ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော ဝက်အူချောင်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါ သည်။

        ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက် သာစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြကြောင်း၊၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချခဲ့သော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း()ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၂၅၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင်(၄၅၀၀)ကျပ်ရှိခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း()ပိဿာလျှင်(၄၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၃၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်း ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ မာလကာသီးနှင့် ရှောက်ပန်းသီးဈေးနှုန်း၊ဈေးကွက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် မာလကာသီးနှင့် ရှောက်ပန်းသီးများကို ရောင်းချလျက်ရှိပါသည်။ မာလကာသီးနှင့် ရှောက်ပန်းသီးများကို နေအိမ် ခြံစည်းရိုးများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်းသိရသည်။

         မာလကာသီးနှင့် ရှောက်ပန်းသီးများသည် အရည်ရွှမ်းပြီး အရသာရှိသောကြောင့် သရေစာဖြစ်အများဆုံးစားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း မာလကာသီး အကြီး()လုံးလျှင်(၁၀၀၀)ကျပ်၊ ()လုံးလျှင် (၁၅၀၀)ကျပ်၊ မာလကာသီးအသေး()လုံးလျှင် (၅၀၀)ကျပ်နှင့် ရှောက်ပန်းသီးအကြီး()လုံးလျှင် (၃၀၀၀)ကျပ်၊ အသေး()လုံးလျှင်(၂၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့်ရောင်း အားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးမြို့နယူးစီဗွီလိုင်းဈေးပန်းဈေးကွက်

     မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ နယူးစီဗွီလိုင်းဈေးပန်းဈေးတွင် ဘုရားပန်းအမျိုးမျိုး ရောင်းချလျက်ရှိသော ဈေးသည်(၁၀)ဦးခန့်ရှိပြီးအများစုမှာ မန္တလေးမြို့ သီရိမာလာပန်းဈေးမှ ဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချကြောင်းသိရှိရပါသည်။ပန်းထိမ်မနိုင်အဖြူ(၁၀)ခက်ပါ အကြီးတစ်စီး လျှင်ကျပ်(၄၀၀၀/၅၀၀၀)၊အသေးတစ်စီးလျှင်ကျပ်(၂၅၀၀/၃၀၀၀)၊ ခရမ်းဗေဒါ(၁၀) ပွင့်ပါ တစ်စီး လျှင်ကျပ်(၁၇၀၀/၂၀၀၀)၊ဂန္ဓမာပန်း(လပ်ကီး)အဖြူ တစ်ရိုးတစ်ပွင့်(၁၀)ခက်ပါ တစ်စီးလျှင် ကျပ် (၆၀၀၀/၆၅၀၀)၊သစ္စာပန်းအဖြူ(၅)ခက်ပါတစ်စီးလျှင်ကျပ်(၂၅၀၀)၊အဝါ/အနီတစ်စီးလျှင် ကျပ် (၂၀၀၀)၊နှင်းဆီပန်းအဖြူ/အနီ(၁၀)ပွင့်ပါတစ်စီးလျှင်ကျပ်(၄၀၀၀)၊ အဝါရောင်နှင့်ပန်းရောင် (၁၀) ပွင့်ပါတစ်စီးလျှင်ကျပ်(၃၀၀၀)နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဘုရားပန်းတင်လှူ သူများအနေဖြင့် ယခုဝါတွင်းကာလတွင်း ပန်းထိမ်မနိုင်ပန်းနှင့်နှင်းဆီပန်းကို လှူဒါန်းမှုများပြား ခြင်းတို့ကြောင့် ဈေးသည်များအတွက် ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ကြက်ဟင်းခါးသီးဈေးကွက်

