ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့ကြီး(၄)မြို့၏ အခြေခံစားကုန်၊ ပြည်ပပို့ကုန်၊ စက်သုံးဆီ နှင့် ရွှေ ဈေးနှုန်းများ

     နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ပုသိမ်မြို့ကြီးများ၏ အခြေခံစားကုန်(လက်လီ)၊ ပြည်ပပို့ကုန်၊ စက်သုံးဆီနှင့် ရွှေဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယနေ့ ကာလတူ နှိုင်းယှဉ်၍ ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၉.၂.၂၀၂၄ )

    ၉.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၉.၂.၂၀၂၄ )

   ၉.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၉.၂.၂၀၂၄ )

    ၉.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ကုန်ဈေးနှုန်း သုံးသပ်တင်ပြချက်

    ဧရာဝတီတိုင်းဒေသကြီးအတွင်း (၁၂.၆.၂၀၂၃) ရက်နေ့နှင့် (၆.၂.၂၀၂၄) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ သောကုန်ဈေးနှုန်း ပြောင်းလဲမှု အခြေအနေများမှာ ပေါ်ဆန်းဆန်၊ ဧည့်မထဆန်ဈေးနှုန်းတို့မှာ (၁၂.၆.၂၀၂၃) ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပေါ်ဆန်းဆန် (၃၁၀၀၀/-၊ ၃၅၀၀၀/-) ကျပ်၊ ဧည့်မထဆန် (၁၄၀၀၀/-) ကျပ်၊ မြင့်တက် နေကြောင်း တွေ့ရှိရပြီး ဓါတ်ဆီ၊ ဒီဇယ်ဆီ ၊ ဈေးနှုန်းများမှာ (၁၂.၆.၂၀၂၃) ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင်ပါက ဓါတ်ဆီ ဈေးနှုန်းမှာ (၃၃၁၈/) ကျပ်၊ ဒီဇယ်ဈေးနှုန်းမှာ (၂၇၇၃/) ကျပ် မြင့်တက်နေကြောင်းတွေ့ရှိရသည့်အပြင် ရည်ညွှန်းဈေးပေါ်မူတည်ပြီး အတက်၊ အကျ ဖြစ်ပေါ်နေသည်ဟု သုံးသပ်ရပါသည်။

      စားအုန်းဆီ ဈေးနှုန်းမှာလည်း (၁၂.၆.၂၀၂၃) ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက (၅၀၀/) ကျပ် လျော့ နည်းကြောင်းတွေ့ရှိရပါသည်။ (ရည်ညွှန်ဈေး+သယ်ယူစရိတ် +၂%) ရောင်းချနေခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ရပြီး ရွှေဈေးနှုန်းအနေဖြင့် (၁၂.၆.၂၀၂၃) ရက်နေ့နှင့်နှိုင်းယှဉ်ပါက ၁၆ ပဲရည် (၈၀၀၀၀၀/) ကျပ် ၁၅ ပဲရည် (၇၃၀၀၀၀/) ကျပ် ဈေးနှုန်းများမြင့်တက်နေကြောင်းတွေ့ရှိရပြီး ကမ္ဘာ့ရွှေဈေးနှုန်းအပေါ် ရန်ကုန်မြို့ ရှိ ရွှေလက်ကားရောင်းဝယ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်ရွှေဆိုင်များ၏ ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

     ထိုပြင့် စားဖို‌ဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီဈေးနှုန်းမှာ (၁၂.၆.၂၀၂၃) ရက်နေ့ဈေးနှင့် နှိုင်းယှဉ်ပါက (၂၀၀/-) ကျပ်လျော့နည်းပြီး၊ကြက်သွန်ဖြူ (ကြူကုတ်)၊ (ရှမ်းဖြူ)၊ အာလူး ဈေးနှုန်းမှာ (၁၂.၆.၂၀၂၃) ရက်နေ့ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းများမြင့်တက်နေကြောင်း တွေ့ရှိရပြီး အသား ဈေးနှုန်းများမှာ စည်ပင်သာယာရေးအဖွဲ့၏ ထိန်းကြောင်းကြပ်မတ်မှုကြောင့် ဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ငါးကြင်း (၁) ပိဿာလျှင် (၅၀၀၀/-၊ ၆၀၀၀/-) ကျပ် မြင့်တက်ရခြင်းမှာ ငါးကြင်းမှာ အခြားမွေးမြူရေးငါးများထက် ကြီးထွားနှုန်းနှေးကွေးခြင်းနှင့် သွင်းအားစုအစာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ရရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

 

ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်နီဈေးနှုန်းများကျဆင်းလျက်ရှိ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ရေစကြို၊ ကမ္မနှင့် ပခုက္ကူကျွန်းများ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ချောက်၊ ရေနံချောင်းမှ ကြက်သွန်နီများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံ၊ ပုလဲနယ်မှ ကြက်သွန်နီများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် ယောထိပ်စတစ်ပိဿာလျှင် ကျပ်(၁၅၅၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊  ကျွန်း (ရေစကြို) ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၆၅၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၃၅၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၁၀၀) ဖြစ်ကြောင်း၊ ရေနံချောင်းကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၃၂၅)ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ(ပထမပတ်)တွင် ယောထိပ်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၂၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ရေနံချောင်းကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၃၈၀)ဖြစ်နေပြီး ဇန်နဝါရီလ (စတုတ္ထပတ်)နှင့် ဖေဖော်ဝါရီ(ပထမပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် တစ်ပိဿာလျှင် ကျပ်(၅၀)ခန့်ဈေးနှုန်းကျဆင်းနေပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်မှုကုန်ချိန်မှာ ပိဿာ(၃၀၀၀၀)မှ ပိဿာ (၈၀၀၀၀) အရောင်းအဝယ်ဖြစ်နေကြောင်း၊  ရေနံချောင်းကြက်သွန်နီမှာ တစ်ပိဿာလျှင် ကျပ်(၅၅)ခန့်ဈေးနှုန်းမြင့်တက်နေကြောင်း၊ တင်ပို့မှုအနေဖြင့် ဘုရင့်နောင်ကုန်စဉ်ဒိုင်နှင့် မြန်မာပြည်အောက်ပိုင်းဒေသများသို့တင်ပို့နေရကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

 

 

ပခုက္ကူကုန်စည်ဒိုင်၌ ဖေဖော်ဝါရီလ ပထမပတ်တွင်ဖြစ်ပေါ်နေသော ပဲယင်းဝါ၊ ပဲယင်းနီများ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္ထပတ်)မှစ၍ သီးနှံစုံစတင်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲမျိုးစုံနှင့်နှမ်းမျိုးစုံ နေ့စဉ်ဝင်ရောက် လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏ စီးပွားရေးအချက်အချာဖြစ်ပြီး နယ်ပေါင်းစုံမှထွက်ရှိသော သီးနှံမျိုးစုံကုန်စည်ဒိုင်သို့  ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပခုက္ကူကျွန်းရွာများအပြင် ယောနယ်ဒေသ၊ ချင်းပြည်နယ်၊  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မြင်းခြံမြို့နယ်များနှင့် မြောက်ဘက်တွင် မြိုင်မြို့နယ်၊ အရှေ့မြောက်ဘက်တွင် ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုလဲနယ်များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများမှာ ပဲစဉ်ငုံနီ၊ ပဲယင်းဝါ၊ ပဲယင်းနီနှင့် နှမ်းမျိုးစုံတို့ဖြစ်ပြီး ပဲယင်းဝါနှင့် ပဲယင်းနီမှာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)မှစ၍ စတင်ဝင်ရောက်ကာ အရောင်းအဝယ်သွက်နေပါသည်။

   ဇန်နဝါရီလ(ဒုတိယပတ်)တွင် ပဲယင်းဝါတစ်တင်း၏ ဈေးနှုန်းမှာ ကျပ်(၅၃၀၀၀)၊ တတိယအပတ်တွင် တစ်တင်းလျှင် ကျပ်(၅၃၅၀၀)၊ စတုတ္ထအပတ်တွင် ကျပ်(၅၆၀၀၀)နှင့် ဖေဖော်ဝါရီလ၏အစတွင် ပဲယင်းဝါတစ်တင်းလျှင် ကျပ်(၆၀၀၀၀)၊ ဇန်နဝါရီလ(ဒုတိယပတ်)နှင့် ဖေဖော်ဝါရီ (ပထမပတ်)ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၇၀၀၀)ဈေးနှုန်းမြင့်တက်နေကြောင်း၊ နေ့စဉ်အရောင်းအဝယ်ဖြစ်မှုမှာ အိတ်ရေ အိတ်(၅၀)မှ အိတ်(၅၀၀)အထိရှိကြောင်း၊ ဇန်နဝါရီဘ (ဒုတိယပတ်) တွင် ပဲယင်းနီတစ်တင်း၏ဈေးနှုန်းမှာ ကျပ်(၇၆၅၀၀)၊ တတိယအပတ်တွင် တစ်တင်းလျှင် ကျပ်(၇၈၀၀၀)၊ စတုတ္ထအပတ်တွင် ကျပ်(၇၉၂၀၀)ရှိပြီး ဖေဖော်ဝါရီလ၏အစတွင် ပဲယင်းနီတစ်တင်းလျှင် ကျပ်(၇၇၀၀၀)၊ ဇန်နဝါရီလ(စတုတ္ထပတ်)နှင့် ဖေဖော်ဝါရီလ(ပထမပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက တစ်တင်းလျှင် ကျပ်(၂၂၀၀) ဈေးနှုန်းကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်ပနိုင်ငံများသို့တင်ပို့နေရကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့နယ်အတွင်းရှိ (မိုး)ကြက်သွန်နီဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကုန်စည်ဒိုင်ကြက်သွန်နီဈေးကွက်သို့ မိုးကြက်သွန်နီ(အသစ်)များလှိုင်လှိုင်တူးဖော်လျက်ရှိသော ဒေသများဖြစ်သည့် ဆိပ်ဖြူမြို့အနောက်ပိုင်း/ ရွာသစ်ရပ်ကွက်၊ ကိုးတောင့်အုပ်စု၊ ချင်တောင်အုပ်စု၊ မြင်ကဝအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ဆင်ဖြူကျွန်း၊ စလင်း၊ ချောက်/ရေနံချောင်းမြို့နယ်များအတွင်းရှိ ကျေးရွာများမှ ဇန်နဝါရီလဆန်းမှစ၍ ကုန်စည်ဒိုင်သို့ ဥပုသ်နေ့မှလွဲ၍ ကြက်သွန်နီပိဿာ(၅) သောင်းမှ (၁)သိန်းအထိ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်လအတွင်း ကုန်ချိန်ပိဿာ သိန်း(၂၀)ခန့်ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

      ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအနှောင်းပိုင်းတွင် ဒေသတွင်းသီးနှံပေါ်စ၌ ထိပ်စအမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၃၈၀၀)ဖြင့်  (မိုး)ကြက်သွန်နီများ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ဈေးနှုန်းကျဆင်းလာခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် (မိုး)ကြက်သွန်နီတစ်ပိဿာလျှင် ဇန်နဝါရီလ (ပထမပတ်)တွင် ထိပ်စ အမြင့်ဈေး ကျပ်(၂၂၀၀-၂၄၇၅)၊ ဒုတိယအပတ်တွင် ကျပ်(၂၀၀၀-၂၃၂၅)၊ တတိယအပတ်တွင် ကျပ်(၁၈၅၀-၁၉၅၀)၊ စတုတ္အထပတ်တွင် ကျပ်(၁၈၇၅-၁၅၅၀)ဖြင့် ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ကုန်စည်ဒိုင်သို့ (မိုး)ကြက်သွန်နီအသစ်များမှာ ဇန်နဝါရီလဆန်းမှစ၍ ကုန်ဝင်များလျက်ရှိခြင်းနှင့် ပြည်ပဝယ်လက်နည်း၍ ဈေးနှုန်းတရိပ်ရိပ်ကျဆင်းလျက်ရှိကြောင်း၊ ဇန်နဝါရီလအတွင်း(မိုး) ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၆၀၀)ခန့်ဈေးနှုန်းကျဆင်းသွားကြောင်း ဈေးကွက်မှသိရှိရပါသည်။

    ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူမြို့နယ်မှထွက်ရှိသည့် ကြက်သွန်နီများကို ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပုသိမ်မြို့နှင့် အခြားမြို့များသို့ နေ့စဉ်တင်ပို့လျက်ရှိပြီး ပြည်ပဈေးကွက်အနေဖြင့် တရုတ်/ထိုင်းနိုင်ငံများသို့ မြဝတီ/မော်လမြိုင်မြို့များမှတစ်ဆင့် တင်ပို့လျက်ရှိကြောင်းသိရှိရသည်။ ဇန်နဝါရီလအတွင်း ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ (၁၂)ဘီးကား၊ (၁၀၄)စီး၊ ပိဿာချိန်အားဖြင့် (၁၁)သိန်းခန့်၊ မြဝတီမြို့သို့ တွဲကား အစီး (၃၀)၊ ပိဿာချိန် (၆)သိန်းခန့်၊ မော်လမြိုင်မြို့သို့ (၁၂)ဘီကား (၂၂)စီး၊ ပိဿာချိန် (၂)သိန်းခန့်၊ ပုသိမ်မြို့သို့ (၆)ဘီးကား (၁၅)စီး ပိဿာချိန်(၁)သိန်းခန့်ဖြင့် စုစုပေါင်းကြက်သွန်နီပိဿာချိန် သိန်း(၂၀)ခန့်၊ တန်ချိန်အားဖြင့် (၃၂၆၆)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့နယ်တွင် ဆီးသီးအစို/အခြောက်များအရောင်းအဝယ်ဖြစ်ပြီး ဆီးခွဲစက်များလည်ပတ်လျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြစ်ခြေ၊ ကမ္မမြို့နယ်များသည် ဆီးပင်များအများဆုံးပေါက်ရောက်ပြီး ဆီးသီးအစို/အခြောက်များထွက်ရှိသော မြို့နယ်များဖြစ်ပါသည်။ "မန်ကျည်းတစ်လှည့် ဆီးတစ်လှည့်" ဆိုသည့်စကားရှိရာ ယခုနှစ်၊ ယခုအချိန်သည် ဆီးသီးလှိုင်လှိုင်ပေါ် သော အချိန်အခါဖြစ်၍ ပခုက္ကူမြို့ ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။

