ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

        ၂၀၂၂ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၅၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၅၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၀၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၇၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၅၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၁၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

        ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၀၀ကျပ်၊ (သေး) တစ်လုံး ၁၈၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၂၅၀)ကျပ်၊ (သေး)တစ်လုံး (၂၂၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၇၅၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၅၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

         စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၉၇၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျင် ၁၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့နယ်အတွင်း ဓါတ်မြေဩဇာဈေးနှုန်းများမြင့်တက်

        ရွှေဘိုမြို့နယ်ရှိ တောင်သူအများစုမှာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးချိန်ဖြစ်၍  ဈေးကွက်အတွင်းတွင် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ပုံမှန်ထက်ပို၍ အရောင်းအဝယ်လိုက်နေသည်ဟု စိုက်ပျိုးရေးသုံးဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ သိရှိရပါသည်။

          ဓါတ်မြေဩဇာဈေးနှုန်းများအနေဖြင့် ဩဂုတ်လ လဆန်းပိုင်းတွင် အာမို၊ ကျွဲနက် (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်၊ ဇာမဏီ  (၁၃:၅:၁၇)(၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၆၅၀၀၀ကျပ်၊ အာမို၊ ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်၊ ပန်းဖူး (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၉၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်အေးနေခဲ့ပြီး၊ ဩဂုတ်လ စတုတ္ထပတ်တွင် အာမို၊ ကျွဲနက် (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ MC (၁၅:၁၅:၁၅) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်၊ဇာမဏီ  (၁၃:၅:၁၇)(၅၀) ကီလိုဂရမ် တစ်အိတ်လျှင် ၆၈၀၀၀ကျပ်၊ အာမို၊ ပုလဲ (၅၀)ကီလိုဂရမ် တစ်အိတ်လျှင်၁၁၅၀၀၀ကျပ်၊ ပန်းဖူး (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ဩဂုတ်လဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေသော်လည်း စိုက်ပျိုးချိန်ကာလဖြစ်သဖြင့် အရောင်းအဝယ်များ ပုံမှန်ထက် ကောင်းမွန်နေကြောင်း သိရပါသည်။  

DOCA(စစ်ကိုင်း)

ကလေးမြို့နယ်တွင် စားအုန်းဆီသုံးစွဲသည့် ဆိုင်များသို့ကွင်းဆင်းခြင်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဩဂုတ်လ ( ၂၄ ) ရက် နံနက်ပိုင်းတွင် ကလေးမြို့ပေါ်ရှိ စားအုန်းဆီသုံးစွဲသည့် ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။

      ကွင်းဆင်းဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ဆိုင်ရှင်များအနေဖြင့် မိမိတို့ရောင်းချသော ကုန်ပစ္စည်းများအပေါ်တွင် စားအုန်းဆီသုံးစွဲမှုအခြေအနေများနှင့် ပတ်သက်၍ ကုမ္ပဏီ/ လုပ်ငန်း အမည်၊ လုပ်ငန်းရှင်အမည်နှင့်မှတ်ပုံတင်အမှတ်၊ လုပ်ငန်းတည်နေရာများ ဆက်သွယ်ရန်လိပ်စာ/ ဖုန်းနံပါတ်၊ ယခင်ဝန်ထမ်းအလုပ်သမားခန့်ထားမှုအင်အား၊ ယခုဝန်ထမ်း အလုပ်သမားခန့်ထားမှုအင်အား၊ ဝန်ထမ်း အလုပ်သမား၏အနိမ့်/ အမြင့်ဆုံးလစာ၊ ယခင်တစ်ရက် ပျမ်းမျှစားအုန်းဆီသုံးစွဲခဲ့သည့်ပမာဏနှင့် တစ်ရက်ပျမ်းမျှကုန်ထုတ်လုပ်နိုင်မှုအခြေအနေ၊ လက်ရှိ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို မေးမြန်းခဲ့ပါသည်။ 

      ယခုကာလတွင် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများ ဝယ်ယူအသုံးပြုရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် ( ၁၁၀၀၀ ) ကျပ်ပေး၍ ဝယ်ယူအသုံးပြုရပါကြောင်း၊ ယခင်နှစ်ကာလများက စားအုန်းဆီ ( ၁၀ ) ပိဿာဝင်တစ်ပုံး ( ၁၉၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်) ဝန်းကျင်သာ ဝယ်ယူအသုံးပြုရပါကြောင်း၊ ဈေးနှုန်းများ ဝယ်ယူအသုံးပြုရာတွင် လက်ရှိပေါက်ဈေးနှုန်းမှာ ယခင်ပေါက်ဈေးနှုန်းထက် (၅) ဆခန့်ကြီးမြင့်၍ ဝယ်ယူ အသုံးပြုရပါကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မော်လမြိုင်မြို့တွင် စပါး၊ ဆန်ဈေးများစွာမြင့်တက်လျက်ရှိ

        မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇူလိုင်လ တတိယပတ်တွင် စပါး၊ ဆန်ဈေးများ ငြိမ်နေပြီး ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ ယနေ့အထိ နေ့စဉ် စပါး၊ ဆန်ဈေးများမြင့်တက်လျက်ရှိပါသည်။ စပါး၊ ဆန်ဈေးအနေဖြင့် ဇူလိုင်လ တတိယပတ်အထိ ဧည့်မထ စပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၇၀၀၀၀၀/ကျပ်၊ ပေါ်ဆန်းစပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၁၀၀၀၀၀၀/ကျပ် ရှိခဲ့ပြီး၊ ဧည့်မထ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၃၃၀၀၀/ကျပ်၊ ပေါ်ဆန်း ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၅၃၀၀၀/ကျပ်ဖြင့် ဈေးကွက် အတွင်းရောင်းချလျက်ရှိသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၇၅၀၀၀၀/ကျပ်၊ ပေါ်ဆန်းစပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၁၀၅၀၀၀၀/ကျပ် ဖြင့် တတိယပတ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၅၀၀၀၀/ခန့် မြင့်တက်လာပြီး ဆန်ဈေးနှုန်းမှာလည်း ဧည့်မထ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၃၄၀၀၀/ကျပ်၊ ပေါ်ဆန်း ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၅၇၀၀၀/ကျပ်အထိ မြင့်တက် ခဲ့သည်။ ယခု ဩဂုတ်လ တတိယပတ်တွင်မူ ဧည့်မထ စပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၈၀၀၀၀၀/ကျပ်၊ ပေါ်ဆန်းစပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၁၁၀၀၀၀၀/ကျပ်အထိ မြင့်တက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာလည်း ဧည့်မထဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၁၅၀၀/၊ ပေါ်ဆန်း ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၆၃၀၀၀/ကျပ်အထိ မြင့်တက်လာပြီး ဇူလိုင်လ တတိယအပတ်နှင့် ပြန်လည်နှိုင်းယှဉ်ပါက စပါး၊ ဆန် ဈေးနှုန်းမှာ များစွာမြင့်တက်လျက်ရှိပါသည်။ ဈေးကွက်ထဲတွင် ဆန်များအဝယ်လိုက်နေပြီး ဝယ်လိုအား မမျှသည့်အတွက် ဆန်ဈေးများ မြင့်တက်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

“မော်လမြိုင် ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

       မော်လမြိုင်မြို့၌ ယခုဩဂုတ်လစတုတ္ထအပတ် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် အေးနေပြီး ဈေးနှုန်းအနည်းငယ်တက်လာကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန် ဖြစ်နေတဲ့ ဈေးမှာ  ယခင်အပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၈၅၀၀၊ ဆင်(ထိုင်း) ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၈၄၀၀ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၉၆၀၀၊ ဆင်(ထိုင်း) ကျပ် ၁၄၅၀၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၉၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းအနည်းငယ်တက်လာပြီး  အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရသည်။

     အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ကျပ် ၁၂၅၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ကျပ် ၁၄၂၀၀၀၊ ကွန်ပေါင်း (Thai Grow How) မှာ ကျပ် ၁၃၀၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  မှာ ကျပ်၇၀၀၀၀၊ ပုလဲ(အကြီး)Thai (မြင်းပျံ) မှာ ကျပ် ၉၈၀၀၀ ရှိခဲ့ပြီး ယခုအပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ကျပ် ၁၂၉၃၀၀ ၊ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ကျပ် ၁၅၀၀၀၀၊ ကွန်ပေါင်း(Thai Grow How) မှာ ကျပ် ၁၃၅၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE)  မှာ ကျပ် ၇၅၀၀၀၊ ပုလဲ(အကြီး) Thai(မြင်းပျံ) မှာ ကျပ် ၁၁၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(မွန်)

ဟုမ္မလင်းမြို့နယ်တွင် ဖြစ်ပေါ်နေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ

         ဟုမ္မလင်းမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သော မြို့တစ်မြို့ ဖြစ်ပါသည်။ ယခုအချိန်သည် မိုးစပါးစိုက်ပျိုးသော ရာသီဖြစ်သောကြောင့် မိုးစပါးစိုက်ပျိုးပြီးမှုအနေဖြင့် ( ၄၃၇၉၅ ) ဧက စိုက်ပျိုးထားရှိပြီး စိုက်ပျိုးရန်ကျန်ရှိသည့် စပါးများကိုလည်း ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

