ကုန်ကျစရိတ်အနေဖြင့် (၃၈၃၀၀၀)ကျပ်ဝန်းကျင် ကျသင့်ပြီး၊ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၆.၃၀)တင်းနှုန်းခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ နှမ်းပေါ်ချိန်ရောင်းဈေးအနေဖြင့် တစ်တင်းလျှင်(၆၈၀၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချခဲ့ရ၍ တစ်ဧကဝင်ငွေမှာ(၄၂၈၄၀၀)ကျပ်ခန့်ရရှိပြီး တစ်ဧကတောင်သူအကျိုးအမြတ်မှာ (၄၅၄၀၀)ကျပ်ရရှိပါသည်။ ဒေသထွက်နှမ်းများကို မြို့ပေါ်ရှိ ပွဲရုံများ၊ ဆီစက်များသို့ လာရောက် ရောင်းချကြသလို တစ်ချို့တောင်သူများမှာ မိမိတို့ဝမ်းစာအတွက်ဆီကြိတ်ခွဲသိုလှောင်ပြီး သုံးစွဲမှုများ လည်း များပြားလာပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို ပိုမိုစိုက်ပျိုးပြီး ပြင်ပသို့ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများ ပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှု ဖူလုံလာခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သောဆီများ စားသုံးရခြင်း၊ တိရစ္ဆာန်အစားအစာများပေါများလာပြီး မွေးမြူရေးလုပ်ငန်းများ တိုးတက်လာနိုင်ခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေလာသည့်အတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

 

မော်လမြိုင်မြို့၏ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာဈေးနှုန်းဈေးကွက်အခြေအနေ

  မော်လမြိုင်မြို့၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းသိရှိရသည်။ ဈေးကွက်ထဲ၌ အရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင်  ကြံ့နှစ်ကောင် (အနီ) တစ်အိတ်လျှင် ကျပ်၁၀၅၀၀၊  ထိုင်း (ဆင်) တစ်အိတ်လျှင် ကျပ်၁၆၂၀၀၊ ကြံ့တံဆိပ် (အပြာ) တစ်အိတ်လျှင် ကျပ် ကျပ်၁၀၂၀၀ရှိခဲ့ပြီး ယခုအပတ်တွင်  ကြံ့နှစ်ကောင် (အနီ) တစ်အိတ်လျှင် ကျပ်၁၀၆၀၀၊ ထိုင်း (ဆင်) တစ်အိတ်လျှင် ကျပ်၁၆၅၀၀၊ ကြံ့တံဆိပ် (အပြာ) တစ်အိတ်လျှင် ကျပ်၁၀၄၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေဩဇာနှင့် ပိုသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေကာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

   ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသောဓာတ်မြေဩဇာဈေးနှုန်းမှာ ယခင်တစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်လျှင် ကျပ်၁၂၈၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂  50kg ပါ တစ်အိတ်လျှင် ကျပ်၁၃၉၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်လျှင် ကျပ်၁၃၉၀၀၀၊ ပုလဲ (အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ်လျှင် ကျပ်၈၀၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀၊ ပိုတက် (အာမို) 50kg ပါ       တစ်အိတ်လျှင် ကျပ်၁၂၀၀၀၀၊  ပိုသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc တစ်ပုလင်းလျှင် ကျပ် (၃၁၀၀)၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc တစ်ပုလင်းလျှင် ကျပ် (၁၃၈၀၀) ရှိခဲ့ပြီး ယခုအပတ်တွင်  ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်လျှင် ကျပ်၁၄၀၀၀၀၊ ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါ တစ်အိတ်လျှင် ကျပ်၁၃၉၀၀၀၊ ကွန်ပေါင်း (Thai Grow How) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်လျှင် ကျပ်၁၅၀၀၀၀၊ ပုလဲ (အသေး) ၄၆%  မြန်မာ (MPE) 50kg ပါ တစ်အိတ်လျှင် ကျပ်၈၂၀၀၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50kg ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ ပိုတက် (အာမို) 50kg ပါ တစ်အိတ်လျှင် ကျပ်၁၂၀၀၀၀၊  ပိုသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc တစ်ပုလင်းလျှင် ကျပ် (၃၁၀၀)၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc တစ်ပုလင်းလျှင် ကျပ် (၁၃၈၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

 မွန်ပြည်နယ်တွင် ဇွန်လဆန်းမှစ၍ မိုးများစတင်ရွာသွန်းနေပြီဖြစ်သောကြောင့် ရော်ဘာ အစေးခြစ်ခြင်းလုပ်ငန်းကိုရပ်နားထားကြပါသည်။ မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေ‌သော်လည်း ဩဂုတ်လဆန်းမှစ၍ မိုးများအဆက်မပြတ်ရွာသွန်းခြင်း၊ မြို့နယ်တချို့တွင် ရေကြီးနေခြင်းကြောင့် အဝယ်ဒိုင်များအနေဖြင့် ဈေးကွက်ယာယီပိတ်ထားကြောင်းသိရှိရသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS-3 တစ်ပေါင်လျှင် ကျပ် (၁၀၈၀) ၊RSS-5 တစ်ပေါင်လျှင် ကျပ် (၁၁၀၀) ရှိခဲ့ပြီး ဩဂုတ်လ ၁ရက်နေ့မှ ၁၄ရက်နေ့အထိ ဈေးကွက်ပိတ်ထားကြောင်းသိရှိရသည်။ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50)kg ပါ တစ်ထုပ်လျှင် ကျပ်၁၇၅၀၊ ရော်ဘာတစ်တန်လျှင် ကျပ်၃၅၀၀၀၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ (50) kg ပါ တစ်ထုပ်လျှင် ကျပ်၂၇၅၀၊ ရော်ဘာတစ်တန်လျှင် ကျပ်၅၅၀၀၀ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ရော်ဘာကုန်သည်များထံမှသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း