ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၈.၅.၂၀၂၃ )

     ၈.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဈေးကွက်တွင်ဖြစ်ပေါ်နေသော သစ်သီးဝလံဈေးကွက်

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)အတွင်း ရောင်းချလျက်ရှိသောသစ်သီးဝလံဈေးနှုန်းများမှာ ရွှေလိမ္မော်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ပျားလိမ္မော်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ စပျစ်သီးတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ပန်းသီးတစ်လုံးလျှင် ၇၅၀ကျပ်မှ ၁၃၀၀ကျပ်ထိ၊ ပန်းသစ်တော်သီးတစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ၊ ဖရဲသီးတစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၄၅၀၀ကျပ်ထိ၊ နာနတ်သီးတစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ၊ ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင်  ၁၅၀၀ကျပ်၊ သီးမွှေးငှက်ပျောသီးတစ်ဖီးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ၊ ကန်စွန်းဥတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ သံပရာသီးတစ်လုံးလျှင် ၁၀၀ကျပ်မှ ၂၀၀ကျပ်ထိ၊ ရှောက်သီးတစ်လုံးလျှင် ၂၀၀ကျပ်မှ ၃၀၀ကျပ်ထိ၊ အုန်းသီး(အစိမ်း)တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်ထိ၊ ဒူးရင်းသီးတစ်လုံးလျှင် ၁၀၀၀၀ကျပ်မှ ၃၅၀၀၀ကျပ်ထိဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကယား)     

ဈေးကွက်အတွင်းဖြစ်ပေါ်နေသော အာလူးဈေးကွက်

     စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်အာလူးကို ယခင်က လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်များတွင်စိုက်ပျိုးလျက်ရှိပြီး ယခုအခါစိုက်ပျိုးမှုအနည်းငယ်သာရှိသဖြင့် အခြားဒေသများဖြစ်သည့် ပင်လောင်း၊ အောင်ပန်းနှင့်နောင်တရားမြို့တို့မှ အများဆုံးတင်သွင်းရောင်းချလျက်ရှိပါသည်။ 

    ယခု ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသောအာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးအသေး/အကြီးအမျိုးအစားပေါ်မှုတည်၍ (၁၈၀၀) ကျပ်မှစတင်ပြီး(၂၅၀၀)ကျပ် ထိရောင်းချလျက်ရှိပြီး ယခုအချိန်တွင် အာလူးသည် အရောင်းသွက်နေသောစာဖိုးဆောင်သီးနှံတစ်မျိုးဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ အားလူးရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)    

မေလပထမပတ်အတွင်း ကြက်ဥဈေးနှုန်းအနည်းငယ်မြင့်တက်

     လွိုင်ကော်မြို့၊ ဈေးကွက်အတွင်းသို့ အခြားဒေသမှ စားသောက်ကုန်အများအပြားဝင်ရောက်လျက်ရှိပြီး ကြက်ဥကို ရှမ်းပြည်နယ်တောင်ကြီးဘက်မှ   အများဆုံးမှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။

      ယခုလက်ရှိ ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသောကြက်ဥဈေးနှုန်းမှာ ကြက်ဥအလုံးကြီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၄၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဧပြီလ(စတုတ္ထပတ်)တွင် ကြက်ဥအလုံးကြီးတစ်လုံးလျှင် (၂၄၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၃၀) ကျပ်သာရှိခဲ့ပြီး ယခင်ဧပြီလ(စတုတ္ထပတ်)နှင့် ယခုမေလ(ပထမပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ကြက်ဥအလုံးကြီးတစ်လုံးလျှင် (၁၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၁၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း နောင်ယားဈေးအတွင်းရှိ ကြက်ဥရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ် မေလ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၃၈၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည် ၃၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၀၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၇၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၃၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၅၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၆၀၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ ကျပ်မှ ၂၄၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၂၃၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

        ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၈၀၀၀ကျပ်မှ ၂၂၀၀၀ ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၆၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

       စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊  စားအုန်းဆီ တစ်ပိဿာ လျှင် ၆၄၀၀ ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လွိုင်ကော်မြို့အတွင်း ဖြစ်ပေါ်နေသောဓာတ်မြေဩဇာဈေးနှုန်းများ

