တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၂၈/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ရွှေဘိုမြို့၌ စားအုန်းဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီလက်လီ/လက်ကားရောင်းချသောဆိုင် (၁၂) ဆိုင်ရှိပြီး သြဂုတ်လ၊ ပထမအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၈၃၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဩဂုတ်လ၊ ဒုတိယအပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် (၉၂၀၀) ကျပ်၊ ပဲဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်အပတ်နှင့် ယခုအပတ်တို့၏ စားသုံးဆီတစ်ပိဿာဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၉၀၀) ကျပ်ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး ပဲဆီသန့်နှင့် နှမ်းဆီသန့်ဈေးနှုန်းတို့မှာ ယခင်အပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
၁၅.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအားကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ ဇူလိုင်လပထမပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၂၈၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၀၅၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၃၀၀ ကျပ်ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၈၀၀ ကျပ်မှ ၇၃၀၀ ကျပ်ထိရှိခဲ့ပါသည်။ ဇူလိုင်လဒုတိယပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၄၂၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၉၀၀)ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေး မှာ ၁ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ် ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေး မှာ ၁ပိဿာလျှင် ၆၄၀၀ ကျပ်မှ ၈၀၀၀ ကျပ်ထိ ဖြစ်ခဲ့ပါသည်။ ဇူလိုင်လတတိယပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၇၈၅၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၇၄၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေး မှာ ၁ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၆၀၀ ကျပ်ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၈၅၀၀ ကျပ် ထိရှိခဲ့ပါသည်။ ဇူလိုင်လစတုတ္ထ ပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၈၆၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေး မှာ ၁ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၉၀၀ ကျပ်ထိ ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေး မှာ ၁ပိဿာလျှင် ၇၂၀၀ ကျပ်မှ ၈၅၀၀ ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်နီ ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိ၍ ကြက်သွန်ဖြူဈေးနှုန်းမှာ ဆက်လက်မြင့်တက်လျက်ရှိနေကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။
DOCA (ရန်ကုန်)
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဩဂုတ်လ(၂)ရက်နေ့မှ ဩဂုတ်လ(၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါ တယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် ၈၀၀ မှ ၂၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၃၀၀ မှ ၁၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး (ပိဿာ)ကျပ် ၂၇၀၀ မှ ၂၈၀၀ အတွင်း၊ မုန့်လာဥနီ(ပိဿာ) ကျပ် ၂၈၀၀ မှ ၃၆၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၇၀၀ မှ ၂၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၁၄၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၂၂၀၀ မှ ၂၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၈၀၀ မှ ၂၃၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၇၀၀၀ မှ ၉၀၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၇၀၀၀ မှ ၇၂၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၃၅၀၀ မှ ၅၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၂၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၆၀ မှ ၁၂၀ အတွင်း၊ ခရမ်းသီး (ရှည်) (ပိဿာ)ကျပ် ၁၂၀၀ မှ ၂၂၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀ မှ ၆၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ကျပ် ၁၆၀၀ မှ ၂၄၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀၀ မှ ၆၀၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၃၁၂၁၀၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၁၁၃၈၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၄၁၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၁၁၁၅)ကျော်၊ ဂေါ်ဖီ ထုပ်ပေါင်း (၄၅၈၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၃၆၅၀၀)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (၆၈၈၅)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၆၈၀၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်းသိရပါတယ်။
