ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့နယ်၏ ဒီဇင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

              စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၉-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြစ်ကြောင်း  သိရှိရသည်။

           မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင် ၂၄ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်း များအနေဖြင့် 92 Octance ၂၆၉၀ ကျပ်၊ 95 Octance ၂၇၄၅ ကျပ်၊ ရိုးရိုးဒီဇယ်  ၂၄၀၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၆၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ် ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် 92 Octanceတွင် ၂၅ ကျပ်၊ 95 Octanceတွင်  ၃၀ ကျပ် တို့ အသီးသီးဈေးနှုန်းလျော့ကျခဲ့ကာ ရိုးရိုးဒီဇယ်တွင် ၁၅ ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏နေကြာစေ့လှော်ဈေးနှုန်းမြင့်တက်လာခြင်း

                        မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော နေကြာစေ့လှော်များကို မုံရွာမြို့နှင့် မန္တလေးမြို့ တို့မှမှာယူရောင်းချကြောင်း၊ နေကြာစေ့လှော်သည် ဗီတာမင်အီးပြည့်ဝပြီး အသားအရည်လှပသဖြင့် မြန်မာအမျိုးသမီးထုအနေဖြင့် အများဆုံးစားသုံးကြသလို လူမျိုးဘာသာမရွေး အပျင်းပြေ သရေစာအဖြစ် စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ နေကြာစေ့လှော် လက်လီဈေးအနေဖြင့် နို့ဆီဗူး (၄)ဗူးလျှင် (၇၅၀၀) ကျပ် လက်လီဈေးတစ်ပြည်လျှင် (၁၄၀၀၀)ကျပ်၊ လက်ကား ဈေးတစ်ပြည်လျှင် (၁၅၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် နေကြာစေ့ လှော် လက်လီ၊လက်ကားဈေးတစ်ပြည်လျှင် (၅၀၀-၁၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ထိုသို့ ဈေးနှုန်းမြင့်တက်ခြင်းမှာ သယ်ယူစရိတ်မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး၊ စားသုံးမှုများသောကြောင့် ‌ဒေသတွင်းနေ့စဉ်ကုန်ချိန် (၁၅-၂၅) ပြည်ခန့် ရောင်းချရကြောင်း၊  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနေကြာစေ့လှော်ရောင်းချသူ၏ပြောပြချက်အရသိရှိရသည်။နေကြာစေ့တွင်ပါဝင်သောဗီတာမင် အီးသည် အရေပြားရောင်ရမ်းခြင်းကို သက်သာစေပြီး အသားအရေကိုနူးညံ့ ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ ပဲပုပ်သီးနှံဈေးနှုန်းကျဆင်းလာခြင်း

           မြင်းခြံမြို့နယ်ကုန်စည်ဒိုင်(MDCCI)အတွင်းရှိလယ်ယာထွက်ကုန်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိရာပဲပုပ်သီးနှံများကိုလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။ ယခု၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ပဲပုပ်သီးနှံတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ခန့် ပေါက်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ယခင်နိုဝင်ဘာလ၌ ပဲပုပ်သီးနှံတစ်တင်းလျှင် (၁၁၀၀၀၀) ကျပ်ခန့် ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊  ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ပဲပုပ်တစ်တင်းလျှင် (၁၀၀၀၀)ကျပ် ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ မြင်းခြံမြို့နယ်၌ ပဲပုပ်စိုက်ပျိုးဧကနည်းကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြင်းခြံမြို့နယ်၏ ပဲပုပ်စိုက်ဧက(၆၂၀၀) ဧကအနက် ဧကအားလုံးရိတ်သိမ်းခဲ့ပြီး၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်(၁၂)တင်း ခန့်ထွက်ရှိခဲ့ကြောင်း၊ ထွက်ရှိသောပဲများကို ဒေသတွင်းစားသုံးကြသလို နွားထိုးကြီးမြို့၊ ညောင်းဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့ များသို့အသီးသီး တင်ပို့ရောင်းချကြောင်း (MDCCI) အသင်းဝင်ပွဲရုံ လုပ်ငန်းလုပ်ကိုင်သူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို၏ချင်းစျေးနှုန်းများကျဆင်းလာခြင်း

