ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်း

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် ရောင်းချ နေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ရှောက်ရွက်အညွှန့်(၅)ညွှန့်ပါ (၁)စည်းလျှင်(၂၅၀) ကျပ်၊ (၃)စည်းလျှင်(၇၀၀)ကျပ်၊ ဖက်ဖယ်ရွက်(၁)စည်းလျှင် (၃၀၀/၃၅၀)ကျပ်၊ မြင်းခွာရွက်တစ်ပုံ လျှင်(၅၀၀/၁၀၀၀)ကျပ်၊ မုန့်ညှင်းရွက်တစ်စီးလျှင် (၃၀၀)ကျပ်၊ မုန့်ညှင်းရွက်(၂)စီးလျှင်  (၅၀၀) ကျပ်၊   ကန်ဇွန်းရွက်တစ်စီးလျှင် (၁၅၀)ကျပ်၊ (၃)စည်းလျှင် (၄၀၀)ကျပ်၊ ဂွေးတောက်ရွက် ပိဿာလျှင်(၂၇၀၀/၃၀၀၀)ကျပ်၊ ဖရုံညွန့်တစ်စည်းလျှင် (၂၅၀/၃၀၀)ကျပ်၊ ဘူးညွန်းတစ်စည်း လျှင် (၂၅၀/၃၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (စစ်ကိုင်း)

ရေစကြိုုမြို့ ပွဲရုံများ၏ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် နယ်မြေအခြေအနေအရ ကုန်စည် ဒိုင်အရောင်းအဝယ်မပြုလုပ်နိုင်သော်လည်း ရန်ကုန်၊ မန္တလေးတွင်ဖြစ်ပေါ်နေသော ဈေးကွက်အခြေ အနေနှင့် ဒေါ်လာဈေးအတက်အကျပေါ်မူတည်၍ ပွဲစားများ စုစည်းနိုင်သည့် နေရာတွင် ဈေးနှုန်းသတ်မှတ်ပြီးနောက် မိမိတို့၏ ပွဲရုံများတွင် ပဲမျိုးစုံ အရောင်းအဝယ်ပြုလုပ်လျက် ရှိကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ်(၇၀၀၀၀) ကုလားပဲ (929) တစ်တင်းလျှင် ကျပ် (၇၇၀၀၀) ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၁၁၀၀၀၀) နှမ်းဖြူ တစ်တင်းလျှင် ကျပ် (၉၁၅၀၀) ထောဖြူ(ကျွန်း) တစ်တင်းလျှင် ကျပ် (၆၀၀၀၀) ဖြစ်ပြီး ဩဂုတ်လ (တတိယပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် (၇၀၀၀၀) ကုလားပဲ (V2) တစ်တင်းလျှင် ကျပ် (၈၄၂၀၀) ကုလားပဲ (929) တစ်တင်း ကျပ် (၈၃၃၀၀) ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၁၀၀၀၀၀) နှမ်းဖြူ တစ်တင်း လျှင် ကျပ် (၉၅၀၀၀) ထောဖြူ(ကျွန်း) တစ်တင်းလျှင် ကျပ် (၇၅၀၀၀)ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက  ပဲမျိုးစုံနှင့် နှမ်းသီးနှံဈေးနှုန်းများ အနည်းငယ်ကျဆင်းသော်လည်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် စက်တင်ဘာလ (တတိယပတ်)အတွင်း ပဲတီစိမ်း တစ်တင်းဝင်အိတ် (၁၀၀) နှမ်းဖြူ တစ်တင်းဝင်အိတ် (၅၀) မတ်ပဲ တစ်တင်းဝင်အိတ် (၇၀) ကုလား ပဲ(929) တစ်တင်းဝင်အိတ် (၅၀) ထောဖြူ(ကျွန်း) တစ်တင်းဝင်အိတ် (၅၀) အရောင်းအဝယ်ဖြစ် ကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

မုံရွာမြို့တွင် ရောင်းချနေသော နဂါးမောက်သီးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ နန္ဒာဝန်ဈေး၊ သံလမ်းဈေး၊ သာစည်ဈေးနှင့် ကန်သာယာဈေးအတွင်းတွင်  နဂါးမောက်သီးများ ရောင်းချ လျက်ရှိကြောင်း  သိရှိရပါသည်။

   နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ယခုအခါတွင် မြန်မာ ပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိရာ စားသုံးသူများမှာ အနီသီးကို ပိုမိုနှစ်သက်ကြသည်။

