ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

   မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိ ပါသည်။

      ယခု၂၀၂၃ခုနှစ်၊ မေလ ပထမအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်း ခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာ လျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ဒေသထွက်သဘာဝ ပဲပုပ်ချပ်လုပ်ငန်း

  ကျောက်မဲမြို့(၈)ရပ်ကွက်၊ ဖြူးရပ်ရှိ ဒေသထွက်သဘာဝအတိုင်း ပြုလုပ်ရောင်းချနေသည့်ပဲပုပ်ချပ်ပြုလုပ်သည့်နေရာသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့်အဖွဲ့သည် (၂-၅-၂၀၂၃)ရက်နေ့၌ သွားရောက်လေ့လာကွင်းဆင်းမေးမြန်းခဲ့ကြကြောင်း သိရှိရပါသည်။

   အဆိုပါဒေသထွက်ပဲပုပ်ချပ်များကို ဓာတုဆေးဝါးသုံးစွဲထားခြင်းမရှိကြောင်း သဘာဝအတိုင်းထွက်ရှိလာသောပဲပုပ်စေ့ပဲများကို ရေသန့်စင်အောင်ဆေးကြောပြီး ထင်းမီးဖြင့်(၁၂)နာရီအကြာပြုတ်ရကြောင်း၊ ပြုတ်ပြီးသောပဲပုပ်စေ့များကို ဇကာတွင်စစ်၍ ဂုန်နီအိတ်(၂)အိတ်အသုံးပြုပြီး အထက်အောက်ဖုံးဖိ၍ (၂)ညအိပ်အပုပ်ခံရကြောင်း၊ အပုပ်ခံရသောပဲပုပ်စေ့များကို ကြိတ်ဆုံဖြင့်ကြိတ်၍ ရလာသောပဲပုပ်စေ့များကို သဘာဝအတိုင်းပြုလုပ်ထားသော အသားပြားအဝိုင်းအတွင်းထည့်၍ ပြားရိုက်ပြီးနေပူလှန်းရကြောင်း သဘာဝအတိုင်း အဆင့်ဆင့်ပြုလုပ်ပုံများကို အသေးစိတ်လေ့လာခဲ့ကြကြောင်းနှင့် ပဲပုပ်ချပ်လုပ်ငန်းဖြင့် မိသားစုဝမ်းရေးအတွက်သာမကဘဲ အမြဲတမ်းပုံမှန်ဝင်ငွေရရှိသဖြင့် အဆင်ပြေလျက်ရှိသော မိသားစုအိမ်တွင်းမှုလုပ်ငန်းများဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ဧပြီလကုန်ပိုင်းနှင့် မေလ လဆန်းပိုင်းအတွင်း ပွဲရုံများတွင် အရောင်းအဝယ် ဖြစ်နေသော သီးနှံများ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံးများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း၊ တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