       ကယားပြည်နယ်တွင် ဆန်စပါး၊ ပြောင်းကို အဓိကစိုက်ပျိုးပြီး အခြားသီးနှံများကိုလည်း သီးထပ်၊ သီးညှပ်အဖြစ်စိုက်ပျိုးကြ၍ စိုက်ပျိုးရေးအတွက် လိုအပ်သောသွင်းအားစုများကို အခြားဒေသများမှ မှာယူတင်သွင်းလျက်ရှိပါသည်။

       ယခု ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)အတွင်း ရောင်းချနေသောဓာတ်မြေဩဇာဈေးနှုန်းများမှာ ယူးရီးယား (အာမို) တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ ယူးရီးယား (ဩဘာ) တစ်အိတ်လျှင် (၉၀၀၀၀) ကျပ်၊ တီစူပါ (သံကွင်း) (တရုတ်) တစ်အိတ်လျှင် (၁၀၀၀၀၀)ကျပ်၊ ပုလဲရွှေတောင် (တရုတ်) တစ်အိတ်လျှင် (၇၈၀၀၀) ကျပ်၊ ရွှေကောမတ် (မြန်မာဩဘာ) တစ်အိတ်လျှင်(၁၀၃၀၀၀) ကျပ်၊ ပိုတက် (ဂျာမနီ) တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ ကွန်ပေါင်း (အာမို) တစ်အိတ်လျှင် (၁၄၅၀၀၀) ကျပ်၊ ကွန်ပေါင်း (ဩဘာ) တစ်အိတ်လျှင် (၁၀၃၀၀၀) ကျပ်၊ ကွန်ပေါင်း ၁၅:၁၅:၁၅ (ကောမတ်) တစ်အိတ်လျှင် (၁၅၅၀၀၀) ကျပ်၊ အာမို ၁၆:၁၆:၁၆ (တရုတ်) တစ်အိတ်လျှင် (၁၆၀၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဓာတ်မြေဩဇာအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။

DOCA(ကယား)

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ၂၀၂၃ခုနှစ်၊မေလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ(၃၀၀)ကျပ်ထိ၊ဒေသတွင်းနှင့် ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မရမ်းချိုသီး တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ စိန်တစ်လုံး သရက်သီး တစ်လုံးလျှင် (၃၅၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊ ရမည်းသင်း မြို့မှ ထွက်ရှိသည့် စပျစ်သီး အဝိုင်းသီး တစ်ပိဿာလျင် (၈၀၀၀)ကျပ်၊ အချွန်းသီး တစ်ပိဿာ လျှင် (၉၅၀၀)ကျပ်၊ ဆားတောင်မြို့နှင့်ရွှေ ပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်၊ ဝက်လက်မြို့၊ ရွှေကျင်ရွာမှ ထွက်ရှိသည့် ဖရဲသီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၃၀၀၀)ကျပ် ၊ သခွားသီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ် ၊ နှင်းပုလဲသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ဒေသတွင်းမှ ထွက်ရှိသည့် သင်္ဘောသီး တစ်လုံး (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၀၀)ကျပ်၊ အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခု၂၀၂၃ခုနှစ်၊မေလ(ပထမပတ်)အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၉၀၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၈၀၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၆၅၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၄၅၀-၁၂၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၆၃၀၀-၆၃၅၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀-၇၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၁၂၀၀ မှ ၁၃၀၀ ကျပ်၊ ကြက်သွန် ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၄၈၀၀ မှ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၅၃၀၀ မှ ၅၅၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၂၀၀ မှ၂၃၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀-၃၆၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀-၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၄၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်)၂၀၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်)(တစ်စည်း) ၅၀၀ ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ -၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား (တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံးလျှင် ၄၀၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

    ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ဆန်များ ဈေးအနည်းငယ်တက်နေပြီး ဒေသထွက် ဂေါ်ဖီထုပ်များ အထွက်နည်းပါးလာသောကြောင့်  ဈေးအနည်းငယ်တက်နေပါကြောင်း၊ ကြက်သွန်နီဈေးနှုန်းများ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပါကြောင်းနှင့် စားအုန်းဆီ ဈေးနှုန်းများ ရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲ ရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ လက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။ 