     စက်တင်ဘာလ စတုတ္တပတ်အတွင်း ဖြစ်ပေါ်နေသော နဂါးမောက်သီးဈေးနှုန်းမှာ နဂါးမောက် သီးအကြီးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၁၂၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၈၀၀-၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး နဂါးမောက်သီးကို လက်ဖျော်ရည်ပြုလုပ်ပြီးရောင်းချလျှင် တစ်ခွက် လျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA  (စစ်ကိုင်း)

စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

စားတော်ပဲ

          ရွှေဘိုမြို့ ဈေးကွက်အတွင်း စက်တင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် စားတော်ပဲ ဈေးနှုန်းမှာ ()ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ (၁)ပြည်လျှင်(၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည ်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲ လမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

စားတော်ပဲလုံးရေစိမ်

     ရွှေဘိုမြို့ဈေးကွက်အတွင်း စက်တင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီ ကြောင်း၊  နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင် များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA  (စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ရှိ ကုန်စည်ဒိုင်ပေါက်ဈေးနှင့် အခြေခံစားကုန်ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဈေးများအတွင်းရောင်းချနေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများအနေဖြင့် ၂၀၂၅ စက်တင်ဘာလ၊ စတုတ္တပတ်တွင် ဆန်အမျိုးအစားများအလိုက် ဧရာမင်းတစ်ပြည် လျှင် (၅၄၅၀ မှ ၅၅၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၆၇၀၀-၆၈၀၀) ကျပ်၊ မတ်ပဲတစ်တင်း လျှင် (၁၀၀၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး)တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ ပဲတီစိမ်း (သေး)တစ်တင်း လျှင် (၁၁၅၀၀၀)ကျပ်၊ ပဲစဥ်းငုံတစ်တင်း လျှင် (၇၂၀၀၀)ကျပ် ကုလားပဲဖြူ (လုံးကြီး) တစ်တင်း လျှင် (၇၃၀၀၀)ကျပ်၊ ကုလားပဲဝါ(ထိုင်ဝမ်)တစ်တင်း လျှင် (၇၈၀၀၀)ကျပ်၊ ထောပတ်ပဲ တစ်တင်း လျှင် (၇၅၀၀၀)ကျပ်၊ ပဲပုတ်‌(ရှမ်း) တစ်တင်း လျှင် (၉၆၇၀၀)ကျပ်၊ ပဲပုတ်(ဗမာ) တစ်တင်း လျှင် (၁၂၃၄၀၀)ကျပ်၊ ပဲကြီးတစ်တင်း လျှင် (၁၃၁၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်း လျှင် (၁၂၀၀၀၀)ကျပ်၊ စွန်တာနီ၊ပြာ တစ်တင်း လျှင် (၁၃၅၀၀၀)ကျပ်၊ ပြောင်း (CP)တစ်တင်း လျှင် (၃၂၅၀၀)ကျပ်၊နှမ်းဖြူတစ်တင်း လျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်း လျှင် (၂၀၀၀၀၀)ကျပ်၊ နှမ်း ညိုတစ်တင်းလျင်(၈၈၀၀၀)ကျပ်၊ နေကြာတစ်တင်း လျှင် (၅၄၀၀၀)ကျပ်၊ မြေပဲလုံးဆံ (နီ) တစ်ပိဿာ လျင်(၉၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

       စားဖိုဆောင်သီးနှံများဖြစ်ကြသော စားသောက်ကုန်ဈေးနှုန်းများတွင် ဆီ(စားအုန်းဆီ) တစ်ပိဿာ (၇၅၅၀)  ကျပ်၊  ပဲဆီ တစ်ပိဿာ (၁၄၅၀၀-၁၅၀၀၀) ကျပ် ၊နှမ်းဆီ တစ်ပိဿာ (၁၃၅၀၀-၁၄၀၀၀) ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာ(၁၁၀၀၀-၁၂၀၀၀)ကျပ်၊  ကြက်သွန်နီ တစ်ပိဿာ (၁၃၀၀-၁၅၀၀) ကျပ်၊  (ရှမ်း)တစ်ပိဿာ (၇၀၀၀-၇၅၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာ(၁၈၀၀၀-၁၈၅၀၀)ကျပ်၊  နနွင်းတက် တစ်ပိဿာ ၁၇၀၀၀-၁၈၀၀၀ ကျပ်၊ ဂျင်းတစ်ပိဿာ(၃၅၀၀)ကျပ်၊  ရိုးရိုးဆား တစ်ပိဿာ (၂၀၀၀-၂၂၀၀)ကျပ်၊  မန်ကျည်းသီးမှည့် တစ်ပိဿာ (၈၀၀၀-၉၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၅၅၀၀-၆၀၀၀)ကျပ်၊ ပဲနီလေးတစ်ပြည်လျင် (၁၅၀၀၀) ကျပ်၊ ကုလားပဲဝါတစ်ပိဿာ (၆၅၀၀-၆၈၀၀) ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။