        ဟုမ္မလင်းမြို့သည် အခြေခံစားသောက်ကုန်များကို မုံရွာ၊  မန္တလေး၊ ကလေး၊ မြို့များမှ မှာယူအသုံးပြုပါကြောင်း ဈေးနှုန်းဈေးကွက်များအနေဖြင့် ပေါ်ဆန်းမွှေး ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၁၀၀၀၀၀ ) ကျပ်၊ လုံးသွယ်မွှေး ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၈၀၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၆၀၀၀၀ ) ကျပ်၊ ရွှေသွယ် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၅၇၀၀၀ ) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ( ၃၅၀၀ ) ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ( ၅၀၀၀ ) ကျပ်၊ ဆားတစ်ပိဿာလျှင် ( ၁၀၀၀ ) ကျပ်၊ ကြက်ဥတစ်လုံးလျှင် ( ၃၀၀ ) ကျပ်၊ မြေပဲဆီ ( ၁၀ ) ပိဿာ တစ်ပုံးလျှင် ( ၁၂၀၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများရှိပါကြောင်း ယခုလအတွင်းတွင် ယခင်လများထက် ဈေးနှုန်းပိုမိုမြှင့်တက်မှုများ ရှိလာပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

        ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ စတုတ္ထပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၅၆၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၃၅၀၀၀၊ တန်အားဖြင့် ၆၇၅၀တန် စီးထွက် ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၇၅၀၀၊ မန္တလေးသို့ အိတ်ရေ ၆၀၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၃၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၁၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၄၃၄၀၀ ၊ တန်အားဖြင့် ၇၁၇၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၈၄၀၀၊ တန်အားဖြင့် ၄၂၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဩဂုတ်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၂၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၃၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၈၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၃၈၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ဈေးနှုန်းမြင့်တက်လာသည့် ပေါင်းတည်ငရုတ်သီးခြောက်

          ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အနေဖြင့် ငရုတ်သီးခြောက် အရှည်များ ဈေးနှုန်း မြင့်တက် လျှက်ရှိပါသည်။ ယခင်က ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၇၀၀၀-၈၀၀၀ကျပ်သာရှိခဲ့ပြီး ဇူလိုင်လ တတိယပတ်မှစ၍ ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာခဲ့ပါသည်။ ဩဂုတ်လပထမပတ်တွင် ငရုတ်သီး ခြောက်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၁၈၀၀၀-၂၀၀၀၀ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး၊ ယခု ဩဂုတ်လတတိယပတ်တွင် ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၂၃၀၀၀-၂၄၀၀၀ ကျပ်အထိ ဈေးဆက်လက်တက်လာခဲ့သဖြင့် တစ်ပိဿာလျှင် ၄၀၀၀-၅၀၀၀ကျပ် အထိဈေးမြင့်တက် လာခဲ့ပါ သည်။ ငရုတ်သီးခြောက် ဈေးနှုန်းများ မြင့်တက်လာသော်လည်း ပုံမှန်ရောင်းဝယ်မှု ရှိခဲ့ပါသည်။ ငရုတ်သီး အစိုဈေးမှာ တောင်သူဈေး တစ်ပိဿာလျှင် ၄၅၀၀-၅၀၀၀ကျပ် အထိရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် မြို့မဈေးရှိ ကုန်မျိုးစုံရောင်ချသည့် လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၂.၈.၂၀၂၂) ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ဝါးခယ်မမြို့နယ် မြို့မဈေးရှိတာဝန်ခံရုံးတွင် ကုန်မျိုးစုံ ရောင်းချနေသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် ဝါးခယ်မ မြို့နယ်တာဝန်ခံ ဦးအောင်မိုးမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်၏တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး မိမိတို့ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဌာနအနေဖြင့် အပတ်စဉ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆိုင်ပိုင်ရှင်(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

တနင်္သာရီတိုင်း ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးမြင့်တက်

      တနင်္သာရီတိုင်းဒေသကြီးအတွင်း သြဂုတ်လတွင် ဓါတ်မြေသြဇာစျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်းများမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၁၇၅ဝဝိ၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင်  ကျပ် ၁၁၀ဝဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၅ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၁၈၀၀၀/-၊  တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၅၉၀၀၊ မာလာမြိုင်ဖန့်ဆို ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၃၆၀၀၊ သန်ဒါး(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၇၀၀၊ ဒိုဇာ(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၃၀၀/-ဖြင့် အရောင်း အဝယ်ဖြစ် နေကြောင်းစုံစမ်းသိရှိရပါသည်။

          သြဂုတ်လ တတိယအပတ်တွင် ဘိလပ်မြေစျေးနှုန်းမှာ မြင့်တက်လျက်ရှိပြီး ဆင်နီ(ထိုင်း) တစ်အိတ်လျှင် ကျပ် ၁၃၇၀၀၊ ကြံ့(၂)ကောင်တံဆိပ် ကျပ် ၉၈၀၀၊ apache တံဆိပ် ကျပ် ၉၈၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။

          ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်  ဘိလပ်မြေစျေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် စျေးနှုန်းမြင့်တက်လျက်ရှိပြီး အရောင်းအဝယ်မှာပုံမှန်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း
a