      ကြက်ဟင်းခါးသီးသည် အခါးဓါတ်ကိုပေးသော ဟင်းလျာအသီးတစ်မျိုးဖြစ်သည်။ ကြက်ဟင်း ခါးသီးကိုပြုတ်တို့၍ဖြစ်စေ၊ ကြော်ချက်၍ဖြစ်စေ စားသုံးကြပါသည်။ ကြက်ဟင်းခါးသီး၏ အခါးဓါတ်ကိုလျော့ချလိုပါက ဆားနှင့်နယ်၍ချက်ပြုတ်စားရပြီး ကြက်ဟင်းခါးသီးနှင့် မတည့်သော အစားအစာများမှာ မှိုနှင့်ကြက်သားတို့ဖြစ်ပါသည်။ အကြောတက်၍ အော့အန်တက်သည်ဟု လေ့လာသိရှိရသည်။ ကြက်ဟင်းခါးသီးစားသုံးပေးခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းစေ ပြီးဝမ်းချုပ်ခြင်း၊ ဆီးချိူ၊ သွေးချိူနှင့် ကင်ဆာရောဂါတို့ကို ကာကွယ်ပေးနိုင်သည်ဟုသိရှိရသည်။ ကြက်ဟင်းခါးသီးတွင် အမျှင်ဓါတ်များစွာပါဝင်သောကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါ သည်။ ဈေးကွက်အတွင်း၌ ဗမာကြက်ဟင်းခါးသီး၊ တောကြက်ဟင်းခါးသီး၊ ထိုင်ဝမ်ကြက်ဟင်း ခါးသီးဟူ၍ မျိုးစုံရောင်းချလျက်ရှိသည်။ ယခုမိုးရာသီကာလတွင် တောကြက်ဟင်းခါးသီးများ ဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိပါသည်။ ဗမာကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ တောကြက်ဟင်းခါးသီး(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ထိုင်ဝမ်ကြက်ဟင်းခါးသီး (၂၅)ကျပ်သား လျှင်(၁၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့တွင်း ထနောင်းပင်ဈေးရှိ ကုန်စိမ်း အရောင်းဆိုင် မှသိရှိရသည်။ 

DOCA(မန္တလေး)

 

ကြောင်လျှာပင်အကြောင်းသိကောင်းစရာ

    ကြောင်လျှာပင်သည် မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် ပေါက်ရောက်တတ်သော ပင်‌ထောင် မျိုးဖြစ်ပြီး ပင်စည်ဖြောင့်မတ်သော အပင်မျိုးဖြစ်သည်။ ကြောင်လျှာကြီး၊ ကြောင်လျှာလက်တို၊ ကြောင်လျှာဆူးပေါက်ဟူ၍ သုံးမျိုးရှိသည်။ ကြောင်လျှာသီးမှာ စိမ်းညိုရောင်ဖြစ်ပြီး ကြောင်၏လျှာ ပုံသဏ္ဌာန်ကဲ့သို့ တွဲလျားကျ၍သီးလေ့ရှိသည်။ ကြောင်လျှာပင်သည် နယုန်နှင့်ဝါဆိုလတို့တွင် ခရမ်းရောင် အပွင့်ပွင့်၍ တန်ဆောင်မုန်းလတွင် အသီးသီးလေ့ရှိသော်လည်း ယခုအခါ မိုးရာသီတွင် ကြောင်လျှာသီး လှိုင်လှိုင် သီးလေ့ရှိသည်။ ကြောင်လျှာပင်သည် စိုက်ပျိုးပြီး () နှစ်ကြာမှာတော့ ပန်းစပွင့်လေ့ရှိပြီး ၊ ပန်းပွင့်ပြီး(-) အကြာမှာတော့ အသီးတွေကိုခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။ ကြောင်လျှာပင်မှ ထွက်ရှိသော အပွင့်နှင့်အသီးများသည် ကျန်းမာရေးအတွက်လည်းအသုံးဝင်သလို ဟင်းချက်ရာတွင်လည်း အသုံးပြု၍ရသော အပင်ဖြစ်ပါသည်။ ကြောင်လျှာသီးကိုပါးပါးလေးလှီး၍ ပုဇွန်ခြောက်နှင့်ရောပြီး ကြော်စား လေ့ရှိကြသည်။ ကြောင်လျှာသီးကိုမီးဖုတ်ပြီး ငပိရည်၊ ငါးငပိချက်ဖြင့် အတို့အမြှုပ်လုပ်၍ စားလေ့ရှိကြသည်။ ကြောင်လျှာသီးကို သုတ်၍စားရသလို အခါးအရသာမကြိုက်သူများအနေဖြင့် ကြောင်လျှာသီးကို လှီးဖြတ်ပြီးနောက် ဆားဖြင့်နယ်လူးကာ ဆန်ဆေးရည်ထဲစိမ်ထားပါက အခါးရည်များ ထွက်သွားနိုင်သောကြောင့် အာဟာရဓာတ်များ ရေထဲတွင် ပျော်ဝင်ပျောက်ဆုံးသွားနိုင်၍ သဘာဝ ရေအေးဖြင့်သာ ဆေးသင့်ကြောင့် သိရှိပါသည်။ ကြောင်လျှာသီးကို အသား၊ ငါးစသည့်တို့ဖြင့် ရော၍ ချက်စားနိုင်သော အသီးဖြစ်ပြီး မန္တလေးမြို့ပေါ်ဈေးထဲတွင်  အသီးအရွယ်အစားအလိုက် (၁)ချောင်းကို ၁၀၀၀ မှ ၁၅၀၀ ဈေးနှုန်းများဖြင့် ရောင်းချလေ့ရှိကြောင်း သိရှိပါသည်။