          ထို့အတူ အသား/ငါးဈေးနှုန်းများမှာလည်း ကြက်တစ်ပိဿာ (၂၁၀၀၀-၂၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၃၅၀၀၀-၃၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၃၉၀၀၀-၄၀၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၃၃၀၀၀-၃၄၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၂၀၀၀၀-၂၂၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံး(၄၅၀)ကျပ်၊ ဘဲဥတစ်လုံး(၆၀၀)ကျပ်၊ အာဗြဲခြောက် (သေး) တစ်ပိဿာ (၃၅၀၀၀) ကျပ်နှင့် (လတ်)တစ်ပိဿာ(၄၄၀၀၀)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိပါသည်။

        ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက် တစ်စီး (၂၀၀) ကျပ်၊ ချဉ်ပေါင်ရွက် တစ်စီး (၂၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်( ၂၀၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ (၃၀၀၀) ကျပ်၊  ပဲသီးတောင့်ရှည်တစ်စည်းလျင်(၈၀၀)ကျပ်၊ သခွားမွှေးတစ်လုံး (၂၀၀၀)ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) တစ်လုံးလျှင်(၁၅၀၀-၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA  (စစ်ကိုင်း)

ရမည်းသင်းခရိုင် ဝါသီးနှံစိုက်ပျိုးမှုနှင့်ဈေ;ကွက်အခြေအနေ

          ရမည်းသင်းခရိုင်အတွင်းဝါသီးနှံကို မိုးကြို၊ မိုး၊ မိုးနှောင်းဝါဟူ၍ စိုက်ပျိုးကြရာ စက်တင်ဘာလ တွင် မိုးကြိုဝါရာသီကုန်ပြီး မိုးဝါမှာလည်း အောက်တိုဘာလ တွင်ထွက်ရှိမည်ဖြစ်ကြောင်းသိရသည်။ မိုးကြိုဝါကို မတ်လ၊ ဧပြီလများကစိုက်ပျိုးခဲ့ပြီး ဇူလိုင်၊ ဩဂုတ်လများတွင် ကောက်သိမ်းခဲ့ကြောင်း၊ မိုးကြိုဝါ ဈေးကွက်တွင် တစ်ပိဿာ(၃၅၀၀ မှ ၄၂၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး   ရမည်းသင်း မြို့ပေါ်တွင် ဝါကုန်သည်ကြီးများမှ ဝါကိုကြိတ်၍ မန္တလေးမြို့ရှိ ချည်မျှင်စက်များ၊ စက်မှုဝန်ကြီးဌာန ချည်မျှင်စက်နှင့် တပ်မတော်ချည်မျှင်စက်များသို့ပြန်လည် ပေးသွင်းရောင်းချကြပါသည်။ ယခုနှစ် ဂွမ်းဈေး အနေဖြင့် ပုဂ္ဂလိကစက်များသို့ ရောင်းဈေးမှာ တစ်ပိဿာ(၈၀၀၀မှ၉၅၀၀) ရရှိခဲ့ပြီး စက်မှုဝန်ကြီးဌာနတင်ဒါဈေးအနေဖြင့် တစ်ပိဿာ(၁၁၉၀၀)ကျပ် ဖြင့်ပေးသွင်းရကြောင်းသိရသည်။