      ယခု ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ(ပထမပတ်)တွင် ဆီးသီးအစို(၁)တင်းလျှင် လက်ကားဈေး ကျပ်(၁၀၀၀၀)၊ လက်လီဈေး ကျပ်(၁၂၀၀၀)၊ ဆီးသီးအခြောက်(၁)တင်းလျှင် ကျပ်(၁၃၀၀၀)၊ ဆီးဆံတစ်ပိဿာလျှင် ကျပ်(၅၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်လတွင် ဆီးသီးအစို (၁)တင်းလျှင် ကျပ်(၁၃၅၀၀-၁၄၀၀၀)၊ ဆီးသီးခြောက်(၁)တင်းလျှင် ကျပ်(၁၄၀၀၀)၊ ဆီးဆံ(၁) ပိဿာလျှင် ကျပ်(၅၆၀၀၀-၅၇၀၀၀)ဖြစ်ခဲ့ပါသည်။ ယခုဖေဖော်ဝါရီလဆန်းပိုင်းတွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခြင်းမှာ ကုန်ပစ္စည်းဝင်ရောက်မှုများလာခြင်းကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။

      ဆီးသီးပေါ်ချိန်ဖြစ်၍ ဆီးခွဲစက်များမှာ လည်ပတ်လျက်ရှိပါသည်။ ဆီးခွဲစက်ပိုင်ရှင်၏ ပြောကြားချက်အရ နှစ်တစ်နှစ်စီတိုင်းတွင် နိုဝင်ဘာလမှ ဖေဖေါ်ဝါရီလအထိ  ဆီးသီးများကြိတ်ခွဲပြီး  ၎င်းလတို့မှာ ဆီးဆံများအရောင်းရဆုံးအချိန်ဖြစ်ကြောင်း၊ ဆီးခွဲစက်(၅)လုံးရှိပြီး တစ်ပတ်လျှင် (၃)ရက်ကြိတ်ရကြောင်း၊ တစ်နေ့လျှင် ဆီးသီးခြောက်ပိဿာ (၅၀၀မှ ၇၀၀)ကြားကြိတ်ရကြောင်း၊ ဆီးသီးခြောက်များကို (၁) တင်းလျှင် ကျပ်(၁၂၅၀၀-၁၃၅၀၀)ဖြင့်ဝယ်ရကြောင်း၊ ဆီးသီးခြောက်ပိဿာ(၁၀၀)ကြိတ်လျှင် ဆီးဆံ (၂၅)ပိဿာထွက်၍ ဆီးဆံ(၁)ပိဿာလျှင် ကျပ်(၅၅၀၀၀)ဈေးနှုန်းရှိသောကြောင့် အမြတ်အစွန်းများရရှိကြောင်း၊ ယခင်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများ၌ ဆီးသီးအစို(၁)တင်းလျှင် ကျပ်(၇၀၀၀)၊ ဆီးသီးခြောက်(၁)တင်းလျှင် ကျပ်(၁၁၀၀၀)၊ ဆီးဆံတစ်ပိဿာလျှင် ကျပ်(၂၆၀၀၀ - ၂၈၀၀၀)ဖြစ်၍ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ယခုနှစ်ပို၍ အမြတ်အစွန်းရရှိကြောင်း၊ ကြိတ်ခွဲရရှိလာသော ခွဲခြမ်းများမှာလည်း တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ဈေးနှုန်းရှိသောကြောင့်  တွက်ချေကိုက်၍ ပို၍လည်ပတ်နိုင်ကြောင်းနှင့် အခြားဆီးခွဲစက်များလည်း အလားတူလည်ပတ်လျက်ရှိကြောင်းသိရှိရပါသည်။

      ဆီးပင်မှာ တစ်ပင်လုံးအသုံးဝင်သောကြောင့် ယခုအချိန်တွင် သဘာဝအလျောက်ပေါက်ရောက်သည့် အပင်များအပြင် လယ်မြေများ၌ တိုးချဲ့စိုက်ပျိုးလာကြသည်။ ဆီးဆံမှာ ဆေးဖက်ဝင်သောကြောင့် ပြည်ပသို့တင်ပို့နေရသည့်အတွက် ၎င်းကို ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ပါက ပြည်တွင်းကဏ္ဍဖွံ့ဖြိုးမှုအတွက် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

DOCA(မကွေး)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၈.၂.၂၀၂၄ )

   ၈.၂.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း