    ကန့်ဘလူပွဲရုံများအနေဖြင့် ဧပြီလနှင့် မေလ လဆန်းပိုင်းတို့တွင် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ အရောင်းအဝယ် ဖြစ်မှုအခြေအနေမျာမှာ ပဲစဉ်းငုံ (၁၅၀)တင်း/(၁၄.၇၀)တန် တောင်သူမျိုးကျန်များ ရောင်းချချိန်ဖြစ်သည့်အတွက် အဝင်နည်းသော အချိန်ဖြစ်ကာ အရောင်းအဝယ်ဖြစ်ကြောင်း ဈေးနှုန်းမှာတစ်တင်းလျှင် (၇၄၀၀၀)ကျပ် ပေါက်ဈေး ရှိပါသည်။ ကုလားပဲ အမျိုးအစား (၄)မျိုးရှိပြီး v2 အမျိုးအစား (၄၀၀)တင်း/(၁၂.၄၁)တန် ဈေးနှုန်းမှာ တစ်တင်းလျှင်(၆၉၅၀၀)ကျပ်နှုန်း ၊ v7အမျိုး အစား(၇၀)တင်း/(၂.၁၇)တန်ဈေးနှုန်း တစ်တင်းလျှင် (၇၀၀၀၀)ကျပ်နှုန်း၊ ထိုင်ဝမ် အမျိုးအစာ (၁၀၀)တင်း/(၃.၁၀)တန် ဈေးနှုန်း တစ်တင်းလျှင်(၆၆၀၀၀)ကျပ်နှုန်း၊ 929အမျိုးအစား တင်း(၉၀၀) /တန်(၂၇.၉၄)တန် ဈေးနှုန်း တစ်တင်းလျှင်(၆၈၅၀၀)ကျပ်နှုန်း ပေါက်ဈေးရှိပြီး၊ မတ်ပဲ တင်း(၇၀၀) /တန်(၆၈.၆၂) ဈေးနှုန်း တစ်တင်းလျှင်(၆၈၀၀၀)ကျပ်နှုန်း ၊ ပဲတီစိမ်း(ရွှေဝါ) တင်း(၅၄၀)၊ (၁၅.၈၈) တန် ယခု မေလဆန်းမှ စတင်ပေါ်သော သီးနှံဖြစ်ပြီး အဝင်တင်း နည်းသေးကြောင်း ဈေးနှုန်းမှာ အလုံးအကြီး တစ်တင်း လျှင်(၇၀၀၀၀)ကျပ်၊ အလုံးသေး တစ်တင်းလျှင်(၆၈၀၀၀)ကျပ် ပေါက်ဈေးရှိပါသည်။  ထို့နောက် မေလဆန်းတွင်  ပဲကြီး စတင်ပေါ်လာပြီး အဝင် တင်း(၃၅၀)၊ (၁၀.၂၉)တန် ဈေးနှုန်းမှာ(၇၅၀၀၀) ကျပ် ပေါက်ဈေးရှိကာ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ၊ မြေပဲ အဆံ ယခု မေလဆန်းတွင် တင်း(၁၀၀)ခန့် ပွဲရုံသို့ အဝင်ရှိပြီး ပေါက်ဈေးမှာ တစ်တင်းလျှင်(၁၀၀၀၀၀)ရှိပြီး၊ မြေပဲ အတောင့် (၃၀၀)ခန့် အဝင်ရှိကာ ပေါက်ဈေးမှာ(၂၈၀၀၀)ဈေးရှိပါသည်။ ယခင် ဧပြီလဝက်နှင့် ယခု မေလဆန်းပိုင်းတွင် ကြက်သွန်နီ ပိသာ(၁၈၀၀) ခန့် အဝင်ရှိပြီး ပေါက်ဈေးမှာ ကြက်သွန် အသေး/ အကြီးပေါ် မူတည်၍ တစ်ပိသာလျှင်(၁၇၀၀/၂၀၀၀/၂၂၀၀)ထိ ရှိကြောင်းနှင့် မူးမြစ်ကမ်းဘေး တလျှောက်  ကျွန်းထဲစိုက်သည့် ကျေးရွာများမှ ထွက်ရှိပါသည်။ ထိုနည်းတူ ငရုတ်သီးခြောက် များကိုလည်း  နဒေါင်းကျကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကမ်းဘဲကျေးရွာများမှ ထွက်ရှိပြီး ဈေးကောင်းရရှိသဖြင့် ပွဲရုံသို့ လာရောက်ရောင်းချကာ ပိသာ(၇၀၀)ခန့်ရှိပီဖြစ်ပြီး ပေါက်ဈေးမှာ အမျိုးအစားအလိုက် (၁၈၀၀၀/၂၂၀၀၀/၂၄၀၀၀/၂၆၀၀၀)ထိ အစားစားရှိပြီး ပွဲရုံသို့ ဝင်ရောက်လာသော သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဟိုပန်မြို့၏ ငှက်ပျောဈေးကွက်

   ရှမ်းပြည်နယ်(မြောက်ပိုင်း)“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပန်မြို့နယ်တွင် စီးပွားဖြစ်ငှက်ပျောပင်များကို စိုက်ပျိုးတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါငှက်ပျောပင်များကို (၃) နှစ်လျှင်တစ်ကြိမ်စိုက်ပျိုးလျက်ရှိပြီး စိုက်ခင်းထဲတွင် တစ်ပတ်လျှင် (၃) ကြိမ်ရေသွင်း၍စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ယင်းငှက်ပျောပင်များကို ပျှမ်းမျှတစ်ဖီးလျှင် (၂၀၀၀) ကျပ်၊ တစ်ခိုင်လျှင် (၂၀၀၀၀) ကျပ်၊ ယွမ်အနေဖြင့် တစ်ခိုင်လျှင် (၅၀) ယွမ်ဖြင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၁၉ခုနှစ်မှ ၂၀၂၂ခုနှစ်အတွင်း ကိုဗစ်(၁၉)ရောဂါအခြေအနေများကြောင့် တရုတ်ပြည်၏ နယ်စပ်ဂိတ်များပိတ်ထားသဖြင့် ငှက်ပေါပင်များစိုက်ပျိုးသည့်တောင်သူများထံမှ ဆုံးရှုံးမှုများစွာရှိကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် တရုတ်ပြည်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီဖြစ်သောကြောင့် တောင်သူများအနေဖြင့် ပြန်လည်အဆင်ပြေနိုင်မည့်အလားလာရှိကြောင်း လေ့လာ သိရှိရပါသည်။

