ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ဒေသထွက် သနပ်ခါးတုံးများ ပုံမှန်အရောင်းအဝယ်ဖြစ်

     စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်းရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။

     မြန်မာနိုင်ငံတွင် သနပ်ခါးသည် ဈေးကွက်ဝင် သဘာဝအလှကုန်ပစ္စည်းအဖြစ်ပြီး နိုင်ငံတကာ တွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါးသည် ကျန်းမာရေးနှင့် အလှအပတို့အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ပြီး၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေ သော သနပ်ခါးတုံးများသည် ကန့်ဘလူခရိုင်အတွင်းမှ ထွက်ရှိသလို၊ ရွှေဘိုမြို့ရှိ လက်လီ၊လက္ကား သနပ်ခါးတုံး အရောင်းဆိုင်များမှလည်း ဝယ်ယူရောင်းချကြောင်း၊ နိုဝင်ဘာလ တတိယပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၅၀၀၀)ကျပ်၊ အသေး(၁)တုံးလျှင် (၂၀၀၀)ကျပ်နှင့် (၃)တုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားမှုရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် အညာဒေသထွက် မြေပဲယိုနှင့် နှမ်းယိုဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုနှင့် နှမ်းယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ကုန်စုံဆိုင်များတွင် ရောင်းချနေ သောမြေပဲယိုဈေးနှုန်းမှာ အသင့်ထုတ်ပြီးအကြီး()ထုပ်လျှင် (၁၆၀၀)ကျပ်၊ အသေး()ထုပ်လျှင် (၄၇၀)ကျပ်ဖြင့်လည်းကောင်း၊ နှမ်းယိုအကြီး()ထုပ်လျှင် (၁၅၀၀)ကျပ်နှင့် အသေး()ထုပ်လျှင် (၄၆၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိရာ ယခင်နိုဝင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့်  နှိုင်းယှဉ်ပါက တတိယပတ်အတွင်း မြေပဲယို()ထုပ်လျှင် (၁၀၀)ကျပ်နှင့် နှမ်းယို()ထုပ်လျှင်  (၁၀၀)ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးကွက်အနေဖြင့်  ကျေးလက်နေပြည်သူများက ဝယ်ယူ စားသုံးကြသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လက်လီ/လက္ကားကုန်မျိုးစုံဆိုင် များမှ သိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင်ရောင်းချနေသည့် ရေဦးထန်းလျက်ဖြူနှင့် ရေဦးပေါက်ပေါက်ဆုပ်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ သရေသာ စားစရာတို့ကို ရောင်းချလျက်ရှိရာ ရေဦးပေါက်ပေါက်ဆုပ်လည်း အပါအဝင်ဖြစ်သည်။ ရေဦးပေါက်ပေါက်ဆုပ်သည် လေလုံအောင်ထားခြင်းဖြင့် တာရှည်အထားခံကာ အချိုတည်းစရာအဖြစ်ပဲစားစား၊ ဧည့်သည်များကို တည့်ခင်းဧည့်ခံရာတွင်ပဲသုံးသုံး ဘက်စုံအသုံးဝင်သည့် သရေသာ စားစရာတစ်မျိုးဖြစ်ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ရေဦးပေါက်ပေါက်ဆုတ် လက်လီတစ်ပိဿာလျှင်(၉၀၀၀) ကျပ်၊ လက္ကားတစ်ပိဿာလျှင် (၈၅၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး ()ထုတ်လျှင်(၁၀၀၀)ကျပ်၊ ရေဦး ထန်းလျက်ဖြူ()ပိဿာလျှင် (၉၅၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိရာ နိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ရေဦးထန်းလျက်ဖြူ(၁)ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း ကုန်မျိုးစုံရောင်းချ သည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တန်ဆောင်မုန်းလအခါယရှိဂဗ္ဗလာသီးစျေး

              မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်ဂဗ္ဗလာသီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ တန်ဆောင်မုန်းလ အခါ သမယတွင် ဂဗ္ဗလာသီးများအရောင်းသွက် လျက်ရှိကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ် နိုဝင် ဘာလပထမပတ်အတွင်း ဖြစ်ပေါ် သည့်   စျေးနှုန်းများမှာ ဂဗ္ဗလာသီး ၁၀ လုံးလျှင် အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့် ၂၅၀၀ကျပ်၊အလုံး(လတ်)  ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ်၊ အလုံး(သေး) ၁၀၀၀ ကျပ် နှင့် ၁၃၀၀ ကျပ်စျေးတို့ ဖြင့် ရောင်းချပြီး၊အလုံးအရွယ် အစားအပေါ် မူတည်၍ စျေးကွာခြားမှု ရှိ ကြောင်းသိရှိရပါသည်။ဂဗ္ဗလာသီးများအားအသီးအတိုင်းစားသုံးခြင်းနှင့်ကျမ္မာရေးဓါတ်စာဖျော်ရည် အဖြစ်စားသုံးခြင်းတို့ကြောင့် စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်းရေနီမြောင်း စျေးရှိ သစ်သီးရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင်တည်သီးအရောင်းသွက်လျက်ရှိ

            မန္တလေးစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်တို့ မှ ထွက်သည့်တည်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက် ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာတည်သီး ၁ လုံးလျှင် အလုံး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊အလုံး(လတ်) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်စျေးတို့ ဖြင့်ရောင်းချပြီး၊ အလုံးအရွယ်အစား အပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်း  သိရှိရပါသည်။ တန်ဆောင်မုန်းလအခါသမယဖြစ်သည့်အတွက် ဘုရားပွဲတော်များ၊အလှူပွဲများ ရာသီချိန် ဖြစ်သည့်အတွက် တည်သီးများအရောင်းသွက်လျက်ရှိကြောင်း စျေးချိုတော်ရှိသစ်သီး ရောင်းချသူတစ်ဦး ထံမှသိရှိရပါသည်။

DOCA(မန္တလေး)

ကြက်သွန်ဖြူစျေးငြိမ်လျက်ရှိ

         စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့်စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူများဝင်ရောက်လျက် ရှိပြီး၊ ကြက်သွန်ဖြူပေါက်စျေးမှာ စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ကြက်သွန်ဖြူအမျိုးအစားအလိုက်တစ်ပိဿာပေါက်စျေး များမှာ ကြက်သွန်ဖြူ(ဗမာ) လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊ လက်လီစျေး ၆၀၀၀ ကျပ် နှင့်၆၅၀၀ ကျပ်၊ကြက်သွန်ဖြူ(ရှမ်း) လက်ကားစျေးမှာ ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၉၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ ယခင်ပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါကစျေးငြိမ်လျက်ရှိကြောင်း သီရိမာလာစျေးရှိ ပွဲရုံပိုင်ရှင်တစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

ကြက်သွန်နီစျေးအနည်းငယ်မြင့်တက်

                 စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံမြို့နယ်၊ မြစ်သားမြို့နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးရှိ မုံရွာမြို့နယ်တို့မှထွက်ရှိသည့် စားဖိုဆောင်သီးနှံ ကြက်သွန်နီများဝင်ရောက်လျက် ရှိပြီး၊ ယခုပတ်အတွင်းဝင်ရောက်မှုအနည်းငယ်လျော့နည်းသွားသည့်အတွက်စျေးအနည်းငယ်မြင့် တက်သွားကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ပထမ ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိ သည့်ကြက်သွန်နီ အမျိုးအစားအလိုက် တစ်ပိဿာပေါက်စျေး များမှာ မြစ်သားကြက်သွန်နီ(လတ်) လက္ကားစျေး ၁၃၀၀ ကျပ်နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့်၁၆၀၀ ကျပ်၊မြင်းခြံ ကြက် သွန်နီ(လတ်)လက္ကားစျေးမှာ ၁၂၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊လက်လီ စျေး ၁၄၀၀ ကျပ်နှင့် ၁၅၀၀ ကျပ်၊ မုံရွာကြက်သွန်နီ(လတ်)လက္ကားစျေး  ၁၃၀၀ကျပ် နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့်  လက်လီစျေးမှာ ၁၅၀၀ ကျပ်နှင့် ၁၆၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ပြီး၊ ယခင်အပတ်ပေါက်စျေး နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ၁၀၀ ကျပ်မြင့်တက်သွားကြောင်း သီရိမာလာစျေးရှိ ပွဲရုံပိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် သရေစာ နို့မလိုင်လုံးနှင့် အုန်းမှန်ကူ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် သရေစာ စားစရာ များဖြစ်သည့် ကြံသကာ၊ ဇီးတော်ဖီ၊ မြေပဲယို၊ နှမ်းယို၊ ဖရုံယို၊ ကုလားပဲချောင်း၊ အုန်းယိုနှင့် မလိုင်လုံးများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချသည့်အပြင် ဒေသထွက်များလည်း ရောင်းချလျက်ရှိကြောင်း၊ သရေစာမလိုင်လုံကို ဧည့်သည်များကို တည့်ခင်းဧည့်ခံရာ၌လည်းကောင်း၊ အချိုတည်းစရာအဖြစ်လည်းကောင်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း  သိရသည်။