                  စားဖိုဆောင်အုပ်စုဝင်ဖြစ်သော ချင်းသီးနှံကို  ဟင်းခက်အမွှေးအကြိုင်အဖြစ် လူအများအသုံး ပြုကြကြောင်း၊ မြင်းခြံမြို့နယ်အတွင်းရောင်းချနေသော ချင်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နှင့် မန္တလေးမြို့ကုန်စိမ်းပွဲရုံများမှ တင်သွင်းရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ အေးမြသီတာဈေးနှင့် စံပြဈေးများတွင်ရောင်းချနေသော ချင်းတစ်အသစ်အခက်ကြီး တစ်ပိဿာ လျှင် (၅၅၀၀)ကျပ်၊ ချင်းတက်အလတ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ချင်းတက်အသေး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လ နှင့်နှိုင်းယှဉ်ပါက ယခုလတွင် ချင်းတက်အစစုံ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ဂျင်းတက်အသစ်များ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်းခြင်းကြောင်း၊ ချင်းတက် သည် ကိုယ်ခံအားကောင်းသောကြောင့် စားသုံးမှုများပြားပြီး အရောင်းအဝယ် ကောင်းကြောင်း၊ နေ့စဉ်ကုန်ချိန်(၅၀-၁၅၀)ပိဿာခန့် ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

ယခုနှစ်ဝဥရာသီတွင် ဝဥများ ဈေးကောင်းရရှိ

 

          ယခုနှစ် ဝဥရာသီတွင် မွန်ပြည်နယ်၌ ဝဥများဈေးကောင်းရလျက်ရှိကြောင်း သိရှိရသည်။ မွန်ပြည်နယ်၌ ဝဥစက်ရုံများမှာ စက်တင်ဘာလဆန်းကတည်းက စတင်လည်ပတ်လျက်ရှိရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှ ဝဥများမှာ ဝဥစက်ရုံများသို့ ဝင်ရောက် လျက်ရှိသည်။ ယခုနှစ် ဝဥအစိုဈေးနှုန်းမှာ စက်ရုံအရောက် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြစ်ပြီး ယခင်နှစ်က ဝဥအစိုဈေးနှုန်းမှာ စက်ရုံအရောက် တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြစ်ရာ ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ်ပိုမိုရရှိကြောင်း သိရှိရပါသည်။

          အဆိုပါဝဥအစိုများကို ဝဥစက်ရုံများတွင် အဆင့်ဆင့်သန့်စင်၊ အခွံချွတ်၊ အခြောက်ခံကာ ရရှိလာသော ဝဥအခြောက်များကို အချို့စက်ရုံများမှာ ရန်ကုန်၊ မန္တလေး မြို့များသို့လည်းကောင်း၊ အချို့စက်ရုံများမှာ ပြည်ပသို့တိုက်ရိုက်လည်းကောင်း တင်ပို့ ကြကြောင်း သိရှိရသည်။ ပြည်တွင်း၌ ရောင်းချသည့် ဝဥအခြောက်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၂၅၀၀) ကျပ်ရရှိပြီး ပြည်ပသို့ တင်ပို့သော ဝဥခြောက်များမှာ တစ်တန်လျှင် FOB ဈေး ဒေါ်လာ (၁၂၀၀) ရရှိပြီး ယခင်နှစ်က ဝဥခြောက်တစ်တန်လျှင် ဒေါ်လာ (၉၀၀) ရရှိရာ ယခုနှစ်တွင် ဈေးနှုန်းပိုမိုရရှိကြောင်း မော်လမြိုင်မြို့၊ ကျောက်တန်းစက်ရုံစုရှိ ရွှေဝါမြေ ဝဥစက်ရုံမှ သိရှိရပါသည်။