DOCA(ရှမ်း)

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၅/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

     တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

      တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၉.၅.၂၀၂၃ )

       ၉.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ အနည်းငယ်ကျဆင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

       ၂၀၂၃ ခုနှစ် မေလ (ပထမပတ်)တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၄၄၀၀ဝိ/-)ကျပ် ၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၂၅၀၀ဝိ/-) ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၇၀၅၀ဝိ/-) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၇၃၅၀ဝိ/-) ကျပ်၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၇၀၀၀ဝိ/-) ကျပ် ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 1Literတစ်ဘူးလျှင်(၁၅၅၀ဝိ/-) ကျပ် ၊ ဒီမွန် 1.8 တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဘူးလျှင်(၁၂၅၀ဝိ/-) ကျပ်၊ ငှက်ကြီးတောင် တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250cc တစ်ဘူးလျှင်(၂၈၅၀ဝိ/-) ကျပ်၊ ဆိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဘူးလျှင်(၂၉၅၀ဝိ/-) ကျပ်၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် 500g တစ်ဘူးလျှင် (၉၀၀ဝိ/-) ကျပ် ဖြစ်ကြောင်း၊ ယခုတစ်ပတ်အတွင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ အနည်းငယ်ကျဆင်းသော်လည်း နွေစပါးနှင့်နွေသီးနှံများစိုက်ပျိုးထားချိန်ဖြစ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဓါတ်မြေဩဇာ အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကရင်ပြည်နယ်၌ သင်္ကြန်ကာလအပြီး ဈေး၂ဆကျော်တက်သွားသောကြက်သွန်နီ

    ကြက်သွန်နီသည် အိမ်ထောင်စုတိုင်းအတွက် မရှိမဖြစ်စားသုံးကြသောမီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်ပြီး မြန်မာလူမျိုးအများစုအနေဖြင့် ဟင်းအနှစ်လုပ်ခြင်း၊ အသုပ်မျိုးစုံအတွက် ဆီချက်ချက်ခြင်း၊ အစိမ်းထည့်စားခြင်း၊ အတို့အမြှုပ်အနေဖြင့် စားသုံးခြင်း၊ ကျန်းမာရေးအတွက် ဆေးဖက်ဝင်အစားအစာအဖြစ်စားသုံးခြင်းဖြင့် အသုံးများကြပါသည်၊၊ ကြက်သွန်နီစားသုံးပုံ၊ အသုံးပြုပုံနည်းလမ်းများကွာခြားသကဲ့သို့ အကျိုးအာနိသင်ရှိပုံများလည်း ကွာခြားကြောင်း သိရှိရပါသည်။

     ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)မှစတင်၍ ကရင်ပြည်နယ်တွင် ကြက်သွန်နီဈေးနှုန်းသည် ဈေး ၂ဆကျော်တက်သွားကြောင်းနှင့် ဧပြီလအတွင်း ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအတက်ကြမ်းကြောင်း စားသုံးသူပြည်သူများထံမှသိရပါသည်။ “ အရင်လ သင်္ကြန်မတိုင်ခင်တုန်းက   ကြက်သွန်နီအလတ်စ လက်လီဈေး၁ပိဿာ ၁၅၀ဝိ/-ကျပ်ကနေ တရိပ်ရိပ်တက်လာတာ အခုဆို လက်လီ‌ဈေးက ၁ပိဿာ ကျပ်(၂၇၀ဝိ/-ကနေ ၂၈၀ဝိ/-) ထိ ဈေးတက်သွားတယ်၊ အိတ်ဆွဲအနေနဲ့ ၁၀ ပိဿာအိတ်ဆွဲ ကျပ်၁၂၅၀ဝိ/-ကနေ အခုဆို ကျပ်၂၅၀၀ဝိ/-ထိဈေးတက်သွားပါသည်။ ကြက်သွန်းဈေးမှာ ယခုရက်ပိုင်းအတွင်းကို တက်တာ၊ အတက်ကြမ်းတယ်လို့ ပြောရမယ်”ဟု ဘားအံမြို့မဈေးသို့  ဈေးဝယ်ထွက်သည့် အိမ်ရှင်မ မနီကပြောပါသည်။

     စာရင်းဇယားများအရ ကရင်ပြည်နယ်အတွင်း ကြက်သွန်နီဈေးနှုန်းများမှာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွင်း  ၁ပိဿာလျှင် ၄၅၀ဝိ/-ကျပ်ဈေးနှုန်းအထိ အမြင့်ဆုံးဖြစ်ခဲ့ပြီး ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်၏ မေလအတွင်း ကြက်သွန်နီ၁ပိဿာဈေးနှုန်းမှာ ၁၂၀ဝိ/-ကျပ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း
a