ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့၌ ဆီးခွဲစက်များ တွင်ကျယ်စွာလည်ပတ်လျက်ရှိ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိရာ (၈-၃-၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဆီးဆံထုတ်လုပ်သောလုပ်ငန်းရှင် ဦးအောင်ဇော်သင်းနှင့် သွားရောက်တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ဆီးဆံလုပ်ငန်းရှင်က မိမိတွင် ဆီးခွဲစက်(၄)လုံးရှိပါကြောင်း၊ အမျိုးသားလုပ်သား (၈)ဦး၊ အမျိုးသမီးလုပ်သား(၆)ဦးရှိ၍ (၁)နေ့လျှင် အမျိုးသားတစ်ဦးလုပ်အားခမှာ ကျပ်(၉၀၀၀) အမျိုးသမီးတစ်ဦးလုပ်အားခမှာ ကျပ်(၇၀၀၀)ပေးရပါကြောင်း၊ ဆီးဆံများထုတ်လုပ်ရာတွင် ဦးစွာ ဆီးသီးအစိုနှင့် ဆီးသီးအခြောက်များကိုဝယ်ယူရကြောင်း၊ အနီးပတ်ဝန်းကျင်ရွာများမှ လာရောက်ရောင်းချကြကြောင်း၊ အစိုတစ်တင်းလျှင် ကျပ်(၈၀၀၀)ရှိ၍ အခြောက်တစ်တင်းလျှင် ကျပ်(၁၁၀၀၀) ပေးဝယ်ရကြောင်း၊ ဆီးသီးအစို(၅)တင်းလှန်းလျှင် အခြောက်(၄)တင်းရရှိကြောင်း၊ ဆီးဆံထုတ်လုပ်ရာတွင် ဆီးသီးခြောက်ကိုအသုံးပြု၍ ပထမဦးစွာ စက်ဖြင့်အခွံချွတ်၍ ထွက်လာသော ဆီးသီးခွဲသားများကို အမျိုးသမီးများက အစေ့နှင့်အခွံများကို ပြာတီးသန့်စင်ခွဲခြားပြီးနောက် ရရှိလာသောဆီးစေ့များကို အမျိုးသားလုပ်သားများက စက်ဖြင့်ကြိတ်ခွဲရကြောင်း၊ ရရှိလာသောဆီးစေ့နှင့်ခွဲသားများကို စက်နှင့်ပင်ခွဲခြား၍ ပါလာသောအမှုန်အမွှားများကို အမျိုးသမီးများက ပြာတီးသန့်စင်၍ ကောင်းမွန်သန့်ရှင်းသောဆီးဆံများထုတ်လုပ်ကြောင်း သိရပါသည်။

     ဆီးသီးခြောက်တစ်တင်းခွဲကြိတ်လျှင် အဆံ(၂၅)ကျပ်သားထွက်ရှိ၍ မီးလာရက်တွင် တစ်နေ့လျှင် တင်း(၃၀၀-၃၅၀)ကြိတ်ခွဲနိုင်သော်လည်း မီးမလာသည့်ရက်တွင် ကြိတ်ခွဲမှုနားရကြောင်း၊ အထွက်နှုန်းမှာ တစ်နေ့လျှင် ဆီးဆံပိဿာ(၇၅-၈၀)ကြားထွက်ရှိကြောင်း၊ ယခင်နှစ်က ဆီးသီးခြောက်တစ်တင်းလျှင် ကျပ်(၅၅၀၀)၊ ဆီးဆံတစ်ပိဿာလျှင် ကျပ်(၂၅၀၀၀)ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဆီးသီးခြောက်တစ်တင်းဈေးမှာ ကျပ်(၁၁၀၀၀)ဖြစ်သော်လည်း ဆီးဆံဈေးမှာ တစ်ပိဿာလျှင်  ကျပ်(၄၈၀၀၀)ရသောကြောင့် လုပ်ငန်းရှင်များအနေဖြင့် တွက်ခြေကိုက်လျက်ရှိကြောင်း၊ ရရှိလာသောဆီးဆံများကို မန္တလေးမြို့ပွဲရုံများသို့ တိုက်ရိုက်ရောင်းချ၍ မန္တလေးမြို့မှတစ်ဆင့် တရုတ်ကုန်သည်များထံသို့ရောင်းချကြောင်း ဆီးဆံထုတ်လုပ်သော လုပ်ငန်းရှင်ဦးအောင်ဇော်သင်းထံမှ သိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့၊ မြို့မဈေးအတွင်းရောင်းချလျက်ရှိသော စားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းအခြေအနေ