DOCA(မန္တလေး)

 

ရာသီစာပိန်းဥဈေးကွက်

     မန္တလေးဈေးကွက်အတွင်းသို့ ပေါ်ဦးပေါ်ဖျား ရာသီစာပိန်းဥများ စတင်ဝင်ရောက်လျှက် ရှိပါပြီး ပိန်းဥများကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသမှ အများဆုံးဝင်ရောက်လျှက်ရှိပြီး စတင် ထွက်ပေါ်၍ ဈေးကွက်ကောင်းလျက်ရှိပါသည်။ ပိန်းဥဈေးနှုန်းဈေးကွက်အနေဖြင့် ယခင်နှစ် ဩဂုတ်လဆန်းပိုင်းတွင် ပိန်းဥတစ်ပိဿာလျှင် ၃၀၀၀-၄၀၀၀ ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လဆန်းပိုင်း၌ ပိန်းဥတစ်ပိဿာလျှင် ၄၀၀၀-၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ် လျှက်ရှိပြီး ယခင်နှစ်နှင့် ယခုနှစ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတက်လျက်ရှိကြောင်း ပိန်းဥ၊ ကန်စွန်းဥ အရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

နွေနှမ်းအသစ်များ ပေါ်လာ၍ နှမ်းဈေးများကျလျက်ရှိ

     မန္တလေးဈေးကွက်အတွင်းသို့ နှမ်းထွက်ရှိရာဒေသများဖြစ်ကြသည့် နှမ်းနီကို မကွေး၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ နှမ်းညိုကို ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ မြင်းမူ၊ ဝက်လက်ဒေသများနှင့် နှမ်းနက်(ခေါ်) စမုံနက်နှမ်းကို မြင်းမူ၊ ချောင်းဦး၊ ဝက်လက်မြို့နယ် များမှ ဝင်ရောက်လျှက်ရှိသည်။

    နှမ်းမျိုးစုံကိုသာမက အခြားလယ်ယာထွက်ကုန်များကို မန္တလေးကုန်စည်ဒိုင် နေ့စဉ်ပေါက် ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်ကြပြီး နှမ်းမျိုးစုံများကို (၃)တင်းဝင်အိတ် တစ်အိတ်လျှင်(၄၅) ပိဿာဖြင့်သတ်မှတ်ပြီး အရောင်းအဝယ်ပြုလုပ်ကြသည်။ ကုန်စည်ဒိုင်ပေါက်ဈေးသည် ဝင်ရောက်မှု များပြားလျှင် အချိန်နှင့်အမျှ တစ်ပြေးညီဈေးနှုန်းကို ပြောင်းလဲသတ်မှတ်ကြသည်။ ယခင်လက နှမ်းဖြူဗမာတစ်အိတ်လျှင်(၂၉၀၀၀၀/၃၀၀၀၀၀)ကျပ်၊ နှမ်းဖြူဂျပန်တစ်အိတ်လျှင်(၃၇၅၀၀၀/၃၈၀၀၀၀) ကျပ်၊ နှမ်းညိုတစ်အိတ်လျှင်(၂၈၅၀၀၀/၂၉၀၀၀၀)ကျပ်၊ နှမ်းနက်တစ်အိတ်လျှင်(၇၃၀၀၀၀/ ၈၃၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုလတွင် နှမ်းဖြူဗမာတစ်အိတ်လျှင်(၂၇၅၀၀၀/ ၃၄၅၀၀၀) ကျပ်၊ နှမ်းဖြူဂျပန်တစ်အိတ်လျှင်(၃၃၅၀၀၀/၃၅၀၀၀၀)ကျပ်၊ နှမ်းညိုတစ်အိတ်လျှင်(၂၇၀၀၀၀/ ၂၈၅၀၀၀)ကျပ်၊ နှမ်းနက်(ခေါ်)စမုံနက်နှမ်းတစ်အိတ်လျှင်(၇၃၀၀၀၀/၈၀၀၀၀၀)ကျပ်တို့ဖြင့် အရောင်း အဝယ်ပြုလုပ်ကြသည်။