     ရမည်းသင်းခရိုင်အတွင်း ဝါသီးနှံကို ယခုနှစ် ၂၀၂၅-၂၀၂၆ခုနှစ်တွင် မိုးကြိုဝါစိုက်ဧက (၃၈၉၉) ဧကစိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ပိဿာ(၃၀၀)ခန့်ထွက်ရှိကြောင်း၊ မိုးဝါကို ဩဂုတ်လကုန်အထိ (၁၂၇၅)ဧက စိုက်ပျိုးထားရာ အောက်တိုဘာလတွင် စတင်ပေါ်မည်ဖြစ်ကြောင်းသိရသည်။ ယခုနှစ်မိုးများသည့်အတွက် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက အစိုက်နည်းကာ အထွက်နှုန်း မှာလည်း ကျဆင်းကြောင်းနှင့် ယခင်နှစ်က တစ်ဧက(၄၃၀)ပိဿာကျော်ထွက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ပခုက္ကူဈေးကွက်၌ ပဲတီစိမ်းသီးနှံများလှိုင်လှိုင်ဝင်ရောက်အရောင်းအဝယ်ဖြစ်နေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ပေါက်၊ရေစကြိုနှင့် ဆိပ်ဖြူမြို့နယ် အတွင်းရှိကျေးရွာများတွင် ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးရာမှ ပဲတီစိမ်းသီးနှံကိုလည်း မိုးဆောင်းနှစ်ရာသီ စိုက်ပျိုးကြရာ မိုးပဲတီစိမ်းကို စိုက်ဧက () သောင်းခန့် စိုက်ပျိုးကြောင်း သိရှိရသည်။

          မိုးပဲတီစိမ်းကို မတ်လတွင် စတင်စိုက်ပျိုးပြီး ဇွန်၊ဇူလိုင်လတွင် သီးနှံစတင်ထွက်ပေါ်ကြောင်း ပဲတီစိမ်းမြကြေးမှုံ ၊ကျောက်စိမ်း ၊ပဲတီစိမ်း ပဲနောက်သေးမျိုးများကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာ အစေ့ချစနစ်ဖြင့် ပင်ကြား()လက်မ၊ တန်းခြား() ပေအကွာဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ()ပြည်ခန့် ကုန်ကျကြောင်း၊ ကုန်ကျစရိတ်မှာ တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ()သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကပျှမ်းမျှအ ထွက်တင်းမှာ (၁၀-၁၅)တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေနှင့် ရာသီ ဥတုပေါ်မှုတည်၍ သီးနှံအထွက် နှုန်းကွာခြားမှုရှိကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ်(၀၀၀-၁၂၀၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဩဂုတ်လတွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် (၇၅၀၀၀-၁၂၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၅၀၀၀)ဈေးနှုန်း ကျဆင်းလာကြောင်း၊ ပခုက္ကူပဲမျိုးစုံဈေးကွက်၌ ပဲတီစိမ်းသီးနှံများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင် ပဲတီစိမ်းသေး ပိဿာ(၃၀)ဝင်အိတ် (၃၀၀-၃၅၀)ခန့် ဝင်ရောက်ပြီး ရေစကြိုမြို့နယ် ထွက်ပဲတီစိမ်းများ အများဆုံးဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက် အနေ ဖြင့် ပခုက္ကူပွဲရုံများသို့ ဝင်ရောက်လာသည့် ပဲတီစိမ်းများကိုဒေသတွင်းဖြန့် ဖြူးမှုအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိပြီးထိုမှ တစ်ဆင့် တရုတ်၊ဗီယက်နန်နိုင်ငံများသို့ တင်ပို့လျက် ရှိကြောင်းသိရှိရသည်။

DOCA(မကွေး)

ဟုမ္မလင်းဒေသထွက်ငါးရံ့ခြောက်များ ဈေးကောင်းရရှိနေ

                ဟုမ္မလင်းဒေသထွက်ငါးရံ့ခြောက်များကို တစ်ပိဿာလျှင်အကောင်အရွယ်အစားပေါ်မူတည်၍  ကျပ်၈၀၀၀၀မှ ကျပ်၂၀၀၀၀၀ထိရှိပြီး အသင့်စား၍ရသော မီးကင်ထားသည့် ငါးရံ့ခြောက် တစ်ဆယ်သား တစ်ဘူးလျှင် ၂၅၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။ ရန်ကုန်၊ မန္တလေးနှင့်မုံရွာမြို့များသို့ တင်ပို့ရောင်းချပြီး လက်ဆောင်ပေးရန် ဝယ်ယူမှုများလည်း ရှိကြောင်းသိရသည်။ယခုအချိန်သည် မိုးရာသီဖြစ်ပြီး ငါးပေါသောကြောင့် ရောင်းအားအနေဖြင့် ပိုမိုများပြားလာကြောင်း သိရသည်။

DOCA  (စစ်ကိုင်း)