DOCA(စစ်ကိုင်း)

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

       မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

        မုံရွာကုန်စည်ဒိုင်၌ ယခင်မေလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြစ်ခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၆၉၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

       မုံရွာကုန်စည်ဒိုင်၌ ယခင်၂၀၂၂ခုနှစ်၊မေလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၇၀၀ ဖြစ်ခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၇၇၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးသောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

       မုံရွာကုန်စည်ဒိုင်၌ ယခင် ၂၀၂၂ခုနှစ်၊မေလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြစ်ခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၆၆၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၃၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

       မုံရွာကုန်စည်ဒိုင်၌ ယခင် ၂၀၂၂ခုနှစ်၊မေလ(ပထမပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၄၅၀၀ ဖြစ်ခဲ့ပြီး ယခု ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၇၂၀၀၀၊ 929 တစ်တင်းလျှင် ကျပ် ၄၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၁၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၇၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲကျော် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ ပထမပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် လေးသောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ ပထမပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၆၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ ပထမပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးထောင်ငါးရာ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၅ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ ပထမပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၇၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ ပထမပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၃၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ ပထမပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၂၀၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင်ကျော် မှ သုံးထောင်ငါးရာကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် မေလ၊ ပထမပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ ပထမပတ်တွင် တစ်တင်းလျှင် ကျပ် ၉၆၆၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ ပထမပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၇၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၅၃၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် မေလ၊ ပထမပတ်တွင် တစ်တင်းလျှင် ကျပ် ၈၆၆၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်မှ ငါးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၂၅မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်များ စာရင်းအရ သိရသည်။

DOCA(စစ်ကိုင်း)

ဆိပ်ဖြူမြို့ဒေသထွက် (ပင်ထောင်)ခရမ်းချဉ်သီးဈေးကွက်

     ဆိပ်ဖြူမြို့နယ်ဒေသတွင်း (ပင်ထောင်)ခရမ်းချဉ်သီးများကို ဇန်နဝါရီလ၌ စတင်စိုက်ပျိုးပြီး မတ်လတွင် ထွက်ရှိပါသည်။ ယခုအချိန်အခါတွင် မြို့နယ်အတွင်းသို့ အခြားဒေသမှ ခရမ်းချဉ်သီးများဝင်ရောက်လာ၍ ဒေသတွင်းမှထွက်ရှိသောခရမ်းချဉ်သီးများမှာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာစွာဝယ်ယူစားသုံးလျက်ရှိကြောင်း သိရှိရပါသည်။

     ခရမ်းချဉ်သီးစတင်ထွက်ရှိချိန်ဖြစ်သော မတ်လ(ပထမပတ်)နှင့် (ဒုတိယပတ်)တို့တွင် ခရမ်းချဉ်သီးတစ်ပိဿာဈေးနှုန်းမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ကျပ်(၁၅၀၀ မှ ၁၃၀၀)ခန့်ထိရှိကြောင်း၊ ဧပြီလ(ပထမ(၂)ပတ်)တွင် ခရမ်းချဉ်သီးများလှိုင်လှိုင်ထွက်ရှိ၍ ဈေးနှုန်းမှာလည်း သိသိသာသာမြှင့်တက်ပြီး တစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ ၂၀၀၀)ထိဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မတ်လ(ဒုတိယပတ်)တွင် ဒေသတွင်းသို့ အခြားမြို့နယ်မှ ခရမ်းချဉ်သီးများဝင်ရောက်လာပြီး ယခုဧပြီလ(နောက်ဆုံးပတ်)တွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် လက်ကား(၁၃၀၀)ကျပ်၊ လက်လီ(၁၅၀၀/၁၆၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့ဒေသထွက်ခရမ်းချဉ်သီးများကို ပတ္ထမြားဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် ချောက်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းဝယ်ဖောက်ကားသူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း
a