     ကံမမြို့နယ်၊ တောင်ချောင်းဘက်ရှိ ကျေးရွာများမှ ကံမမြို့၊ မြို့မဈေးအတွင်းသို့ ကြက်သွန်နီ၊ ငရုတ်နှင့် ခရမ်းချဉ်သီးများဝင်ရောက်လျက်ရှိပြီး ကြက်သွန်ဖြူနှင့် အာလူးတို့မှာ ပြည်မြို့မှ မှာယူရောင်းချရကြောင်း စားဖိုဆောင်သီးနှံရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

     မတ်လ(ဒုတိယ)ပတ်တွင်ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၃၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာလျှင် ကျပ်(၄၂၀၀)၊ ချင်း(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ငရုတ်သီး(ခြောက်)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငရုတ်သီး(အစို)(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၇၀၀)တို့ဖြစ်ပြီး မတ်လ ပထမပတ်နှင့်နှိုင်းယှဉ်လျှင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၀၀)နှင့် ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာလျှင် ကျပ်(၂၀၀)ဈေးမြင့်ပြီး၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၀၀)နှင့် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၀၀) စသည်ဖြင့် အသီးသီးဈေးနှုန်းလျော့ခဲ့ကြောင်း ဈေးရောင်းချသူ ဒေါ်သန်းဌေးထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင် ၅၀၀၀ကျပ်၊ ဧည့်မထ(ဒေသ)(ဆန်)တစ်ပြည်လျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငရုတ်သီးခြောက် (ရှည်)တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှင့် ချင်းတစ်ပိဿာလျှင် ၁၅၀၀ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

  ကျိုင်းတုံမြို့တွင် မတ်လ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၇၀၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး)တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံးလျှင် ၂၄၀ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၃၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်နှင့် ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

   ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဖေဖော်ဝါရီလ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ)၊ ဧည့်မထ(ဒေသဆန်)၊ ကြက်သွန်ဖြူ(ရှမ်းစ)၊ စားအုန်းဆီ၊ ကြက်ဥ၊ ဘဲဥ၊ ကြက်သား၊ ဝက်သား၊ ငါးကြင်းနှင့် ငါးမြစ်ချင်းဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လာပြီး ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးခြောက်(ရှည်)၊ အားလူးနှင့် ချင်းတို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

အခြေခံစားသောက်ကုန်များ ဈေးကွက်အခြေအနေ

၂၀၂၃ ခုနှစ်၊ မတ်လ၊ ဒုတိယပတ်အတွင်း စားသုံးသူများ၏ အခြေခံစားသောက်ကုန်များ ဖြစ်သော စားအုန်းဆီ ၁ ပိဿာလျှင် (၅၀၀ဝ)ကျပ် ၊ ပဲဆီ(ရိုးရိုး) ၁ ပိဿာလျှင် (၁၂ဝဝဝ)ကျပ် ဖြင့်လည်း ကောင်း၊ ကြက်သွန်နီဆိုဒ်စုံ ၁ ပိဿာလျှင် (၁၈၀၀-၂၂၀၀-၂၃၀ဝ) ကျပ် ၊ ကြက်သွန်ဖြူ (ဥ)တလုံး ၁ ပိဿာလျှင် (၆၀၀ဝ-၈၀၀ဝ) ကျပ် ၊ ကြက်သွန်ဖြူ (အမွှာ) ၁ ပိဿာ လျှင် (၆၀၀ဝ-၈၀၀ဝ) ကျပ် ၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁ ပိဿာလျှင် (၄၅၀၀) ကျပ်၊ အာလူး ၁ ပိဿာလျှင် (၂၅၀၀-၂၈၀၀)ကျပ်၊ နနွင်းမှုန့် ၁ ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ နနွင်းတက် ၁ ပိဿာလျှင် (၅၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား/ ရိုးရိုးဆား ၁ ထုပ်လျှင် (၃၀၀) ကျပ်၊ ငရုတ်တောင့် (ရှည်) ၁ ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငရုတ်တောင့် (ပု) ၁ ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ မြန်မာပဲနီလေး ၁ ပိဿာလျှင် (၆၆၀၀) ကျပ်၊ ပဲဝါလေး ၁ ပိဿာ လျှင် (၄၅၀၀) ကျပ်၊ ကုလားပဲခြမ်း ၁ ပိဿာလျှင် (၄၆၀၀) ကျပ်၊ ချင်း ၁ ပိဿာလျှင် (၂၅၀၀-၃၀၀၀) ကျပ်၊ ပုဇွန်ခြောက်(ကြီး) ၁ ပိဿာလျှင် (၆၀၀၀၀) ကျပ်၊ ပုဇွန်ခြောက်(လတ်) ၁ ပိဿာလျှင် (၅၀၀၀၀) ကျပ်၊ ပုဇွန်ခြောက်(သေး) ၁ ပိဿာလျှင် (၄၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ဝက်သား ၁ ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ဘဲသား ၁ ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဆိတ်သား ၁ ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ မွေးမြူရေးကြက် ၁ ပိဿာလျှင် (၉၀၀၀-၁၀၀၀၀) ကျပ်၊ မြန်မာကြက် ၁ ပိဿာလျှင် (၁၇၀၀၀-၂၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ဆန်ကြမ်းအမျိုးအစားအလိုက် (ထိပ်စ၊ လတ်စ၊ နိမ့်စ) များတွင် ၁ အိတ်လျှင် (၄၇၅၀၀ ကျပ်မှ ၆၁၀၀၀ ကျပ်) ထိ ရှိပြီး ပေါ်ကျွဲ ၁ အိတ်လျှင် (၅၉၀၀၀ ကျပ်မှ ၆၄၀၀၀ ကျပ်)ထိလည်းကောင်း၊ ရွှေဘို ပေါ်ဆန်းမွှေး (အဟောင်း) ၁ အိတ်လျှင် (၉၅၀၀၀ ကျပ်မှ ၁၁၄၀၀ ကျပ်) ထိ၊ (ဆန်သစ်) ၁ အိတ်လျှင် (၈၂၀၀၀ ကျပ်မှ ၈၇၅၀၀ ကျပ်)ထိလည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်ဈေးအတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။         