     ၂၀၂ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း မလိုင်လုံး လက်လီတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ လက္ကားတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့်လည်း ကောင်း၊ အုန်းမှန်ကူတစ်ထုပ်လျှင် (၄၆၀)ကျပ်၊ (၂၀၀)ပါတစ်ဖာလျှင် (၉၀၀၀၀)ကျပ်ဖြင့်လည်း ကောင်း ရောင်းချလျက်ရှိရာ ဈေးကွက်အနေဖြင့် ကျေးလက်နေ လူကြီး၊ လူငယ်မရွေးကြိုက်နှစ် သက်သည့်အတွက် ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ဈေးကွက်အတွင်း  အာလူး ဈေးနှုန်း မြင့်တက်

     ရွှေဘိုမြို့၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အာလူးသီးများ   ၂၀၂၅ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင်  ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာပြီး အာလူးသီး တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင်  နိုဝင်ဘာလ ဒုတိယပတ်တွင် အာလူးသီး တစ်ပိဿာလျှင် ၈၀၀၀ကျပ် ဈေးရှိခဲ့သဖြင့် ယခင်ပတ်နှင့် ယခုပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက အာလူးသီး တစ်ပိဿာလျှင်     ရွှေဘိုမြို့၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အာလူးသီးများ ၂၀၂၅ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာပြီး အာလူးသီး တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင် နိုဝင်ဘာလ ဒုတိယပတ်တွင် အာလူးသီး တစ်ပိဿာလျှင် ၈၀၀၀ကျပ် ဈေးရှိခဲ့သဖြင့် ယခင်ပတ်နှင့် ယခုပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက အာလူးသီး တစ်ပိဿာလျှင် ယခင်ပတ်ထက် ၁၀၀၀ကျပ် ဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့သည်။

      အာလူးသီးဈေးနှုန်း မြင့်တက်လာရခြင်းမှာ တောင်ကြီး၊ အောင်ပန်းမြို့နှင့် မန္တလေးစသည့် မြို့များမှ တစ်ဆင့် မှာယူရောင်းချရခြင်းကြောင့်ဖြစ်ပြီး သယ်ယူစရိတ်များ များပြားသောကြောင့် ဖြစ်သည်ဟု ရွှေဘိုမြို့ စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော သီးနှံ ပွဲရုံများမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော သံပရာသီးနှင့် ရှောက်သီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် သံပရာသီးနှင့် ရှောက်သီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ သံပရာသီးနှင့် ရှောက်သီးများကို ဒေသတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့် သံပရာသီးနှင့် ရှောက်သီး များစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယအပတ်အတွင်း ရောင်းချနေသော သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်းမှာ သံပုရာသီး အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၁၅ဝ) ကျပ်မှ (၇)လုံးလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း ၊ ရှောက်သီး (အသေး) (၁)လုံးလျှင် (၃၀၀)ကျပ်နှင့် ရှောက်သီး (အကြီး) (၁)လုံးလျှင်(၅၀၀)  ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း