ရမည်းသင်းမြို့နယ် ဒေသထွတ် တန်ဖိုးမြင့်ထုတ်ကုန်အသားခြောက်လုပ်ငန်း

     အသားခြောက်လုပ်ငန်းသည် မြန်မာနိုင်ငံမှာရှေးအကျဆုံး စားသောက်ကုန်ထုတ်လုပ်မှုစနစ် တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပြီး ရိုးရာဓလေ့တစ်ခုမှ ခေတ်မီစက်မှုလုပ်ငန်းတစ်ခုအဖြစ် ကူးပြောင်း လာပြီး အရေးပါသော အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။ အသားခြောက်သည် ကြာရှည်ခံခြင်း၊ အာဟာရကြွယ်ဝခြင်း၊ အရသာကောင်းမွန်ခြင်းနှင့်သယ်ဆောင်ရလွယ်ကူခြင်းစတဲ့ အားသာချက်တွေကြောင့် နှစ်ပေါင်းများစွာကတည်းက အရေးပါတဲ့အစားအစာ အဖြစ်ရပ်တည် နေပါသည်။

      ရမည်းသင်းမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် တစ်ပိုင်တနိုင်မွေးမြူရေးလုပ်ငန်းများလည်းလုပ်ကိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန် MSME လုပ်ငန်းများလည်း ထုတ်လုပ်လျက်ရှိပါသည်။ ဒေသတွင်းမွေးမြူရေးလုပ်ငန်းများမှ နွားမွေးမြူရေးလုပ်ငန်းများအား တစ်ပိုင်တနိုင်လုပ်ကိုင်ကြပြီး ထွက်ရှိသောအသားများကို ဒေသတွင်းစားသုံးမှုအပြင် တန်ဖိုးမြင့် ထုတ်ကုန် အသားခြောက်လုပ်ငန်းများထုတ်လုပ်ရောင်းချလျက်ရှိကြောင်းသိရပါသည်။ 

       ရမည်းသင်းမြို့နယ်၌ ဒေသတွင်းနွားမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော အမဲသားများကို တန်ဖိုးမြှင့်ထုတ်ကုန် အသားခြောက်လုပ်ငန်းများထုတ်လုပ်သည့် သျှီအသားခြောက်လုပ်ငန်း၊ ရွှေလက်ရာ အသားခြောက်လုပ်ငန်း၊ရသာမွန်အသားခြောက်လုပ်ငန်း၊လှရတီအသားခြောက်လုပ်ငန်း၊ ဖြူအသား ခြောက်လုပ်ငန်း၊ကျော်စွာအသားခြောက် လုပ်ငန်းစသည့်လုပ်ငန်းရှင်(၆)ဦီးမှ ထုတ်လုပ် ရောင်းချလျက်ရှိ ပါသည်။

          သျှီအသားခြောက်လုပ်ငန်းကို (၂၀၁၈)ခုနှစ်မှ စတင်လုပ်ငန်းဆောင်ရွက်ခဲ့ပြီး လိုအပ်သော ကုန်ကြမ်း ဒေသတွင်းလိုင်စင်ရသားသတ်လုပ်ငန်းများမှ ကုန်ကြမ်းဝယ်ယူထုတ်လုပ်လျက်ရှိ ကြောင်း၊အလုပ်သမား(၁၅)ဦီးဖြင့်လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ အသားခြောက်ပြုလုပ်ရာ တွင်  ပထမဦီးစွာ အမဲသားများကို ဆား ၊ဂျင်း၊ အချိုမှုန့်၊ စားသောက်ကုန် များတွင်ထည့်သွင်း အသုံးပြုသည့် ပွဆေး အနည်းငယ်ဖြင့်ရောနယ်၍  နေလှန်းပြီး ညရောက်လျှင် မီးဖိုဖြင့်မီးကင်ပြီး ဒုတိယနေ့တွင် ထပ်မံ နေလှန်းကြောင်း၊ တတိယနေ့တွင်နေလှန်းပြီးအသားများအား ကြော်၍ အပူရှိန်မကျခင် မိုးကာကုန်း ဖြင့်အုပ်ထားသဖြင့်အနည်းငယ်ပျော့လာသည့်အခါ မော်တာဖြင့် ပြန်ကြိတ်၍ မီးကင်ပြီး အအေးခံကာ Packing ထုပ်ပိုးမှုပြုလုပ်ပါသည်။