    နှမ်းများကို စားသောက်ကုန်လုပ်ငန်း၊ လက်ဖက်နှင့်တွဲ၍လည်း စားသုံးကြသည်။ နှမ်းဆီကို နှမ်းစိုက်ပျိုးရာဒေသများတွင် အများဆုံးစားသုံးကြပြီး နှမ်းနက်ဆီကို တိုင်းရင်းဆေးဝါးထုတ်လုပ် ရာတွင် အသုံးပြုကြသည်။ နှမ်းမျိုးစုံများအနက် နှမ်းနက်(ခေါ်)စမုံနက်နှမ်းမျိုးသည် အခြားနှမ်းများ ထက် ဈေးနှုန်းပိုမိုရရှိကြောင်း တွေ့ရှိရသည်။ နှမ်းများကို ပြည်ပသို့တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှလည်း တင်ပို့ကြောင်း တင်ပို့ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မန်းကုန်စည်ဒိုင်ပြောင်းအရောင်းအဝယ်ဖြစ်ပေါ်မှု

     မန္တလေးကုန်စည်ဒိုင်အတွင်း ရှမ်းတောင်၊ ရှမ်းမြောက်နှင့်မကွေးတိုင်းအတွင်း မြေနုကျွန်းများ တွင် စိုက်ပျိုးသော ပြောင်းဖူးစေ့များ၊ မန္တလေးတိုင်းအတွင်းမှ ထွက်ရှိသော ပြောင်းဖူးစေ့များ မန်း ကုန်စည်ဒိုင်အတွင်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ပြောင်းဖူးစေ့များကို စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြု ခြင်း၊ တပိုင်တနိုင် သိုလှောင်ထားရှိခြင်း၊ ကုန်စည်ဒိုင်အတွင်းဝင်ရောက်သည့် ကုန်စည်များ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ဈေးနှုန်းဈေးကွက်အနေနှင့် ပြောင်းဖူးစေ့(ဗမာ) ၃ တင်း တစ်အိတ် ၈၄၀၀၀ ကျပ်၊ (၁)ပိဿာ ၁၅၅၆ ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း) ၃ တင်း တစ်အိတ် ၈၄၅၀၀ ကျပ်၊ (၁)ပိဿာ ၁၅၇၄ ကျပ်၊ ပြောင်းဖူးစေ့(စီပီ)(သစ်)၈၆၀၀၀ ကျပ်၊ (၁)ပိဿာ ၁၅၉၃ ကျပ် တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကုန်စည်ဒိုင်အတွင်း ပိဿာဈေးနှင့်အရောင်းအဝယ်ဖြစ်ပြီး ၃ တင်း တစ်အိတ် ၅၄ ပိဿာ နှင့် အိတ်ဈေးဖြတ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

 

ဇီးဖြူသီးများလှိုင်လှိုင်ဝင်လာ၍ဈေးကျလျက်ရှိ

      ဇီးဖြူသီးထွက်ရှိရာဒေသများဖြစ်ကြသည့် မန္တလေး၊စစ်ကိုင်းအနီးတဝိုက်တို့တွင် ဇီးဖြူပင် များသည်အလေ့ကျပေါက်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ယခုအခါ ဇီးဖြူပင်များကို ခြံစည်းရိုး တဝိုက်တို့တွင် စိုက်ပျိုးလာပြီး မိမိတို့အိမ်တွင် စားသုံးရန်မက ပိုလျှံသည့် အသီးများကို ဈေးသို့ တင်ပို့ရောင်းချလာပြီး စီးပွားဖြစ် စိုက်ပျိုးလာကြောင်းသိရှိရပါသည်။ဇီးဖြူပင်သည် နှစ်ရှည် အသီးတစ်မျိုး ဖြစ်သည်။ ယခုနှစ် ဝါဆို- ဝါခေါင်လများတွင် အသီးများစော၍ သီးလာကြသည်။ ယခုနှစ်တွင် ဇီးဖြူသီးများ လှိုင်လှိုင်ထွက်သည့်အချိန်ဖြစ်သည့်အတွက် ၁၀လုံးလျှင် (၄၀၀-၅၀၀) ကျပ်အထိရှိပြီး၊ ၁ပြည်လျှင် (၄၀၀၀-၄၅၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။ ဇီးဖြူသီးမှာ မြန်မာ လူမျိုး များအတွက် အစိမ်းထောင်း၊ဇီးဖြူးသီးပြုတ်ပြီး ထောင်းစားရုံသာမက ငါးကြော်ဖြင့် ချက်ကြပြီး ဟင်းလျာတစ်ခွက်အဖြစ်စားသောက်ကြသည်။ ဇီးဖြူသီးပေါများသည့် ဒေသများတွင် ရက်ရှည် စားသုံးရန် ဆားရည်စိမ် ပြုတ်ပြီးအခြောက်လှမ်း ၍လည်းစားသုံးကြသည်။ နွေရာသီ အချိန် ခရီးသွားပြည်သူများအား ဇီးဖြူသီးဆားရည်စိမ်နှင့် ရေအေးတို့ဖြင့် လမ်းများတွင် အလှူ လုပ်ကြပါသည်။ ယိုစုံနှင့်အချဉ်ပေါင်းတို့တွင် ဇီးဖြူသီးသုပ်ကို ရောင်းချကြသည်။ ယခုအခါ ဇီးဖြူသီး အခြောက်များကို တရုတ်သို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ဇီးဖြူသီးသည် သံဓာတ်ပါဝင်သောကြောင့် ကျန်းမာရေးအထောက်အကူပြုသည့်အတွက် စားသုံးသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။