DOCA (ရန်ကုန်)
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ (၂) ရက်နေ့ မှ ဩဂုတ်လ (၈) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံး ကြီး ကျပ် ၂၅၀၀ ၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၃၀၀၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၅၀၀၊ ပုပ္ပါးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀၊ အလုံးသေး ကျပ် ၃၀၀ ၊ သီပေါမှ နာနတ်သီး အလုံးကြီး ကျပ် ၁၀၀၀ ၊ အလုံးလတ် ကျပ် ၈၀၀ ၊ အလုံးသေး ကျပ် ၇၀၀၊ မန္တလေး မှ သရက်သီး (ရင်ကွဲ) တစ်သေတ္တာ အလုံးကြီး ကျပ် ၂၈၀၀၀၊ အလုံးလတ် ကျပ် ၂၅၀၀၀၊ အလုံးသေး ကျပ် ၂၀၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး တစ်ဖာ အလုံးကြီး ကျပ် ၂၀၀၀၀ ၊အလုံးလတ် ကျပ် ၁၅၀၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀၀ ၊ ရေးမှ ဒူးရင်းသီး အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀ ၊ အောင်ပန်း၊ နောင်ချို မှ ရွှေလိမ္မော်သီး အလုံးကြီး ကျပ် ၁၀၀၀၊ အလုံးသေး ကျပ်၇၀၀၊ ကျောက်ဆည် မှ ရွှေဌက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀၊ ကလော မှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၅၅၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀၀ ဈေးတို့ ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။
DOCA (ရန်ကုန်)
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်များတွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၁၄.၀၀၀)၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၆.၅၀၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၁.၈၁၄)၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၀.၂၄၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၂.၀၅၄) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၄) လတာလျာထားချက်အပေါ် (၃၃.၄၀)% သာဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။
(၂၉-၇-၂၀၂၃) ရက်နေ့မှ (၄-၈-၂၀၂၃) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နိုင်မှုမှာ ပို့ကုန်/ သွင်းကုန်ပိုင်းတွင် လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိပါကြောင်း၊ ကုန်သွယ်မှုပမာဏလျော့နည်းရခြင်းမှာ တစ်ဖက်နိုင်ငံက မိုရေးမြို့၊ နယ်စပ်ဂိတ်အား Covid-19 ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရန်အတွက် ၂၀၂၀ပြည့်နှစ်၊ မတ်လ (၁၀) ရက်နေ့မှစတင်ပိတ်ထားခဲ့ပြီး မြန်မာနိုင်ငံဘက်မှလည်း သံတံတားဂိတ်၊ ဂိတ်အမှတ် (၂) တို့အား ယနေ့အထိ ယာယီပိတ်ထားသည့်အတွက်ကြောင့်လည်းကောင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ သံတံတားဂိတ်၊ ချစ်ကြည်ရေးတံတားဂိတ်အား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မိမိဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် များမကြာမီတွင် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပမာဏတိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)
မာန်အောင်ဒေသသည် ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင်အတွင်းရှိ ဘင်္ဂလားပင်လယ်အော်အတွင်းတည်ရှိသော ကျွန်းငယ်လေးတစ်ခုဖြစ်ပြီး လူဦးရေ ခုနှစ်သောင်းကျော်နေထိုင်လျှက်ရှိကာ အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်လျှက်ရှိကြပါသည်။
မာန်အောင်ဒေသတွင် မိုးစပါးစိုက်ဧကအနေဖြင့် (၂၆၆၀၀) ကျော်ရှိပြီး ရွှေဝါးထွန်းမျိုးစပါးကို အဓိကထားစိုက်ပျိုးလျှက်ရှိပြီး မိမိဒေသထွက်ဧည့်မထဆန်ကိုသာ အဓိကထားစားသုံးကြပြီး မြို့ပေါ်ပြည်သူများနှင့် ထမင်းဆိုင် များတွင် ပေါ်ဆန်းမွှေးဆန်များကိုစားသုံးကြောင်း လေ့လာတွေ့ရှိရပါသည်။
ယခုလက်ရှိ ၂၀၂၃ ခု ဩဂုတ်လ ဒုတိယပတ်အတွင်း ဧည့်မထ (ရိုးရိုး)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်( ၆၃၀၀၀ မှ ၆၅၀၀၀)အတွင်း၊ ပေါ်ဆန်မွှေး(ရှယ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်(၁၀၆၀၀၀ မှ၁၀၈၀၀၀)အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျှက်သိရှိရပြီး၊ ဇူလိုင်လအတွင်း ဧည့်မထ၂၄ပြည်ပါ တစ်အိတ်လျှင်ကျပ် (၆၀၀၀၀ မှ ၆၃၀၀၀) အတွင်း၊ ပေါ်ဆန်းမွှေး(ရှယ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် (၁၀၃၀၀၀ မှ ၁၀၅၀၀၀) အတွင်း အရောင်း အဝယ် ဖြစ်ပေါခဲ့ပြီး ဩဂုတ်လ ဒုတိယပတ်အတွင်း ဧည့်မထ(ရိုးရိုး) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၁၀၀၀ မှ ၂၀၀၀) အတွင်း၊ ပေါ်ဆန်းမွှေး(ရှယ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်(၂၀၀၀ မှ ၃၀၀၀) အတွင်း၊ ဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA (ရခိုင်)