ထုတ်လုပ်မှုအနေဖြင့် အမဲသားအစိုတစ်ပိဿာလျှင် (၂၆၀၀၀)ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ အမဲသား အစိုကုန်ကြမ်းအချိန်ပိဿာ (၁၀၀)လျှင် အမဲသားခြောက် (အစိမ်း)(၄၀)ပိဿာခန့်ထွက်ရှိ ကြောင်း၊ အမဲသားအစိုပိဿာ(၂၀၀)လျှင်အမဲသားခြောက် (မီးကင်)(၄၀) ပိဿာခန့်ထွက်ရှိကြောင်း၊    အောက်တို ဘာလမှ ဧပြီလများအထိအရောင်းအဝယ် ကောင်း၍ တစ်လလျှင်ကုန်ကြမ်း (၂၀၀၀-၃၀၀၀)ပိဿာ အထိထုတ်လုပ်နိုင်ပြီး ကုန်ချော(၄၀၀-၆၀၀)ပိသာခန့်ထွက်ရှိကြောင်း၊ ကျန်ကာလများ တွင်အရောင်း အဝယ်အေးသဖြင့် တစ်လလျှင် ကုန်ကြမ်း (၁၂၀၀) ပိဿာခန့်သာထုတ်လုပ်နိုင်သဖြင့် ကုန်ချော (၂၄၀)ပိဿာထိ ထုတ်လုပ်နိုင်ကြောင်းသိရှိရပါသည်။

ဈေးကွက်အနေဖြင့် ထွက်ရှိသော ကုန်ချောများကို (၂၅) ကျပ်သား၊(၅၀)ကျပ်သား၊(၁)ပိဿာ ထုတ်များထုတ်၍ လက်လီရောင်းချခြင်း၊ လက်ကားအနေဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးမြို့များသို့ဖြန့်ဖြူး ရောင်းချလျက်ရှိပါတယ်။ ရန်ကုန်မြို့ရှိ စားသောက်ကုန်လုပ်ငန်းများမှ ၎င်းလုပ်ငန်းများ၏ အမှတ်တံဆိပ်ဖြင့် Packing ပြန်လည်ထုပ်ပိုး၍ ပြည်တွင်းဈေးကွက်အပြင် စင်္ကာပူ၊မလေးရှား၊ထိုင်းသို့တင်ပို့ရောင်းချကြပါသည်။ ဈေးနှုန်းအနေဖြင့် လက်လီ အမဲသားခြောက် (အစိမ်း) တစ်ပိဿာလျှင် (၁၀၀၀၀၀)ကျပ်၊ အမဲသားခြောက် (မီးကင်)တစိပ်ဿာ လျှင် (၁၈၀၀၀၀)ကျပ် ၊ လက်ကား အမဲသားခြောက် (အစိမ်း) တစ်ပိဿာလျှင် (၈၀၀၀၀)ကျပ်၊ အမဲသား ခြောက် (မီးကင်)တစိပ်ဿာလျှင်(၁၆၀၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

အသား‌ခြောက်လုပ်ငန်းများသည် ဒေသတွင်းမွေးမြူရေးထွက်ကုန်များကိုအခြေခံသည့် တန်ဖိုး မြှင့်ထုတ်ကုန် ထုတ်လုပ်သောလုပ်ငန်းဖြစ်၍ ဒေသတွင်းရှိ ပြည်သူများ အလုပ်အကိုင် အခွင့်လမ်းများ နှင့်အတူ ဝင်ငွေတိုးတက်ရရှိလာပြီး နိုင်ငံစီးပွားမြှင့်တင်ရာတွင်လည်း အဓိကကျသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား  စီးပွားရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှပါဝင်နေသဖြင့်  မွေးမြူရေးထွက်ကုန် တန်ဖိုးမြှင့်ထုတ်ကုန် အသားခြောက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မတ်ပဲသီးနှံဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ် များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ်စိုက်ပျိုးလျက် ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုးပြီး ရေစကြို မြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်သည့်အပြင် အခြား မြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် မတ်ပဲဈေးနှုန်းမှာ ဈေးကျပြီး အရောင်း အဝယ် ဖြစ်ကြောင်း၊ မတ်ပဲတစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၇၇၀၀၀)ဈေးရှိပြီး ယခင် စက်တင်ဘာလ (ဒုတိယပတ်)တွင် ကျပ်(၇၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ် အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်(၇၀၀၀)ခန့် ဈေးနှုန်းမြင့် တက်လာကြောင်း သိရှိရသည်။ မတ်ပဲ သီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း၊ ပြည်ပဈေးကွက်အပေါ်မူတည်၍ ဈေးနှုန်းအနိမ့် အမြင့်ရှိကြောင်း ပဲဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း