EAST DOCA

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ မတ်လ ဒုတိယအပတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဈေးကွက်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ဒုတိယအပတ်၌ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၄၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၇၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၈၀၀)ကျပ်ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၂၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၁၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၁၀၀)ကျပ်တို့ဖြစ်ပါသည်။

      မတ်လ ဒုတိယအပတ်တွင် ကျိုင်းတုံမြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ်ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၃၆၈၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၂၈၅၀၀) ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၈၅၀၀)ကျပ်တို့ဖြစ်ပါသည်။

  ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဘိလပ်မြေဈေးနှုန်းများမှာ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလာပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ပုလဲ (၄၆%) နှင့် ကွန်ပေါင်း (၁၅ပတ်လည်)သည် ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါကြောင်းနှင့် ကွန်ပေါင်း၊ ပုလဲ (MEP)၊ တီဆူပါ (လေဆာ)၊ တီဆူပါ (may)၊ ချာန (သုံးမျိုးစပ်)များမှာ ဈေးနှုန်းများတည်ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၅၇၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ မှ မတ်လ ၂၇ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၅၇၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

  ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

  အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်ကြသော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘို ခရိုင်များအနေဖြင့် ရွှေဘို၊ ကသာခရိုင်တို့တွင် စပါးဈေးအနည်းငယ်မြှင့်တက်နေရာ မုံရွာခရိုင်တွင် မနောသုခဆန်ဈေးမှာ အနည်းငယ်မြှင့်တက်နေပါကြောင်း၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရှိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ မတ်လ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ်(၂၁၅၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင်(၇၅၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀လျှင် ကျပ်(၁၆၆၀၀၀၀)၊  ဧရာမင်း (ဆန်) (သစ်)  ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၆၅၀၀၀)၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် (၂၁၀၀၀၀၀)၊ ပေါ်ဆန်း(ဆန်)(သစ်) တစ်အိတ်လျှင် ကျပ် (၇၀၀၀၀)၊  ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်(၁၆၀၀၀၀၀)၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် ပါ တစ်အိတ်လျှင်  ကျပ်(၆၀၀၀၀) များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

       ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ဧည့်မထ(စပါး)(သစ်) တင်း ၁၀၀ လျှင် (၁၄၀၀၀၀၀)ကျပ်၊ ဧည့်မထ (ဆန်)(သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် (၅၀၀၀၀)၊ ငစိန်(စပါး)(သစ်) တင်း၁၀၀လျှင် (၁၃၀၀၀၀၀)ကျပ်၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ (၄၅၀၀၀)ကျပ်၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် (၁၆၀၀၀၀၀)၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် (၆၀၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မှော်ဘီ(၂)(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ်(၁၂၀၀၀၀၀)၊ မှော်ဘီ(၂)(သစ်) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် (၆၀၀၀၀)၊ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် (၁၂၀၀၀၀၀)၊ ဆင်းဧကရီ-၃(သစ်) ဆန် ၂၄ပြည်တစ်အိတ်မှာ ကျပ် (၆၀၀၀၀)၊ ဧရာမင်း (စပါး) (သစ်)တင်း ၁၀၀ လျှင် ကျပ် (၁၅၀၀၀၀၀)၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် (၇၅၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊  ဧရာမင်း (ဆန်) (သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၀၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၅၀၀၀၊ မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၃၀၀၀၀၀၊ မနောသုခ (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ် နေကြောင်း သိရပါသည်။

       ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၆၀၀၀၀၀၊  ဧရာ မင်း(ဆန်)(သစ်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ မတ်လ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၉၀၀၀၊ မန္တလေး သို့ အိတ်ရေ ၇၆၂၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၅၀၀၊ ကချင်သို့ အိတ်ရေ ၁၂၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၅၇၈၀၀)အိတ်၊ တန်အားဖြင့် (၇၈၉၀)စီးထွက်ခဲ့ပြီး၊ ယခု မတ်လ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၀၀၀၊ မန္တလေး သို့ အိတ်ရေ ၈၂၂၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၀၀၀၊ ကချင်သို့ အိတ်ရေ ၁၅၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၆၆၈၀၀)အိတ်၊ တန်အားဖြင့် (၈၃၄၀)စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ် လျှင် ယခုပတ်တွင် အိတ်ရေ (၉၀၀၀) တန်အားဖြင့် (၄၅၀) လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။                      

မုံရွာ (DOCA)

စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်း

              မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ မတ်လ၊ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၂၆၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၃၃၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၃၄၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၄၂၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

             ယခု မတ်လ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၂၁၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၃၀၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၆၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၃၄၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၅၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၈၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၈၀)ကျပ်ဖြင့် ဈေးနှုန်းအသီးသီး အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

ရွှေဘို (DOCA)

ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကုလားပဲ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန် စာရင်းတို့ကို အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လ၊ ဒုတိယပတ်အတွင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်သည့် သီးနှံများကို တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

       ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးထားသော ကုလားပဲများမှာ ဖေဖော်ဝါရီလ၊ တတိယပတ်အတွင်းမှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်လာပြီး မတ်လ၊ ဒုတိယပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရွှေဘိုဈေးကွက်သို့ မူးမြစ်ဝှမ်းဒေသများဖြစ်သည့် ဝက်လက်မြို့နယ် နှင့်ရွှေဘိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိပါသည်။  မတ်လ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ တစ်တင်းလျှင်(၆၂၃၀ဝိ/-)ကျပ်ဖြစ်၍ အရောင်းအဝယ်ဖြစ်မှုမှာ (၇၅၀)တင်း/(၂၃)တန်ဖြစ်ကြောင်း၊ ကုလားပဲသီးနှံအနေဖြင့် ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိဘဲ ယခင်အပတ်နှင့်ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့အား နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲတစ်တင်းလျှင် (၆၂၃၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ရွှေဘို(DOCA)

ကသာခရိုင်တွင် ပဲပုပ်သီးနှံ စတင်ရိတ်သိမ်းချိန် ဈေးကောင်းရ

             ကသာခရိုင်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲပုပ်သီးနှံ စိုက်ဧကပေါင်း ၅၃၅၉ ဧက ရှိရာ ၂၀၂၃ခုနှစ်၊ မတ်လပထမပတ်၌ ပဲပုပ်သီးနှံ စတင်ရိတ်သိမ်းကြပြီး ဒေသတွင်းပဲပုပ်ခြောက် လုပ်ငန်းများက ဝယ်ယူသိုလှောင်မှုများပြား၍ မန္တလေးအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချမှုများ လည်းရှိကြောင်း သိရှိရပါသည်။

          ပဲပုပ်သီးနှံသည် အကြမ်းခံသောဆီထွက်သီးနှံဖြစ်သည်။ အခြားပဲသီးနှံများထက် တစ်ဧကလျှင် စိုက်ပျိုးကုန်ကျစရိတ်မှာ လျော့နည်းပြီး လေးသိန်းကျပ်ခန့်သာ ကုန်ကျပါသည်။ ပဲပုပ်သီးနှံကို စက်တင်ဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မတ်လနှင့်ဧပြီလများတွင် ရိတ်သိမ်းကြသည်။ ယခုနှစ် ပဲပုပ်သီးနှံ တစ်ဧကအထွက်နှုန်းမှာ ၁၅ တင်းရှိပြီး ဒေသတွင်း တစ်တင်းဈေးမှာ ၇၀၀၀၀ ကျပ်ဈေးရှိသောကြောင့် တစ်ဧက အကျိုးအမြတ် ၆၅၀၀၀၀ ကျပ်ရှိကြောင်း တောင်သူများထံမှ သိရှိရပါသည်။ ပဲပုတ်သီးနှံကို အများအားဖြင့် မန္တလေးအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြပြီး ဒေသတွင်း ပဲပုပ်လုပ်ငန်းရှင်များမှလည်း ဝယ်ယူသိုလှောင်မှုကြကြောင်း ကသာခရိုင်၊ ပဲပြောင်းနှမ်းအသင်းဥက္ကဌ ဦးမြင့်သိန်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း