DOCA (မွန်)

ရွှေဘိုဈေးကွက်တွင် ရောင်းချနေသော ပဲလွန်းပြာနှင့် ပဲလွန်းဖြူဈေးနှုန်း

        ရွှေဘိုမြို့ ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ပဲလွန်းပြာဈေးနှုန်းမှာ ()ပြည်လျှင်(၅၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ(၁)ပြည်လျှင် (၅၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း တူညီကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

         ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ စတုတ္ထအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲလွန်းဖြူ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ ()ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲလွန်းဖြူ ()ပြည်လျှင်(၁၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့်ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသူများမှ ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပဲလွန်းဖြူအဟောင်း()ပြည်လျှင်(၆၈၀ဝိ/-)ကျပ်နှင့် အရောင်းအဝယ်ပိတ်သွားပြီး အသစ်ပေါ်ချိန်တွင် အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ပဲပုတ်စေ့အနည်းငယ်တက်ပြီး မတ်ပဲခြမ်းဈေးအနည်းငယ်ကျ

            ရွှေဘိုမြို့ ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ပဲပုတ်စေ့ဈေးနှုန်းမှာ ()ပြည်လျှင်(၉၂၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၄၇၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့(၁)ပြည်လျှင် (၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်ထက် ပဲပုတ်စေ့()ပြည်လျှင် (၂၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍နှစ်မျိုးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့်သူများမှဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

        ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ ()ပြည်လျှင်(၆၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း(၁)ပြည်လျှင် (၆၇၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်အောက် မတ်ပဲခြမ်း()ပြည်လျှင် (၂၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် ပဲကြားဈေးအနည်းငယ်တက်ပြီး  ပဲနီလေးဈေးငြိမ်နေ

        ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊  စတုတ္ထအပတ်တွင်ရောင်းချသည့် ပဲကြားဈေးနှုန်းမှာ ()ပြည်လျှင်(၁၁၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၇၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲကြား(၁)ပြည် လျှင်(၁၁၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်၊ ပဲရေဖွရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြ ကြောင်းပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

      ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ပဲနီလေးဈေးနှုန်းမှာ()ပြည်လျှင် (၁၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၅၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလေး (၁)ပြည် လျှင်(၁၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ပေါ်ဦးပေါ်ဖျား နွေပဲသီးနှင့် ရုံးပတေသီးဈေးနှုန်း

          ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများ၊ သစ်သီးဝလံများကို ရောင်းချလျက်ရှိရာ ရာသီစာဖြစ်သည့် ပေါ်ဦးပေါ်ဖျား နွေပဲသီးများကို ရောင်းချလျက်ရှိပါသည်။ နွေပဲသီးမှာ ဆောင်းရာသီအချိန်မှသာ စားရသည့် အစားအစာဖြစ်သည့်အတွက် ပဲပင်များကို စင်ထိုး၍လည်းကောင်း၊ အပင်များတွင်နွယ်၍လည်းကောင်း စိုက်ပျိုးကြပါသည်။ နွေပဲသီးကို အသား/ ငါးဖြင့်သော်လည်းကောင်း၊ သက်သက်လွတ်ဟင်းအဖြစ်သော်လည်းကောင်း ချက်စားကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္တပတ်)တွင် ဖြစ်ပေါ်နေသော နွေပဲသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၃၀၀ဝိ/-)ကျပ်၊ (၁)ပိဿာ ဝယ်ယူလျှင် (၁၁၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ရုံးပတေသီး ဈေးနှုန်း (၂၅) ကျပ်သားလျှင် (၁၅၀ဝိ/-)ကျပ်၊ (၁)ပိဿာလျှင် (၆၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေးငြိမ်နေ

        ရွှေဘိုမြို့ ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၈၀၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ(၁)ပြည်လျှင် (၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

         ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၄၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း