DOCA(မန္တလေး)

 

 

ထောပတ်သီး၏ကျန်းမာရေးအကျိုးကျေးဇူးနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

     ကမ္ဘာပေါ်မှာ ထောပတ်သီးအမျိုးအစားများစွာရှိပြီး မက္ကဆီကိုတောင်ပိုင်းတွင် အဓိက ပေါက်ရောက်ပါသည်။ ပီရူးနိုင်ငံမှာလည်း ပြီးခဲ့သည့် နှစ်ပေါင်းရှစ်ထောင်လောက်ကတည်းက စိုက်ပျိုး ခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရပါသည်။ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်မှ ထွက်ရှိသော ထောပတ်သီးများကို မန္တလေးဈေးကွက်တွင် အများဆုံးတင်ပို့ ရောင်းချလျက်ရှိကြောင်းသိရှိပါသည်။ ထောပတ်သီးကို အင်္ဂလိပ်လို Avocado ဟုခေါ်ပါသည်။ ထောပတ်သီးရဲ့ ပုံသဏ္ဍာန်က သစ်တော်သီးပုံ၊ ဘဲဥပုံလို ရှည်ရှည်မျောမျောနဲ့ လုံးဝိုင်းသည့်ပုံစံရှိပြီး အသီးရဲ့အပေါ်ခွံက မိချောင်းကျောကုန်းလိုကြမ်းလို့ Alligator Pear ဟုလည်း နောက်အမည် တစ်မျိုးခေါ်ကြပါသေးသည်။

          ထောပတ်သီး၏အတွင်းသားကို ဇွန်းနဲ့ခြစ်ယူပြီး ဒီအတိုင်းစားကြသလို သကြားနို့ဆီများ နှင့်ရောခလောက်၍လည်းစားကြပါသည်။ ထောပတ်သီးဖျော်ရည်အနေဖြင့်လည်း သောက်သုံး ကြပါသည်။ ထောပတ်သီးတွင် အခြားသစ်သီးများကဲ့သို့ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်နှင့် သတ္တု ဓာတ်များကြွယ်ဝစွာပါဝင်သည့်အပြင် အဆီဓာတ်လည်းကြွယ်ဝစွာပါဝင်သည်။ ထောပတ်သီးတွင် ပါဝင်သည့် အဆီဓာတ်မှာ ကျန်းမာရေးကိုမထိခိုက်စေဘဲကောင်းကျိုးပြုနိုင်သည့် မပြည့်ဝဆီ (Unsaturated Fat) အမျိုးအစားဖြစ်ပါသည်။ ထောပတ်သီးကို စားသုံးခြင်းဖြင့် အမျှင်ဓာတ်များ ပါဝင်သည့်အတွက် ဝမ်းမှန်စေပြီး အူမကြီးကင်ဆာဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်ပြီး ဦးနှောက် နှင့်မျက်စိကျန်းမာဖို့ရာအတွက်လည်း အထောက်အကူပြုပါသည်။ ထောပတ်သီးတွင် ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်သည့်အတွက် သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျ စေနိုင်ပါသည်။

          ထောပတ်သီးအမျိုးအစားများစွာရှိသည့်အနက်မှ ဈေးကွက်အတွင်း အများဆုံးရောင်းချ လျက်ရှိသည့် ထောပတ်သီးအမျိုးအစားမှာ Hass Avocado နှင့် အမရာ Avocado တို့ဖြစ်ကြပြီး လက်လီဈေးနှုန်းအနေဖြင့် Hass Avocado 1kg လျှင်(3500) ကျပ်၊ အမရာ Avocado 1kg လျှင်(8000) ကျပ်၊ လက်ကားဈေးနှုန်းအနေဖြင့် Hass Avocado 1kg လျှင် (3000) ကျပ်၊ အမရာ Avocado 1kg လျှင်(7500) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ထောပတ်သီးရောင်းချသူ တစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း